This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဘယ္လ္ဂ်ီယံနဲ႔အတူ ႐ႈံးထြက္(၁၆)သင္းအဆင့္တက္ေရာက္ႏုိင္ဖုိ႔ ပနားမားကုိ အႏုိင္ကစားရမယ့္ အဂၤလန္

၂၀၁၈ ကမၻာ႔ဖလားအုပ္စုပဲြစဥ္ေတြအျဖစ္ ဒီေန႔(တနဂၤေႏြ)မွာ အဂၤလန္-ပနားမား၊ ဂ်ပန္-ဆီနီေဂါ၊ ပုိလန္-ကုိလံဘီယာတို႔ ယွဥ္ၿပိဳင္ကစားၾကမွာပါ။ တူနီးရွားကုိ အႏုိင္ရခဲ့တဲ့ အဂၤလန္အသင္း အခုပနားမားကုိ ထပ္ၿပီး အႏုိင္ယူခ့ဲမယ္ဆုိရင္ ဘယ္လ္ဂ်ီယံအသင္းနဲ႔အတူ ႐ႈံးထြက္(၁၆)သင္းအဆင့္ကုိ တက္ေရာက္ႏုိင္ဖုိ႔ အေျခအေနေကာင္းသြားပါၿပီ။ အုပ္စုအဖြင့္ပဲြမွာ ကုိလံဘီယာကုိ အႏုိင္ယူခဲ့တဲ့ ဂ်ပန္အသင္းနဲ႔ ပုိလန္ကုိ အႏုိင္ယူခဲ့တဲ့ ဆီနီေဂါအသင္းတို႔ရဲ႕ပဲြကလည္း အႀကိတ္အနယ္ရွိမွာ အေသအခ်ာပါပဲ။ အမွတ္မရေသးတဲ့ ပုိလန္နဲ႔ကုိလံဘီယာပဲြမွာေတာ့ ဘယ္အသင္း အမွတ္စတင္ရရွိမလဲဆုိတာ ေစာင့္ၾကည့္ရမွာပါ

အဂၤလန္ ႏွင့္ ပနားမား (၂၄-၆-၂၀၁၈ ညေန ၆း၃၀)
တိုက္စစ္မွဴး ဟာရီကိန္း Harry Kane ရဲ႕ သြင္းဂုိးေတြနဲ႔ တူနီးရွားကုိ အႏုိင္ရခဲ့တဲ့ အဂၤလန္အသင္းအတြက္ ပနားမားက ၿပိဳင္ဘက္ေကာင္းမဟုတ္ပါဘူး။ အဖြင့္ပဲြမွာ အဂၤလန္အသငး္ေျခစြမ္းက အေကာင္းႀကီးမဟုတ္ခဲ့ေပမယ့္လည္း အသင္းႀကီးေတြရဲ႕ထုံးစံအတိုင္း ပဲြအရွိန္ရလာတာနဲ႔အမွ် ကစားပုံလည္း တည္ၿငိမ္လာတတ္တယ္။ ပနားမားအသင္းက ေျခစြမ္းမာေက်ာတဲ့အသင္းျဖစ္ေပမယ့္ သူတို႔နဲ႔အဆင့္ျခင္းကြာျခားတဲ့ အသင္းႀကီးေတြကုိ ဒုကၡေပးႏုိင္စြမ္းမရွိပါဘူး။ ခံစစ္ကစားၿပီး အဂၤလန္ဆီက သေရတစ္မွတ္ရယူဖုိ႔ပဲ ႀကိဳးစားရမယ္။ ဒါေပမဲ့ အဂၤလန္အသင္း လုိအပ္တဲ့အႏုိင္ရလဒ္ကုိေတာ့ ရယူသြားမွာပါ။

ဂ်ပန္ ႏွင့္ ဆီနီေဂါ (၂၄-၆-၂၀၁၈ ည ၉း၃၀)
ႏွစ္သင္းစလုံးက (၃)မွတ္ရထားတဲ့အသင္းေတြျဖစ္လုိ႔ ဒီပဲြက ေနာက္တစ္ဆင့္တက္ေရးအတြက္ အဆုံးအျဖတ္ျဖစ္လာႏုိင္တယ္။ အဖြင့္ပဲြေတြမွာ ဂ်ပန္၊ ဆီနီေဂါအသင္းတို႔ရဲ႕ ေျခစြမ္းက သိပ္ေတာ့ အားရစရာမရွိပါဘူး။ လက္က်န္ပဲြေတြမွာ ဂ်ပန္က ပုိလန္၊ ဆီနီေဂါက ကုိလံဘီယာနဲ႔ရင္ဆုိင္ရမွာျဖစ္လုိ႔ ပဲြက်ပ္တယ္လုိ႔ ဆုိရမယ္။ သေရနဲ႔ပဲြၿပီးဖုိ႔ မ်ားၿပီး အႏုိင္ဆုိရင္ေတာ့ ဆီနီေဂါပါပဲ။

ပုိလန္ ႏွင့္ ကုိလံဘီယာ (၂၅-၆-၂၀၁၈ နံနက္ ၁၂း၃၀)
ဒီပဲြကေတာ့ ႏွစ္သင္းစလုံးေဖာင္ဖ်က္ကစားရမယ့္ပြဲပါ။ ႐ႈံးတဲ့အသင္းက ကမၻာ႔ဖလားၿပိဳင္ပဲြကုိ လက္ျပႏႈတ္ဆက္ရမွာျဖစ္လုိ႔ ေရကုန္ေရခမ္းကစားၾကမွာျဖစ္ပါတယ္။ ကုိလံဘီယာအသင္းဟာ ဂ်ပန္နဲ႔ပဲြတုန္းက မထင္မွတ္ဘဲ ႐ႈံးနိမ့္ခဲ့တာျဖစ္ၿပီး ပုိလန္ကေတာ့ ဆီနီေဂါအသင္းကုိ ထုိက္ထုိက္တန္တန္ ႐ႈံးနိမ့္ခဲ့တာပါ။ ဂ်ိမ္းစ္႐ုိဒရီဂြက္ဇ္ James Rodriguez ၊ ဖယ္လ္ကာအုိ Falcao ၊ ကြာဒရာဒုိ Cuardrado ၊ ဘက္ကာ Bacca တို႔လုိ ကစားသမားေကာင္းေတြပါတဲ့ ကုိလံဘီယာကုိ ေရြးခ်ယ္ခ်င္ပါတယ္။

Photo:Eastern Daily Press
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဘယ်လ်ဂျီယံနဲ့အတူ ရှုံးထွက်(၁၆)သင်းအဆင့်တက်ရောက်နိုင်ဖို့ ပနားမားကို အနိုင်ကစားရမယ့် အင်္ဂလန်

၂၀၁၈ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်တွေအဖြစ် ဒီနေ့(တနင်္ဂနွေ)မှာ အင်္ဂလန်-ပနားမား၊ ဂျပန်-ဆီနီဂေါ၊ ပိုလန်-ကိုလံဘီယာတို့ ယှဉ်ပြိုင်ကစားကြမှာပါ။ တူနီးရှားကို အနိုင်ရခဲ့တဲ့ အင်္ဂလန်အသင်း အခုပနားမားကို ထပ်ပြီး အနိုင်ယူခဲ့မယ်ဆိုရင် ဘယ်လ်ဂျီယံအသင်းနဲ့အတူ ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ဖို့ အခြေအနေကောင်းသွားပါပြီ။ အုပ်စုအဖွင့်ပွဲမှာ ကိုလံဘီယာကို အနိုင်ယူခဲ့တဲ့ ဂျပန်အသင်းနဲ့ ပိုလန်ကို အနိုင်ယူခဲ့တဲ့ ဆီနီဂေါအသင်းတို့ရဲ့ပွဲကလည်း အကြိတ်အနယ်ရှိမှာ အသေအချာပါပဲ။ အမှတ်မရသေးတဲ့ ပိုလန်နဲ့ကိုလံဘီယာပွဲမှာတော့ ဘယ်အသင်း အမှတ်စတင်ရရှိမလဲဆိုတာ စောင့်ကြည့်ရမှာပါ

အင်္ဂလန် နှင့် ပနားမား (၂၄-၆-၂၀၁၈ ညနေ ၆း၃၀)
တိုက်စစ်မှူး ဟာရီကိန်း Harry Kane ရဲ့ သွင်းဂိုးတွေနဲ့ တူနီးရှားကို အနိုင်ရခဲ့တဲ့ အင်္ဂလန်အသင်းအတွက် ပနားမားက ပြိုင်ဘက်ကောင်းမဟုတ်ပါဘူး။ အဖွင့်ပွဲမှာ အင်္ဂလန်အသင်းခြေစွမ်းက အကောင်းကြီးမဟုတ်ခဲ့ပေမယ့်လည်း အသင်းကြီးတွေရဲ့ထုံးစံအတိုင်း ပွဲအရှိန်ရလာတာနဲ့အမျှ ကစားပုံလည်း တည်ငြိမ်လာတတ်တယ်။ ပနားမားအသင်းက ခြေစွမ်းမာကျောတဲ့အသင်းဖြစ်ပေမယ့် သူတို့နဲ့အဆင့်ခြင်းကွာခြားတဲ့ အသင်းကြီးတွေကို ဒုက္ခပေးနိုင်စွမ်းမရှိပါဘူး။ ခံစစ်ကစားပြီး အင်္ဂလန်ဆီက သရေတစ်မှတ်ရယူဖို့ပဲ ကြိုးစားရမယ်။ ဒါပေမဲ့ အင်္ဂလန်အသင်း လိုအပ်တဲ့အနိုင်ရလဒ်ကိုတော့ ရယူသွားမှာပါ။

ဂျပန် နှင့် ဆီနီဂေါ (၂၄-၆-၂၀၁၈ ည ၉း၃၀)
နှစ်သင်းစလုံးက (၃)မှတ်ရထားတဲ့အသင်းတွေဖြစ်လို့ ဒီပွဲက နောက်တစ်ဆင့်တက်ရေးအတွက် အဆုံးအဖြတ်ဖြစ်လာနိုင်တယ်။ အဖွင့်ပွဲတွေမှာ ဂျပန်၊ ဆီနီဂေါအသင်းတို့ရဲ့ ခြေစွမ်းက သိပ်တော့ အားရစရာမရှိပါဘူး။ လက်ကျန်ပွဲတွေမှာ ဂျပန်က ပိုလန်၊ ဆီနီဂေါက ကိုလံဘီယာနဲ့ရင်ဆိုင်ရမှာဖြစ်လို့ ပွဲကျပ်တယ်လို့ ဆိုရမယ်။ သရေနဲ့ပွဲပြီးဖို့ များပြီး အနိုင်ဆိုရင်တော့ ဆီနီဂေါပါပဲ။

ပိုလန် နှင့် ကိုလံဘီယာ (၂၅-၆-၂၀၁၈ နံနက် ၁၂း၃၀)
ဒီပွဲကတော့ နှစ်သင်းစလုံးဖောင်ဖျက်ကစားရမယ့်ပွဲပါ။ ရှုံးတဲ့အသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ပြနှုတ်ဆက်ရမှာဖြစ်လို့ ရေကုန်ရေခမ်းကစားကြမှာဖြစ်ပါတယ်။ ကိုလံဘီယာအသင်းဟာ ဂျပန်နဲ့ပွဲတုန်းက မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ပိုလန်ကတော့ ဆီနီဂေါအသင်းကို ထိုက်ထိုက်တန်တန် ရှုံးနိမ့်ခဲ့တာပါ။ ဂျိမ်းစ်ရိုဒရီဂွက်ဇ် James Rodriguez ၊ ဖယ်လ်ကာအို Falcao ၊ ကွာဒရာဒို Cuardrado ၊ ဘက်ကာ Bacca တို့လို ကစားသမားကောင်းတွေပါတဲ့ ကိုလံဘီယာကို ရွေးချယ်ချင်ပါတယ်။

Photo:Eastern Daily Press
Naing Linn(Akhayar)
www.akhayar.com