[ZawGyi]

စေန၊တနဂၤေႏြတို႔ရဲ႕ အလွဆံုး နိဗၺာန္ဘံုေလး (သို႔) “Cafe’s DiBar” တို႔ရဲ႕ ကမ႓ာ

ကိုယ္က Classical Art ေတြထဲ ေမ်ာပါတတ္သူလား?
Retro, Vintage Style ေတြကို ႐ူးသြပ္သူလား?
သမာ႐ိုးက် စေန၊ တနဂၤေႏြေတြၾကားမွာဘဲ ဘဝကို ျမဳပ္ႏွံထားသူလား?
ဒါဆိုရင္ေတာ့ ဒီစာေလးကေနပဲ ရန္ကုန္ၿမိဳ႕ထဲကေန Vintage အေငြ႕သက္ေတြ ဖံုးလႊမ္းေနတဲ့ အီတလီေကာ္ဖီဆိုင္ေလးေတြ ကိုေခၚသြားပါရေစ။

cafe dibar2

နံရံကပ္ပန္းခ်ီကားေလးေတြ၊ ေရွးေခတ္ အဂၤလိပ္ေၾကာ္ျငာစာရြက္ေလးေတြ၊ ပန္းေျခာက္ေတြ၊ အိမ္သံုးလက္မႈပစၥည္းေတြ၊ Cheeseေတြ၊ ဖန္ပုလင္းလွလွေလးေတြ၊ ပန္းေတြ၊ Pasta ေတြနဲ႔ Wine ခ်ိဳျမျမေတြက ကိုယ္ ရန္ကုန္မွာရွိေနတာပါလားဆိုတာကို ခနေမ့သြားမိေစေလာက္ေအာင္ ညိဳ႕ငင္ေနမယ္ဆိုရင္ေရာ?

romantic decoration

ရန္ကုန္က ေကာ္ဖီဆိုင္ေတြထဲကမွ အလွဆံုး၊ အႏုပညာအဆန္ဆံုးနဲ႔ ဆိုင္ခြဲ ၃ ခုထိေအာင္ေအာင္ျမင္ျမင္ဖြင့္လွစ္ႏိုင္ခဲ့တဲ့ Cafe Dibar ဟာဆိုရင္ ေကာ္ဖီခ်စ္သူေတြ၊ Vintage ဆန္ဆန္လူေနမႈျမတ္ႏိုးသူေတြၾကားထဲမွာ တစတစ လႊမ္းမိုးေနရာယူလာခဲ့တာ ခုဆိုရင္ နာမည္တစ္ခုနဲ႔ အခိုင္အမာရပ္တည္လာႏိုင္ခဲ့တဲ့အထိပါပဲ။

pasta wine pizza espresso

ဆိုင္ ၃ဆိုင္ ျဖစ္တဲ့အေလ်ာက္ ေနရာအေနအထား အနည္းငယ္ကြာျခားေပမယ့္ အျပင္အဆင္ကေတာ့ အားလံုး Theme တစ္ခုတည္းေအာက္မွာ အႏုပညာဆန္ဆန္ ဖန္တီးထားတာ အံ့ခ်ီးဖြယ္ရာပါပဲ။

Cafe Dibar (1)

ပထမဆံုး ဖြင့္လွစ္ခဲ့တဲ့ ဆိုင္ကေတာ့ ကမ႓ာေအးဘုရားလမ္းနဲ႔ ကန္ဘဲ့လမ္းထိပ္ကဆိုင္ေလးျဖစ္ၿပီး လမ္းမတန္းေပၚမွာ ျဖစ္လို႔ အစည္ကားဆံုးနဲ႔ အစားအစာ အစံုလင္ဆံုးဆိုင္ေလးပါ။ အရင္ တကၠသိုလ္ရိပ္သာလမ္းကေန ေျပာင္းလာတာျဖစ္ၿပီး အီတလီနဲ႔ European အစားအစာအစံုအလင္ကို ရႏိုင္တဲ့ဆိုင္လည္း ျဖစ္ပါတယ္။ တျခားဆိုင္ေလးေတြနဲ႔မတူတာက လူႀကီိးမိတ္ေဆြအေပါင္းအသင္းေတြ၊ ႏိုင္ငံျခားသားေတြ အလုပ္ကိစၥနဲ႔ ေတြ႕ဆံုၾက၊ စုစည္းၾကတဲ့ ေနရာလည္း ျဖစ္ပါေသးတယ္။ အားသာခ်က္ကေတာ့ ဆိုင္ ၃ ဆိုင္လံုးမွာ Menu အစံုလင္ဆံုးနဲ႔ လမ္းမတန္းေပၚမို႔ လာရအဆင္ေျပၿပီး အားနည္းခ်က္အေနနဲ႔ဆိုလူစည္တတ္ၿပီး ေန႔လည္ခင္း အခ်ိန္ေတြေတာ့ လူနည္းနည္းျပည့္ေနတတ္ပါတယ္။

Yankin Branch

လူငယ္ေတြၾကားထဲ ပ်ံ႕ႏွံ႔လာခဲ့တဲ့ ဆိုင္ေလးေတြကေတာ့ စမ္းေခ်ာင္း၊ ပန္းျခံလမ္းထဲက Cafe Dibar နဲ႔ ေျမနီကုန္း ဓမၼာရံုလမ္းထဲက Cafe Dibar တို႔ပဲျဖစ္ပါတယ္။

Cafe Dibar (2)

ဒီဆိုင္ေလးကေတာ့ စမ္းေခ်ာင္း၊ ပန္းျခံလမ္း၊ အမွတ္ ၁၇ မွာတည္ရွိၿပီး မ်က္ႏွာက်က္နိမ့္နိမ့္ေလးနဲ႔ ၂ထပ္အိမ္ပံုစံေလး အလွဆင္ထားတာျဖစ္ပါတယ္။ လူငယ္ေတြ သေဘာက်ၾကတဲ့ ဆိုင္ေလးျဖစ္ၿပီး မူလဆိုင္ထက္ေတာ့ Menu နည္းနည္းေလ်ာ့ထားတာမို႔ Pasta၊ Pizza နဲ႔ Salad ေတြ၊ Wine ေတြ၊ Juice ေတြကို အဓိက ထားေရာင္းပါတယ္။

Cafe dibar 2

ဆိုင္အျပင္အဆင္ေလးက ဝင္တဲ့သူတိုင္း ၿငိေလာက္မွာ အေသခ်ာပါ။ Modernism ျဖစ္တယ္။ Classic ျဖစ္တယ္။ လံုးဝေသခ်ာေပါက္အာမခံႏိုင္တာကေတာ့ တိတ္ဆိတ္ၿငိမ္သက္ၿပီး လြင့္လို႔ေကာင္းမယ့္ေနရာပါပဲ။ စာသမား၊ ကဗ်ာသမားေတြ အေတြးတဆံုးျဖန္႔က်က္လို႔ရမယ့္ ေနရာလွလွေလးပါ။

Cafe Dibar

အစားအေသာက္အတြက္ဆို ေနရာေလးက ႏိုင္ငံျခားသားသေဘာက် ေနရာေလးျဖစ္ေနတဲ့အျပင္ ဆိုင္ရဲ႕ Culture ကိုက အီတလီကေဖးပံုစံေလးမို႔ အီတလီစာေတြ Pasta ၊ Wine နဲ႕ Drinks ေတြေတာ္ေတာ္မ်ားမ်ား ရပါတယ္။ Italy Made ေရခဲမုန္႔ေလးေတြလည္း ရပါတယ္။

Interior Decoration

Cafe Dibar (3)

ဒီဆိုင္ကေတာ့ လြန္ခဲ့တဲ့ ၅လေလာက္ကမွ ဖြင့္လွစ္ခဲ့တာျဖစ္ၿပီး အမွတ္ ၇၆ ၊ဓမၼာရံုလမ္းထဲမွာ တည္ရွိတာျဖစ္ပါတယ္။

ဆိုင္အဝေလးကအစ ခ်စ္စရာေကာင္းတယ္။ ဆိုင္ေလးက ၂ထပ္အိမ္ေလးပံုစံကိုမွ တစ္ကယ့္ အိမ္ပံုစံေလးနဲ႔တူေအာင္ျပင္ထားတယ္။ အေပၚထပ္မွာလည္း ဗီ႐ို၊ စားပြဲေလးေတြ၊ အပ္ခ်ဳပ္စက္ေလးေတြ ေခတ္ေဟာင္းလက္မႈပစၥည္းေလးေတြနဲ႔အလွဆင္ထားတယ္။ ဝရန္တာေလးေတြလည္း ရွိေတာ့ ဓါတ္ပံု႐ိုက္လို႔ အရမ္းလွတယ္။ ကိုယ္ေရာက္ေနခ်ိန္မွာေတာင္ ဓါတ္ပံုလာ႐ိုက္ၾကတဲ့ ေကာင္မေလးေတြရွိေလေနရဲ႕။ ဒီဆိုင္ေလးကိုလူႀကိဳက္အမ်ားဆံုးျဖစ္ရျခင္းကေတာ့ ျခံဝန္းေလးနဲ႔ ဆိတ္ၿငိမ္လမ္းေလးထဲမွာ တည္ရွိၿပီး ပိုအႏုပညာဆန္ဆန္နဲ႔ က်ယ္က်ယ္ဝန္းဝန္း ရွိလို႔ပါပဲ။

Antique design

ဆိုင္ ၃ ဆိုင္လံုးရဲ႕ ေရာင္းအားအေကာင္းဆံုးေတြထဲက ေတာ္ေတာ္မ်ားမ်ားႀကိဳက္ၾကတာဆို Seafood Paella Spanish ဆိုတဲ့ ပင္လယ္စာထမင္းေၾကာ္ေလးပါ။ ပုစြန္၊ျပည္ႀကီးငါး၊ ကမာေတြကို Chili Sauce အႏွစ္ေလးနဲ႔ခ်က္ၿပီး ထမင္းေၾကာ္ပူပူေမႊးေမႊးေလးနဲ႔ အႏွစ္ဆမ္းထားတာပါ။ ထမင္းသားေလးနည္းနည္း မာေနတာေလးေတာ့ သိပ္မေျပခဲ့ဘူး။ အရသာကေတာ့ တကယ္ေကာင္းၿပီးသူ႕ဆီမွာပဲ ရႏိုင္တဲ့လက္ရာေလးပါ။ ၆၀၀၀ က်ပ္ပါ။

Seafood Apealla Spanish

အဓိကကေတာ့ Cheese ေတြ ေပ်ာ္ဝင္ေနတဲ့ Europe စာေတြ၊ Salad ေတြမ်ားေတာ့ Menu ထဲမွာတင္ ရွာရင္းေရြးရခက္ေနရင္ေတာ့ Lasagne ဆိုတဲ့ အီတလီအစားအစာေလးတစ္ခုကို ျမည္းခဲ့ေစခ်င္ပါတယ္။ အေပၚမွာ Mazarella Cheese အႏွစ္ေတြအလႊာလိုက္ျဖန္႔ခင္းထားၿပီး အဲ့ေအာက္မွာမွ ၾကက္၊ဝက္၊ အမဲ ကိုယ္ႀကိဳက္တဲ့အသားကို Tomato Paste ေလးနဲ႔ ခ်က္ထားတဲ့ အီတလီေခါက္ဆြဲျပား Pasta ပံုစံေလးပါ။ တစ္ပြဲပမာဏနဲ႔တင္ အီစိမ့္ေနေအာင္စားလို႔ေကာင္းတဲ့ အေျခေနပါ။ ျမန္မာပါးစပ္နဲ႔ ကိုက္ပါတယ္။ ေစ်းနႈန္းကလည္း ျမန္မာေငြ ၆၀၀၀ ပဲရွိတာမို႔ဆိုင္ေရာက္ခဲ့လို႔ ဘာစားရမလဲေတြေဝေနရင္ ေရြးခ်ယ္သင့္ပါတယ္။

Lasagne

Fettuccine Cabonara
အီတလီစာေကာင္းေကာင္းေလးဆို Bacon ေတြ၊ မိႈေတြနဲ႕ Creamy ျဖစ္တဲ့ Cabonara ေလးလည္း ေတာ္ေတာ္အဆင္ေျပပါတယ္။ Pasta ေခါက္ဆြဲသားေလး နည္းနည္းေလး ႏူးအိရင္ေတာ့ ပိုေကာင္းမွာပါ။

Creamy Cabonara with bacon

အီတာစားရင္ အခ်ဥ္ေလးတစ္ခုခုနဲ႔ေလ အအီေျဖသင့္တယ္မဟုတ္လား? ဒါဆိုရင္ေတာ့ အသီးအစံုအလင္နဲ႔ ရႏိုင္တဲ့ သူ႔ဆိုင္က ကိုယ္သေဘာအက်ရဆံုး Smoothie ေလးေတြဆိုရင္ေရာ? သေဘာက်ဆို သူ႔ Smoothie ေလးေတြက ကိုယ္လိုခ်င္တဲ့ Taste အတိုင္း ကြက္တိအရသာခ်ဥ္ခ်ဥ္ေလးနဲ႔ ေတာ္ေတာ္လန္းဆန္းေစတဲ့အျပင္ ပ်စ္ပ်စ္ႏွစ္ႏွစ္ေလးဆိုေတာ့ အရသာတစ္ကယ့္ကို စူးရွရွခ်ဥ္ခ်ဥ္ေလးခံစားရမွာပါ။ ေစ်းနႈန္းလည္း ျမန္မာေငြ ၃၀၀၀ ပါပဲ။

Kiwi Smoothie

သူ႔ဆီမွာ အီတလီလက္ရာ ဒိန္ခ်ဥ္ေလးလည္း ရွိပါေသးတယ္။ ပ်ားရည္ေလးနဲ႔တြဲေသာက္ရတာျဖစ္ၿပီး လာခ်ေပးတဲ့အျပင္အဆင္ကိုက ခ်စ္စရာေလးပါ။ ပ်ားရည္နံ႔ ခ်ိဳစူးစူးေမႊးေမႊးေလးၾကား ျမန္မာဒိန္ခ်ဥ္ေတြနဲ႔မတူကြဲျပားတဲ့အရသာကို ခံစားရမွာပါ။ သူက ၂၇၀၀ ပါ။

Homemade Yoghurt

က်န္တဲ့ Salad ေတြ၊ Bites ေတြ၊Special Menu ေတြနဲ႔ Drinks အစံုအလင္နဲ႔တစ္ေနရာတည္းမွာ Chill ခ်င္သူေတြအတြက္ေတာ့ Cafe Dibar ဆိုင္ေတြဟာ တစ္ကယ့္ကို တိတ္ဆိတ္ၿငိမ္းခ်မ္းတဲ့ ကမ႓ာေလးတစ္ခုပါ။ Interior Decoration ေတြနဲ႔ မျပန္ခ်င္ေအာင္ ဆြဲေဆာင္မယ့္ေနရာေလးပါ။

menu

တကယ့္ အီတလီဆိုင္အခင္းအက်င္းအေငြ႕အသက္ေတြၾကား ဒီေနရာေလးေတြကိုေတာ့ ေရာက္ဖူးသူတိုင္း သေဘာက်က်မွာ အေသအခ်ာပါ။ ဝန္ထမ္းေလးေတြလည္း Service ေကာင္းပါတယ္။ ေစ်းနႈန္းအေနနဲ႔ဆိုလည္း မဆိုးဘူးဆိုတဲ့ထဲ ပါဝင္ပါတယ္။ လူငယ္ေတြအတြက္ဆိုရင္ေတာ့ Cafe Dibar (2) နဲ႕ (3) က အသင့္ေတာ္ဆံုးျဖစ္ၿပီး၊ လူႀကီးေတြအတြက္ဆိုရင္ေတာ့ ရန္ကင္းဆိုင္က ပိုအဆင္ေျပပါတယ္။ ဆိုင္ (၃) ခုလံုး မနက္ ၁၀ နာရီမွ ည ၉ နာရီခြဲထိဖြင့္ပါတယ္။ တစ္ခါေလာက္ေတာ့ အီတလီယဥ္ေက်းမႈကို ဒီေကာ္ဖီဆိုင္ေလးေတြကေန ရွာေဖြၾကည့္လိုက္ရေအာင္လား။

EiEiKhineMinn ( Akhayar )

www.akhayar.com

[Unicode]

စနေ၊တနင်္ဂနွေတို့ရဲ့ အလှဆုံး နိဗ္ဗာန်ဘုံလေး (သို့) “Cafe’s DiBar” တို့ရဲ့ ကမ္ဘာ

ကိုယ်က Classical Art တွေထဲ မျောပါတတ်သူလား?
Retro, Vintage Style တွေကို ရူးသွပ်သူလား?
သမာရိုးကျ စနေ၊ တနင်္ဂနွေတွေကြားမှာဘဲ ဘဝကို မြုပ်နှံထားသူလား?
ဒါဆိုရင်တော့ ဒီစာလေးကနေပဲ ရန်ကုန်မြို့ထဲကနေ Vintage အငွေ့သက်တွေ ဖုံးလွှမ်းနေတဲ့ အီတလီကော်ဖီဆိုင်လေးတွေ ကိုခေါ်သွားပါရစေ။

cafe dibar2

နံရံကပ်ပန်းချီကားလေးတွေ၊ ရှေးခေတ် အင်္ဂလိပ်ကြော်ငြာစာရွက်လေးတွေ၊ ပန်းခြောက်တွေ၊ အိမ်သုံးလက်မှုပစ္စည်းတွေ၊ Cheeseတွေ၊ ဖန်ပုလင်းလှလှလေးတွေ၊ ပန်းတွေ၊ Pasta တွေနဲ့ Wine ချိုမြမြတွေက ကိုယ် ရန်ကုန်မှာရှိနေတာပါလားဆိုတာကို ခနမေ့သွားမိစေလောက်အောင် ညို့ငင်နေမယ်ဆိုရင်ရော?

romantic decoration

ရန်ကုန်က ကော်ဖီဆိုင်တွေထဲကမှ အလှဆုံး၊ အနုပညာအဆန်ဆုံးနဲ့ ဆိုင်ခွဲ ၃ ခုထိအောင်အောင်မြင်မြင်ဖွင့်လှစ်နိုင်ခဲ့တဲ့ Cafe Dibar ဟာဆိုရင် ကော်ဖီချစ်သူတွေ၊ Vintage ဆန်ဆန်လူနေမှုမြတ်နိုးသူတွေကြားထဲမှာ တစတစ လွှမ်းမိုးနေရာယူလာခဲ့တာ ခုဆိုရင် နာမည်တစ်ခုနဲ့ အခိုင်အမာရပ်တည်လာနိုင်ခဲ့တဲ့အထိပါပဲ။

pasta wine pizza espresso

ဆိုင် ၃ဆိုင် ဖြစ်တဲ့အလျောက် နေရာအနေအထား အနည်းငယ်ကွာခြားပေမယ့် အပြင်အဆင်ကတော့ အားလုံး Theme တစ်ခုတည်းအောက်မှာ အနုပညာဆန်ဆန် ဖန်တီးထားတာ အံ့ချီးဖွယ်ရာပါပဲ။

Cafe Dibar (1)

ပထမဆုံး ဖွင့်လှစ်ခဲ့တဲ့ ဆိုင်ကတော့ ကမ္ဘာအေးဘုရားလမ်းနဲ့ ကန်ဘဲ့လမ်းထိပ်ကဆိုင်လေးဖြစ်ပြီး လမ်းမတန်းပေါ်မှာ ဖြစ်လို့ အစည်ကားဆုံးနဲ့ အစားအစာ အစုံလင်ဆုံးဆိုင်လေးပါ။ အရင် တက္ကသိုလ်ရိပ်သာလမ်းကနေ ပြောင်းလာတာဖြစ်ပြီး အီတလီနဲ့ European အစားအစာအစုံအလင်ကို ရနိုင်တဲ့ဆိုင်လည်း ဖြစ်ပါတယ်။ တခြားဆိုင်လေးတွေနဲ့မတူတာက လူကြီးမိတ်ဆွေအပေါင်းအသင်းတွေ၊ နိုင်ငံခြားသားတွေ အလုပ်ကိစ္စနဲ့ တွေ့ဆုံကြ၊ စုစည်းကြတဲ့ နေရာလည်း ဖြစ်ပါသေးတယ်။ အားသာချက်ကတော့ ဆိုင် ၃ ဆိုင်လုံးမှာ Menu အစုံလင်ဆုံးနဲ့ လမ်းမတန်းပေါ်မို့ လာရအဆင်ပြေပြီး အားနည်းချက်အနေနဲ့ဆိုလူစည်တတ်ပြီး နေ့လည်ခင်း အချိန်တွေတော့ လူနည်းနည်းပြည့်နေတတ်ပါတယ်။

Yankin Branch

လူငယ်တွေကြားထဲ ပျံ့နှံ့လာခဲ့တဲ့ ဆိုင်လေးတွေကတော့ စမ်းချောင်း၊ ပန်းခြံလမ်းထဲက Cafe Dibar နဲ့ မြေနီကုန်း ဓမ္မာရုံလမ်းထဲက Cafe Dibar တို့ပဲဖြစ်ပါတယ်။

Cafe Dibar (2)

ဒီဆိုင်လေးကတော့ စမ်းချောင်း၊ ပန်းခြံလမ်း၊ အမှတ် ၁၇ မှာတည်ရှိပြီး မျက်နှာကျက်နိမ့်နိမ့်လေးနဲ့ ၂ထပ်အိမ်ပုံစံလေး အလှဆင်ထားတာဖြစ်ပါတယ်။ လူငယ်တွေ သဘောကျကြတဲ့ ဆိုင်လေးဖြစ်ပြီး မူလဆိုင်ထက်တော့ Menu နည်းနည်းလျော့ထားတာမို့ Pasta၊ Pizza နဲ့ Salad တွေ၊ Wine တွေ၊ Juice တွေကို အဓိက ထားရောင်းပါတယ်။

Cafe dibar 2

ဆိုင်အပြင်အဆင်လေးက ဝင်တဲ့သူတိုင်း ငြိလောက်မှာ အသေချာပါ။ Modernism ဖြစ်တယ်။ Classic ဖြစ်တယ်။ လုံးဝသေချာပေါက်အာမခံနိုင်တာကတော့ တိတ်ဆိတ်ငြိမ်သက်ပြီး လွင့်လို့ကောင်းမယ့်နေရာပါပဲ။ စာသမား၊ ကဗျာသမားတွေ အတွေးတဆုံးဖြန့်ကျက်လို့ရမယ့် နေရာလှလှလေးပါ။

Cafe Dibar

အစားအသောက်အတွက်ဆို နေရာလေးက နိုင်ငံခြားသားသဘောကျ နေရာလေးဖြစ်နေတဲ့အပြင် ဆိုင်ရဲ့ Culture ကိုက အီတလီကဖေးပုံစံလေးမို့ အီတလီစာတွေ Pasta ၊ Wine နဲ့ Drinks တွေတော်တော်များများ ရပါတယ်။ Italy Made ရေခဲမုန့်လေးတွေလည်း ရပါတယ်။

Interior Decoration

Cafe Dibar (3)

ဒီဆိုင်ကတော့ လွန်ခဲ့တဲ့ ၅လလောက်ကမှ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အမှတ် ၇၆ ၊ဓမ္မာရုံလမ်းထဲမှာ တည်ရှိတာဖြစ်ပါတယ်။

ဆိုင်အဝလေးကအစ ချစ်စရာကောင်းတယ်။ ဆိုင်လေးက ၂ထပ်အိမ်လေးပုံစံကိုမှ တစ်ကယ့် အိမ်ပုံစံလေးနဲ့တူအောင်ပြင်ထားတယ်။ အပေါ်ထပ်မှာလည်း ဗီရို၊ စားပွဲလေးတွေ၊ အပ်ချုပ်စက်လေးတွေ ခေတ်ဟောင်းလက်မှုပစ္စည်းလေးတွေနဲ့အလှဆင်ထားတယ်။ ဝရန်တာလေးတွေလည်း ရှိတော့ ဓါတ်ပုံရိုက်လို့ အရမ်းလှတယ်။ ကိုယ်ရောက်နေချိန်မှာတောင် ဓါတ်ပုံလာရိုက်ကြတဲ့ ကောင်မလေးတွေရှိလေနေရဲ့။ ဒီဆိုင်လေးကိုလူကြိုက်အများဆုံးဖြစ်ရခြင်းကတော့ ခြံဝန်းလေးနဲ့ ဆိတ်ငြိမ်လမ်းလေးထဲမှာ တည်ရှိပြီး ပိုအနုပညာဆန်ဆန်နဲ့ ကျယ်ကျယ်ဝန်းဝန်း ရှိလို့ပါပဲ။

Antique design

ဆိုင် ၃ ဆိုင်လုံးရဲ့ ရောင်းအားအကောင်းဆုံးတွေထဲက တော်တော်များများကြိုက်ကြတာဆို Seafood Paella Spanish ဆိုတဲ့ ပင်လယ်စာထမင်းကြော်လေးပါ။ ပုစွန်၊ပြည်ကြီးငါး၊ ကမာတွေကို Chili Sauce အနှစ်လေးနဲ့ချက်ပြီး ထမင်းကြော်ပူပူမွှေးမွှေးလေးနဲ့ အနှစ်ဆမ်းထားတာပါ။ ထမင်းသားလေးနည်းနည်း မာနေတာလေးတော့ သိပ်မပြေခဲ့ဘူး။ အရသာကတော့ တကယ်ကောင်းပြီးသူ့ဆီမှာပဲ ရနိုင်တဲ့လက်ရာလေးပါ။ ၆၀၀၀ ကျပ်ပါ။

Seafood Apealla Spanish

အဓိကကတော့ Cheese တွေ ပျော်ဝင်နေတဲ့ Europe စာတွေ၊ Salad တွေများတော့ Menu ထဲမှာတင် ရှာရင်းရွေးရခက်နေရင်တော့ Lasagne ဆိုတဲ့ အီတလီအစားအစာလေးတစ်ခုကို မြည်းခဲ့စေချင်ပါတယ်။ အပေါ်မှာ Mazarella Cheese အနှစ်တွေအလွှာလိုက်ဖြန့်ခင်းထားပြီး အဲ့အောက်မှာမှ ကြက်၊ဝက်၊ အမဲ ကိုယ်ကြိုက်တဲ့အသားကို Tomato Paste လေးနဲ့ ချက်ထားတဲ့ အီတလီခေါက်ဆွဲပြား Pasta ပုံစံလေးပါ။ တစ်ပွဲပမာဏနဲ့တင် အီစိမ့်နေအောင်စားလို့ကောင်းတဲ့ အခြေနေပါ။ မြန်မာပါးစပ်နဲ့ ကိုက်ပါတယ်။ ဈေးနှုန်းကလည်း မြန်မာငွေ ၆၀၀၀ ပဲရှိတာမို့ဆိုင်ရောက်ခဲ့လို့ ဘာစားရမလဲတွေဝေနေရင် ရွေးချယ်သင့်ပါတယ်။

Lasagne

Fettuccine Cabonara
အီတလီစာကောင်းကောင်းလေးဆို Bacon တွေ၊ မှိုတွေနဲ့ Creamy ဖြစ်တဲ့ Cabonara လေးလည်း တော်တော်အဆင်ပြေပါတယ်။ Pasta ခေါက်ဆွဲသားလေး နည်းနည်းလေး နူးအိရင်တော့ ပိုကောင်းမှာပါ။

Creamy Cabonara with bacon

အီတာစားရင် အချဉ်လေးတစ်ခုခုနဲ့လေ အအီဖြေသင့်တယ်မဟုတ်လား? ဒါဆိုရင်တော့ အသီးအစုံအလင်နဲ့ ရနိုင်တဲ့ သူ့ဆိုင်က ကိုယ်သဘောအကျရဆုံး Smoothie လေးတွေဆိုရင်ရော? သဘောကျဆို သူ့ Smoothie လေးတွေက ကိုယ်လိုချင်တဲ့ Taste အတိုင်း ကွက်တိအရသာချဉ်ချဉ်လေးနဲ့ တော်တော်လန်းဆန်းစေတဲ့အပြင် ပျစ်ပျစ်နှစ်နှစ်လေးဆိုတော့ အရသာတစ်ကယ့်ကို စူးရှရှချဉ်ချဉ်လေးခံစားရမှာပါ။ ဈေးနှုန်းလည်း မြန်မာငွေ ၃၀၀၀ ပါပဲ။

Kiwi Smoothie

သူ့ဆီမှာ အီတလီလက်ရာ ဒိန်ချဉ်လေးလည်း ရှိပါသေးတယ်။ ပျားရည်လေးနဲ့တွဲသောက်ရတာဖြစ်ပြီး လာချပေးတဲ့အပြင်အဆင်ကိုက ချစ်စရာလေးပါ။ ပျားရည်နံ့ ချိုစူးစူးမွှေးမွှေးလေးကြား မြန်မာဒိန်ချဉ်တွေနဲ့မတူကွဲပြားတဲ့အရသာကို ခံစားရမှာပါ။ သူက ၂၇၀၀ ပါ။

Homemade Yoghurt

ကျန်တဲ့ Salad တွေ၊ Bites တွေ၊Special Menu တွေနဲ့ Drinks အစုံအလင်နဲ့တစ်နေရာတည်းမှာ Chill ချင်သူတွေအတွက်တော့ Cafe Dibar ဆိုင်တွေဟာ တစ်ကယ့်ကို တိတ်ဆိတ်ငြိမ်းချမ်းတဲ့ ကမ္ဘာလေးတစ်ခုပါ။ Interior Decoration တွေနဲ့ မပြန်ချင်အောင် ဆွဲဆောင်မယ့်နေရာလေးပါ။

menu

တကယ့် အီတလီဆိုင်အခင်းအကျင်းအငွေ့အသက်တွေကြား ဒီနေရာလေးတွေကိုတော့ ရောက်ဖူးသူတိုင်း သဘောကျကျမှာ အသေအချာပါ။ ဝန်ထမ်းလေးတွေလည်း Service ကောင်းပါတယ်။ ဈေးနှုန်းအနေနဲ့ဆိုလည်း မဆိုးဘူးဆိုတဲ့ထဲ ပါဝင်ပါတယ်။ လူငယ်တွေအတွက်ဆိုရင်တော့ Cafe Dibar (2) နဲ့ (3) က အသင့်တော်ဆုံးဖြစ်ပြီး၊ လူကြီးတွေအတွက်ဆိုရင်တော့ ရန်ကင်းဆိုင်က ပိုအဆင်ပြေပါတယ်။ ဆိုင် (၃) ခုလုံး မနက် ၁၀ နာရီမှ ည ၉ နာရီခွဲထိဖွင့်ပါတယ်။ တစ်ခါလောက်တော့ အီတလီယဉ်ကျေးမှုကို ဒီကော်ဖီဆိုင်လေးတွေကနေ ရှာဖွေကြည့်လိုက်ရအောင်လား။

EiEiKhineMinn ( Akhayar )

www.akhayar.com