[Zawgyi]

Cristiano Ronaldo ရဲ႕ အသင္းေဟာင္းနဲ႔ေတြ႕တဲ့ပဲြတိုင္း မ႐ႈံးခဲ့တဲ့ မွတ္တမ္း က်ိဳးျပတ္သြားၿပီ

စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ဆုိတာက အသင္းေဟာင္းနဲ႔ ျပန္ဆုံတဲ့အခါတိုင္း ေခါင္းေမာ့ရင္ေကာ့ၿပီး လက္မေထာင္ႏုိင္ခဲ့တာခ်ည္းပဲ။ ဒါေပမ့ဲ ဒီတစ္ႀကိမ္မွာေတာ့ သူ ေအာင္ျမင္မႈမွတ္တုိင္ေတြ စိုက္ထူခဲ့ဖူးတဲ့ Red Devil တို႔ရဲ႕ အလဲထုိးတာကုိ ခံခဲ့ရၿပီ။ ပုိဆုိးတာက ကုိယ့္ပရိသတ္ေရွ႕မွာ မန္ယူကုိ ႐ႈံးနိမ့္ခဲ့တာပါပဲ။ စီေရာ္နယ္လ္ဒုိကလည္း ကံထူးတယ္လုိ႔ ေျပာရမလား။ သူ ကစားခဲ့တဲ့အသင္းတိုင္းကုိ ၿပိဳင္ဘက္အျဖစ္ အၿမဲ ဆုံေတြ႕ခဲ့တယ္။

C-Ronaldo-Celebration

C-Ronaldo-Celebration

မန္ယူနဲ႔ပဲြမတုိင္ခင္ ခ်န္ပီယံလိဂ္မွာ စီေရာ္နယ္လ္ဒုိ ဂုိးေပါက္ေပ်ာက္ေနတာ ၾကာေနပါၿပီ။ ၿပီးခဲ့တဲ့ရာသီ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ကြာတားဖုိင္နယ္ ဒုတိယအေက်ာ႔မွာ ဂုိးသြင္းၿပီးကတည္းက (၅)ပဲြဆက္ ဂုိးမသြင္းႏုိင္ခဲ့ဘဲ အခု မန္ယူနဲ႔ဒုတိယအေက်ာ႔ပဲြမွ ဂုိးေပါက္ျပန္ေတြ႕ခဲ့တာျဖစ္ပါတယ္။

Manchester-United-Players

Manchester-United-Players

ဒါေပမဲ့ စီေရာ္နယ္လ္ဒုိရဲ႕ ေပ်ာ္ရႊင္မႈက ခဏတာပါပဲ။ မန္ယူအသင္းက ပဲြၿပီးခါနီး သြင္းဂုိးေတြနဲ႔ ဂ်ဴဗင္တပ္စ္အသငး္ကုိ အႏုိင္ျပန္ယူခဲ့တယ္။ ဒီပဲြမတိုင္ခင္ စီေရာ္နယ္လ္ဒုိနဲ႔ သူ႔အသင္းေဟာင္း ဆုံေတြ႕ခဲ့တဲ့ မွတ္တမး္ကုိ ျပန္ၾကည့္ခ်င္ပါတယ္။ စီေရာ္နယ္လ္ဒုိဟာ မန္ယူကစားသမားဘ၀မွာ သူ ကစားသမားဘ၀ စတင္ရာ အသငး္ေဟာင္း စပုိ႔တင္းလစၥဘြန္းနဲ႔ ၂၀၀၇-၀၈ ရာသီ အုပ္စုအဆင့္တုန္းက ျပန္ေတြ႕ခဲ့ၿပီး မန္ယူက အိမ္ကြင္း (၂-၁)ဂုိး၊ အေ၀းကြင္း (၁-၀)ဂုိးနဲ႔ အႏုိင္ရခဲ့သလုိ ႏွစ္ပဲြစလုံး စီေရာ္နယ္လ္ဒုိ ဂုိးသြင္းခဲ့တယ္။

C-Ronaldo-Against-Sporting-Lisbon

C-Ronaldo-Against-Sporting-Lisbon

ရီးယဲလ္ ကစားသမားဘ၀မွာလည္း ၂၀၁၆-၁၇ ရာသီတုန္းက စပုိ႔တင္းလစၥဘြန္းနဲ႔ အုပ္စုအဆင့္မွာပဲ ထပ္ေတြ႕ခဲ့ၿပီး ရီးယဲလ္အသငး္က ႏွစ္ေက်ာ႔စလုံး (၂-၁)ဂုိးနဲ႔အႏုိင္ယူခဲ့တဲ့အျပင္ ဒုတိယအေက်ာ႔မွာ စီေရာ္နယ္လ္ဒုိ ဂုိးသြင္းခဲ့ပါေသးတယ္။

Cristiano-Ronald-Goal-against-Manchester-United

Cristiano-Ronald-Goal-against-Manchester-United

ဒါတင္မကေသးပါဘူး။ စီေရာ္နယ္လ္ဒုိဟာ ရီးယဲလ္ကစားသမားဘ၀မွာ မန္ယူနဲ႔ ဆုံေတြ႕ခဲ့တုန္းကလည္း ဒုကၡေပးခဲ့ပါေသးတယ္။ ၂၀၁၃ ခ်န္ပီယံလိဂ္ ႐ႈံးထြက္(၁၆)သင္းအဆင့္မွာ မန္ယူန႔ဲ ျပန္ေတြ႕ခဲ့ၿပီး ပထမအေက်ာ႔ (၁-၁)ဂုိး၊ ဒုတိယအေက်ာ႔ (၂-၁)ဂုိးေတြနဲ႔ အနုိင္ရခဲ့သလုိ စီေရာ္နယ္လ္ဒုိဟာ ႏွစ္ေက်ာ႔စလုံး ဂုိးသြင္းခဲ့တယ္။

Cristiano-Ronaldo-

Cristiano-Ronaldo-

စီေရာ္နယ္လ္ဒုိနဲ႔ အသင္းေဟာင္းေတြ ျပန္ေတြ႕တဲ့ ေရစက္က ဂ်ဴဗင္တပ္စ္ ကစားသမားဘ၀အထိ ပါခဲ့ျပန္တယ္။ ပထမအေက်ာ႔ အုိးလ္ထရက္ဖုိ႔ဒ္မွာ ႏုိင္ပဲြ ရခဲ့ေပမယ့္ ဒုတိယအေက်ာ႔မွာ ႐ႈံးနိမ့္ခဲ့လုိ႔ စီေရာ္နယ္လ္ဒုိရဲ႕ အသင္းေဟာင္းေတြနဲ႔ေတြ႕တိုင္း အႏုိင္ရတဲ့မွတ္တမ္း က်ိဳးျပတ္ခဲ့တယ္။ အဲဒီမွတ္တမ္းအျပင္ အသင္းေဟာင္းကုိ စီေရာ္နယ္လ္ဒုိ ဂုိးသြင္းတဲ့ပဲြတိုင္း မ႐ႈံးခဲ့တဲ့ မွတ္တမ္းပါ ႐ုိက္ခ်ိဳးခံခဲ့ရပါတယ္။ စီေရာ္နယ္လ္ဒုိက အခု ႐ႈံးပဲြကုိ သိပ္လက္မခံခ်င္တဲ့ပုံပါပဲ။ ပဲြအၿပီးမွာ မန္ယူအသင္းဟာ ႏုိင္ပဲြနဲ႔ မထုိက္တန္ပါဘူးလုိ႔ မခံခ်ိမခံသာနဲ႔ ေျပာခဲ့တယ္။ ဘာပဲျဖစ္ျဖစ္ပါ အသင္းေဟာင္းေတြနဲ႔ပဲြတိုင္း လက္မေထာင္ႏုိင္ခဲ့တဲ့ စီေရာ္နယ္လ္ဒုိ ဒီတစ္ခါေတာ့ ဦးက်ိဳးသြားၿပီျဖစ္ေပမယ့္ ဒီအသင္းက သူ႔ကုိ လူတစ္လုံးသူတစ္လုံးျဖစ္ေအာင္ ေျမေတာင္ေျမႇာက္ေပးခဲ့တဲ့ အသင္းျဖစ္ေနလုိ႔ ေက်ေက်နပ္နပ္နဲ႔ လက္ခံရမွာပါပဲ . . .

Manchester-United-defeated-Juventus

Manchester-United-defeated-Juventus

အသင္းေဟာင္းနဲ႔ စီေရာ္နယ္လ္ဒုိ ျပန္ဆုံေတြ႕ခဲ့တဲ့ ပဲြမ်ား
19 Sep 2007 Sporting Lisboa v Manchester United W 0-1
27 Nov 2007 Manchester United v Sporting Lisboa W 2-1

2016/2017 Sporting CP – Real Madrid 1:2
2016/2017 Real Madrid – Sporting CP 2:1

13 Feb 2013 Real Madrid v Manchester United D 1-1
05 Mar 2013 Manchester United v Real Madrid L 1-2

23 Oct 2018 Manchester United v Juventus L 0-1

Photo:Whazupnaija,Fox Sports,Gulf News,footballgalaxy.Sports Illustrated,São Mateus News
Naing Linn(Akhayar)
www.akhayar.com

[Unicod]

Cristiano Ronaldo ရဲ့ အသင်းဟောင်းနဲ့တွေ့တဲ့ပွဲတိုင်း မရှုံးခဲ့တဲ့ မှတ်တမ်း ကျိုးပြတ်သွားပြီ

စီရော်နယ်လ်ဒို Cristiano Ronaldo ဆိုတာက အသင်းဟောင်းနဲ့ ပြန်ဆုံတဲ့အခါတိုင်း ခေါင်းမော့ရင်ကော့ပြီး လက်မထောင်နိုင်ခဲ့တာချည်းပဲ။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူ အောင်မြင်မှုမှတ်တိုင်တွေ စိုက်ထူခဲ့ဖူးတဲ့ Red Devil တို့ရဲ့ အလဲထိုးတာကို ခံခဲ့ရပြီ။ ပိုဆိုးတာက ကိုယ့်ပရိသတ်ရှေ့မှာ မန်ယူကို ရှုံးနိမ့်ခဲ့တာပါပဲ။ စီရော်နယ်လ်ဒိုကလည်း ကံထူးတယ်လို့ ပြောရမလား။ သူ ကစားခဲ့တဲ့အသင်းတိုင်းကို ပြိုင်ဘက်အဖြစ် အမြဲ ဆုံတွေ့ခဲ့တယ်။

C-Ronaldo-Celebration

C-Ronaldo-Celebration

မန်ယူနဲ့ပွဲမတိုင်ခင် ချန်ပီယံလိဂ်မှာ စီရော်နယ်လ်ဒို ဂိုးပေါက်ပျောက်နေတာ ကြာနေပါပြီ။ ပြီးခဲ့တဲ့ရာသီ ဂျူဗင်တပ်စ်အသင်းနဲ့ ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ ဂိုးသွင်းပြီးကတည်းက (၅)ပွဲဆက် ဂိုးမသွင်းနိုင်ခဲ့ဘဲ အခု မန်ယူနဲ့ဒုတိယအကျော့ပွဲမှ ဂိုးပေါက်ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။

Manchester-United-Players

Manchester-United-Players

ဒါပေမဲ့ စီရော်နယ်လ်ဒိုရဲ့ ပျော်ရွှင်မှုက ခဏတာပါပဲ။ မန်ယူအသင်းက ပွဲပြီးခါနီး သွင်းဂိုးတွေနဲ့ ဂျူဗင်တပ်စ်အသင်းကို အနိုင်ပြန်ယူခဲ့တယ်။ ဒီပွဲမတိုင်ခင် စီရော်နယ်လ်ဒိုနဲ့ သူ့အသင်းဟောင်း ဆုံတွေ့ခဲ့တဲ့ မှတ်တမ်းကို ပြန်ကြည့်ချင်ပါတယ်။ စီရော်နယ်လ်ဒိုဟာ မန်ယူကစားသမားဘဝမှာ သူ ကစားသမားဘ၀ စတင်ရာ အသင်းဟောင်း စပို့တင်းလစ္စဘွန်းနဲ့ ၂၀၀၇-၀၈ ရာသီ အုပ်စုအဆင့်တုန်းက ပြန်တွေ့ခဲ့ပြီး မန်ယူက အိမ်ကွင်း (၂-၁)ဂိုး၊ အဝေးကွင်း (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့သလို နှစ်ပွဲစလုံး စီရော်နယ်လ်ဒို ဂိုးသွင်းခဲ့တယ်။

C-Ronaldo-Against-Sporting-Lisbon

C-Ronaldo-Against-Sporting-Lisbon

ရီးယဲလ် ကစားသမားဘဝမှာလည်း ၂၀၁၆-၁၇ ရာသီတုန်းက စပို့တင်းလစ္စဘွန်းနဲ့ အုပ်စုအဆင့်မှာပဲ ထပ်တွေ့ခဲ့ပြီး ရီးယဲလ်အသင်းက နှစ်ကျော့စလုံး (၂-၁)ဂိုးနဲ့အနိုင်ယူခဲ့တဲ့အပြင် ဒုတိယအကျော့မှာ စီရော်နယ်လ်ဒို ဂိုးသွင်းခဲ့ပါသေးတယ်။

Cristiano-Ronald-Goal-against-Manchester-United

Cristiano-Ronald-Goal-against-Manchester-United

ဒါတင်မကသေးပါဘူး။ စီရော်နယ်လ်ဒိုဟာ ရီးယဲလ်ကစားသမားဘဝမှာ မန်ယူနဲ့ ဆုံတွေ့ခဲ့တုန်းကလည်း ဒုက္ခပေးခဲ့ပါသေးတယ်။ ၂၀၁၃ ချန်ပီယံလိဂ် ရှုံးထွက်(၁၆)သင်းအဆင့်မှာ မန်ယူနဲ့ ပြန်တွေ့ခဲ့ပြီး ပထမအကျော့ (၁-၁)ဂိုး၊ ဒုတိယအကျော့ (၂-၁)ဂိုးတွေနဲ့ အနိုင်ရခဲ့သလို စီရော်နယ်လ်ဒိုဟာ နှစ်ကျော့စလုံး ဂိုးသွင်းခဲ့တယ်။

Cristiano-Ronaldo-

Cristiano-Ronaldo-

စီရော်နယ်လ်ဒိုနဲ့ အသင်းဟောင်းတွေ ပြန်တွေ့တဲ့ ရေစက်က ဂျူဗင်တပ်စ် ကစားသမားဘဝအထိ ပါခဲ့ပြန်တယ်။ ပထမအကျော့ အိုးလ်ထရက်ဖို့ဒ်မှာ နိုင်ပွဲ ရခဲ့ပေမယ့် ဒုတိယအကျော့မှာ ရှုံးနိမ့်ခဲ့လို့ စီရော်နယ်လ်ဒိုရဲ့ အသင်းဟောင်းတွေနဲ့တွေ့တိုင်း အနိုင်ရတဲ့မှတ်တမ်း ကျိုးပြတ်ခဲ့တယ်။ အဲဒီမှတ်တမ်းအပြင် အသင်းဟောင်းကို စီရော်နယ်လ်ဒို ဂိုးသွင်းတဲ့ပွဲတိုင်း မရှုံးခဲ့တဲ့ မှတ်တမ်းပါ ရိုက်ချိုးခံခဲ့ရပါတယ်။ စီရော်နယ်လ်ဒိုက အခု ရှုံးပွဲကို သိပ်လက်မခံချင်တဲ့ပုံပါပဲ။ ပွဲအပြီးမှာ မန်ယူအသင်းဟာ နိုင်ပွဲနဲ့ မထိုက်တန်ပါဘူးလို့ မခံချိမခံသာနဲ့ ပြောခဲ့တယ်။ ဘာပဲဖြစ်ဖြစ်ပါ အသင်းဟောင်းတွေနဲ့ပွဲတိုင်း လက်မထောင်နိုင်ခဲ့တဲ့ စီရော်နယ်လ်ဒို ဒီတစ်ခါတော့ ဦးကျိုးသွားပြီဖြစ်ပေမယ့် ဒီအသင်းက သူ့ကို လူတစ်လုံးသူတစ်လုံးဖြစ်အောင် မြေတောင်မြှောက်ပေးခဲ့တဲ့ အသင်းဖြစ်နေလို့ ကျေကျေနပ်နပ်နဲ့ လက်ခံရမှာပါပဲ . . .

Manchester-United-defeated-Juventus

Manchester-United-defeated-Juventus

အသင်းဟောင်းနဲ့ စီရော်နယ်လ်ဒို ပြန်ဆုံတွေ့ခဲ့တဲ့ ပွဲများ
19 Sep 2007 Sporting Lisboa v Manchester United W 0-1
27 Nov 2007 Manchester United v Sporting Lisboa W 2-1

2016/2017 Sporting CP – Real Madrid 1:2
2016/2017 Real Madrid – Sporting CP 2:1

13 Feb 2013 Real Madrid v Manchester United D 1-1
05 Mar 2013 Manchester United v Real Madrid L 1-2

23 Oct 2018 Manchester United v Juventus L 0-1

Photo:Whazupnaija,Fox Sports,Gulf News,footballgalaxy.Sports Illustrated,São Mateus News
Naing Linn(Akhayar)
www.akhayar.com