[Zawgyi]

စိန္႔ဂ်ိမ္းစ္ပါ့ခ္မွာ ခ်ယ္လ္ဆီးတို႔ (၃)ပဲြဆက္ႏုိင္ပဲြရယူႏုိင္မလား

ပရီးမီးယားလိဂ္ ပဲြစဥ္(၃) တနဂၤေႏြေန႔ ပဲြေတြမွာေတာ့ ၀က္ဖုိ႔ဒ္-ပဲေလ့စ္၊ ဖူလ္ဟမ္-ဘန္ေလ၊ နယူးကာဆယ္- ခ်ယ္လ္ဆီးတို႔ ယွဥ္ၿပိဳင္ကစားၾကမွာပါ။ နည္းျပသစ္ ဆာရီ Sarri လက္ထက္မွာ (၂)ပဲြဆက္အႏုိင္ရထားတဲ့ ခ်ယ္လ္ဆီးအသင္း စိန္႔ဂ်ိမ္းပါ့ခ္မွာ ေနာက္ထပ္ ႏုိင္ပဲြ ရယူႏုိင္မလားဆုိတာ ေစာင့္ၾကည့္ရပါမယ္။

Chelsea-Players-Celebrate

Chelsea-Players-Celebrate

၀က္ဖုိ႔ဒ္-ပဲေလ့စ္ (တနဂၤေႏြ ည ၇း၀၀)
၀က္ဖုိ႔ဒ္အသင္းက (၂)ပဲြဆက္ အႏုိင္ယူၿပီး အမွတ္ေပးဇယား အဆင့္(၅)ေနရာမွာ ရပ္တည္ေနတယ္။ အရည္အေသြးျမင့္ ကစားသမားေတြ မပါေပမယ့္ Team Work ေကာင္းတဲ့အျပင္ အိမ္ကြင္းဆုိရင္လည္း ေျခစြမ္းမာေက်ာတဲ့ အသင္းပါ။ ပဲေလ့စ္အသင္းကလည္း ၀က္ဖုိ႔ဒ္နဲ႔ ကစားသမားစုဖဲြ႕မႈျခင္း သိပ္မကြာပါဘူး။ ဒါေပမဲ့ အေ၀းကြင္းဆုိရင္ သိပ္ယုံစားလုိ႔ မရတဲ့အသင္းျဖစ္ပါတယ္။ အိမ္ကြင္းမွာ အနညး္ဆုံး သေရတစ္မွတ္ ရယူႏုိင္ဖုိ႔ရွိေနတဲ့ ၀က္ဖုိ႔ဒ္ကုိပဲ ႀကိဳက္မိတယ္။

ဖူလ္ဟမ္-ဘန္ေလ (တနဂၤေႏြ ည ၉း၃၀)
႐ႈိလာ Schürrle ၊ ဆာရီ Seri ၊ မီထ႐ုိဗစ္ Mitrović ၊ ဆက္ဆီႏြန္ Sessegnon တို႔လုိ ကစားသမားေကာင္းေတြ ရွိေပမယ့္ ဖူလ္ဟမ္တို႔ အခုထိ ႏုိင္ပဲြမရေသးတာ စိတ္ပ်က္စရာပါ။ အခု သူတို႔နဲ႔ဆုံေတြရမွာကလည္း သူတို႔နဲ႔ အေနအထားျခင္း သိပ္မကြာတဲ့ ဘန္ေလနဲ႔ ရင္ဆုိင္ရမွာျဖစ္လုိ႔ ပထမဆုံးႏုိင္ပဲြ ရယူႏုိင္မလားဆုိတာ ေစာင့္ၾကည့္ရမယ္။ ဖူလ္ဟမ္ ႏုိင္ပဲြရဖုိ႔ရွိေပမယ့္ ဂုိးျပတ္ဖုိ႔ မျဖစ္ႏုိင္ပါဘူး။

နယူးကာဆယ္ – ခ်ယ္လ္ဆီး (တနဂၤေႏြ ည ၉း၃၀)

Newcastle-VS-Chelsea

Newcastle-VS-Chelsea

အိမ္ကြင္းဆုိရင္ နယူးကာဆယ္ ကစားပုံ ေကာင္းပါတယ္။ စပါးနဲ႔ပဲြတုန္းကလည္း အတိုင္းအတာ တစ္ခုအထိ ဒုကၡေပးႏုိင္ခဲ့တယ္။ တစ္ခုရွိတာက တိုက္စစ္ပုိင္းမွာ အားနည္းတာပါပဲ။ ခ်ယ္လ္ဆီးအသင္းကေတာ့ တစ္ပဲြထက္ တစ္ပဲြ ကစားပုံ ပုိေကာင္းလာေပမယ့္ ခံစစ္ပုိင္းမွာ အားနည္းခ်က္ေတြရွိေနတယ္။ ခ်ယ္လ္ဆီး ခက္ခက္ခဲခဲကစားၿပီးမွ ဂုိးနည္းနည္းနဲ႔ အႏုိင္ရသြားမယ္လုိ႔ ထင္တယ္။

Photo:chelseacore.com,Talksports,Reuters
Naing Linn(Akhayar)
www.akhayar.com

[Unicode]

စိန့်ဂျိမ်းစ်ပါ့ခ်မှာ ချယ်လ်ဆီးတို့ (၃)ပွဲဆက်နိုင်ပွဲရယူနိုင်မလား

ပရီးမီးယားလိဂ် ပွဲစဉ်(၃) တနင်္ဂနွေနေ့ ပွဲတွေမှာတော့ ဝက်ဖို့ဒ်-ပဲလေ့စ်၊ ဖူလ်ဟမ်-ဘန်လေ၊ နယူးကာဆယ်- ချယ်လ်ဆီးတို့ ယှဉ်ပြိုင်ကစားကြမှာပါ။ နည်းပြသစ် ဆာရီ Sarri လက်ထက်မှာ (၂)ပွဲဆက်အနိုင်ရထားတဲ့ ချယ်လ်ဆီးအသင်း စိန့်ဂျိမ်းပါ့ခ်မှာ နောက်ထပ် နိုင်ပွဲ ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။

Chelsea-Players-Celebrate

Chelsea-Players-Celebrate

ဝက်ဖို့ဒ်-ပဲလေ့စ် (တနင်္ဂနွေ ည ရး၀၀)
ဝက်ဖို့ဒ်အသင်းက (၂)ပွဲဆက် အနိုင်ယူပြီး အမှတ်ပေးဇယား အဆင့်(၅)နေရာမှာ ရပ်တည်နေတယ်။ အရည်အသွေးမြင့် ကစားသမားတွေ မပါပေမယ့် Team Work ကောင်းတဲ့အပြင် အိမ်ကွင်းဆိုရင်လည်း ခြေစွမ်းမာကျောတဲ့ အသင်းပါ။ ပဲလေ့စ်အသင်းကလည်း ဝက်ဖို့ဒ်နဲ့ ကစားသမားစုဖွဲ့မှုခြင်း သိပ်မကွာပါဘူး။ ဒါပေမဲ့ အဝေးကွင်းဆိုရင် သိပ်ယုံစားလို့ မရတဲ့အသင်းဖြစ်ပါတယ်။ အိမ်ကွင်းမှာ အနည်းဆုံး သရေတစ်မှတ် ရယူနိုင်ဖို့ရှိနေတဲ့ ဝက်ဖို့ဒ်ကိုပဲ ကြိုက်မိတယ်။

ဖူလ်ဟမ်-ဘန်လေ (တနင်္ဂနွေ ည ၉း၃၀)
ရှိုလာ Schürrle ၊ ဆာရီ Seri ၊ မီထရိုဗစ် Mitrović ၊ ဆက်ဆီနွန် Sessegnon တို့လို ကစားသမားကောင်းတွေ ရှိပေမယ့် ဖူလ်ဟမ်တို့ အခုထိ နိုင်ပွဲမရသေးတာ စိတ်ပျက်စရာပါ။ အခု သူတို့နဲ့ဆုံတွေရမှာကလည်း သူတို့နဲ့ အနေအထားခြင်း သိပ်မကွာတဲ့ ဘန်လေနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ပထမဆုံးနိုင်ပွဲ ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမယ်။ ဖူလ်ဟမ် နိုင်ပွဲရဖို့ရှိပေမယ့် ဂိုးပြတ်ဖို့ မဖြစ်နိုင်ပါဘူး။

နယူးကာဆယ် – ချယ်လ်ဆီး (တနင်္ဂနွေ ည ၉း၃၀)

Newcastle-VS-Chelsea

Newcastle-VS-Chelsea

အိမ်ကွင်းဆိုရင် နယူးကာဆယ် ကစားပုံ ကောင်းပါတယ်။ စပါးနဲ့ပွဲတုန်းကလည်း အတိုင်းအတာ တစ်ခုအထိ ဒုက္ခပေးနိုင်ခဲ့တယ်။ တစ်ခုရှိတာက တိုက်စစ်ပိုင်းမှာ အားနည်းတာပါပဲ။ ချယ်လ်ဆီးအသင်းကတော့ တစ်ပွဲထက် တစ်ပွဲ ကစားပုံ ပိုကောင်းလာပေမယ့် ခံစစ်ပိုင်းမှာ အားနည်းချက်တွေရှိနေတယ်။ ချယ်လ်ဆီး ခက်ခက်ခဲခဲကစားပြီးမှ ဂိုးနည်းနည်းနဲ့ အနိုင်ရသွားမယ်လို့ ထင်တယ်။

Photo:chelseacore.com,Talksports,Reuters
Naing Linn(Akhayar)
www.akhayar.com