[Zawgyi]



Seedorf

Seedorf



REF: BBC Sport
Photo: Origo , Pinterest
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ကင်မရွန်းအသင်းနည်းပြဖြစ်လာတဲ့ ဆီးဒေါ့ဒ် Seedorf

အေဂျက်စ် ၊ ရီးယဲလ်မက်ဒရစ် ၊ အေစီမီလန် ၊ အင်တာမီလန် အသင်းတွေရဲ့ ကစားသမားဟောင်းဖြစ်သူ ဆီးဒေါ့ဒ် Seedorf ဟာ ကင်မရွန်းအသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ ကင်မရွန်းအသင်းဟာ အင်္ဂလန်နည်းပြဟောင်း အဲရစ်ဆင် Eriksson ကို အသင်းရဲ့နည်းပြအဖြစ် ခန့်အပ်ဖို့ကြိုးစားခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့တာကြောင့် အခုလိုမျိုး ဆီးဒေါ့ဒ် Seedorf ကို နည်းပြအဖြစ်ခန့်အပ်ခဲ့တာပါ။ ကင်မရွန်းအသင်းမှာ ဆီးဒေါ့ဒ် Seedorf ရဲ့လက်ထောက်နည်းပြအဖြစ် နယ်သာလန်ကစားဖော်ဟောင်း ကလွိုက်ဗက် Kluivert ကတာဝန်ယူလုပ်ကိုင်သွားမှာဖြစ်ပါတယ်။

Seedorf

Seedorf

ဆီးဒေါ့ဒ် Seedorf ရဲ့စာချုပ်သက်တမ်းကိုတော့ အခုလကုန်ခါနီးလောက်မှာ ကင်မရွန်းအသင်းဘက်က ထုတ်ပြန်ကြေညာသွားမှာပါ။ အသက်(၄၂)အရွယ်ရှိပြီဖြစ်သူ ဆီးဒေါ့ဒ် Seedorf ဟာ အေစီမီလန် ၊ တရုတ်ကလပ် ရှန်ဇန်း ၊ ဒီပို့တီဗို အသင်းတွေကို နည်းပြအဖြစ်တာဝန်ယူကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။

ကစားသမားဘဝမှာ အောင်မြင်မှုများစွာရရှိခဲ့သူ ဆီးဒေါ့ဒ် Seedorf ဟာ နည်းပြဘဝမှာတော့ အောင်မြင်မှုရရှိဖို့ခက်ခဲနေတာပဲဖြစ်ပါတယ်။ ဒီလိုအနေအထားတွေကြောင့် ဆီးဒေါ့ဒ် Seedorf အနေနဲ့ ကင်မရွန်းအသင်းနဲ့အတူ အောင်မြင်မှုတွေကို ရှာဖွေသွားနိုင်မလားဆိုတာ စောင့်ကြည့်သွားကြရမှာပဲဖြစ်ပါတယ်။

REF: BBC Sport
Photo: Origo , Pinterest
Ko Kyue(Akhayar)
www.akhayar.com