[Zawgyi]

Power Bank နဲ႔အားသြင္းတာ ဖုန္းဘက္ထရီကို ထိခိုက္ေစႏိုင္သလား?

ဘက္ထရီ စနစ္တက်အားသြငး္တာနဲ႔ ပတ္သက္လို႔ Android နဲ႔ iPhone အတြက္ ေဖာ္ျပခဲ့ျပီးပါျပီ။ ဒီတစ္ခါမွာ ျဖည့္စြက္အေၾကာင္းရာအေနနဲ႔ ထပ္ျပီးတင္ျပခ်င္တာက Power Bank နဲ႔ အားသြင္းတာ ဘက္ထရီိကို ထိခိုက္ေစႏိုင္သလား? ဘယ္လုိ အားနည္းခ်က္ရွိဦးမလဲဆိုတာ ဒီေဆာင္းပါးေလးနဲ႔ ေဖာ္ျပသြားပါ့မယ္။

Battery to battery ဆိုေတာ့ D.C Current နဲ႔ သြားပါတယ္
Power Bank ဟာလည္း Battery ပဲဆိုေတာ့ Electric Current က Direct Current (DC) ေပါ့။ ဒီေတာ့ သိထားသင့္တာက DC Current ဟာ ဟိုးအေဝးတလံၾကီးကို လွ်ပ္စစ္မစီးႏိုင္ဘူး၊ စီးမယ္ဆိုရင္ေတာင္ Power Loss ရွိတယ္၊ ဒါေၾကာင့္ Power Bank ဝယ္ရင္ ၾကိဳးရွည္ရွည္ထည့္မေပးသလို မ်ားေသာအားျဖင့္ စမတ္ဖုန္းေတြထက္ Voltage နဲ႔ Ampere Rating ပိုမ်ားပါတယ္။

Charging with Power Bank

mAh ပိုမ်ားျပီး Voltage နဲ႔ Ampere ေတာင့္တဲ့ Power Bank ကိုေရြးခ်ယ္ပါ
ဒီေတာ့ DC Current အားနည္းခ်က္ သိသြားျပီဆိုရင္ ကိုယ့္ဖုန္း Battery ပမာဏ (ဥပမာ 3500 mAh) ထက္ပိုနည္းတဲ့ Power Bank မ်ိဳး၊ ဒီလိုပဲ Voltage နဲ႔ Ampere ကိုလည္း ဖုန္း Rating တိုင္းၾကည့္ျပီး (ဥပမာ 5V/2A) ဆိုရင္ အဲ့ထက္နိမ့္တဲ့ Power Bank မဝယ္မိပါေစနဲ႔။

10,000 mAh Power Bank

အရည္ေသြးမျပည့္မီတဲ့ Power Bank ရဲ႕ ေနာက္ဆက္တြဲ ျပႆနာ
ဒီလို Rating လည္းမျပည့္၊ mAh ကလည္း နည္း၊ Voltage ကလည္း မလုံေလာက္ဘူးဆိုရင္ ဘာျဖစ္မယ္ထင္လဲ? Voltage ကစေျပာရမယ္ဆိုရင္ ဥပမာ ဖုန္းက 5V ၊ Power Bank က 4.2V ပဲရွိမယ္ဆိုရင္ အားသြင္းမယ့္အစား ဖုန္းဆီကျပန္ယူပါလိမ့္မယ္။ ဒီလိုပဲ သတ္မွတ္ 5V ထက္ပိုမ်ားမယ္ဆိုရင္ Power Circuit Board ပ်က္စီးပါမယ္ Overload ျဖစ္သြားလို႔။

Quick Charge Power Bank by Huawei

ဒါနဲ႔ဆက္စပ္ျပီး Ampere အေၾကာင္းထပ္ေျပာရမယ္ဆိုရင္ ဥပမာ ဖုန္းက 5V/2A ဆိုပါစို႔ ဒါကို 1A ပဲရွိတယ္ဆိုရင္ ဖုန္းအပူလြန္ကဲလာႏိုင္ျပီး ထကြဲႏိုင္ပါတယ္၊ ဒီလိုပဲ Ampere Rating မ်ားတဲ့ေကာင္နဲ႔ အားသြားသြင္းလို႔ ျမန္ျမန္ျပည့္မယ္ မထင္ပါနဲ႔ ဖုန္းပဲ ေပါက္ကြဲသြားမွာပါ။ ဆိုေတာ့ ဖုန္းနဲ႔ Power Bank ခ်င္း Level တူူရွိရမယ္လို႔ သတ္မွတ္ရမယ္ေပါ့ေနာ္။ ေနာက္ျပီး mAh ပိုမ်ားတဲ့ Power Bank ဝယ္ဖို႔ မေမ့ပါနဲ႔ဦး၊ အေပၚက အခ်က္ေတြနဲ႔ ကိုက္ပါရဲ႕ ဖုန္းဘက္ထရီထက္ ပိုနည္းတဲ့ေကာင္ဝယ္မိသြားရင္ Power Loss ျဖစ္ဦးမွာမလို႔ အားအျပည့္လည္း မသြင္းႏိုင္ ဖုန္းကိုလည္း ထိခိုက္ပါဦးမယ္။

Power Bank နဲ႔အားသြင္းတာရဲ႕ အၾကီးမားဆုံး အားနည္းခ်က္
ဘက္ထရီကို Rapid Charging ၊ Continuous Charging ၊ Trickle Charging ၃ ခုလုံး ျပည့္ေအာင္ အားသြင္းနိုင္မယ္ဆိုရင္ အေကာင္းဆုံးပါ။ ဆိုလိုတာ Healthy Battery ပို္င္ဆိုင္နိုင္ဖို႔ ဒီ ၃ ခ်က္လုံးနဲ႔ ျပည့္စုံေအာင္ အားသြင္းေပးရပါမယ္။ Rapid နဲ႔ Continuous Charging ဆိုတာက ဥပမာ 20% ကေန 100% အထိ Non-stop သြင္းရမယ္လို႔ ဆိုလိုတာပါ။ 80% ေရာက္လို႔ ျဖဳတ္ရင္ Rapid Charging Pass ျဖစ္ပါတယ္၊ 100% အထိေရာက္ဖို႔ Continuous Charging နဲ႔ဆက္သြင္းရမွာျဖစ္ျပီး ေရာက္ႏိုင္ရင္ေတာ့ အေကာင္းဆုံးပါ။

Continue to Trickle Charge

အခုဥပမာလို 100% Full ျဖစ္သြားရင္ ေနာက္ဆုံး Trickle State ဆိုတာရွိပါေသးတယ္။ ဆိုလိုတာ အားအျပည့္ျဖစ္သြားရင္ေတာင္ မျဖဳတ္ေသးဘဲ ေနာက္ထပ္ ၅ မိနစ္ေလာက္ပစ္ထားလိုက္ပါ။ အဲ့ခ်ိန္မွာ အားသြင္းရလို႔ ဓာတ္မတိုင္က လြတ္ထြက္သြားတဲ့ Electron Hole ေတြကို Small Current နဲ႔ျပန္ျဖည့္မယ္၊ ဒီနည္းအားျဖင့္ ဖုန္းဘက္ထရီ အားပိုခံမယ္၊ Efficiency ေကာင္းမယ္၊ သက္တမ္းလည္း ၾကာၾကာအသုံးခံဦးမွာပါ။ ဒီအခ်က္ေတြကို AC Current နဲ႔ လုပ္ေဆာင္ႏိုင္တယ္ဆိုမယ့္ Power Bank နဲ႔ အားသြင္းမယ္ဆိုရင္ေတာ့ Trickle Charge ဆိုတာမရွိပါဘူး၊ အား 100% ျပည့္တာနဲ႔ လွ်ပ္စစ္စီးတာ Circuit Board ကေန ျဖတ္ခ်ပစ္လိုက္မွာပါ။

အရည္ေသြးျပည့္မီတဲ့ Power Bank မ်ိဳးသာ ဝယ္ယူပါ
အခုလို အေရးၾကီးတဲ့ အခ်က္ေတြသိျပီးသြားရင္ အေရးေပၚအားသြင္းဖို႔လိုလို႔ Power Bank ဝယ္ရမယ္ဆိုရင္ ဘယ္ေလာက္ပဲ ေစ်းၾကီးၾကီး ေကာင္းတာကိုပဲ ဝယ္ယူပါလို႔ တိုက္တြန္းလိုပါတယ္။ ဘာလို႔လဲ? Power Bank မွာပါတဲ့ Printed Circuit Board (PCB) က အေရးၾကီးဆုံးမလို႔ပါ။ Voltage အတက္၊ က်ျဖစ္တာ၊ Safety Protection နဲ႔ ပတ္သက္လို႔ High Temperature ၊ Overcharge ၊ Over-current၊ Over-voltage ၊ Short-circuit ျဖစ္တာမ်ိဳး ကာကြယ္ရတာမလို႔ Quality ေကာင္းတဲ့ Power Bank ကိုသာ ဝယ္ယူဖုိ႔ အၾကံျပဳရင္း နိဂုံးခ်ဳပ္လုိက္ရပါတယ္။

2B (akhayar)
www.akhayar.com

[Unicode]

Power Bank နဲ့အားသွင်းတာ ဖုန်းဘက်ထရီကို ထိခိုက်စေနိုင်သလား?

ဘက်ထရီ စနစ်တကျအားသွင်းတာနဲ့ ပတ်သက်လို့ Android နဲ့ iPhone အတွက် ဖော်ပြခဲ့ပြီးပါပြီ။ ဒီတစ်ခါမှာ ဖြည့်စွက်အကြောင်းရာအနေနဲ့ ထပ်ပြီးတင်ပြချင်တာက Power Bank နဲ့ အားသွင်းတာ ဘက်ထရီကို ထိခိုက်စေနိုင်သလား? ဘယ်လို အားနည်းချက်ရှိဦးမလဲဆိုတာ ဒီဆောင်းပါးလေးနဲ့ ဖော်ပြသွားပါ့မယ်။

Battery to battery ဆိုတော့ D.C Current နဲ့ သွားပါတယ်
Power Bank ဟာလည်း Battery ပဲဆိုတော့ Electric Current က Direct Current (DC) ပေါ့။ ဒီတော့ သိထားသင့်တာက DC Current ဟာ ဟိုးအဝေးတလံကြီးကို လျှပ်စစ်မစီးနိုင်ဘူး၊ စီးမယ်ဆိုရင်တောင် Power Loss ရှိတယ်၊ ဒါကြောင့် Power Bank ဝယ်ရင် ကြိုးရှည်ရှည်ထည့်မပေးသလို များသောအားဖြင့် စမတ်ဖုန်းတွေထက် Voltage နဲ့ Ampere Rating ပိုများပါတယ်။

Charging with Power Bank

mAh ပိုများပြီး Voltage နဲ့ Ampere တောင့်တဲ့ Power Bank ကိုရွေးချယ်ပါ
ဒီတော့ DC Current အားနည်းချက် သိသွားပြီဆိုရင် ကိုယ့်ဖုန်း Battery ပမာဏ (ဥပမာ 3500 mAh) ထက်ပိုနည်းတဲ့ Power Bank မျိုး၊ ဒီလိုပဲ Voltage နဲ့ Ampere ကိုလည်း ဖုန်း Rating တိုင်းကြည့်ပြီး (ဥပမာ 5V/2A) ဆိုရင် အဲ့ထက်နိမ့်တဲ့ Power Bank မဝယ်မိပါစေနဲ့။

10,000 mAh Power Bank

အရည်သွေးမပြည့်မီတဲ့ Power Bank ရဲ့ နောက်ဆက်တွဲ ပြဿနာ
ဒီလို Rating လည်းမပြည့်၊ mAh ကလည်း နည်း၊ Voltage ကလည်း မလုံလောက်ဘူးဆိုရင် ဘာဖြစ်မယ်ထင်လဲ? Voltage ကစပြောရမယ်ဆိုရင် ဥပမာ ဖုန်းက 5V ၊ Power Bank က 4.2V ပဲရှိမယ်ဆိုရင် အားသွင်းမယ့်အစား ဖုန်းဆီကပြန်ယူပါလိမ့်မယ်။ ဒီလိုပဲ သတ်မှတ် 5V ထက်ပိုများမယ်ဆိုရင် Power Circuit Board ပျက်စီးပါမယ် Overload ဖြစ်သွားလို့။

Quick Charge Power Bank by Huawei

ဒါနဲ့ဆက်စပ်ပြီး Ampere အကြောင်းထပ်ပြောရမယ်ဆိုရင် ဥပမာ ဖုန်းက 5V/2A ဆိုပါစို့ ဒါကို 1A ပဲရှိတယ်ဆိုရင် ဖုန်းအပူလွန်ကဲလာနိုင်ပြီး ထကွဲနိုင်ပါတယ်၊ ဒီလိုပဲ Ampere Rating များတဲ့ကောင်နဲ့ အားသွားသွင်းလို့ မြန်မြန်ပြည့်မယ် မထင်ပါနဲ့ ဖုန်းပဲ ပေါက်ကွဲသွားမှာပါ။ ဆိုတော့ ဖုန်းနဲ့ Power Bank ချင်း Level တူူရှိရမယ်လို့ သတ်မှတ်ရမယ်ပေါ့နော်။ နောက်ပြီး mAh ပိုများတဲ့ Power Bank ဝယ်ဖို့ မမေ့ပါနဲ့ဦး၊ အပေါ်က အချက်တွေနဲ့ ကိုက်ပါရဲ့ ဖုန်းဘက်ထရီထက် ပိုနည်းတဲ့ကောင်ဝယ်မိသွားရင် Power Loss ဖြစ်ဦးမှာမလို့ အားအပြည့်လည်း မသွင်းနိုင် ဖုန်းကိုလည်း ထိခိုက်ပါဦးမယ်။

Power Bank နဲ့အားသွင်းတာရဲ့ အကြီးမားဆုံး အားနည်းချက်
ဘက်ထရီကို Rapid Charging ၊ Continuous Charging ၊ Trickle Charging ၃ ခုလုံး ပြည့်အောင် အားသွင်းနိုင်မယ်ဆိုရင် အကောင်းဆုံးပါ။ ဆိုလိုတာ Healthy Battery ပိုင်ဆိုင်နိုင်ဖို့ ဒီ ၃ ချက်လုံးနဲ့ ပြည့်စုံအောင် အားသွင်းပေးရပါမယ်။ Rapid နဲ့ Continuous Charging ဆိုတာက ဥပမာ 20% ကနေ 100% အထိ Non-stop သွင်းရမယ်လို့ ဆိုလိုတာပါ။ 80% ရောက်လို့ ဖြုတ်ရင် Rapid Charging Pass ဖြစ်ပါတယ်၊ 100% အထိရောက်ဖို့ Continuous Charging နဲ့ဆက်သွင်းရမှာဖြစ်ပြီး ရောက်နိုင်ရင်တော့ အကောင်းဆုံးပါ။

Continue to Trickle Charge

အခုဥပမာလို 100% Full ဖြစ်သွားရင် နောက်ဆုံး Trickle State ဆိုတာရှိပါသေးတယ်။ ဆိုလိုတာ အားအပြည့်ဖြစ်သွားရင်တောင် မဖြုတ်သေးဘဲ နောက်ထပ် ၅ မိနစ်လောက်ပစ်ထားလိုက်ပါ။ အဲ့ချိန်မှာ အားသွင်းရလို့ ဓာတ်မတိုင်က လွတ်ထွက်သွားတဲ့ Electron Hole တွေကို Small Current နဲ့ပြန်ဖြည့်မယ်၊ ဒီနည်းအားဖြင့် ဖုန်းဘက်ထရီ အားပိုခံမယ်၊ Efficiency ကောင်းမယ်၊ သက်တမ်းလည်း ကြာကြာအသုံးခံဦးမှာပါ။ ဒီအချက်တွေကို AC Current နဲ့ လုပ်ဆောင်နိုင်တယ်ဆိုမယ့် Power Bank နဲ့ အားသွင်းမယ်ဆိုရင်တော့ Trickle Charge ဆိုတာမရှိပါဘူး၊ အား 100% ပြည့်တာနဲ့ လျှပ်စစ်စီးတာ Circuit Board ကနေ ဖြတ်ချပစ်လိုက်မှာပါ။

အရည်သွေးပြည့်မီတဲ့ Power Bank မျိုးသာ ဝယ်ယူပါ
အခုလို အရေးကြီးတဲ့ အချက်တွေသိပြီးသွားရင် အရေးပေါ်အားသွင်းဖို့လိုလို့ Power Bank ဝယ်ရမယ်ဆိုရင် ဘယ်လောက်ပဲ ဈေးကြီးကြီး ကောင်းတာကိုပဲ ဝယ်ယူပါလို့ တိုက်တွန်းလိုပါတယ်။ ဘာလို့လဲ? Power Bank မှာပါတဲ့ Printed Circuit Board (PCB) က အရေးကြီးဆုံးမလို့ပါ။ Voltage အတက်၊ ကျဖြစ်တာ၊ Safety Protection နဲ့ ပတ်သက်လို့ High Temperature ၊ Overcharge ၊ Over-current၊ Over-voltage ၊ Short-circuit ဖြစ်တာမျိုး ကာကွယ်ရတာမလို့ Quality ကောင်းတဲ့ Power Bank ကိုသာ ဝယ်ယူဖို့ အကြံပြုရင်း နိဂုံးချုပ်လိုက်ရပါတယ်။

2B (akhayar)
www.akhayar.com