Google ဟာ Android 9.0 Pie ကို Google Pixel စမတ္ဖုန္းေတြအတြက္ ျပီးခဲ့တဲ့ ရက္သတၱပတ္တုန္းက ထုတ္လေပးခဲ့ျပီးျပီပဲျဖစ္ပါတယ္။ အဆိုပါ Android Pie ဟာ Google အတြက္ေတာ့ အၾကီးမားဆံုးေျပာင္းလဲမႈေတြရွိခဲ့ျပီး Navigation စနစ္ကိုလည္း Gesture စနစ္ကို ကူးေျပာင္းခဲ့တာပဲျဖစ္ပါတယ္။

Android Calling

ဒါေပမယ့္ Android Pie ဟာ အျမင္ပိုင္း ဒီဇုိင္းပံုစံအရပဲ ေျပာင္းလဲသြားတာတင္မဟုတ္ပဲ တျခားေသာ အတြင္းပိုင္း Feature ေတြလည္း ေျပာင္းလဲသြားခဲ့တာျဖစ္ပါတယ္။ အဆိုပါ ေျပာင္းလဲမႈေတြထဲကတစ္ခုကေတာ့ Call Recording ပိုင္းပဲျဖစ္ျပီး အခုအခ်ိန္မွာ Android Pie ကို Update ျပဳလုပ္လုိက္ျပီဆိုရင္ Third Party Call Recording Application ေတြ အလုပ္လုပ္မွာမဟုတ္ေတာ့ဘူးလို႔ သိရပါတယ္။

Google ကေန Android OS မွာ ယခင္ထဲက Call Recording စနစ္ကို အေထာက္အပံ့မေပးထားေပမယ့္ တျခားေသာ Third Party Application ေတြနဲ႔ Pure Android မဟုတ္တဲ့ Xiaomi ရဲ႕ MIUI လုိ Operating System ေတြကေတာ့ အေထာက္အပံ့ေပးေနတုန္းပဲျဖစ္ပါတယ္။ ဒါေပမယ့္ Google ဟာ ယခု Android 9.0 Pie မွာ Call Recording နဲ႔ သက္ဆိုင္တဲ့ Limit ေတြကို ထပ္မံျပဳလုပ္ခဲ့ျပီးေတာ့ လက္ရွိ အေကာင္းဆံုး Call Recorder App ေတြျဖစ္တဲ့ Boldbeast Android Call Recorder နဲ႔ Call Recorder – ACR ေတြက Android 8.1 Oreo အထိပဲ အလုပ္လုပ္ကိုင္ႏုိင္ျပီးေတာ့ Android Pie မွာ အလုပ္မလုပ္ဘူးလို႔ အတည္ျပဳေပးခဲ့ပါတယ္။

ACR Call Recorder

အခုလုိမ်ိဳး Google က Call Recording ကို Support ျပဳလုပ္ေနမႈကို ပိတ္လုိက္တာက လက္ရွိမွာ Security နဲ႔ Privacy ပိုင္းကို လူတိုင္းက အာရုံစုိက္ေနတဲ့အတြက္ အခုလုိမ်ိဳး တင္းက်ပ္လုိက္တာျဖစ္ႏုိင္ပါတယ္။ ဒါက Android ရဲ႕ Open Source OS အေနနဲ႔ယွဥ္ရင္ေတာ့ ေျပာစရာျဖစ္သြားေပမယ့္ လံုျခံဳေရးပိုင္းမွာေတာ့ Android Pie က ပိုျပီး လံုျခံဳလာေစမွာပါ။

ဒါေပမယ့္လည္း Android Pie မွာ Call Recorder ကို အသံုးျပဳခ်င္တယ္ဆုိရင္ Root ျပဳလုပ္ျပီး အသံုးျပဳႏုိင္ေသးတယ္လုိ႔ သိရပါတယ္။

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Google ဟာ Android 9.0 Pie ကို Google Pixel စမတ်ဖုန်းတွေအတွက် ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက ထုတ်လပေးခဲ့ပြီးပြီပဲဖြစ်ပါတယ်။ အဆိုပါ Android Pie ဟာ Google အတွက်တော့ အကြီးမားဆုံးပြောင်းလဲမှုတွေရှိခဲ့ပြီး Navigation စနစ်ကိုလည်း Gesture စနစ်ကို ကူးပြောင်းခဲ့တာပဲဖြစ်ပါတယ်။

Android Calling

ဒါပေမယ့် Android Pie ဟာ အမြင်ပိုင်း ဒီဇိုင်းပုံစံအရပဲ ပြောင်းလဲသွားတာတင်မဟုတ်ပဲ တခြားသော အတွင်းပိုင်း Feature တွေလည်း ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။ အဆိုပါ ပြောင်းလဲမှုတွေထဲကတစ်ခုကတော့ Call Recording ပိုင်းပဲဖြစ်ပြီး အခုအချိန်မှာ Android Pie ကို Update ပြုလုပ်လိုက်ပြီဆိုရင် Third Party Call Recording Application တွေ အလုပ်လုပ်မှာမဟုတ်တော့ဘူးလို့ သိရပါတယ်။

Google ကနေ Android OS မှာ ယခင်ထဲက Call Recording စနစ်ကို အထောက်အပံ့မပေးထားပေမယ့် တခြားသော Third Party Application တွေနဲ့ Pure Android မဟုတ်တဲ့ Xiaomi ရဲ့ MIUI လို Operating System တွေကတော့ အထောက်အပံ့ပေးနေတုန်းပဲဖြစ်ပါတယ်။ ဒါပေမယ့် Google ဟာ ယခု Android 9.0 Pie မှာ Call Recording နဲ့ သက်ဆိုင်တဲ့ Limit တွေကို ထပ်မံပြုလုပ်ခဲ့ပြီးတော့ လက်ရှိ အကောင်းဆုံး Call Recorder App တွေဖြစ်တဲ့ Boldbeast Android Call Recorder နဲ့ Call Recorder – ACR တွေက Android 8.1 Oreo အထိပဲ အလုပ်လုပ်ကိုင်နိုင်ပြီးတော့ Android Pie မှာ အလုပ်မလုပ်ဘူးလို့ အတည်ပြုပေးခဲ့ပါတယ်။

ACR Call Recorder

အခုလိုမျိုး Google က Call Recording ကို Support ပြုလုပ်နေမှုကို ပိတ်လိုက်တာက လက်ရှိမှာ Security နဲ့ Privacy ပိုင်းကို လူတိုင်းက အာရုံစိုက်နေတဲ့အတွက် အခုလိုမျိုး တင်းကျပ်လိုက်တာဖြစ်နိုင်ပါတယ်။ ဒါက Android ရဲ့ Open Source OS အနေနဲ့ယှဉ်ရင်တော့ ပြောစရာဖြစ်သွားပေမယ့် လုံခြုံရေးပိုင်းမှာတော့ Android Pie က ပိုပြီး လုံခြုံလာစေမှာပါ။

ဒါပေမယ့်လည်း Android Pie မှာ Call Recorder ကို အသုံးပြုချင်တယ်ဆိုရင် Root ပြုလုပ်ပြီး အသုံးပြုနိုင်သေးတယ်လို့ သိရပါတယ်။

Zawyè (Akhayar) 

www.akhayar.com