[Zawgyi]

DC နဲ႔ Batman Fan ေတြအတြက္ FB မွာ နာမည္ႀကီးေနတဲ့ Batman Coffee ဆိုင္သစ္ေလး

ေကာ္ဖီဆိုင္ထဲ Batman ႀကီးေရာက္လာၿပီဗ်ိဳ႕…သူ႔ခ်ည္းပဲလားဆို Joker ပါ အဆစ္ပါသတဲ့…

ဘယ္မွာလဲဆိုရင္ေတာ့ ရန္ကုန္ၿမိဳ႕၊ၾကည့္ျမင္တိုင္လမ္းမေပၚ၊ အမွတ္ (၇၃)၊ ၾကည့္ျမင္တိုင္ဘူတာနဲ႕ ညေစ်းမွတ္တိုင္ၾကားထဲက ေလာေလာလတ္လတ္ ဖြင့္ထားတဲ့ “Cafe Gotham” ဆိုင္ေလးမွာေနာ္။

Batman နဲ႔ တျခား Comic Character ေတြကို Graphic အၾကမ္း၊ အလန္းႀကီးေတြနဲ႔ နံရံေပၚ Graffiti ေတြဆြဲထားတဲ့ ေကာ္ဖီဆိုင္ အသစ္ဆိုမွ အသစ္ေနာ္။

နံရံတစ္ခုလံုး အေမွာင္ကမ႓ာႀကီးလို တိမ္နက္ေတြ၊လင္းႏို႔ေတြေနာက္ခံနဲ႔ ႀကီးမားခန္႔ထည္လြန္းတဲ့ Batman Graffiti ႀကီးကေတာ့ DC Fan ေတြ ဆိုင္ထဲကို ဝင္ဝင္ခ်င္း ႐ူးခါေႂကြက်မယ့္ အျပင္အဆင္ႀကီး။

အမွန္ေတာ့ ဆိုင္ေလးက က်ဥ္းက်ဥ္းေလးရယ္။ က်ဥ္းဆို တိုက္ခန္းေျမညီထပ္တစ္ခန္းစာေပါ့။ ဒါေပမယ့္ ဆိုင္ရွင္က ေစ်းကြက္စီးပြားေရး မေသာင္းက်န္းဘူး။ ခံုေတြ ႁပြတ္ညႇပ္ေနေအာင္မထားထားဘူး။ ဆိုဖာခံုအႀကီးႀကီးရယ္၊ လမ္းမဘက္မ်က္ႏွာစာမူထားတဲ့ စားပြဲခံုတန္းေလးေတြရယ္၊ ေဒါင့္ခ်ိဳးဘက္က စားပြဲေလးေတြရယ္ ခပ္႐ိုး႐ိုးေလးပဲ။

ေကာ္ဖီေဖ်ာ္တဲ့ Counter ေရွ႕နားမွာေတာ့ ဂ႐ုမစိုက္ျခင္းအႏုပညာအပါအဝင္ တျခားစာအုပ္ေလးေတြပါ စင္ေလးသက္သက္လုပ္ေပးထားေတာ့ အဓိက စာေအးေဆးဖတ္လို႔ရေအာင္ပါ စီစဥ္ေပးထားတာေလး သေဘာက်စရာ။ ေနာက္ၿပီးဆိုင္မွာ သတိထားမိတာက Lighting။ ခပ္မွိန္မွိန္ အလင္းေရာင္မ်ိဳးေလးကိုမွ လင္းလင္းထင္းထင္း အျပင္ျပတင္းက ေနေရာင္နဲ႔ mix လုပ္ထားတယ္။ အမိုးျမင့္ေတာ့ အသက္ရႈေခ်ာင္တယ္။

ရႏိုင္တာေတြကေတာ့ အေသာက္ေတြခ်ည္း။ အေသာက္ေတြခ်ည္းဆိုလို႔ မူးစရာတစ္ခုမွ မပါတဲ့ အေသာက္ေတြပါလို႔။ Coffee ၊ Smoothie ၊ Frappe ၊ Soda ၊ Fruit Juice နဲ႔ တျခား Thai Tea ၊ Latte ၊ Green Tea စံုလို႔ စိလို႔ရယ္။ အဲ့…ဒါေပမယ့္ စားစရာေသာက္စရာကေတာ့ ခုခ်ိန္ထိကို မီႏူးဆြဲေနတုန္းမို႔ ေကာ္ရည္ေခါက္ဆြဲတမ်ိဳးပဲရသတဲ့။ ေနာက္တပတ္ဆို အစားအစာမီႏူးလည္း ထြက္ၿပီတဲ့။

ကိုယ္ကေတာ့ Batman ႀကီးဆြဲေဆာင္ေနတာနဲ႔ ခ်က္ခ်င္းထသြားတာ ေကာ္ရည္တမ်ိဳးပဲရေသးလို႔ အဲ့ဒါပဲမွာစားခဲ့ရသည္ေပါ့ကြယ္။

ေကာ္ရည္ေလးနဲ႔လိုက္ဖက္တာက အသီးေဖ်ာ္ရည္ေလးဆိုေတာ့ Sunkist အသီးေဖ်ာ္ရည္ရယ္၊ ဆိုင္ရဲ႕ Drinks လက္ရာ Skill သိခ်င္လို႔ မွာလိုက္တာက Greentea Frappe ရယ္။

ေကာ္ရည္ ရဲ႕ အသက္က ငါးပိေထာင္းေလ။ ဒီ ဆိုင္ကေတာ့ ဒီတခ်က္တည္းနဲ႔တင္ သေဘာက်စရာေတြေကာင္းသြားၿပီ။ ေတာ္ေတာ္ေကာင္းတဲ့ငါးပိေထာင္းကို ငါးပိနံ့သင္းသင္း၊ စပ္စပ္ေလး။ ေျပာရင္းသြားေရေတာင္က်တယ္။

ငါးပိေထာင္းခပ္ေမာက္ေမာက္ေလးကို ေကာ္ရည္ထဲထည့္ သံပုရာသီးညႇစ္၊ ေမႊၿပီး ပါးစပ္ထဲထည့္စား။ လံုးဝ ၿပီးျပည့္စံုၿပီ။ စပ္လာရင္ Sunkist ခ်ဥ္ခ်ဥ္ေလးေသာက္။ အစားေကာင္းစားရရင္ ကို ဘ၀က သာယာတာ။ Greentea Frappe ကေတာ့ အဆိမ့္ထက္ အခ်ိဳေလး နည္းနည္းပိုကဲတယ္။ Matcha Greentea ရဲ႕ ခပ္သက္သက္အရသာေလး ပါးပါးပဲပါတယ္။ စိတ္ေက်နပ္မႈ သိပ္မရ။

ေစ်းနႈန္းလား ၁၅၀၀ က စပါသတဲ့။ ေကာ္ရည္ကေတာ့ ၂၀၀၀ ပါတဲ့။ အေသာက္အေနနဲ႔ ေစ်းေတာ္ေပမယ့္ အစားအေနနဲ႔ေတာ့ ေစ်းႀကီးတယ္ဆိုရမယ္။

အရသာေတြေတာ့ ေထြေထြထူးထူး အဆန္းအျပားမဟုတ္ပါဘူး။ ပံုမွန္ပါပဲေနာ္။ ဆိုင္အျပင္အဆင္ကေတာ့ ဆန္းတာထက္ကို အထာက်ေနေတာ့ အစားအေသာက္ထက္ ေအးေဆး Chill ခ်င္တဲ့သူေတြအတြက္ ပိုမိုက္မယ္။ ၿပီးေတာ့ ဒီဆိုင္က လူျပည့္တိုင္း၊လူမ်ားတိုင္း ထိုင္ေကာင္းတဲ့ထဲမပါဘူးေနာ္။ ဒါေလးေတာ့ သတိၿပဳ။

ဒါေပမယ့္ Wifi လည္းရတယ္။ ဖတ္စရာစာအုပ္လည္းရွိတယ္။ကဲ…ဘာလိုေသးလဲေျပာ?

ဆိုင္ထဲမွာ မထိုင္ခ်င္လည္း အျပင္မွာ ေအးေဆးျမက္ခင္းေလးနဲ႔ သာသာယာယာေလးထိုင္လို႔ရေအာင္ ခံုေလးေတြခ်ေပးထားေသး။

အားနည္းခ်က္ကေတာ့ တစ္ဆိုင္လံုးေမွ်ေႏွာက္ရွာတာေတာင္ အမိႈက္ပံုးမေတြ႕ခဲ့ေတာ့ အမိႈက္ေတြ၊ တစ္သွ်ဴးေတြ ဘယ္နားပစ္ရမွန္းကို မသိဘူး။

ဝန္ထမ္းေလးရွိတဲ့လူနည္းနည္းေလးကလည္း ေဖာ္ေရြေႏြးေထြးေတာ့ အခရာရဲ႕ အစားတလိုင္းေလးခမ်ာ ၃နာရီေလာက္ၾကာၾကာထိုင္ခဲ့တာေတာင္ အရမ္းသေဘာေကာင္းခဲ့တာေတြ႕ရပါတယ္။

၁၄ ရက္ေန႔ထိကို ဆိုင္မွာဘာစားစား ၁၀% ေလွ်ာ့ေပးတယ္တဲ့။ ဪ..အဲ့ျပင္ Gotham Series ကိုလည္း Series လိုက္လက္ေဆာင္ကူးေပးတယ္ဆိုေတာ့ကာ…..

ကဲ…DC Fan တို႔၊ Batman Fan တို႔ေရ လာမယ္ဆို Harddisk ေလးပါသယ္ၿပီး မေႏွးမျမန္ တေခါက္ေလာက္လာၾကည့္ဖို႔ ဒီဆိုင္ေလးကို အလင္းျပပါရေစလို႔…

မနက္ ၁၀ ကေန ည ၁၀ နာရီထိဖြင့္တယ္ေနာ္။ “Cafe Gotham ” တဲ့ေနာ္။

[Unicode]

DC နဲ့ Batman Fan တွေအတွက် FB မှာ နာမည်ကြီးနေတဲ့ Batman Coffee ဆိုင်သစ်လေး

ကော်ဖီဆိုင်ထဲ Batman ကြီးရောက်လာပြီဗျို့…သူ့ချည်းပဲလားဆို Joker ပါ အဆစ်ပါသတဲ့…

ဘယ်မှာလဲဆိုရင်တော့ ရန်ကုန်မြို့၊ကြည့်မြင်တိုင်လမ်းမပေါ်၊ အမှတ် (၇၃)၊ ကြည့်မြင်တိုင်ဘူတာနဲ့ ညဈေးမှတ်တိုင်ကြားထဲက လောလောလတ်လတ် ဖွင့်ထားတဲ့ “Cafe Gotham” ဆိုင်လေးမှာနော်။

Batman နဲ့ တခြား Comic Character တွေကို Graphic အကြမ်း၊ အလန်းကြီးတွေနဲ့ နံရံပေါ် Graffiti တွေဆွဲထားတဲ့ ကော်ဖီဆိုင် အသစ်ဆိုမှ အသစ်နော်။

နံရံတစ်ခုလုံး အမှောင်ကမ္ဘာကြီးလို တိမ်နက်တွေ၊လင်းနို့တွေနောက်ခံနဲ့ ကြီးမားခန့်ထည်လွန်းတဲ့ Batman Graffiti ကြီးကတော့ DC Fan တွေ ဆိုင်ထဲကို ဝင်ဝင်ချင်း ရူးခါကြွေကျမယ့် အပြင်အဆင်ကြီး။

အမှန်တော့ ဆိုင်လေးက ကျဉ်းကျဉ်းလေးရယ်။ ကျဉ်းဆို တိုက်ခန်းမြေညီထပ်တစ်ခန်းစာပေါ့။ ဒါပေမယ့် ဆိုင်ရှင်က ဈေးကွက်စီးပွားရေး မသောင်းကျန်းဘူး။ ခုံတွေ ပြွတ်ညှပ်နေအောင်မထားထားဘူး။ ဆိုဖာခုံအကြီးကြီးရယ်၊ လမ်းမဘက်မျက်နှာစာမူထားတဲ့ စားပွဲခုံတန်းလေးတွေရယ်၊ ဒေါင့်ချိုးဘက်က စားပွဲလေးတွေရယ် ခပ်ရိုးရိုးလေးပဲ။

ကော်ဖီဖျော်တဲ့ Counter ရှေ့နားမှာတော့ ဂရုမစိုက်ခြင်းအနုပညာအပါအဝင် တခြားစာအုပ်လေးတွေပါ စင်လေးသက်သက်လုပ်ပေးထားတော့ အဓိက စာအေးဆေးဖတ်လို့ရအောင်ပါ စီစဉ်ပေးထားတာလေး သဘောကျစရာ။ နောက်ပြီးဆိုင်မှာ သတိထားမိတာက Lighting။ ခပ်မှိန်မှိန် အလင်းရောင်မျိုးလေးကိုမှ လင်းလင်းထင်းထင်း အပြင်ပြတင်းက နေရောင်နဲ့ mix လုပ်ထားတယ်။ အမိုးမြင့်တော့ အသက်ရှုချောင်တယ်။

ရနိုင်တာတွေကတော့ အသောက်တွေချည်း။ အသောက်တွေချည်းဆိုလို့ မူးစရာတစ်ခုမှ မပါတဲ့ အသောက်တွေပါလို့။ Coffee ၊ Smoothie ၊ Frappe ၊ Soda ၊ Fruit Juice နဲ့ တခြား Thai Tea ၊ Latte ၊ Green Tea စုံလို့ စိလို့ရယ်။ အဲ့…ဒါပေမယ့် စားစရာသောက်စရာကတော့ ခုချိန်ထိကို မီနူးဆွဲနေတုန်းမို့ ကော်ရည်ခေါက်ဆွဲတမျိုးပဲရသတဲ့။ နောက်တပတ်ဆို အစားအစာမီနူးလည်း ထွက်ပြီတဲ့။

ကိုယ်ကတော့ Batman ကြီးဆွဲဆောင်နေတာနဲ့ ချက်ချင်းထသွားတာ ကော်ရည်တမျိုးပဲရသေးလို့ အဲ့ဒါပဲမှာစားခဲ့ရသည်ပေါ့ကွယ်။

ကော်ရည်လေးနဲ့လိုက်ဖက်တာက အသီးဖျော်ရည်လေးဆိုတော့ Sunkist အသီးဖျော်ရည်ရယ်၊ ဆိုင်ရဲ့ Drinks လက်ရာ Skill သိချင်လို့ မှာလိုက်တာက Greentea Frappe ရယ်။

ကော်ရည် ရဲ့ အသက်က ငါးပိထောင်းလေ။ ဒီ ဆိုင်ကတော့ ဒီတချက်တည်းနဲ့တင် သဘောကျစရာတွေကောင်းသွားပြီ။ တော်တော်ကောင်းတဲ့ငါးပိထောင်းကို ငါးပိနံ့သင်းသင်း၊ စပ်စပ်လေး။ ပြောရင်းသွားရေတောင်ကျတယ်။

ငါးပိထောင်းခပ်မောက်မောက်လေးကို ကော်ရည်ထဲထည့် သံပုရာသီးညှစ်၊ မွှေပြီး ပါးစပ်ထဲထည့်စား။ လုံးဝ ပြီးပြည့်စုံပြီ။ စပ်လာရင် Sunkist ချဉ်ချဉ်လေးသောက်။ အစားကောင်းစားရရင် ကို ဘဝက သာယာတာ။ Greentea Frappe ကတော့ အဆိမ့်ထက် အချိုလေး နည်းနည်းပိုကဲတယ်။ Matcha Greentea ရဲ့ ခပ်သက်သက်အရသာလေး ပါးပါးပဲပါတယ်။ စိတ်ကျေနပ်မှု သိပ်မရ။

ဈေးနှုန်းလား ၁၅၀၀ က စပါသတဲ့။ ကော်ရည်ကတော့ ၂၀၀၀ ပါတဲ့။ အသောက်အနေနဲ့ ဈေးတော်ပေမယ့် အစားအနေနဲ့တော့ ဈေးကြီးတယ်ဆိုရမယ်။

အရသာတွေတော့ ထွေထွေထူးထူး အဆန်းအပြားမဟုတ်ပါဘူး။ ပုံမှန်ပါပဲနော်။ ဆိုင်အပြင်အဆင်ကတော့ ဆန်းတာထက်ကို အထာကျနေတော့ အစားအသောက်ထက် အေးဆေး Chill ချင်တဲ့သူတွေအတွက် ပိုမိုက်မယ်။ ပြီးတော့ ဒီဆိုင်က လူပြည့်တိုင်း၊လူများတိုင်း ထိုင်ကောင်းတဲ့ထဲမပါဘူးနော်။ ဒါလေးတော့ သတိပြု။

ဒါပေမယ့် Wifi လည်းရတယ်။ ဖတ်စရာစာအုပ်လည်းရှိတယ်။ကဲ…ဘာလိုသေးလဲပြော?

ဆိုင်ထဲမှာ မထိုင်ချင်လည်း အပြင်မှာ အေးဆေးမြက်ခင်းလေးနဲ့ သာသာယာယာလေးထိုင်လို့ရအောင် ခုံလေးတွေချပေးထားသေး။

အားနည်းချက်ကတော့ တစ်ဆိုင်လုံးမျှေနှောက်ရှာတာတောင် အမှိုက်ပုံးမတွေ့ခဲ့တော့ အမှိုက်တွေ၊ တစ်သျှူးတွေ ဘယ်နားပစ်ရမှန်းကို မသိဘူး။

ဝန်ထမ်းလေးရှိတဲ့လူနည်းနည်းလေးကလည်း ဖော်ရွေနွေးထွေးတော့ အခရာရဲ့ အစားတလိုင်းလေးခမျာ ၃နာရီလောက်ကြာကြာထိုင်ခဲ့တာတောင် အရမ်းသဘောကောင်းခဲ့တာတွေ့ရပါတယ်။

၁၄ ရက်နေ့ထိကို ဆိုင်မှာဘာစားစား ၁၀% လျှော့ပေးတယ်တဲ့။ ဪ..အဲ့ပြင် Gotham Series ကိုလည်း Series လိုက်လက်ဆောင်ကူးပေးတယ်ဆိုတော့ကာ…..

ကဲ…DC Fan တို့၊ Batman Fan တို့ရေ လာမယ်ဆို Harddisk လေးပါသယ်ပြီး မနှေးမမြန် တခေါက်လောက်လာကြည့်ဖို့ ဒီဆိုင်လေးကို အလင်းပြပါရစေလို့…

မနက် ၁၀ ကနေ ည ၁၀ နာရီထိဖွင့်တယ်နော်။ “Cafe Gotham ” တဲ့နော်။