[Zawgyi]

ေအာင္လအန္ဆန္ (Aung La N Sang) အေနနဲ႔ မစ္ဒယ္ဝိတ္တန္းကမၻာ့ခ်န္ပီယံဘြဲ႕ကုိ ကာကြယ္ႏုိင္ပါ့မလား

‘ONE Championship: Spirit Of A Warrior’ လုိ႔ နာမည္ေပးထားတဲ့ မစ္ဒယ္ဝိတ္တန္းကမၻာ့ခ်န္ပီယံလုပြဲကုိ ဇြန္လ (၂၉) ရက္ေန႔ ရန္ကုန္ၿမိဳ႕ သုဝဏၰအားကစားရုံမွာ က်င္းပမွာျဖစ္ၿပီး လုိက္ဟဲဗီးဝိတ္တန္းနဲ႔ မစ္ဒယ္ဝိတ္တန္းကမၻာ့ခ်န္ပီယံ ေအာင္လအန္ဆန္ (Aung La N Sang) ဟာ ဂ်ပန္ႏုိင္ငံသား ကန္ဟာေဆးဂါဝါ (Ken Hasegawa) နဲ႔ ထုိးသတ္ရမွာျဖစ္ပါတယ္။ ျမန္မာ့စပါးအုံးေျမြလုိ႔ နာမည္ေျပာင္ေပးထားတဲ့ ေအာင္လအန္ဆန္အေနနဲ႔ မစ္ဒယ္ဝိတ္ခ်န္ပီယံကာကြယ္ပြဲျဖစ္လာၿပီး တကယ္လုိ႔ ရႈံးနိမ့္သြားမယ္ဆုိရင္ေတာင္ လုိက္ဟဲဗီးဝိတ္ခါးပတ္ကုိ လက္လႊတ္ရမွာ မဟုတ္ပါဘူး။ (မစ္ဒယ္ဝိတ္တန္းကမၻာ့ခ်န္ပီယံဘြဲ႕ကုိပဲ စြန္႔လႊတ္ရမွာပါ။)

ကန္ဟာေဆးဂါဝါကုိေတာ့ ျမန္မာပရိသတ္ေတြ ရင္းႏွီးမွာ မဟုတ္ပါဘူး။ သူဟာ ဂ်ပန္အေျခစုိက္ ‘Deep MMA’ မွာ ထုိးသတ္ခဲ့တဲ့ ကစားသမားျဖစ္ၿပီး ‘One Championship’ အေနနဲ႔ အခုမွသာ စာခ်ဳပ္ခ်ဳပ္ခဲ့တာပါ။ သူဟာ ပြဲဦးထြက္မွာပဲ မစ္ဒယ္ဝိတ္တန္းကမၻာ့ခ်န္ပီယံခါးပတ္လုပြဲကုိ ယွဥ္ၿပိဳင္ခြင့္ရတာျဖစ္ပါတယ္။ တကယ္လုိ႔ ကန္ဟာေဆးဂါဝါ အႏုိင္ရခဲ့မယ္ဆုိရင္ေတာ့ တစ္ပြဲတည္းထုိးသတ္ၿပီး ကမၻာ့ခ်န္ပီယံဘြဲ႕ရတယ္ဆုိတဲ့ ရာဇဝင္က်န္သြားမွာပါ။ (တစ္ပြဲတည္းထုိးရုံနဲ႔ ဘယ္ MMA အဖြဲ႕အစည္းမွာမွ ခ်န္ပီယံမျဖစ္ပါဘူး) ။ အခုလုိျဖစ္ေနတာေတြက ‘One Championship’ ဟာ ႏွစ္ရွည္စာခ်ဳပ္ခ်ဳပ္ထားတဲ့ ပင္တုိင္ကစားသမားနည္းပါးေနတာျဖစ္ၿပီး ၿပိဳင္ပြဲက်င္းပခါနီးမွ ေတြ႕ရာလူကုိ ဆြဲေခၚေနရတဲ့သေဘာပါ။ ဒီေနရာမွာ ခါးပတ္လုၾကမယ့္ကစားသမားေတြရဲ႕ အရည္အခ်င္းကုိ ေဝဖန္လုိတာ မဟုတ္ဘဲ ‘One Championship’ ရဲ႕စီမံခန္႔ခြဲမႈအပုိင္းကုိသာ ဦးတည္လုိတာျဖစ္ပါတယ္။

ကဲ . . . ဒါဆုိ ကန္ဟာေဆးဂါဝါက ဘယ္သူလဲ။ သူဟာ ၁၉၈၇ခုႏွစ္ ေဖေဖာ္ဝါရီလ (၂၆) ရက္ေန႔မွာ ေမြးဖြားခဲ့ၿပီး MMA ကစားသမားဘဝကုိေတာ့ ၂ဝ၁ဝခုႏွစ္မွာ စတင္ခဲ့ပါတယ္။ (၁၉) ပြဲထုိးသတ္ခဲ့ၿပီး (၁၆) ပြဲႏုိင္၊ (၁) ပြဲသေရနဲ႔ (၂) ပြဲရႈံး ရလဒ္ကုိ ပုိင္ဆုိင္ထားပါတယ္။ သူဟာ ‘Deep MMA’ ရဲ႕ အလြတ္တန္းခ်န္ပီယံ (Megaton Champion) လည္းျဖစ္ပါတယ္။ ကုိယ္အေလးခ်ိန္ ၁၈၅ ေပါင္ (၈၃.၉၁ ကီလုိဂရမ္) နဲ႔ အရပ္အျမင့္ ၁၈ဝ စင္တီမီတာ (၅ေပ ၁၁လက္မ) ရွိပါတယ္။ Ground Fight နဲ႔ Stand Fight ကုိ မ်ွတေအာင္ ကစားႏုိင္သူျဖစ္ၿပီး ဂ်ပန္ႏုိင္ငံရဲ႕အေကာင္းဆုံး MMA ကစားသမားလုိ႔ သတ္မွတ္ထားၾကပါတယ္။ (၃၁) ႏွစ္သာရွိေသးတဲ့ ကန္ဟာေဆးဂါဝါဟာ အေစာပုိင္းအခ်ီေတြမွာပဲ အလဲထုိးတတ္လုိ႔ ပြဲၾကမ္းမယ္လုိ႔ သုံးသပ္ရပါတယ္။

ေအာင္လအန္ဆန္ကုိ ေခါင္ပြဲ (Main Card) ထားၿပီး က်င္းပခဲ့တဲ့  ‘One Championship’ ၿပိဳင္ပဲြေတြက တျခားႏုိင္ငံေတြနဲ႔အတူ ျမန္မာႏုိင္ငံမွာ တခဲနက္ေအာင္ျမင္ေနတာက သိထားေလေတာ့ ေရႊဥတစ္ေန႔တစ္လုံး ဥေပးေနတဲ့ ငန္းႀကီးကုိေတာ့ ရုိက္မခ်က္ေလာက္ပါဘူးလုိ႔ သုံးသပ္မိပါတယ္။ ဒါ့ေၾကာင့္လည္း ‘One Championship’  က ေအာင္လအန္ဆန္ကုိ အလိန္းဂါလာနီ (Alain Ngalani) နဲ႔ အလက္ဇန္းဒါး မာခ်ာဒုိ (Alexandre Machado) တုိ႔လုိ ပြဲေဝးေနတဲ့ သက္ၾကားအုိႀကီးေတြနဲ႔ တည္ေပးခဲ့တာပါ။ သူတုိ႔လည္း ဝင္ေငြေကာင္းသလုိ  ျမန္မာပရိသတ္ေတြလည္း ေပ်ာ္ရတာေပါ့။

တကယ္တမ္းသုံးသပ္ရရင္ ေအာင္လအန္ဆန္ဟာ သူအားသာတဲ့ ခ်ဳပ္သုိင္းနဲ႔ ပြဲသိမ္းတတ္တယ္ဆုိေပမယ့္ အားပါျပင္းထန္တဲ့ အျမင့္ေျခကန္ခ်က္၊ တြဲလုံးလက္သီးေတြလည္း စုံလင္လွပါတယ္။ ၿပိဳင္ဘက္ရဲ႕အေျခအေနကုိ စကၠန္႔ပုိင္းအတြင္း သုံးသပ္ႏုိင္သူျဖစ္ၿပီး ဥာဏ္ရည္ျမင့္ကစားသမားလုိ႔ဆုိရမွာပါ။

မစ္ဒယ္ဝိတ္တန္းနဲ႔ လုိက္ဟဲဗီးဝိတ္တန္းကမၻာ့ခ်န္ပီယံ ေအာင္လအန္ဆန္ဟာ (၃၂) ပြဲထုိးသတ္ခဲ့ၿပီး (၂၂) ပြဲႏုိင္၊ (၁ဝ) ပြဲရႈံး ရလဒ္ကုိ ပုိင္ဆုိင္ထားပါတယ္။ အမိေျမမွာ ကစားခဲ့တဲ့ ပြဲစဥ္တုိင္းမွာ ရာႏႈန္းျပည့္ႏုိင္ပြဲရခဲ့ၿပီး ‘ဗစ္တာလီ ဘစ္ဒက္ရွ္’ ၊  အလိန္းဂါလာနီနဲ႔ အလက္ဇန္းဒါး မာခ်ာဒုိတုိ႔ကုိ သုံးပြဲဆက္အႏုိင္ရရွိထားသူျဖစ္ပါတယ္။ အမိေျမမွာေတာ့ ေအာင္လအန္ဆန္ပဲ မစ္ဒယ္ဝိတ္တန္းခါးပတ္ကုိ ကာကြယ္သြားမယ္လုိ႔ သုံးသပ္မိပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

အောင်လအန်ဆန် (Aung La N Sang) အနေနဲ့ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ပါ့မလား

‘ONE Championship: Spirit Of A Warrior’ လို့ နာမည်ပေးထားတဲ့ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံလုပွဲကို ဇွန်လ (၂၉) ရက်နေ့ ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံမှာ ကျင်းပမှာဖြစ်ပြီး လိုက်ဟဲဗီးဝိတ်တန်းနဲ့ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန် (Aung La N Sang) ဟာ ဂျပန်နိုင်ငံသား ကန်ဟာဆေးဂါဝါ (Ken Hasegawa) နဲ့ ထိုးသတ်ရမှာဖြစ်ပါတယ်။ မြန်မာ့စပါးအုံးမြွေလို့ နာမည်ပြောင်ပေးထားတဲ့ အောင်လအန်ဆန်အနေနဲ့ မစ်ဒယ်ဝိတ်ချန်ပီယံကာကွယ်ပွဲဖြစ်လာပြီး တကယ်လို့ ရှုံးနိမ့်သွားမယ်ဆိုရင်တောင် လိုက်ဟဲဗီးဝိတ်ခါးပတ်ကို လက်လွှတ်ရမှာ မဟုတ်ပါဘူး။ (မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဘွဲ့ကိုပဲ စွန့်လွှတ်ရမှာပါ။)

ကန်ဟာဆေးဂါဝါကိုတော့ မြန်မာပရိသတ်တွေ ရင်းနှီးမှာ မဟုတ်ပါဘူး။ သူဟာ ဂျပန်အခြေစိုက် ‘Deep MMA’ မှာ ထိုးသတ်ခဲ့တဲ့ ကစားသမားဖြစ်ပြီး ‘One Championship’ အနေနဲ့ အခုမှသာ စာချုပ်ချုပ်ခဲ့တာပါ။ သူဟာ ပွဲဦးထွက်မှာပဲ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲကို ယှဉ်ပြိုင်ခွင့်ရတာဖြစ်ပါတယ်။ တကယ်လို့ ကန်ဟာဆေးဂါဝါ အနိုင်ရခဲ့မယ်ဆိုရင်တော့ တစ်ပွဲတည်းထိုးသတ်ပြီး ကမ္ဘာ့ချန်ပီယံဘွဲ့ရတယ်ဆိုတဲ့ ရာဇဝင်ကျန်သွားမှာပါ။ (တစ်ပွဲတည်းထိုးရုံနဲ့ ဘယ် MMA အဖွဲ့အစည်းမှာမှ ချန်ပီယံမဖြစ်ပါဘူး) ။ အခုလိုဖြစ်နေတာတွေက ‘One Championship’ ဟာ နှစ်ရှည်စာချုပ်ချုပ်ထားတဲ့ ပင်တိုင်ကစားသမားနည်းပါးနေတာဖြစ်ပြီး ပြိုင်ပွဲကျင်းပခါနီးမှ တွေ့ရာလူကို ဆွဲခေါ်နေရတဲ့သဘောပါ။ ဒီနေရာမှာ ခါးပတ်လုကြမယ့်ကစားသမားတွေရဲ့ အရည်အချင်းကို ဝေဖန်လိုတာ မဟုတ်ဘဲ ‘One Championship’ ရဲ့စီမံခန့်ခွဲမှုအပိုင်းကိုသာ ဦးတည်လိုတာဖြစ်ပါတယ်။

ကဲ . . . ဒါဆို ကန်ဟာဆေးဂါဝါက ဘယ်သူလဲ။ သူဟာ ၁၉၈၇ခုနှစ် ဖေဖော်ဝါရီလ (၂၆) ရက်နေ့မှာ မွေးဖွားခဲ့ပြီး MMA ကစားသမားဘဝကိုတော့ ၂ဝ၁ဝခုနှစ်မှာ စတင်ခဲ့ပါတယ်။ (၁၉) ပွဲထိုးသတ်ခဲ့ပြီး (၁၆) ပွဲနိုင်၊ (၁) ပွဲသရေနဲ့ (၂) ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ သူဟာ ‘Deep MMA’ ရဲ့ အလွတ်တန်းချန်ပီယံ (Megaton Champion) လည်းဖြစ်ပါတယ်။ ကိုယ်အလေးချိန် ၁၈၅ ပေါင် (၈၃.၉၁ ကီလိုဂရမ်) နဲ့ အရပ်အမြင့် ၁၈ဝ စင်တီမီတာ (၅ပေ ၁၁လက်မ) ရှိပါတယ်။ Ground Fight နဲ့ Stand Fight ကို မျှတအောင် ကစားနိုင်သူဖြစ်ပြီး ဂျပန်နိုင်ငံရဲ့အကောင်းဆုံး MMA ကစားသမားလို့ သတ်မှတ်ထားကြပါတယ်။ (၃၁) နှစ်သာရှိသေးတဲ့ ကန်ဟာဆေးဂါဝါဟာ အစောပိုင်းအချီတွေမှာပဲ အလဲထိုးတတ်လို့ ပွဲကြမ်းမယ်လို့ သုံးသပ်ရပါတယ်။

အောင်လအန်ဆန်ကို ခေါင်ပွဲ (Main Card) ထားပြီး ကျင်းပခဲ့တဲ့  ‘One Championship’ ပြိုင်ပွဲတွေက တခြားနိုင်ငံတွေနဲ့အတူ မြန်မာနိုင်ငံမှာ တခဲနက်အောင်မြင်နေတာက သိထားလေတော့ ရွှေဥတစ်နေ့တစ်လုံး ဥပေးနေတဲ့ ငန်းကြီးကိုတော့ ရိုက်မချက်လောက်ပါဘူးလို့ သုံးသပ်မိပါတယ်။ ဒါ့ကြောင့်လည်း ‘One Championship’  က အောင်လအန်ဆန်ကို အလိန်းဂါလာနီ (Alain Ngalani) နဲ့ အလက်ဇန်းဒါး မာချာဒို (Alexandre Machado) တို့လို ပွဲဝေးနေတဲ့ သက်ကြားအိုကြီးတွေနဲ့ တည်ပေးခဲ့တာပါ။ သူတို့လည်း ဝင်ငွေကောင်းသလို  မြန်မာပရိသတ်တွေလည်း ပျော်ရတာပေါ့။

တကယ်တမ်းသုံးသပ်ရရင် အောင်လအန်ဆန်ဟာ သူအားသာတဲ့ ချုပ်သိုင်းနဲ့ ပွဲသိမ်းတတ်တယ်ဆိုပေမယ့် အားပါပြင်းထန်တဲ့ အမြင့်ခြေကန်ချက်၊ တွဲလုံးလက်သီးတွေလည်း စုံလင်လှပါတယ်။ ပြိုင်ဘက်ရဲ့အခြေအနေကို စက္ကန့်ပိုင်းအတွင်း သုံးသပ်နိုင်သူဖြစ်ပြီး ဉာဏ်ရည်မြင့်ကစားသမားလို့ဆိုရမှာပါ။

မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်ဟာ (၃၂) ပွဲထိုးသတ်ခဲ့ပြီး (၂၂) ပွဲနိုင်၊ (၁ဝ) ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ အမိမြေမှာ ကစားခဲ့တဲ့ ပွဲစဉ်တိုင်းမှာ ရာနှုန်းပြည့်နိုင်ပွဲရခဲ့ပြီး ‘ဗစ်တာလီ ဘစ်ဒက်ရှ်’ ၊  အလိန်းဂါလာနီနဲ့ အလက်ဇန်းဒါး မာချာဒိုတို့ကို သုံးပွဲဆက်အနိုင်ရရှိထားသူဖြစ်ပါတယ်။ အမိမြေမှာတော့ အောင်လအန်ဆန်ပဲ မစ်ဒယ်ဝိတ်တန်းခါးပတ်ကို ကာကွယ်သွားမယ်လို့ သုံးသပ်မိပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com