[Review and Video] [Unicode Below]

မိုးေအးေအးေလးမွာ
Coffee ေသာက္ရင္းပဲ ျဖစ္ျဖစ္!
Tea Pot ေလးထဲက ငွဲ႕ၿပီး ဇိမ္ခံေသာက္ရင္း ျဖစ္ျဖစ္!
ခ်စ္သူနဲ႔ မိတ္ေဆြသူငယ္ခ်င္းနဲ႔ စကားေျပာမလား?
ျမန္မာမုန္႔ေလးေတြ စားမလား?

ဆိုင္နံမည္က “Café Salween

ဆိုင္အျပင္အဆင္က ဗီဒိုေလးႏွိပ္ၾကည့္ေနာ္။ အရမ္းစိတ္ဝင္စားဖို႔ေကာင္းတဲ့ အျပင္အဆင္ေလးနဲ႔။ စာအုပ္စင္ေလးလည္း ရွိမယ္။ ေကာ္ဖီနဲ႔ေရေႏြးၾကမ္းေတာ္ေတာ္မ်ားမ်ားရွိမယ္။ တစ္မ်ိဳးစီကို ဝိတ္တာေကာင္ေလးက အေသးစိတ္ ရွင္းျပထားတယ္ဗ်။

က်ေနာ္ ခုေသာက္ ခုစား ခုေရးတာကေတာ့
?ျမန္မာေကာ္ဖီေစ့ကို မ်က္စိေရွ႕တြင္ အမႈန္႔ႀကိတ္ျပီး Syphon ဆိုတဲ့ နည္း (ဗီဒီယိုေလးၾကည့္ေနာ္) နဲ႔ ႏွပ္ထားတာဗ်။ ၅၀၀၀ က်ပ္နဲ႔ စိတ္ေက်နပ္ေစတယ္။ ေကာ္ဖီအရသာကလည္း ပ်င္းတယ္မဆိုသာ ေပ်ာ့တယ္ မဆိုသာ။ သင္းၿပီးေမႊးေနတယ္။

?Tea ဆိုလဲ Fruit Tea ျဖစ္တဲ့ Many Berries In One Brew ဆိုတာေလးေသာက္တယ္။ Blend of cranberries, Blueberries, Dragon Fruit and Goji Berries ေတြ တစ္ေနရာထဲ စုၿပီး ႏွပ္ထားတဲ့ အရသာေလး။ ခ်ိဳသင္းေမႊးနဲ႔ စိတ္ကို စြတ္ပ်ံ႕ေစတယ္ဗ်။ ေစ်းက ၂၅၀၀ က်ပ္ကို Refill လိုက္ေပးေသးတယ္ဗ်။

?သေရစာက ျမန္မာ အစားအစာေလးေတြကို ဆန္းဆန္းေလး လုပ္ထားတဲ့ Sweet Potato Cake (ကန္စြန္းဥ ဆႏြင္းမကင္း) ကိုေရြးမွာလိုက္တယ္။ ျမန္မာလို ဆီမမ်ားပဲ ေျခာက္ေသြ႕ေသြ႕နဲ႔ ထူၿပီး စားေကာင္းလွတယ္။ အခ်ိဳနည္းတယ္။ ကန္စြန္းဥႀကိဳက္တဲ့ ကၽြန္ေတာ့္အတြက္ ကြက္တိ။ ေစ်းက ၂၀၀၀ က်ပ္။ တန္တယ္။ Slice ႀကီးတယ္ဗ်။

?ေနရာက 7joint တို႔ 800Bowlsတို႔ Savoryတို႔ ေဘးမွာတင္ရွိတာ။
G 15, Asia Business Center,Mahabandula Road (between 47 and 48 st)
09425830657
9:00am to 6:00pm (Soft Open ပဲ ရွိေသးတယ္ဗ်)

?အိမ္သာ အရမ္းမိုက္တယ္။ ျပင္ထားဆင္ထားတာ အၾကမ္းစား ခုေနာက္ပိုင္း ေခတ္စားလာတယ္။ ဒါေပမယ့္ အိမ္သာေရပိုက္အား အရမ္းျပင္းတယ္။ ? နည္းနည္းေလ်ာ့ေပးၾကပါလို႔ ဆိုင္ရွင္ေတြ႕ရင္ ေျပာလိုက္ပါ။
ရေကာက္ – Akhayar
www.Akhayar.com တြင္လည္း ဝင္ေရာက္ဖတ္ရွဳ႕ႏိုင္ပါသည္

================

[Unicode]
မိုးအေးအေးလေးမှာ
Coffee သောက်ရင်းပဲ ဖြစ်ဖြစ်!
Tea Pot လေးထဲက ငှဲ့ပြီး ဇိမ်ခံသောက်ရင်း ဖြစ်ဖြစ်!
ချစ်သူနဲ့ မိတ်ဆွေသူငယ်ချင်းနဲ့ စကားပြောမလား?
မြန်မာမုန့်လေးတွေ စားမလား?

✅ဆိုင်နံမည်က “Café Salween”

✅ဆိုင်အပြင်အဆင်က ဗီဒိုလေးနှိပ်ကြည့်နော်။ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ အပြင်အဆင်လေးနဲ့။ စာအုပ်စင်လေးလည်း ရှိမယ်။ ကော်ဖီနဲ့ရေနွေးကြမ်းတော်တော်များများရှိမယ်။ တစ်မျိုးစီကို ဝိတ်တာကောင်လေးက အသေးစိတ် ရှင်းပြထားတယ်ဗျ။

✅ကျနော် ခုသောက် ခုစား ခုရေးတာကတော့
?မြန်မာကော်ဖီစေ့ကို မျက်စိရှေ့တွင် အမှုန့်ကြိတ်ပြီး Syphon ဆိုတဲ့ နည်း (ဗီဒီယိုလေးကြည့်နော်) နဲ့ နှပ်ထားတာဗျ။ ၅၀၀၀ ကျပ်နဲ့ စိတ်ကျေနပ်စေတယ်။ ကော်ဖီအရသာကလည်း ပျင်းတယ်မဆိုသာ ပျော့တယ် မဆိုသာ။ သင်းပြီးမွှေးနေတယ်။

?Tea ဆိုလဲ Fruit Tea ဖြစ်တဲ့ Many Berries In One Brew ဆိုတာလေးသောက်တယ်။ Blend of cranberries, Blueberries, Dragon Fruit and Goji Berries တွေ တစ်နေရာထဲ စုပြီး နှပ်ထားတဲ့ အရသာလေး။ ချိုသင်းမွှေးနဲ့ စိတ်ကို စွတ်ပျံ့စေတယ်ဗျ။ ဈေးက ၂၅၀၀ ကျပ်ကို Refill လိုက်ပေးသေးတယ်ဗျ။

?သရေစာက မြန်မာ အစားအစာလေးတွေကို ဆန်းဆန်းလေး လုပ်ထားတဲ့ Sweet Potato Cake (ကန်စွန်းဥ ဆနွင်းမကင်း) ကိုရွေးမှာလိုက်တယ်။ မြန်မာလို ဆီမများပဲ ခြောက်သွေ့သွေ့နဲ့ ထူပြီး စားကောင်းလှတယ်။ အချိုနည်းတယ်။ ကန်စွန်းဥကြိုက်တဲ့ ကျွန်တော့်အတွက် ကွက်တိ။ ဈေးက ၂၀၀၀ ကျပ်။ တန်တယ်။ Slice ကြီးတယ်ဗျ။

?နေရာက 7joint တို့ 800Bowlsတို့ Savoryတို့ ဘေးမှာတင်ရှိတာ။
G 15, Asia Business Center,Mahabandula Road (between 47 and 48 st)
09425830657
9:00am to 6:00pm (Soft Open ပဲ ရှိသေးတယ်ဗျ)

?အိမ်သာ အရမ်းမိုက်တယ်။ ပြင်ထားဆင်ထားတာ အကြမ်းစား ခုနောက်ပိုင်း ခေတ်စားလာတယ်။ ဒါပေမယ့် အိမ်သာရေပိုက်အား အရမ်းပြင်းတယ်။ ? နည်းနည်းလျော့ပေးကြပါလို့ ဆိုင်ရှင်တွေ့ရင် ပြောလိုက်ပါ။
ရကောက် – Akhayar
www.Akhayar.com တွင်လည်း ဝင်ရောက်ဖတ်ရှု့နိုင်ပါသည်

Akhayar-HeinekenPhoto