[Zawgyi]

စီေရာ္နယ္လ္ဒို (C. Ronaldo) မအိုေသးဘူး

စီေရာ္နယ္လ္ဒို၊ ခ်န္ပီယံလိဂ္ဆုိ သြင္းဂိုးပိုးမႊားေတြ အသည္းအသန္ကိုက္ခဲတတ္သူမ်းလား။ PSG နဲ႔ပြဲမတုိင္မီ ဆိုစီဒက္နဲ႔ လာလီဂါပြဲမွာ ဟက္ထရစ္သြင္းၿပီး သူ႕ရဲ႕ ဂိုးဆာေလာင္စိတ္ကို စီေရာ္နယ္လ္ဒို (C. Ronaldo) ႏႈိးဆြခဲ့ပါတယ္။ အဲဒီဆာေလာင္စိတ္ဟာ PSG နဲ႔ပြဲအထိ အမွ်င္တန္းခဲ့တယ္။ စီေရာ္နယ္လ္ဒို (C. Ronaldo)က အေရးပါတဲ့ ေခ်ပဂိုးကို ပယ္နယ္တီကေန သြင္းယူလုိက္တယ္။ အျငင္းပြားဖြယ္ပယ္နယ္တီျဖစ္ခဲ့လုိ႔ စီေရာ္နယ္လ္ဒို (C. Ronaldo)အတြက္ ဂုဏ္ယူစရာသိပ္မေကာင္းဘူးပဲထားပါ၊ ရီးယဲလ္ရဲ႕ ေအာင္ပြဲကို စတင္ဖို႔အတြက္ စီေရာ္နယ္လ္ဒို (C. Ronaldo)က အႏုိင္ဂိုးသြင္းေပးလုိက္ျပန္တယ္။ ဒီဂိုးႏွစ္ဂိုးေၾကာင့္ စီေရာ္နယ္လ္ဒို (C. Ronaldo)ရဲ႕ ရီးယဲလ္ကစားသမားဘ၀ ခ်န္ပီယံလိဂ္သြင္းဂိုးဟာ (၁၀၁)ဂိုးရွိခဲ့ပါၿပီ။ ဒါဟာ ခ်န္ပီယံလိဂ္သမုိင္းတစ္ေလွ်ာက္ အသင္းတစ္သင္းတည္းနဲ႔အတူ ဂိုးရာျပည့္ခဲ့တဲ့ ပထမဆံုးကစားသမားအျဖစ္ စီေရာ္နယ္လ္ဒို (C. Ronaldo)ကို မွတ္တမ္း၀င္ေစတယ္။ ဒါတင္မကေသးဘူး။ ခ်န္ပီယံလိဂ္ (၇)ရာသီဆက္ (၁၀)ဂိုးနဲ႔အထက္သြင္းယူႏုိင္တဲ့ စံခ်ိန္ကိုလည္း စီေရာ္နယ္လ္ဒို (C. Ronaldo)ပိုင္ဆုိင္ခဲ့ျပန္တယ္။

ခ်န္ပီယံလိဂ္ေနာက္ဆံုး (၁၂)ပြဲမွာ စီေရာ္နယ္လ္ဒို (C. Ronaldo)က (၂၁)ဂိုးအထိ သြင္းယူထားတယ္။ သူ႕ရဲ႕ မဟာၿပိဳင္ဘက္မက္ဆီ(Messi)ကလြဲလို႔ စီေရာ္နယ္လ္ဒို (C. Ronaldo)ရဲ႕ အသင္းတစ္သင္းတည္းအတြက္ ခ်န္ပီယံလိဂ္ရာျပည့္ဂိုးေက်ာ္လြန္တဲ့ စံခ်ိန္ကို လိုက္မီႏုိင္မယ့္သူမရွိေတာ့ဘူး။ စီေရာ္နယ္လ္ဒို (C. Ronaldo)ရဲ႕ ရီးယဲလ္အသင္းကစားသမားဘ၀ ခ်န္ပီယံလိဂ္သြင္းဂိုးေတြကို ခဲြျခမ္းစိတ္ျဖာၾကည့္လုိက္ပါတယ္။

စီေရာ္နယ္လ္ဒို(C.Ronaldo)ရဲ႕ ရာသီအလိုက္ခ်န္ပီ

စီေရာ္နယ္လ္ဒို(C.Ronaldo)ရဲ႕ ရာသီအလိုက္ခ်န္ပီယံလိဂ္သြင္းဂိုးျပ ဂရပ္ဖ္

အသင္းတစ္သင္းတည္းအတြက္ ခ်န္ပီယံလိဂ္ဂိုးအမ်ားဆံုးသြင္းထားသူမ်ား

စီေရာ္နယ္လ္ဒို (C. Ronaldo) ၁၀၁ ဂိုး

မက္ဆီ (Messi) ၉၇ ဂိုး

ရာအူးလ္( Raul) ၆၆ဂိုး

သြင္းဂိုးအမ်ဳိးစားျပပံု

သြင္းဂိုးအမ်ဳိးစားျပပံု

စီေရာ္နယ္လ္ဒို (C. Ronaldo)ရဲ႕ ရီးယဲလ္ကစားသမားဘ၀ ရာသီအလုိက္သြင္းဂိုးမ်ား

၂၀၀၉-၁၀ (၇)ဂိုး၊ ၂၀၁၀-၁၁ (၆) ဂိုး၊ ၂၀၁၁-၁၂ (၁၁)ဂိုး၊ ၂၀၁၂-၁၃ (၁၂) ဂိုး၊ ၂၀၁၃-၁၄ (၁၇)ဂိုး၊

၂၀၁၄-၁၅ (၁၀)ဂိုး၊ ၂၀၁၅-၁၆ (၁၆) ဂိုး၊ ၂၀၁၆-၁၇ (၁၂)ဂိုး၊ ၂၀၁၇-၁၈ (၁၁)ဂိုး

စီေရာ္နယ္လ္ဒို (C. Ronaldo)ဟာ ခ်န္ပီယံလိဂ္သမုိင္းမွာ ဂိုးသြင္းဘုရင္ဆုကို (၆)ႀကိမ္ရထားၿပီး စံခ်ိန္တင္ထားပါတယ္။ ၿပီးေတာ့ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ တစ္ရာသီအတြင္း ဂိုးအမ်ားဆံုးသြင္းယူသူအျဖစ္ သြင္းဂိုး (၁၁)ဂိုးနဲ႔ စံခ်ိန္တင္ထားတယ္။ စီေရာ္နယ္လ္ဒို (C. Ronaldo) ဟာခ်န္ပီယံလိဂ္မွာ သူရင္ဆုိင္ခဲ့တဲ့အသင္းေတြရဲ႕ (၈၇)ရာခိုင္ႏႈန္းကို ဂိုးသြင္းခဲ့ဖူးပါတယ္။ စီေရာ္နယ္လ္ဒို (C. Ronaldo)ဟာ ဂိုးဧရိယာထဲက သြင္းဂိုးမုဆိုးပါပဲ။ ရီးယဲလ္အတြက္ သူသြင္းယူခဲ့တဲ့ ခ်န္ပီယံလိဂ္ (၁၀၁)ဂိုးမွာ ဂိုးဧရိယာထဲကေန သြင္းယူမႈ (၈၆)ႀကိမ္အထိရွိခဲ့ၿပီး ဂိုးဧရိယာျပင္ပသြင္းဂိုး (၁၅)ဂိုးသာရွိခဲ့ပါတယ္။ ေခါင္းတုိက္ဂိုး (၁၃)ဂိုး၊ ညာေျခကန္ခ်က္သြင္းဂိုး (၇၁)ဂိုးနဲ႔ ဘယ္ေျခကန္ခ်က္သြငး္ဂိုး (၁၇)ဂိုးဆိုၿပီး အႏုစိတ္ထပ္ခြဲၾကည့္လို႔ရပါတယ္။ စီေရာ္နယ္လ္ဒို (C. Ronaldo)ရဲ႕ ရီးယဲလ္ကစားသမားဘ၀ ခ်န္ပီယံလိဂ္သြင္းဂိုးမ်ားေနာက္ကြယ္မွာ ဖန္တီးေပးေနသူေတြအမ်ားႀကီးရွိခဲ့ပါတယ္။ ဒီထဲမွာမွ ဘန္ဇီမာ (Benzema) ကဂိုးဖန္တီးမႈ (၁၁)ႀကိမ္နဲ႔ အမ်ားဆံုးပါပဲ။. သူ႔ေနာက္မွာ ေဘးလ္ (Bale) (၇)ႀကိမ္၊ မာဆယ္လို (Marcelo) (၆)ႀကိမ္ဆိုၿပီးရွိေနပါတယ္။

တကယ္ဆုိ စီေရာ္နယ္လ္ဒို (C. Ronaldo)ဟာ ဒီရာသီမွာ ဂိုးေတြသြင္းႏုိင္ဖို႔ ရုန္းကန္ေနရ၊ လာလီဂါမွာစံခ်ိန္တင္ဂိုးေပါက္ေပ်ာက္ဆံုးမႈေတြကို ရင္ဆုိင္ခဲ့ရေပမယ့္ ခ်န္ပီယံလိဂ္မွာ အစြမ္းကုန္လင္းလက္ေနဆဲပဲ။ အသက္ (၃၀)ေက်ာ္အရြယ္ကစားသမားတစ္ဦးအတြက္ ေန၀င္ခ်ိန္နိမိတ္တခ်ဳိ႕ျပသေနေပမယ့္ စီေရာ္နယ္လ္ဒို (C. Ronaldo)က ခ်န္ပီယံလိဂ္မွာ စံခ်ိန္တင္ဂိုးေတြသြင္းျပရင္း မအိုေသးဘူးလို႔ ေၾကြးေၾကာ္ေနတယ္။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

 

[Unicode]

စီရော်နယ်လ်ဒို (C. Ronaldo) မအိုသေးဘူး

စီရော်နယ်လ်ဒို၊ ချန်ပီယံလိဂ်ဆို သွင်းဂိုးပိုးမွှားတွေ အသည်းအသန်ကိုက်ခဲတတ်သူမျးလား။ PSG နဲ့ပွဲမတိုင်မီ ဆိုစီဒက်နဲ့ လာလီဂါပွဲမှာ ဟက်ထရစ်သွင်းပြီး သူ့ရဲ့ ဂိုးဆာလောင်စိတ်ကို စီရော်နယ်လ်ဒို (C. Ronaldo) နှိုးဆွခဲ့ပါတယ်။ အဲဒီဆာလောင်စိတ်ဟာ PSG နဲ့ပွဲအထိ အမျှင်တန်းခဲ့တယ်။ စီရော်နယ်လ်ဒို (C. Ronaldo)က အရေးပါတဲ့ ချေပဂိုးကို ပယ်နယ်တီကနေ သွင်းယူလိုက်တယ်။ အငြင်းပွားဖွယ်ပယ်နယ်တီဖြစ်ခဲ့လို့ စီရော်နယ်လ်ဒို (C. Ronaldo)အတွက် ဂုဏ်ယူစရာသိပ်မကောင်းဘူးပဲထားပါ၊ ရီးယဲလ်ရဲ့ အောင်ပွဲကို စတင်ဖို့အတွက် စီရော်နယ်လ်ဒို (C. Ronaldo)က အနိုင်ဂိုးသွင်းပေးလိုက်ပြန်တယ်။ ဒီဂိုးနှစ်ဂိုးကြောင့် စီရော်နယ်လ်ဒို (C. Ronaldo)ရဲ့ ရီးယဲလ်ကစားသမားဘ၀ ချန်ပီယံလိဂ်သွင်းဂိုးဟာ (၁၀၁)ဂိုးရှိခဲ့ပါပြီ။ ဒါဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အသင်းတစ်သင်းတည်းနဲ့အတူ ဂိုးရာပြည့်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် စီရော်နယ်လ်ဒို (C. Ronaldo)ကို မှတ်တမ်းဝင်စေတယ်။ ဒါတင်မကသေးဘူး။ ချန်ပီယံလိဂ် (၇)ရာသီဆက် (၁၀)ဂိုးနဲ့အထက်သွင်းယူနိုင်တဲ့ စံချိန်ကိုလည်း စီရော်နယ်လ်ဒို (C. Ronaldo)ပိုင်ဆိုင်ခဲ့ပြန်တယ်။

ချန်ပီယံလိဂ်နောက်ဆုံး (၁၂)ပွဲမှာ စီရော်နယ်လ်ဒို (C. Ronaldo)က (၂၁)ဂိုးအထိ သွင်းယူထားတယ်။ သူ့ရဲ့ မဟာပြိုင်ဘက်မက်ဆီ(Messi)ကလွဲလို့ စီရော်နယ်လ်ဒို (C. Ronaldo)ရဲ့ အသင်းတစ်သင်းတည်းအတွက် ချန်ပီယံလိဂ်ရာပြည့်ဂိုးကျော်လွန်တဲ့ စံချိန်ကို လိုက်မီနိုင်မယ့်သူမရှိတော့ဘူး။ စီရော်နယ်လ်ဒို (C. Ronaldo)ရဲ့ ရီးယဲလ်အသင်းကစားသမားဘ၀ ချန်ပီယံလိဂ်သွင်းဂိုးတွေကို ခွဲခြမ်းစိတ်ဖြာကြည့်လိုက်ပါတယ်။

စီရော်နယ်လ်ဒို(C.Ronaldo)ရဲ့ ရာသီအလိုက်ချန်ပီ

စီရော်နယ်လ်ဒို(C.Ronaldo)ရဲ့ ရာသီအလိုက်ချန်ပီယံလိဂ်သွင်းဂိုးပြ ဂရပ်ဖ်

အသင်းတစ်သင်းတည်းအတွက် ချန်ပီယံလိဂ်ဂိုးအများဆုံးသွင်းထားသူများ

စီရော်နယ်လ်ဒို (C. Ronaldo) ၁၀၁ ဂိုး

မက်ဆီ (Messi) ၉၇ ဂိုး

ရာအူးလ်( Raul) ၆၆ဂိုး

သွင်းဂိုးအမျိုးစားပြပုံ

သွင်းဂိုးအမျိုးစားပြပုံ

စီရော်နယ်လ်ဒို (C. Ronaldo)ရဲ့ ရီးယဲလ်ကစားသမားဘ၀ ရာသီအလိုက်သွင်းဂိုးများ

၂၀၀၉-၁၀ (၇)ဂိုး၊ ၂၀၁၀-၁၁ (၆) ဂိုး၊ ၂၀၁၁-၁၂ (၁၁)ဂိုး၊ ၂၀၁၂-၁၃ (၁၂) ဂိုး၊ ၂၀၁၃-၁၄ (၁၇)ဂိုး၊

၂၀၁၄-၁၅ (၁၀)ဂိုး၊ ၂၀၁၅-၁၆ (၁၆) ဂိုး၊ ၂၀၁၆-၁၇ (၁၂)ဂိုး၊ ၂၀၁၇-၁၈ (၁၁)ဂိုး

စီရော်နယ်လ်ဒို (C. Ronaldo)ဟာ ချန်ပီယံလိဂ်သမိုင်းမှာ ဂိုးသွင်းဘုရင်ဆုကို (၆)ကြိမ်ရထားပြီး စံချိန်တင်ထားပါတယ်။ ပြီးတော့ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းယူသူအဖြစ် သွင်းဂိုး (၁၁)ဂိုးနဲ့ စံချိန်တင်ထားတယ်။ စီရော်နယ်လ်ဒို (C. Ronaldo) ဟာချန်ပီယံလိဂ်မှာ သူရင်ဆိုင်ခဲ့တဲ့အသင်းတွေရဲ့ (၈၇)ရာခိုင်နှုန်းကို ဂိုးသွင်းခဲ့ဖူးပါတယ်။ စီရော်နယ်လ်ဒို (C. Ronaldo)ဟာ ဂိုးဧရိယာထဲက သွင်းဂိုးမုဆိုးပါပဲ။ ရီးယဲလ်အတွက် သူသွင်းယူခဲ့တဲ့ ချန်ပီယံလိဂ် (၁၀၁)ဂိုးမှာ ဂိုးဧရိယာထဲကနေ သွင်းယူမှု (၈၆)ကြိမ်အထိရှိခဲ့ပြီး ဂိုးဧရိယာပြင်ပသွင်းဂိုး (၁၅)ဂိုးသာရှိခဲ့ပါတယ်။ ခေါင်းတိုက်ဂိုး (၁၃)ဂိုး၊ ညာခြေကန်ချက်သွင်းဂိုး (၇၁)ဂိုးနဲ့ ဘယ်ခြေကန်ချက်သွင်းဂိုး (၁၇)ဂိုးဆိုပြီး အနုစိတ်ထပ်ခွဲကြည့်လို့ရပါတယ်။ စီရော်နယ်လ်ဒို (C. Ronaldo)ရဲ့ ရီးယဲလ်ကစားသမားဘ၀ ချန်ပီယံလိဂ်သွင်းဂိုးများနောက်ကွယ်မှာ ဖန်တီးပေးနေသူတွေအများကြီးရှိခဲ့ပါတယ်။ ဒီထဲမှာမှ ဘန်ဇီမာ (Benzema) ကဂိုးဖန်တီးမှု (၁၁)ကြိမ်နဲ့ အများဆုံးပါပဲ။. သူ့နောက်မှာ ဘေးလ် (Bale) (၇)ကြိမ်၊ မာဆယ်လို (Marcelo) (၆)ကြိမ်ဆိုပြီးရှိနေပါတယ်။

တကယ်ဆို စီရော်နယ်လ်ဒို (C. Ronaldo)ဟာ ဒီရာသီမှာ ဂိုးတွေသွင်းနိုင်ဖို့ ရုန်းကန်နေရ၊ လာလီဂါမှာစံချိန်တင်ဂိုးပေါက်ပျောက်ဆုံးမှုတွေကို ရင်ဆိုင်ခဲ့ရပေမယ့် ချန်ပီယံလိဂ်မှာ အစွမ်းကုန်လင်းလက်နေဆဲပဲ။ အသက် (၃၀)ကျော်အရွယ်ကစားသမားတစ်ဦးအတွက် နေဝင်ချိန်နိမိတ်တချို့ပြသနေပေမယ့် စီရော်နယ်လ်ဒို (C. Ronaldo)က ချန်ပီယံလိဂ်မှာ စံချိန်တင်ဂိုးတွေသွင်းပြရင်း မအိုသေးဘူးလို့ ကြွေးကြော်နေတယ်။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။