This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားၿပိဳင္ပဲြမွာ မကၠဆီကုိကုိ မ႐ႈံးဖူးတဲ့ မွတ္တမ္းကုိ ဘရာဇီးလ္ ဆက္ထိန္းႏုိင္မလား

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြ ႐ႈံးထြက္(၁၆)သင္းအဆင့္ပဲြစဥ္ေတြအျဖစ္ ဘရာဇီးလ္-မကၠဆီကုိ၊ ဘယ္လ္ဂ်ီယံ-ဂ်ပန္အသင္းတို႔ ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ပါတယ္။ ဗုိလ္စဲြဖုိ႔ေရပန္းစားေနတဲ့ အာဂ်င္တီးနား၊ စပိန္တို႔ ဒီအဆင့္ကေန လွည့္ျပန္ခဲ့ရၿပီျဖစ္သလုိ လက္ရွိခ်န္ပီယံ ဂ်ာမနီအသင္းကလည္း အုပ္စုအဆင့္ကုိ မေက်ာ္ျဖတ္ႏုိင္ခ့ဲလုိ႔ ဘရာဇီးလ္အသင္း ဗုိလ္စဲြဖုိ႔ ပုိၿပီးအေျခအေနေကာင္းလာတယ္။ ဒါေပမဲ့ ဘရာဇီးလ္အသင္းရဲ႕ ဗုိလ္လုပဲြသြားရာလမ္းေၾကာင္းက ဆူးခမ္းတဲ့လမ္းျဖစ္ေနတာေၾကာင့္ အဲဒီအခက္အခဲေတြကုိ ေက်ာ္ျဖတ္ၿပီး (၆)ႀကိမ္ေျမာက္ ခ်န္ပီယံဆုကုိ အရယူႏုိင္မလားဆုိတာ ေစာင့္ၾကည့္ရမယ္။ ေနာက္တစ္ပဲြမွာေတာ့ ခ်န္ပီယံဆုဖလားကုိ စိန္ေခၚစြမ္းရွိတဲ့အသင္းအျဖစ္ ရပ္တည္ေနတဲ့ ဘယ္လ္ဂ်ီယံနဲ႔ အာရွထိပ္သီး ဂ်ပန္အသင္းတို႔ ဆုံေတြ႕ေနလုိ႔ ဘယ္လုိရလဒ္ထြက္ေပၚလာမလဲ စိတ္၀င္စားစရာပါ . . . .

Can-Brazil-Keep-Their-Perfect-Recrod-Against-Mexico

Can-Brazil-Keep-Their-Perfect-Recrod-Against-Mexico

ဘရာဇီးလ္ ႏွင့္ မကၠဆီကုိ (၂-၇-၂၀၁၈ ည ၈း၃၀)
ဒီႏွစ္သငး္ဟာ ကြန္ဖက္ဒေရးရွင္းဖလား၊ ကုိပါအေမရိကဖလားစတဲ့ၿပိဳင္ပဲြေတြအျပင္ ေျခစမ္းပဲြေတြအျဖစ္လည္း မၾကာခဏ ဆုံေတြ႕ခဲ့ဖူးတာေၾကာင့္ တစ္သင္းနဲ႔တစ္သင္း သိပ္မစိမ္းဘူးလုိ႔ ဆုိရမယ္။ ၂၀၁၄ ကမၻာ႔ဖလား အုပ္စုအဆင့္မွာတုနး္ကလည္း ဆုံေတြ႕ခဲ့ဖူးၿပီး ဂုိးမရွိသေရက်ခဲ့တယ္။ ၂၀၁၅တုန္းက ေျခစမ္းပဲြမွာ ဒီႏွစ္သင္း ေနာက္ဆုံးဆုံေတြ႕ခဲ့တာမွာေတာ့ ဘရာဇီးလ္က (၂-၀)ဂုိးနဲ႔ အႏုိင္ယူခဲ့ပါတယ္။ အခုေလာေလာဆယ္ ၂၀၁၈ ကမၻာ႔ဖလားမွာ အသင္းႀကီးေတြ ႐ုန္းကန္ေနရၿပီး ဖ်က္ျမင္းအသင္းေတြက ေျခစြမ္းျပေနတာေၾကာင့္ ဘရာဇီးလ္အေနနဲ႔ မကၠဆီကုိကုိ လြယ္လြယ္ကူကူေက်ာ္ျဖတ္ႏုိင္ဖုိ႔ မလြယ္ဘူး။ ဘရာဇီးလ္အတြက္ တစ္ခုအားသာတာက မကၠဆီကုိနဲ႔ ကမၻာ႔ဖလားၿပိဳင္ပဲြတစ္ေလွ်ာက္ (၄)ႀကိမ္ဆုံေတြ႕ခဲ့ဖူးၿပီး ႐ႈံးပဲြမရွိဘဲ (၃)ပဲြႏုိင္၊ (၁)ပဲြသေရက်ခဲ့တဲ့ မွတ္တမ္းေကာင္းပုိင္ဆုိင္ထားတာပါပဲ။ လက္ရွိ ႐ႈံးထြက္(၁၆)သင္းအဆင့္ ပဲြေတြ အေနအထားအရေျပာရရင္ ဒီပဲြလည္း မိနစ္(၉၀)အတြင္း အေျဖေပၚမလားဆုိတာ သံသယျဖစ္စရာပါ။ ေနာက္တစ္ဆင့္တက္မယ့္အသင္းကုိ ေရြးပါဆုိရင္ေတာ့ ဘရာဇီးလ္ကုိပဲ ေရြးခ်င္ပါတယ္။

ဘယ္လ္ဂ်ီယံ ႏွင့္ ဂ်ပန္ (၃-၇-၂၀၁၈ နံနက္ ၁၂း၃၀)
ကမၻာ႔ဖလား ခ်န္ပီယံဆုကုိ ပစ္မွတ္ထားေနတဲ့ ဘယ္လ္ဂ်ီယံအသင္းအတြက္ ဂ်ပန္က ၿပိဳင္ဘက္ေကာင္း မဟုတ္ေလာက္ပါဘူး။ ဘယ္လ္ဂ်ီယံအသင္းက အုပ္စုတြင္းမွာ တိုက္စစ္ေျခစြမ္းျပၿပီး (၃)ပဲြစလုံးအႏုိင္ကစား အုပ္စုဗုိလ္နဲ႔ ႐ႈံးထြက္(၁၆)သင္းအဆင့္ကုိ တက္ေရာက္ခဲ့တာပါ။ ဂ်ပန္အသင္းကေတာ့ Fair Play Points အရ ဆီနီေဂါကုိ Knock Out ခ်ၿပီး ကံေကာင္းလုိ႔ အုပ္စုက တက္ခဲ့တာျဖစ္ပါတယ္။ စိတ္ဓာတ္ျပင္းထန္တဲ့ ဂ်ပန္အသင္းကုိ ဘယ္လ္ဂ်ီယံအထင္ေသးလုိ႔ မရေပမယ့္လည္း လုိအပ္တဲ့ အႏုိင္ရလဒ္ကုိ ရယူသြားႏုိင္ပါလိမ့္မယ္။

Photo:Goal.com
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက္ကဆီကိုကို မရှုံးဖူးတဲ့ မှတ်တမ်းကို ဘရာဇီးလ် ဆက်ထိန်းနိုင်မလား

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ်တွေအဖြစ် ဘရာဇီးလ်-မက္ကဆီကို၊ ဘယ်လ်ဂျီယံ-ဂျပန်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ အာဂျင်တီးနား၊ စပိန်တို့ ဒီအဆင့်ကနေ လှည့်ပြန်ခဲ့ရပြီဖြစ်သလို လက်ရှိချန်ပီယံ ဂျာမနီအသင်းကလည်း အုပ်စုအဆင့်ကို မကျော်ဖြတ်နိုင်ခဲ့လို့ ဘရာဇီးလ်အသင်း ဗိုလ်စွဲဖို့ ပိုပြီးအခြေအနေကောင်းလာတယ်။ ဒါပေမဲ့ ဘရာဇီးလ်အသင်းရဲ့ ဗိုလ်လုပွဲသွားရာလမ်းကြောင်းက ဆူးခမ်းတဲ့လမ်းဖြစ်နေတာကြောင့် အဲဒီအခက်အခဲတွေကို ကျော်ဖြတ်ပြီး (၆)ကြိမ်မြောက် ချန်ပီယံဆုကို အရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမယ်။ နောက်တစ်ပွဲမှာတော့ ချန်ပီယံဆုဖလားကို စိန်ခေါ်စွမ်းရှိတဲ့အသင်းအဖြစ် ရပ်တည်နေတဲ့ ဘယ်လ်ဂျီယံနဲ့ အာရှထိပ်သီး ဂျပန်အသင်းတို့ ဆုံတွေ့နေလို့ ဘယ်လိုရလဒ်ထွက်ပေါ်လာမလဲ စိတ်ဝင်စားစရာပါ . . . .

Can-Brazil-Keep-Their-Perfect-Recrod-Against-Mexico

Can-Brazil-Keep-Their-Perfect-Recrod-Against-Mexico

ဘရာဇီးလ် နှင့် မက္ကဆီကို (၂-၇-၂၀၁၈ ည ၈း၃၀)
ဒီနှစ်သင်းဟာ ကွန်ဖက်ဒရေးရှင်းဖလား၊ ကိုပါအမေရိကဖလားစတဲ့ပြိုင်ပွဲတွေအပြင် ခြေစမ်းပွဲတွေအဖြစ်လည်း မကြာခဏ ဆုံတွေ့ခဲ့ဖူးတာကြောင့် တစ်သင်းနဲ့တစ်သင်း သိပ်မစိမ်းဘူးလို့ ဆိုရမယ်။ ၂၀၁၄ ကမ္ဘာ့ဖလား အုပ်စုအဆင့်မှာတုန်းကလည်း ဆုံတွေ့ခဲ့ဖူးပြီး ဂိုးမရှိသရေကျခဲ့တယ်။ ၂၀၁၅တုန်းက ခြေစမ်းပွဲမှာ ဒီနှစ်သင်း နောက်ဆုံးဆုံတွေ့ခဲ့တာမှာတော့ ဘရာဇီးလ်က (၂-ဝ)ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။ အခုလောလောဆယ် ၂၀၁၈ ကမ္ဘာ့ဖလားမှာ အသင်းကြီးတွေ ရုန်းကန်နေရပြီး ဖျက်မြင်းအသင်းတွေက ခြေစွမ်းပြနေတာကြောင့် ဘရာဇီးလ်အနေနဲ့ မက္ကဆီကိုကို လွယ်လွယ်ကူကူကျော်ဖြတ်နိုင်ဖို့ မလွယ်ဘူး။ ဘရာဇီးလ်အတွက် တစ်ခုအားသာတာက မက္ကဆီကိုနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် (၄)ကြိမ်ဆုံတွေ့ခဲ့ဖူးပြီး ရှုံးပွဲမရှိဘဲ (၃)ပွဲနိုင်၊ (၁)ပွဲသရေကျခဲ့တဲ့ မှတ်တမ်းကောင်းပိုင်ဆိုင်ထားတာပါပဲ။ လက်ရှိ ရှုံးထွက်(၁၆)သင်းအဆင့် ပွဲတွေ အနေအထားအရပြောရရင် ဒီပွဲလည်း မိနစ်(၉၀)အတွင်း အဖြေပေါ်မလားဆိုတာ သံသယဖြစ်စရာပါ။ နောက်တစ်ဆင့်တက်မယ့်အသင်းကို ရွေးပါဆိုရင်တော့ ဘရာဇီးလ်ကိုပဲ ရွေးချင်ပါတယ်။

ဘယ်လ်ဂျီယံ နှင့် ဂျပန် (၃-၇-၂၀၁၈ နံနက် ၁၂း၃၀)
ကမ္ဘာ့ဖလား ချန်ပီယံဆုကို ပစ်မှတ်ထားနေတဲ့ ဘယ်လ်ဂျီယံအသင်းအတွက် ဂျပန်က ပြိုင်ဘက်ကောင်း မဟုတ်လောက်ပါဘူး။ ဘယ်လ်ဂျီယံအသင်းက အုပ်စုတွင်းမှာ တိုက်စစ်ခြေစွမ်းပြပြီး (၃)ပွဲစလုံးအနိုင်ကစား အုပ်စုဗိုလ်နဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်ခဲ့တာပါ။ ဂျပန်အသင်းကတော့ Fair Play Points အရ ဆီနီဂေါကို Knock Out ချပြီး ကံကောင်းလို့ အုပ်စုက တက်ခဲ့တာဖြစ်ပါတယ်။ စိတ်ဓာတ်ပြင်းထန်တဲ့ ဂျပန်အသင်းကို ဘယ်လ်ဂျီယံအထင်သေးလို့ မရပေမယ့်လည်း လိုအပ်တဲ့ အနိုင်ရလဒ်ကို ရယူသွားနိုင်ပါလိမ့်မယ်။

Photo:Goal.com
Naing Linn(Akhayar)
www.akhayar.com