[Zawgyi]

ေျပာင္းေရႊ႕အေျခခ်သူအျဖစ္မွ ကမာၻေက်ာ္အဆိုေတာ္ဘဝကို တက္လွမ္းလာခဲ့တဲ့ Camila Cabello

အေမရိကန္အမ်ိဳးသမီးအဆိုေတာ္အဖြဲ႕တစ္ခုျဖစ္တဲ့ Fifth Harmony ရဲ႕ အဖြဲ႔ဝင္ေဟာင္း နာမည္ၾကီးအဆုိေတာ္မေလး Camila Cabello ဟာ တကယ္ေတာ့ အေမရိကန္ျပည္ေထာင္စုကို တျခားေဒသကေန ေျပာင္းေရႊ႕အေျခခ်ေရာက္လာခဲ့သူ ျဖစ္ပါတယ္။

Fifth Harmony တုန္းက Camila Cabello

Fifth Harmony တုန္းက Camila Cabello

သူ႔ရဲ႕ ဒီလို ေျပာင္းေရႊ႕အေျခခ်သူလာတစ္ေယာက္ဘဝမွာ ၾကံဳရတဲ့ အခက္အခဲေတြ၊ သူ႔မိသားစုဟာ အေမရိကန္ႏုိင္ငံကို မေျပာင္းေရႊ႕ခင္ က်ဴးဘားႏုိင္ငံရဲ႕ ဟားဗားနားျမိဳ႕ေတာ္နဲ႔ မကၠဆီကိုျမိဳ႕ေတာ္အၾကား လူးလာေခါက္တံု႔ရပ္တည္ရပံုအေၾကာင္း ေျပာျပခဲ့ဖူးပါတယ္။

ဒီလို ေျပာင္းေရႊ႕ရပ္တည္ရတာ ဘယ္ေလာက္ခက္ခဲမယ္ဆိုတဲ့အေၾကာင္းလည္း သူခုအသက္ၾကီးလာမွ သေဘာေပါက္မိတယ္လို႔ ဆိုထားပါတယ္။ Camila Cabello တစ္ေယာက္ အေမရိကန္ႏုိင္ငံ ကို သူ႔အေမနဲ႔ အတူ စေရာက္လာတုန္းက သူ႔အသက္ ၇ ႏွစ္ပဲ ရွိပါေသးတယ္။ အဲဒီတုန္းက သူတို႔ဟာ အေမရိကန္-မကၠဆီကိုနယ္စပ္ကို ျဖတ္လာျပီး မိုင္ယာမီျမိဳ႕ကို သြားခဲ့ၾကတာပါ။

Camila Cabello နဲ႔ သူ႔အေမ Sinuhe Cabello

Camila Cabello နဲ႔ သူ႔အေမ Sinuhe Cabello

အဲဒီအခ်ိန္တုန္းကေတာ့ Camila ရဲ႕ အေဖဟာ Mexico မွာပဲ ရွိေနပါေသးတယ္။ သူ႔အေမကေတာ့ က်ဴးဘားႏုိင္ငံမွာ ေအာင္ျမင္တဲ့ ဗိသုကာပညာရွင္တစ္ေယာက္ျဖစ္ေပမယ့္ အေမရိကန္မွာေတာ့ ဖိနပ္ေတြစီတဲ့ အလုပ္မ်ိဳးကို စလုပ္ခဲ့ရပါတယ္။ သူ႔အေမရခဲ့တဲ့ ဘြဲ႕ဒီဂရီေတြဟာလည္း အေမရိကန္မွာေတာ့ ဘာမွ သံုးစားလို႔ မရပါဘူး။ ဒါနဲ႔႔ပဲ ညဘက္ေတြမွာ အဂၤလိပ္စာသင္တန္းေတြ ျပန္တက္ရျပန္တာေပ့ါ။  ဒီအေၾကာင္းကို “ ဘဝတစ္ေလွ်ာက္လံုး ဗိသုကာပညာရပ္မွာ ျမွဳပ္ႏွံျပီး အလုပ္လုပ္ခဲ့တဲ့သူက အေမရိကန္ႏုိုင္ငံေရာက္တဲ့အခ်ိန္မွာ တစ္က ျပန္စရတဲ့ အခါ ဘယ္ေလာက္စိတ္ပ်က္စရာေကာင္းမလဲ၊ ကၽြန္မစိတ္ကူးၾကည့္လို႔ေတာင္ မရဘူး” လို႔ Camila က သူ႔အေမအေၾကာင္း နာနာက်င္က်င္ေရးသားခဲ့ပါတယ္။

Camila ရယ္၊ သူ႔အေမရယ္ အေမရိကန္ႏုိင္ငံကို ေရာက္ျပီး ၁၈ လၾကာမွ သူ႔အေဖက လိုက္လာခဲ့ပါတယ္။ သူ႔အေဖကလည္း မုိင္ယာမီမွာရွိတဲ့ Dolphin Mall ရဲ႕ အေရွ႕မွာ ကားေရေဆးတဲ့ အလုပ္ကို လုပ္ခဲ့ရပါတယ္။ ေနာက္ပိုင္းက်မွ အေဖေရာ အေမေရာ ၾကိဳးစားမႈနဲ႔ ေဆာက္လုပ္ေရး ကုမၸဏီေလး တစ္ခု ထူေထာင္ႏုိင္လာတာပါ။

Camila Cabello နဲ႔ သူ႔အေဖ Alejandro Cabello

Camila Cabello နဲ႔ သူ႔အေဖ Alejandro Cabello

ဒီလို ဘဝေတြ ၾကမ္းခဲ့လို႔လည္း Camila ရဲ႕ အေဖနဲ႔ အေမက Camila ကို “ပညာကို တတ္ေအာင္သင္ပါ”လို႔ အထပ္ထပ္အခါခါေျပာခဲ့ပါတယ္တဲ့။ “ပိုက္ဆံဆိုတာ ရွာသြားလိုက္၊ ကုန္သြားလိုက္ ရွိေပမယ့္ ပညာကေတာ့ သမီးဆီကေန ဘယ္သူမွ ယူသြားလို႔ မရဘူး”လို႔ ဆံုးမခဲ့ၾကပါတယ္။

Camila Cabello

Camila Cabello

Camila Cabello ရဲ႕ ေျပာင္းေရႊ႕အေျခခ်တဲ့အခါ ၾကံဳရတဲ့ အခက္အခဲေတြကိုလည္း “ေျပာင္းေရႊ႕အေျခခ်သူတစ္ေယာက္ရဲ႕ ဘဝဟာ ၾကမ္းတမ္းခက္ခဲလြန္းပါတယ္။” လို႔ ေဖာ္ၾကဴးခဲ့ျပီး အေမရိကန္သမၼတ ေဒၚနယ္လ္ထရမ့္ပ္ရဲ႕ မကၠဆီကိုနဲ႔ အေမရိကန္ႏို္င္ငံၾကား နံရံတံတိုင္းေဆာက္လုပ္မယ့္ အစီအစဥ္ကိုလည္း “ဒီလို နံရံေတြျခားလိုက္ရင္ သိပၸံပညာရွင္တစ္ေယာက္၊ အႏုပညာရွင္တစ္ေယာက္၊ ဒရမ္တီးဆရာတစ္ေယာက္၊ အနာဂတ္မွာ တစ္စံုတစ္ေယာက္ျဖစ္လာႏုိင္တဲ့သူကို အေမရိကန္ဘက္က ဆံုးရႈံးရႏုိင္ပါတယ္” လို႔ သူ႔ဘဝသူ႔အျဖစ္နဲ႔ ႏႈိင္းယွဥ္ျပီး ေျပာၾကားသြားခဲ့ပါတယ္။ Camila Cabello ဟာ ၂၀၀၈ ခုႏွစ္မွာ အေမရိကန္ႏုိင္ငံသားအျဖစ္ကို ရရွိခဲ့ပါတယ္။

Camila Cabello၊ သူ႔အေဖ ၊ အေမနဲ႔ သူ႔ညီမေလး

Camila Cabello၊ သူ႔အေဖ ၊ အေမနဲ႔ သူ႔ညီမေလး

က်ဴးဘား အေမရိကန္မ်ိဳးႏြယ္တစ္ေယာက္၊ အေမရိကန္ႏုိင္ငံကို အခက္အခဲအမ်ိဳးမ်ိဳးၾကားကေန ေျပာင္းေရႊ႕အေျခခ်လာသူတစ္ေယာက္ကေန အခုလို နာမည္ၾကီးအဆုိေတာ္တစ္ေယာက္အျဖစ္ ၾကိဳးစားအားထုတ္လာႏုိင္တဲ့ Camila Cabello ရဲ႕ ဇာတ္လမ္းကေတာ့ အားက်ဖြယ္အတိပါပဲ။

Yoe Lu (Akhayar)

www.akhayar.com

Source : ew.com
[Unicode]

ပြောင်းရွှေ့အခြေချသူအဖြစ်မှ ကမ္ဘာကျော်အဆိုတော်ဘဝကို တက်လှမ်းလာခဲ့တဲ့ Camila Cabello

အမေရိကန်အမျိုးသမီးအဆိုတော်အဖွဲ့တစ်ခုဖြစ်တဲ့ Fifth Harmony ရဲ့ အဖွဲ့ဝင်ဟောင်း နာမည်ကြီးအဆိုတော်မလေး Camila Cabello ဟာ တကယ်တော့ အမေရိကန်ပြည်ထောင်စုကို တခြားဒေသကနေ ပြောင်းရွှေ့အခြေချရောက်လာခဲ့သူ ဖြစ်ပါတယ်။

Fifth Harmony တုန်းက Camila Cabello

Fifth Harmony တုန်းက Camila Cabello

သူ့ရဲ့ ဒီလို ပြောင်းရွှေ့အခြေချသူလာတစ်ယောက် ကြုံရတဲ့ အခက်အခဲတွေ၊ သူ့မိသားစုဟာ အမေရိကန်နိုင်ငံကို မပြောင်းရွှေ့ခင် ကျူးဘားနိုင်ငံရဲ့ ဟားဗားနားမြို့တော်နဲ့ မက္ကဆီကိုမြို့တော်အကြား လူးလာခေါက်တုံ့ရပ်တည်ရပုံအကြောင်း ပြောပြခဲ့ဖူးပါတယ်။

ဒီလို ပြောင်းရွှေ့ရပ်တည်ရတာ ဘယ်လောက်ခက်ခဲမယ်ဆိုတဲ့အကြောင်းလည်း သူခုအသက်ကြီးလာမှ သဘောပေါက်မိတယ်လို့ ဆိုထားပါတယ်။ Camila Cabello တစ်ယောက် အမေရိကန်နိုင်ငံ ကို သူ့အမေနဲ့ အတူ စရောက်လာတုန်းက သူ့အသက် ၇ နှစ်ပဲ ရှိပါသေးတယ်။ အဲဒီတုန်းက သူတို့ဟာ အမေရိကန်-မက္ကဆီကိုနယ်စပ်ကို ဖြတ်လာပြီး မိုင်ယာမီမြို့ကို သွားခဲ့ကြတာပါ။

Camila Cabello နဲ့ သူ့အမေ Sinuhe Cabello

Camila Cabello နဲ့ သူ့အမေ Sinuhe Cabello

အဲဒီအချိန်တုန်းကတော့ Camila ရဲ့ အဖေဟာ Mexico မှာပဲ ရှိနေပါသေးတယ်။ သူ့အမေကတော့ ကျူးဘားနိုင်ငံမှာ အောင်မြင်တဲ့ ဗိသုကာပညာရှင်တစ်ယောက်ဖြစ်ပေမယ့် အမေရိကန်မှာတော့ ဖိနပ်တွေစီတဲ့ အလုပ်မျိုးကို စလုပ်ခဲ့ရပါတယ်။ သူ့အမေရခဲ့တဲ့ ဘွဲ့ဒီဂရီတွေဟာလည်း အမေရိကန်မှာတော့ ဘာမှ သုံးစားလို့ မရပါဘူး။ ဒါနဲ့ပဲ ညဘက်တွေမှာ အင်္ဂလိပ်စာသင်တန်းတွေ ပြန်တက်ရပြန်တာပေ့ါ။  ဒီအကြောင်းကို “ ဘဝတစ်လျှောက်လုံး ဗိသုကာပညာရပ်မှာ မြှုပ်နှံပြီး အလုပ်လုပ်ခဲ့တဲ့သူက အမေရိကန်နိုင်ငံရောက်တဲ့အချိန်မှာ တစ်က ပြန်စရတဲ့ အခါ ဘယ်လောက်စိတ်ပျက်စရာကောင်းမလဲ၊ ကျွန်မစိတ်ကူးကြည့်လို့တောင် မရဘူး” လို့ Camila က သူ့အမေအကြောင်း နာနာကျင်ကျင်ရေးသားခဲ့ပါတယ်။

Camila ရယ်၊ သူ့အမေရယ် အမေရိကန်နိုင်ငံကို ရောက်ပြီး ၁၈ လကြာမှ သူ့အဖေက လိုက်လာခဲ့ပါတယ်။ သူ့အဖေကလည်း မိုင်ယာမီမှာရှိတဲ့ Dolphin Mall ရဲ့ အရှေ့မှာ ကားရေဆေးတဲ့ အလုပ်ကို လုပ်ခဲ့ရပါတယ်။ နောက်ပိုင်းကျမှ အဖေရော အမေရော ကြိုးစားမှုနဲ့ ဆောက်လုပ်ရေး ကုမ္ပဏီလေး တစ်ခု ထူထောင်နိုင်လာတာပါ။

Camila Cabello နဲ့ သူ့အဖေ Alejandro Cabello

Camila Cabello နဲ့ သူ့အဖေ Alejandro Cabello

ဒီလို ဘဝတွေ ကြမ်းခဲ့လို့လည်း Camila ရဲ့ အဖေနဲ့ အမေက Camila ကို “ပညာကို တတ်အောင်သင်ပါ”လို့ အထပ်ထပ်အခါခါပြောခဲ့ပါတယ်တဲ့။ “ပိုက်ဆံဆိုတာ ရှာသွားလိုက်၊ ကုန်သွားလိုက် ရှိပေမယ့် ပညာကတော့ သမီးဆီကနေ ဘယ်သူမှ ယူသွားလို့ မရဘူး”လို့ ဆုံးမခဲ့ကြပါတယ်။

Camila Cabello

Camila Cabello

Camila Cabello ရဲ့ ပြောင်းရွှေ့အခြေချတဲ့အခါ ကြုံရတဲ့ အခက်အခဲတွေကိုလည်း “ပြောင်းရွှေ့အခြေချသူတစ်ယောက်ရဲ့ ဘဝဟာ ကြမ်းတမ်းခက်ခဲလွန်းပါတယ်။” လို့ ဖော်ကြူးခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ရဲ့ မက္ကဆီကိုနဲ့ အမေရိကန်နိုင်ငံကြား နံရံတံတိုင်းဆောက်လုပ်မယ့် အစီအစဉ်ကိုလည်း “ဒီလို နံရံတွေခြားလိုက်ရင် သိပ္ပံပညာရှင်တစ်ယောက်၊ အနုပညာရှင်တစ်ယောက်၊ ဒရမ်တီးဆရာတစ်ယောက်၊ အနာဂတ်မှာ တစ်စုံတစ်ယောက်ဖြစ်လာနိုင်တဲ့သူကို အမေရိကန်ဘက်က ဆုံးရှုံးရနိုင်ပါတယ်” လို့ သူ့ဘဝသူ့အဖြစ်နဲ့ နှိုင်းယှဉ်ပြီး ပြောကြားသွားခဲ့ပါတယ်။ Camila Cabello ဟာ ၂၀၀၈ ခုနှစ်မှာ အမေရိကန်နိုင်ငံသားအဖြစ်ကို ရရှိခဲ့ပါတယ်။

Camila Cabello၊ သူ့အဖေ ၊ အမေနဲ့ သူ့ညီမလေး

Camila Cabello၊ သူ့အဖေ ၊ အမေနဲ့ သူ့ညီမလေး

ကျူးဘား အမေရိကန်မျိုးနွယ်တစ်ယောက်၊ အမေရိကန်နိုင်ငံကို အခက်အခဲအမျိုးမျိုးကြားကနေ ပြောင်းရွှေ့အခြေချလာသူတစ်ယောက်ကနေ အခုလို နာမည်ကြီးအဆိုတော်တစ်ယောက်အဖြစ် ကြိုးစားအားထုတ်လာနိုင်တဲ့ Camila Cabello ရဲ့ ဇာတ်လမ်းကတော့ အားကျဖွယ်အတိပါပဲ။

Yoe Lu (Akhayar)

www.akhayar.com

Source : ew.com