[[Zawgyi]

ျပင္သစ္Bar Feeling မ်ိဳးနဲ႔ မင္းသားလြင္မိုးရဲ႕ ေခတ္ေဟာင္းဆန္ဆန္ အထာက်တဲ့Barေလး

ပိတ္ရက္ေလးေတြဆိုတာ ရန္ကုန္ၿမိဳ႕ထဲမွာေနၿပီး လူငယ္ေတြ ဝိုင္းဖြဲ႕လို႔ရမယ့္၊ လူႀကီးေတြ ဆံုစည္းလို႔ေကာင္းမယ့္ ေနရာလွလွ Bar ေကာင္းေကာင္းေလးေတြရယ္၊ အစားအစာေကာင္းေလးေတြရယ္၊ ေသာက္စရာအစံုအလင္သာရွိရင္ ၿပီးျပည့္စံုတဲ့ ညခင္းေလးပဲ မဟုတ္လား ကိုယ့္လူတို႔။

ဒါေပမယ့္ ဆူဆူညံညံပြက္ေလာ႐ိုက္ေနတဲ့ Bar ေတြထက္စာရင္၊ ၿမိဳ႕ျပကေန ခနလြတ္ေျမာက္သြားသလို ႏိုင္ငံျခားေရာက္သြားသလို Feeling မ်ိဳးရမယ့္ Bar ေလးေတြဆိုရင္ေတာ့ အတိုင္းထက္အလြန္ေပါ့ေနာ႔။ ဒီလိုေအးေဆးၿငိမ့္ၾကမယ့္ ေဘာ္ဒါေဘာ္ဂြ်တ္ေတြအတြက္ေတာ့ ျပင္သစ္ေရာက္ေနသလို Vintage ဆန္တဲ့ မင္းသားႀကီးလြင္မိုးရဲ႕ Byblos Pub & Grill ဆိုတဲ့ဆိုင္ေလး ဘယ္ေလာက္မိုက္လဲဆိုတာ ေျပာျပရဦးမယ္။

မိုးအံု႔တဲ့ညေနခင္းေတြဆို အေပါင္းအေဖာ္ေတြနဲ႔ မျမဴးဘဲ ေအးေဆးစကားေတြပြားရင္း အနားေပးဖို႔ဆို အမွတ္ ၂၀ ပုလဲလမ္း၊ ေရႊေတာင္ၾကားရပ္ကြက္ထဲက Real Fitness Center ေဘးမွာ တကယ့္ Vintage ဆန္ဆန္ဖြင့္ထားတဲ့ Bar ေလးရွိေလရဲ႕။

အျပင္အဆင္

တစ္ဆိုင္လံုးကို လႊမ္းမိုးထားတာက ေရွးေခတ္ျမန္မာ့ဓါတ္ပံုေတြရယ္၊ ႏိုင္ငံတကာက ေခတ္ေဟာင္းပံုေလးေတြရယ္၊ အခန္းေထာင့္က ဆိုင္ကယ္ႀကီးတစ္စင္းရယ္၊ ဘိလိယက္ထိုးလို႔ရတဲ့ခံုႀကီးရယ္၊ အိမ္သာသြားတဲ့ကြ်န္းတံခါးႀကီးရယ္၊ အရင္ေခတ္က ဆြမ္းခ်ိဳင့္ႀကီးေတြက တကယ့္ဆိုင္ရဲ႕ အသက္ပါပဲ။

ဆိုင္ေလးက အခန္းအကန္႔ေတြ ၂ကန္႔ေလာက္ရယ္ အလယ္က Bar နဲ႔ ဘိလိယက္ကစားရင္း ေဘာပြဲၾကည့္လို႔ရမယ့္ အခန္းနဲ႔ ဒီေလာက္ပါပဲ။ က်ဥ္းတာကေတာ့ က်ဥ္းက်ဥ္းေလးရယ္ပါ။ ဒါေပမယ့္ စိတ္မက်ဥ္းက်ပ္ဘူး။ ထိုင္လို႔ေကာင္းတယ္။

အစားအစာ

အစားအစာေတြကေတာ့ Europeanအစားအစာေတြဆိုေတာ့ ျမန္မာအႀကိဳက္နဲ႔ ကိုက္ပါ့မလားေတြးမိတာ တက္တက္စင္လြဲတာပါပဲ။ အစားအေသာက္ Menu အဆန္းေတြခ်ည္းပဲ။

ဒီဆိုင္မွာ လူေျပာမ်ားၾကတဲ့ Hummus Pita နဲ႔ Chicken and Herbs Kofta ၂ မ်ိဳးကို စမ္းမွာလိုက္တဲ့အခါ…

Hummas Pita ဆိုတဲ့ နံျပားဆန္ဆန္အခ်ပ္ေလးေတြကို သံလြင္ဆီနဲ႔ Herbs ေတြဆမ္းထားတဲ့ ပဲအႏွစ္ေလးတြဲၿပီး တို႔စားရတဲ့ အရသာကေတာ့ ဆန္းေနေပမယ့္ တကယ့္တကယ္ လွ်ာထဲစြဲစြဲၿမဲၿမဲ ျပန္စားခ်င္ေလာက္ေအာင္ မျဖစ္မိပါဘူး။ ၄၀၀၀ က်ပ္ပါတဲ့။

႐ူး႐ူးမူးမူးေႂကြမိတာကေတာ့ ၾကက္သားမႀကိဳက္တဲ့သူကိုေတာင္ ထပ္ခါထပ္ခါစားခ်င္မိေအာင္ ဆြဲေဆာင္လြန္းတဲ့ Chicken and Herbs Kofta ပါပဲ။

ၾကက္သားကို Herbs ေလးေတြနဲ႔ Sausage ပံုစံ ႀကိတ္ထားတဲ့အရသာက တကယ့္တကယ္ ထင္ထားတာထက္ေကာင္းေနေတာ့ ဒီအစားအစာမွာလိုက္မိတာ မွန္တယ္လို႔ ေတြးေတာင္ေတြးမိပါတယ္။ ၂ေခ်ာင္း အကိတ္ႀကီးပါပါတယ္။ တြဲစားရတဲ႔ Sauce က အစ အႏွစ္ပါပဲ။ ၆၀၀၀ ပါတဲ့။

Bar ဆိုေတာ့ Drinks ေတြအစံုပါပဲ။ Cocktails ၊ Whisky ၊ Wine နဲ႔ တျခားေသာက္စရာေတြကေတာ့ Menu Card ႀကီးအျပည့္ပါပဲ။

Alcohol မႀကိဳက္တဲ့ အခရာရဲ႕ အစားတလိုင္းကေတာ့ GrapeFruit Juice ခ်ဥ္ခ်ဥ္ေလးကို ေႂကြခဲ့ပါေၾကာင္း။ ထပ္ေသာက္ခ်င္မိေအာင္ ႀကိဳက္ခဲ့တယ္။

ေစ်းႏႈန္းကေတာ့ Drinks ေတြအေနနဲ႔ ပံုမွန္လို႔ ေျပာလို႔ရေပမယ့္ အစားအစာအတြက္ေတာ့ ေစ်းက မဆိုစေလာက္ေလး မ်ားတယ္ထင္ရပါတယ္။ ဒါေပမယ့္ French and Italian Culture ယူထားတဲ့ Menu ဆန္းဆန္းေတြ ျမည္းစမ္းခ်င္ရင္ေတာ့ ထင္ထားတာထက္ ၿမန္မာအၾကိဳက္ ပိုအရသာေတြ႕တာေလးကို သေဘာက်မိပါတယ္။

၀န္ေဆာင္မႈ

အမွတ္ျပည့္ေပးခ်င္တာက ဝန္ေဆာင္မႈပါ။ ရင္းႏွီးတယ္လို႔ ခံစားရေစတယ္။ သိခ်င္တာ ေသခ်ာရွင္းျပတယ္။ ေႏြးေထြးလို႔ ခန ခန ထပ္လာခ်င္မိတဲ့ ခံစားခ်က္မ်ိဳးပါ။

ေန႔တိုင္းဖြင့္ပါတယ္တဲ့။ မနက္ ၁၁ ခြဲကေန ည ၁၁ နာရီထိ ဖြင့္ပါတယ္။ ဆိုင္ကေတာ့ ႏိုင္ငံျခားသားေတြ အလာမ်ားပါတယ္။ ဓါတ္ပံု႐ိုက္ဖို႔ေတာ့ ေမွာင္တဲ့အတြက္အဆင္မေျပပါဘူး။ ရန္ကုန္ၿမိဳ႕ထဲေနၿပီး တျခားႏိုင္ငံေရာက္သြားမယ့္ Feeling မ်ိဳးကိုေတာ့ ဒီ Byblos Pub & Grill မွာ အျပည့္အဝရေစမယ္လို႔ ယံုၾကည္ပါတယ္။

ကဲ…သြားေရာက္ ခံစားၾကည့္လိုက္ပါဦးလို႔။

FoodieEi (Akhayar)

[[Unicode]

ပြင်သစ်Bar Feeling မျိုးနဲ့ မင်းသားလွင်မိုးရဲ့ ခေတ်ဟောင်းဆန်ဆန် အထာကျတဲ့Barလေး

ပိတ်ရက်လေးတွေဆိုတာ ရန်ကုန်မြို့ထဲမှာနေပြီး လူငယ်တွေ ဝိုင်းဖွဲ့လို့ရမယ့်၊ လူကြီးတွေ ဆုံစည်းလို့ကောင်းမယ့် နေရာလှလှ Bar ကောင်းကောင်းလေးတွေရယ်၊ အစားအစာကောင်းလေးတွေရယ်၊ သောက်စရာအစုံအလင်သာရှိရင် ပြီးပြည့်စုံတဲ့ ညခင်းလေးပဲ မဟုတ်လား ကိုယ့်လူတို့။

ဒါပေမယ့် ဆူဆူညံညံပွက်လောရိုက်နေတဲ့ Bar တွေထက်စာရင်၊ မြို့ပြကနေ ခနလွတ်မြောက်သွားသလို နိုင်ငံခြားရောက်သွားသလို Feeling မျိုးရမယ့် Bar လေးတွေဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့နော့။ ဒီလိုအေးဆေးငြိမ့်ကြမယ့် ဘော်ဒါဘော်ဂျွတ်တွေအတွက်တော့ ပြင်သစ်ရောက်နေသလို Vintage ဆန်တဲ့ မင်းသားကြီးလွင်မိုးရဲ့ Byblos Pub & Grill ဆိုတဲ့ဆိုင်လေး ဘယ်လောက်မိုက်လဲဆိုတာ ပြောပြရဦးမယ်။

မိုးအုံ့တဲ့ညနေခင်းတွေဆို အပေါင်းအဖော်တွေနဲ့ မမြူးဘဲ အေးဆေးစကားတွေပွားရင်း အနားပေးဖို့ဆို အမှတ် ၂၀ ပုလဲလမ်း၊ ရွှေတောင်ကြားရပ်ကွက်ထဲက Real Fitness Center ဘေးမှာ တကယ့် Vintage ဆန်ဆန်ဖွင့်ထားတဲ့ Bar လေးရှိလေရဲ့။

အပြင်အဆင်

တစ်ဆိုင်လုံးကို လွှမ်းမိုးထားတာက ရှေးခေတ်မြန်မာ့ဓါတ်ပုံတွေရယ်၊ နိုင်ငံတကာက ခေတ်ဟောင်းပုံလေးတွေရယ်၊ အခန်းထောင့်က ဆိုင်ကယ်ကြီးတစ်စင်းရယ်၊ ဘိလိယက်ထိုးလို့ရတဲ့ခုံကြီးရယ်၊ အိမ်သာသွားတဲ့ကျွန်းတံခါးကြီးရယ်၊ အရင်ခေတ်က ဆွမ်းချိုင့်ကြီးတွေက တကယ့်ဆိုင်ရဲ့ အသက်ပါပဲ။

ဆိုင်လေးက အခန်းအကန့်တွေ ၂ကန့်လောက်ရယ် အလယ်က Bar နဲ့ ဘိလိယက်ကစားရင်း ဘောပွဲကြည့်လို့ရမယ့် အခန်းနဲ့ ဒီလောက်ပါပဲ။ ကျဉ်းတာကတော့ ကျဉ်းကျဉ်းလေးရယ်ပါ။ ဒါပေမယ့် စိတ်မကျဉ်းကျပ်ဘူး။ ထိုင်လို့ကောင်းတယ်။

အစားအစာ

အစားအစာတွေကတော့ Europeanအစားအစာတွေဆိုတော့ မြန်မာအကြိုက်နဲ့ ကိုက်ပါ့မလားတွေးမိတာ တက်တက်စင်လွဲတာပါပဲ။ အစားအသောက် Menu အဆန်းတွေချည်းပဲ။

ဒီဆိုင်မှာ လူပြောများကြတဲ့ Hummus Pita နဲ့ Chicken and Herbs Kofta ၂ မျိုးကို စမ်းမှာလိုက်တဲ့အခါ…

Hummas Pita ဆိုတဲ့ နံပြားဆန်ဆန်အချပ်လေးတွေကို သံလွင်ဆီနဲ့ Herbs တွေဆမ်းထားတဲ့ ပဲအနှစ်လေးတွဲပြီး တို့စားရတဲ့ အရသာကတော့ ဆန်းနေပေမယ့် တကယ့်တကယ် လျှာထဲစွဲစွဲမြဲမြဲ ပြန်စားချင်လောက်အောင် မဖြစ်မိပါဘူး။ ၄၀၀၀ ကျပ်ပါတဲ့။

ရူးရူးမူးမူးကြွေမိတာကတော့ ကြက်သားမကြိုက်တဲ့သူကိုတောင် ထပ်ခါထပ်ခါစားချင်မိအောင် ဆွဲဆောင်လွန်းတဲ့ Chicken and Herbs Kofta ပါပဲ။

ကြက်သားကို Herbs လေးတွေနဲ့ Sausage ပုံစံ ကြိတ်ထားတဲ့အရသာက တကယ့်တကယ် ထင်ထားတာထက်ကောင်းနေတော့ ဒီအစားအစာမှာလိုက်မိတာ မှန်တယ်လို့ တွေးတောင်တွေးမိပါတယ်။ ၂ချောင်း အကိတ်ကြီးပါပါတယ်။ တွဲစားရတဲ့ Sauce က အစ အနှစ်ပါပဲ။ ၆၀၀၀ ပါတဲ့။

Bar ဆိုတော့ Drinks တွေအစုံပါပဲ။ Cocktails ၊ Whisky ၊ Wine နဲ့ တခြားသောက်စရာတွေကတော့ Menu Card ကြီးအပြည့်ပါပဲ။

Alcohol မကြိုက်တဲ့ အခရာရဲ့ အစားတလိုင်းကတော့ GrapeFruit Juice ချဉ်ချဉ်လေးကို ကြွေခဲ့ပါကြောင်း။ ထပ်သောက်ချင်မိအောင် ကြိုက်ခဲ့တယ်။

စျေးနှုန်းကတော့ Drinks တွေအနေနဲ့ ပုံမှန်လို့ ပြောလို့ရပေမယ့် အစားအစာအတွက်တော့ စျေးက မဆိုစလောက်လေး များတယ်ထင်ရပါတယ်။ ဒါပေမယ့် French and Italian Culture ယူထားတဲ့ Menu ဆန်းဆန်းတွေ မြည်းစမ်းချင်ရင်တော့ ထင်ထားတာထက် မြန်မာအကြိုက် ပိုအရသာတွေ့တာလေးကို သဘောကျမိပါတယ်။

၀န်ဆောင်မှု

အမှတ်ပြည့်ပေးချင်တာက ဝန်ဆောင်မှုပါ။ ရင်းနှီးတယ်လို့ ခံစားရစေတယ်။ သိချင်တာ သေချာရှင်းပြတယ်။ နွေးထွေးလို့ ခန ခန ထပ်လာချင်မိတဲ့ ခံစားချက်မျိုးပါ။

နေ့တိုင်းဖွင့်ပါတယ်တဲ့။ မနက် ၁၁ ခွဲကနေ ည ၁၁ နာရီထိ ဖွင့်ပါတယ်။ ဆိုင်ကတော့ နိုင်ငံခြားသားတွေ အလာများပါတယ်။ ဓါတ်ပုံရိုက်ဖို့တော့ မှောင်တဲ့အတွက်အဆင်မပြေပါဘူး။ ရန်ကုန်မြို့ထဲနေပြီး တခြားနိုင်ငံရောက်သွားမယ့် Feeling မျိုးကိုတော့ ဒီ Byblos Pub & Grill မှာ အပြည့်အဝရစေမယ်လို့ ယုံကြည်ပါတယ်။

ကဲ…သွားရောက် ခံစားကြည့်လိုက်ပါဦးလို့။

FoodieEi (Akhayar)