[Zawgyi]

ေကာ္ဖီခ်စ္သူတိုင္းစြဲလမ္းရတဲ့ ရြက္ပုန္းသီးေကာ္ဖီဆိုင္ေလး “Cafe BURMA”

အရင္တစ္ပတ္က မိုးရာသီအတြက္ အေကာင္းဆံုးေကာ္ဖီဆိုင္ေလးေတြကို List လုပ္ေပးၿပီးၿပီဆိုေတာ့ကာ ဒီတစ္ခါေတာ့ အခရာက အလိုက္တသိပဲ မိုးစက္ေတြနဲ႔အလိုက္ဆံုး ဗမာ့ႏွပ္ေကာ္ဖီေမႊးေမႊးေလးနဲ႔ ရင္ထဲထိေႏြးေထြးေစမယ့္ ရြက္ပုန္းသီးေကာ္ဖီဆိုင္ေသးေသးေလးအေၾကာင္း ေျပာျပေပးပါမယ္ေနာ္။

Cafe BURMA ဆိုတာက ကမ္းနားလမ္းနဲ႔ ဗိုလ္ဆြန္ပက္လမ္းေထာင့္က Strand Square ရဲ႕ ေအာက္ထပ္မွာ ဖြင့္ထားတဲ့ ဆိုင္ေသးေသးပုစိေလးေပါ့။ ေသးတာမွ ဆိုင္ထဲဆို ခံုတန္းေလး ၂တန္းေလာက္နဲ႔ အျပင္မွာ စားပြဲခံုေလး ၂ခံုေလာက္စာပဲ ရွိတယ္။ ဒါေတာင္ အဲ့စားပြဲေလးေတြက မိုးရြာရင္ မိုးပါစင္တာ။

အဲ့ေတာ့ အဓိကဆို Take Away ကိုပဲ အားေပးရမယ္။ ဒါေပမယ့္ ေသးသေလာက္ ဆိုင္ရဲ႕ပရိသတ္ေတြက မိုးထဲေလထဲေတာင္အားေပးၾကတာေတြ႕ရတယ္။ ဒီေန႔ Strand Square ဘက္ေရာက္ေတာ့ Review ေကာင္းေကာင္းရထားတဲ့ဒီဆိုင္ေလးကို ဝင္စပ္စုရင္း ကိုယ့္လူေတြအတြက္ ၫႊန္ေပးလိုက္ပါတယ္ရွင့္။

ကိုယ္တို႔ေတြအားလံုး ပုရိသမွန္သမွ် စြဲလမ္းမႈေတြက ခပ္မ်ားမ်ားရယ္မလား? အဲ့ထဲမယ္ ေကာ္ဖီကို စြဲလမ္းတဲ့သူကေတာ့ အခ်ိဳးအဆအမ်ားဆံုးျဖစ္မယ္ထင္တာပဲ။ ေကာ္ဖီထဲကေတာင္မွ ကိုယ့္ Taste နဲ႔အကိုက္ဆံုးေကာ္ဖီဆို တျခားဆိုင္ေတြဘယ္မွမဝင္ျဖစ္ပဲ ႏွစ္ၾကာၾကာဒီဆိုင္မွ ဒီဆိုင္ စြဲလမ္းတဲ့ သူေတြလည္းမ်ားမွာေပါ့။ အဲ့လိုလူေတြစြဲစြဲလမ္းလမ္း ေရြးခ်ယ္ေသာက္တဲ့ ေကာ္ဖီဆိုၿပီး ဒီဆိုင္ေလးက နာမည္ႀကီးေလရဲ႕။

Cappuccino ၊ Espresso ၊ Americano ၊ Mocha ၊ Latte အမ်ိဳးစံုရတဲ့အျပင္ Yoghurt ၊ Smoothie ၊ Soda ၊ Lemon Tea နဲ႔ Fruit Juice ေတြရတဲ့အျပင္ ျမန္မာစာေလးေတြျဖစ္တဲ့ ေကာ္ရည္ေခါက္ဆြဲ၊ ၾကာဆံဆီခ်က္၊ ဆီထမင္း ျမန္မာမုန္႔ေလးေတြလည္း ရေသးသတဲ့။ အိမ္လုပ္ Cheese Sandwich ေလးေတြနဲ႔ Puff ေလးေတြကေတာ့ တကယ္အရသာအိအိေလးနဲ႔ ဆိမ့္ေနေအာင္စားေကာင္းပါတယ္။ ၈၀၀ ၊၁၀၀၀ ဝန္းက်င္ဆိုေတာ့ တန္မ်ားေနမလား။

တစ္ခုသေဘာက်ရတာက အရည္အေသြးကိုပါ။ ေကာ္ဖီေစ့ကအစ ျပင္ဦးလြင္က ေကာ္ဖီေစ့ကို ေမႊးေနေအာင္ႏွပ္ထားတာမို႔ ေကာ္ဖီႀကိဳက္တဲ့သူေတြ စြဲလမ္းေစမယ့္ အရသာေကာင္းေကာင္းကို ေသာက္ရတာပါပဲ။ တစ္ခြက္ ၁၅၀၀ ၊ ၂၀၀၀ ဝန္းက်င္ဆိုေတာ့ အိမ္နားသာဆို ေန႔တိုင္းသြားထိုင္ျဖစ္မလားပဲ။

အစားအစာေလးေတြကလည္း သန္႔သန္႔ရွင္းရွင္းစားရတာမို႔ စိတ္ခ်မ္းသာရပါတယ္။ ဆိုင္ေသးေသးေလးေပမယ့္ ဝန္ထမ္းမ်ားမ်ားနဲ႔သေဘာေကာင္းတာေတြ႕ေတာ့လည္း ေက်နပ္မိတာပဲ။ ဒီလိုဆိုင္ေကာင္းေလးေတြရွိေနတာ အရည္အေသြးေကာင္းေကာင္းစားခြင့္၊ ေသာက္ခြင့္ရတာမို႔ စိတ္ခ်မ္းသာရပါတယ္။

ေစ်းလည္း ၁၀၀၀ ၀န္းက်င္ ၂၀၀၀ ၾကားဆိုေတာ့ အရည္အေသြး နဲ႔ တန္ဖိုုးေပးေပ်ာ္ပါတယ္။

ေနသာမိုးအံု႕တဲ့ ေန႔ေလးမ်ားမွာေတာ့ ဆိုင္ေရွ႕ကခံုေလးမွာ Espresso ေလးတစ္ခြက္နဲ႔ ထိုင္ရင္း၊ ေတြးရင္း ၊ ေဆြးၾကည့္ဦးေနာ္။ တစ္ခုမေကာင္းတာလည္း ရွိေသးတယ္။ အဲ့နားက ကားရႈပ္ေတာ့ ကားရပ္ရခက္လို႔ စိတ္ပါရႈပ္ရတာတစ္ခုုပဲ။ ညေနေလးေတြလည္း ထိုင္လို႔ေကာင္းတယ္။

Credit to Cafe BUMAR Facebook Page

လိပ္စာေလးက Unit ၁၀၇ ၊ အမွတ္ ၅၃ ၊ ကမ္းနားလမ္း၊ Strand Square မွာပါတဲ့။ မနက္ ၈ နာရီကေန ည ၆ နာရီထိဖြင့္ပါတယ္။ စေနဆိုရင္ေတာ့ ေန႔ခင္းတစ္နာရီထိပဲဖြင့္ၿပီး တနဂၤေႏြတစ္ရက္ပိတ္ပါတယ္တဲ့။

FoodieEi

[Unicode]

ကော်ဖီချစ်သူတိုင်းစွဲလမ်းရတဲ့ ရွက်ပုန်းသီးကော်ဖီဆိုင်လေး “Cafe BURMA”

အရင်တစ်ပတ်က မိုးရာသီအတွက် အကောင်းဆုံးကော်ဖီဆိုင်လေးတွေကို List လုပ်ပေးပြီးပြီဆိုတော့ကာ ဒီတစ်ခါတော့ အခရာက အလိုက်တသိပဲ မိုးစက်တွေနဲ့အလိုက်ဆုံး ဗမာ့နှပ်ကော်ဖီမွှေးမွှေးလေးနဲ့ ရင်ထဲထိနွေးထွေးစေမယ့် ရွက်ပုန်းသီးကော်ဖီဆိုင်သေးသေးလေးအကြောင်း ပြောပြပေးပါမယ်နော်။

Cafe BURMA ဆိုတာက ကမ်းနားလမ်းနဲ့ ဗိုလ်ဆွန်ပက်လမ်းထောင့်က Strand Square ရဲ့ အောက်ထပ်မှာ ဖွင့်ထားတဲ့ ဆိုင်သေးသေးပုစိလေးပေါ့။ သေးတာမှ ဆိုင်ထဲဆို ခုံတန်းလေး ၂တန်းလောက်နဲ့ အပြင်မှာ စားပွဲခုံလေး ၂ခုံလောက်စာပဲ ရှိတယ်။ ဒါတောင် အဲ့စားပွဲလေးတွေက မိုးရွာရင် မိုးပါစင်တာ။

အဲ့တော့ အဓိကဆို Take Away ကိုပဲ အားပေးရမယ်။ ဒါပေမယ့် သေးသလောက် ဆိုင်ရဲ့ပရိသတ်တွေက မိုးထဲလေထဲတောင်အားပေးကြတာတွေ့ရတယ်။ ဒီနေ့ Strand Square ဘက်ရောက်တော့ Review ကောင်းကောင်းရထားတဲ့ဒီဆိုင်လေးကို ဝင်စပ်စုရင်း ကိုယ့်လူတွေအတွက် ညွှန်ပေးလိုက်ပါတယ်ရှင့်။

ကိုယ်တို့တွေအားလုံး ပုရိသမှန်သမျှ စွဲလမ်းမှုတွေက ခပ်များများရယ်မလား? အဲ့ထဲမယ် ကော်ဖီကို စွဲလမ်းတဲ့သူကတော့ အချိုးအဆအများဆုံးဖြစ်မယ်ထင်တာပဲ။ ကော်ဖီထဲကတောင်မှ ကိုယ့် Taste နဲ့အကိုက်ဆုံးကော်ဖီဆို တခြားဆိုင်တွေဘယ်မှမဝင်ဖြစ်ပဲ နှစ်ကြာကြာဒီဆိုင်မှ ဒီဆိုင် စွဲလမ်းတဲ့ သူတွေလည်းများမှာပေါ့။ အဲ့လိုလူတွေစွဲစွဲလမ်းလမ်း ရွေးချယ်သောက်တဲ့ ကော်ဖီဆိုပြီး ဒီဆိုင်လေးက နာမည်ကြီးလေရဲ့။

Cappuccino ၊ Espresso ၊ Americano ၊ Mocha ၊ Latte အမျိုးစုံရတဲ့အပြင် Yoghurt ၊ Smoothie ၊ Soda ၊ Lemon Tea နဲ့ Fruit Juice တွေရတဲ့အပြင် မြန်မာစာလေးတွေဖြစ်တဲ့ ကော်ရည်ခေါက်ဆွဲ၊ ကြာဆံဆီချက်၊ ဆီထမင်း မြန်မာမုန့်လေးတွေလည်း ရသေးသတဲ့။ အိမ်လုပ် Cheese Sandwich လေးတွေနဲ့ Puff လေးတွေကတော့ တကယ်အရသာအိအိလေးနဲ့ ဆိမ့်နေအောင်စားကောင်းပါတယ်။ ၈၀၀ ၊၁၀၀၀ ဝန်းကျင်ဆိုတော့ တန်များနေမလား။

တစ်ခုသဘောကျရတာက အရည်အသွေးကိုပါ။ ကော်ဖီစေ့ကအစ ပြင်ဦးလွင်က ကော်ဖီစေ့ကို မွှေးနေအောင်နှပ်ထားတာမို့ ကော်ဖီကြိုက်တဲ့သူတွေ စွဲလမ်းစေမယ့် အရသာကောင်းကောင်းကို သောက်ရတာပါပဲ။ တစ်ခွက် ၁၅၀၀ ၊ ၂၀၀၀ ဝန်းကျင်ဆိုတော့ အိမ်နားသာဆို နေ့တိုင်းသွားထိုင်ဖြစ်မလားပဲ။

အစားအစာလေးတွေကလည်း သန့်သန့်ရှင်းရှင်းစားရတာမို့ စိတ်ချမ်းသာရပါတယ်။ ဆိုင်သေးသေးလေးပေမယ့် ဝန်ထမ်းများများနဲ့သဘောကောင်းတာတွေ့တော့လည်း ကျေနပ်မိတာပဲ။ ဒီလိုဆိုင်ကောင်းလေးတွေရှိနေတာ အရည်အသွေးကောင်းကောင်းစားခွင့်၊ သောက်ခွင့်ရတာမို့ စိတ်ချမ်းသာရပါတယ်။

ဈေးလည်း ၁၀၀၀ ဝန်းကျင် ၂၀၀၀ ကြားဆိုတော့ အရည်အသွေး နဲ့ တန်ဖိုုးပေးပျော်ပါတယ်။

နေသာမိုးအုံ့တဲ့ နေ့လေးများမှာတော့ ဆိုင်ရှေ့ကခုံလေးမှာ Espresso လေးတစ်ခွက်နဲ့ ထိုင်ရင်း၊ တွေးရင်း ၊ ဆွေးကြည့်ဦးနော်။ တစ်ခုမကောင်းတာလည်း ရှိသေးတယ်။ အဲ့နားက ကားရှုပ်တော့ ကားရပ်ရခက်လို့ စိတ်ပါရှုပ်ရတာတစ်ခုုပဲ။ ညနေလေးတွေလည်း ထိုင်လို့ကောင်းတယ်။

Credit to Cafe BUMAR Facebook Page

လိပ်စာလေးက Unit ၁၀၇ ၊ အမှတ် ၅၃ ၊ ကမ်းနားလမ်း၊ Strand Square မှာပါတဲ့။ မနက် ၈ နာရီကနေ ည ၆ နာရီထိဖွင့်ပါတယ်။ စနေဆိုရင်တော့ နေ့ခင်းတစ်နာရီထိပဲဖွင့်ပြီး တနင်္ဂနွေတစ်ရက်ပိတ်ပါတယ်တဲ့။

FoodieEi