[Zawgyi]

အသင္းႀကီးေတြ ႏုိင္ပဲြရဖုိ႔ မခက္ခဲႏုိင္တဲ့ ပရီးမီးယားလိဂ္ပဲြစဥ္(၃)

ပရီးမီးယားလိဂ္ပဲြစဥ္ (၃) စေနေန႔ပဲြေတြမွာေတာ့ မန္စီးတီး၊ အာဆင္နယ္၊ လီဗာပူးလ္အသင္းတို႔ရဲ႕ ပဲြစဥ္ေတြ ပါ၀င္ေနၿပီး ႏုိင္ပဲြရယူဖုိ႔ အေျခအေနေကာင္းေနပါတယ္။ (၂)ပဲြကစား (၂)ပဲြႏုိင္နဲ႔ အမွတ္ေပးဇယားကုိ ဦးေဆာင္ေနတဲ့ မန္စီးတီးအသင္းဟာ အေ၀းကြင္းမွာ ၀ုလ္ဗ္နဲ႔ ကစားရမွာျဖစ္ၿပီး ဒုတိယေနရာကေန ဖိအားေပးေနတဲ့ လီဗာပူးလ္အသင္းကေတာ့ အိမ္ကြင္းမွာ ဘ႐ုိက္တန္ကုိ ဧည့္ခံကစားရမွာပါ။ ရလဒ္ဆုိးေတြနဲ႔ ရင္ဆုိင္ေနရတဲ့ အာဆင္နယ္အသင္းက အီမရိတ္စ္မွာ ၀က္စ္ဟမ္းနဲ႔ လန္ဒန္ဒါဘီပဲြစဥ္အျဖစ္ ကစားရမွာျဖစ္ပါတယ္။

၀ုလ္ဗ္ – မန္စီးတီး (စေန ညေန ၆း၀၀ နာရီ)
(၁)ပဲြသေရ၊ (၁)ပဲြ႐ႈံးရလဒ္နဲ႔ (၁)မွတ္သာရထားတဲ့ ၀ုလ္ဗ္အသင္းတို႔ အိမ္ကြင္းမွာ မန္စီးတီးကုိ ဒုကၡေပးႏုိင္ဖုိ႔ ဆုိတာ မျဖစ္ႏုိင္ပါဘူး။ အိမ္ကြင္း၊ အေ၀းကြင္းမေရြး ၿပိဳင္ဘက္မေရြး ဂုိးျပတ္သြင္းေနတဲ့ မန္စီးတီးပဲ ေနာက္ထပ္ (၃)မွတ္ရယူသြားဦးမွာပါ။

ဘုန္းေမာက္ – အဲဗာတန္ (စေန ည ၈း၃၀)
ရာသီအစမွာ ေျခစြမ္းျပေနၿပီး (၂)ပဲြဆက္ အႏုိင္ရထားတဲ့ ဘုန္းေမာက္ကုိ အဲဗာတန္ ခက္ခက္ခဲခဲ ကစားရဖုိ႔ရွိေနတယ္။ ဒီေႏြရာသီမွာ ကစားသမားသစ္ေတြ ေခၚယူအားျဖည့္ထားတဲ့ အဲဗာတန္အသင္းရဲ႕ စုဖြဲ႕မႈက အားရစရာပါပဲ။ ဒါေပမဲ့ ေျခမွန္ေနတဲ့ ဘုန္းေမာက္ကုိ သူတို႔ကြင္းမွာ အႏုိင္ရေအာင္ စြမ္းေဆာင္ႏုိင္မလားဆုိတာကေတာ့ စဥး္စားစရာပါ။ ဘုန္းေမာက္ သေရတစ္မွတ္ရယူႏုိင္ပါတယ္။

အာဆင္နယ္ – ၀က္စ္ဟမ္း (စေန ည ၈း၃၀)

Arsenal-vs-West-Ham

Arsenal-vs-West-Ham

လန္ဒန္ဒါဘီပဲြ ျဖစ္တာနဲ႔အညီ ဒီပဲြက အႀကိတ္အနယ္ရွိဦးမွာပဲ။ ႏွစ္သင္းစလုံးက ပဲြတိုင္း႐ႈံးထားၿပီး အမွတ္မရေသးဘူး။ ၀က္စ္ဟမ္းအသင္းက ဒီရာသီမွာ ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး အသုံးျပဳထားေပမယ့္ ရလဒ္ေတြကေတာ့ စိတ္ပ်က္စရာပါ။ အာဆင္နယ္အသင္းကေတာ့ ၿပီးခဲ့တဲ့ (၂)ပဲြမွာ ေျခစြမ္း မဆုိးေပမယ့္ ခံစစ္ပုိင္း အားနည္းခ်က္ေၾကာင့္ ဂုိးေတြေပးခဲ့ရၿပီး ႏုိင္ပဲြေပ်ာက္ခဲ့ရတယ္။ ဒါေၾကာင့္ အီမရိတ္စ္မွာ မျဖစ္မေန ႏုိင္ပဲြျပန္ရွာရေတာ့မွာပါ။ အာဆင္နယ္ (၃)မွတ္ စတင္ရသြားပါလိမ့္မယ္။

ဟတ္ဒါဖီးလ္ – ကာဒစ္ဖ္ (စေန ည ၈း၃၀)
ဟတ္ဒါဖီးလ္က အမွတ္မရေသးဘူး၊ ကာဒစ္ဖ္ကေတာ့ (၁)မွတ္ ပုိင္ဆုိင္ထားတယ္။ ဒါေပမဲ့ ဟတ္ဒါဖီးလ္က ခ်ယ္လ္ဆီး၊ မန္စီးတီးတို႔လုိ အသင္းႀကီးေတြနဲ႔ ဆက္တိုက္ကစားခဲ့ရလုိ႔ အမွတ္မရခဲ့တာပါ။ အိမ္ကြင္းဆုိရင္ ကစားပုံက မဆုိးဘူးလုိ႔ ေျပာရမယ္။ ဟတ္ဒါဖီးလ္ကုိပဲ ေရြးခ်ယ္ခ်င္တယ္။

လီဗာပူးလ္ – ဘ႐ုိက္တန္ (စေန ည ၁၁း၀၀)

Liverpool-vs-Brighton

Liverpool-vs-Brighton

မန္ယူကုိ အႏုိင္ကစားခဲ့တဲ့ ဘ႐ုိက္တန္ကုိ လီဗာပူးလ္ကုိ ေလွ်ာ႔တြက္လုိ႔ မရဘူး။ ဒီလုိ အသငး္မ်ိဳးေတြနဲ႔ ေတြ႕ဆုံခဲ့ရင္ လီဗာပူးလ္ အမွတ္ေလွ်ာ႔တတ္တဲ့ အစဥ္အလာဆုိးကုိ ခ်ိဳးျဖတ္ႏုိင္ဖုိ႔ ႀကိဳးစားရမယ္။ ၿပီးခဲ့တဲ့ပဲြေတြက ေျခစြမ္းအရဆုိရင္ေတာ့ လီဗာပူးလ္အသင္း ႏုိင္သင့္တဲ့ပဲြေတြကုိ အႏုိင္ရေအာင္ လုပ္ျပႏုိင္တာကုိ ေတြ႕လာရၿပီ။ အန္ဖီးလ္မွာ လီဗာပူးလ္ အမွားအယြင္းမရွိ ႏုိင္ပဲြရယူသြားမွာပါ။

Photo:BradyBergkampandBeyond.co.uk,DB Sports Online,New York Post
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အသင်းကြီးတွေ နိုင်ပွဲရဖို့ မခက်ခဲနိုင်တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃)

ပရီးမီးယားလိဂ်ပွဲစဉ် (၃) စနေနေ့ပွဲတွေမှာတော့ မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူးလ်အသင်းတို့ရဲ့ ပွဲစဉ်တွေ ပါဝင်နေပြီး နိုင်ပွဲရယူဖို့ အခြေအနေကောင်းနေပါတယ်။ (၂)ပွဲကစား (၂)ပွဲနိုင်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်စီးတီးအသင်းဟာ အဝေးကွင်းမှာ ဝုလ်ဗ်နဲ့ ကစားရမှာဖြစ်ပြီး ဒုတိယနေရာကနေ ဖိအားပေးနေတဲ့ လီဗာပူးလ်အသင်းကတော့ အိမ်ကွင်းမှာ ဘရိုက်တန်ကို ဧည့်ခံကစားရမှာပါ။ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတဲ့ အာဆင်နယ်အသင်းက အီမရိတ်စ်မှာ ဝက်စ်ဟမ်းနဲ့ လန်ဒန်ဒါဘီပွဲစဉ်အဖြစ် ကစားရမှာဖြစ်ပါတယ်။

ဝုလ်ဗ် – မန်စီးတီး (စနေ ညနေ ၆း၀၀ နာရီ)
(၁)ပွဲသရေ၊ (၁)ပွဲရှုံးရလဒ်နဲ့ (၁)မှတ်သာရထားတဲ့ ဝုလ်ဗ်အသင်းတို့ အိမ်ကွင်းမှာ မန်စီးတီးကို ဒုက္ခပေးနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ အိမ်ကွင်း၊ အဝေးကွင်းမရွေး ပြိုင်ဘက်မရွေး ဂိုးပြတ်သွင်းနေတဲ့ မန်စီးတီးပဲ နောက်ထပ် (၃)မှတ်ရယူသွားဦးမှာပါ။

ဘုန်းမောက် – အဲဗာတန် (စနေ ည ၈း၃၀)
ရာသီအစမှာ ခြေစွမ်းပြနေပြီး (၂)ပွဲဆက် အနိုင်ရထားတဲ့ ဘုန်းမောက်ကို အဲဗာတန် ခက်ခက်ခဲခဲ ကစားရဖို့ရှိနေတယ်။ ဒီနွေရာသီမှာ ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ထားတဲ့ အဲဗာတန်အသင်းရဲ့ စုဖွဲ့မှုက အားရစရာပါပဲ။ ဒါပေမဲ့ ခြေမှန်နေတဲ့ ဘုန်းမောက်ကို သူတို့ကွင်းမှာ အနိုင်ရအောင် စွမ်းဆောင်နိုင်မလားဆိုတာကတော့ စဥ်းစားစရာပါ။ ဘုန်းမောက် သရေတစ်မှတ်ရယူနိုင်ပါတယ်။

အာဆင်နယ် – ဝက်စ်ဟမ်း (စနေ ည ၈း၃၀)

Arsenal-vs-West-Ham

Arsenal-vs-West-Ham

လန်ဒန်ဒါဘီပွဲ ဖြစ်တာနဲ့အညီ ဒီပွဲက အကြိတ်အနယ်ရှိဦးမှာပဲ။ နှစ်သင်းစလုံးက ပွဲတိုင်းရှုံးထားပြီး အမှတ်မရသေးဘူး။ ဝက်စ်ဟမ်းအသင်းက ဒီရာသီမှာ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး အသုံးပြုထားပေမယ့် ရလဒ်တွေကတော့ စိတ်ပျက်စရာပါ။ အာဆင်နယ်အသင်းကတော့ ပြီးခဲ့တဲ့ (၂)ပွဲမှာ ခြေစွမ်း မဆိုးပေမယ့် ခံစစ်ပိုင်း အားနည်းချက်ကြောင့် ဂိုးတွေပေးခဲ့ရပြီး နိုင်ပွဲပျောက်ခဲ့ရတယ်။ ဒါကြောင့် အီမရိတ်စ်မှာ မဖြစ်မနေ နိုင်ပွဲပြန်ရှာရတော့မှာပါ။ အာဆင်နယ် (၃)မှတ် စတင်ရသွားပါလိမ့်မယ်။

ဟတ်ဒါဖီးလ် – ကာဒစ်ဖ် (စနေ ည ၈း၃၀)
ဟတ်ဒါဖီးလ်က အမှတ်မရသေးဘူး၊ ကာဒစ်ဖ်ကတော့ (၁)မှတ် ပိုင်ဆိုင်ထားတယ်။ ဒါပေမဲ့ ဟတ်ဒါဖီးလ်က ချယ်လ်ဆီး၊ မန်စီးတီးတို့လို အသင်းကြီးတွေနဲ့ ဆက်တိုက်ကစားခဲ့ရလို့ အမှတ်မရခဲ့တာပါ။ အိမ်ကွင်းဆိုရင် ကစားပုံက မဆိုးဘူးလို့ ပြောရမယ်။ ဟတ်ဒါဖီးလ်ကိုပဲ ရွေးချယ်ချင်တယ်။

လီဗာပူးလ် – ဘရိုက်တန် (စနေ ည ၁၁း၀၀)

Liverpool-vs-Brighton

Liverpool-vs-Brighton

မန်ယူကို အနိုင်ကစားခဲ့တဲ့ ဘရိုက်တန်ကို လီဗာပူးလ်ကို လျှော့တွက်လို့ မရဘူး။ ဒီလို အသင်းမျိုးတွေနဲ့ တွေ့ဆုံခဲ့ရင် လီဗာပူးလ် အမှတ်လျှော့တတ်တဲ့ အစဉ်အလာဆိုးကို ချိုးဖြတ်နိုင်ဖို့ ကြိုးစားရမယ်။ ပြီးခဲ့တဲ့ပွဲတွေက ခြေစွမ်းအရဆိုရင်တော့ လီဗာပူးလ်အသင်း နိုင်သင့်တဲ့ပွဲတွေကို အနိုင်ရအောင် လုပ်ပြနိုင်တာကို တွေ့လာရပြီ။ အန်ဖီးလ်မှာ လီဗာပူးလ် အမှားအယွင်းမရှိ နိုင်ပွဲရယူသွားမှာပါ။

Photo:BradyBergkampandBeyond.co.uk,DB Sports Online,New York Post
Naing Linn(Akhayar)
www.akhayar.com