[Zawgyi]

စဖြင့္ဖြင့္ခ်င္းကို ၅၀% Discount နဲ႔ အရသာရွိသေလာက္ ဂယက္႐ိုက္ခဲ့ရတဲ့ “ဘူးသီး”

ရန္ကုန္မွာ စားေသာက္ဆိုင္ေတြ မိႈလိုေပါက္လာတာနဲ႔အမွ် အရည္အေသြးျမင့္ ထမင္းဆိုင္ေတြကလည္း အလ်ိဳလ်ိဳေပၚလာတာ စားသံုးသူေတြအတြက္ေတာ့ အဆင္ေျပလာတာအမွန္ပါပဲ။

ထမင္းဆိုင္ေတြထဲမွာမွ အညာလက္ရာစစ္စစ္ေတာခ်က္ေလးကို စားခ်င္တဲ့သူေတြအတြက္ေတာ့ ခုလတ္တေလာမွဖြင့္လိုက္တဲ့ ဘိုကေလးေစ်းလမ္းထဲက “ဘူးသီး” ေတာဓေလ့ထမင္းဆိုင္ေလးက သြားေရာက္ျမည္းစမ္းခ်င္စရာ လူစိတ္ဝင္စားမႈအမ်ားဆံုးရေနတာမို႔ အခရာကလဲ အေျပးေလးသြားစားခဲ့သမွ်ကို ေဖာက္သည္ခ်ရရင္-

“ဘူးသီး” က ဘူေဖးစနစ္ဗ်ား။ ကိုယ့္ထမင္းပန္းကန္၊ ဟင္းပန္းကန္ေတြကို တစ္ပြဲစာျပင္ဆင္ထားၿပီး မွန္ေဘာင္ေတြထဲ အဆင္သင့္ထည့္ထားေပးတာ။ တန္းစီစနစ္နဲ႔ ထမင္း၊ ဟင္း၊ အရန္ဟင္း၊ အသုပ္၊အေၾကာ္ေလးေတြကို အဆင့္ဆင့္ယူၿပီးမွ Cash ရွင္းတဲ့ စနစ္ပါ။

ေဘးနားမွာလည္း Mr Wok ေခါက္ဆြဲဆိုင္နဲ႔တစ္ခါတည္း တြဲဖြင့္ထားတာ။ အမိုးက်ယ္က်ယ္ ဆိုင္က်ဥ္းက်ဥ္းေနရာေလးကို Mr.Wok ေရာ ဘူးသီးေရာ ေစ်းကြက္အၿပိဳင္ေရာင္းေနတာ ေနရာေတာ့က်ပ္ပါတယ္။

ဟင္းေတြကေတာ့-ၾကက္သား၊ ဝက္သားပုန္းရည္၊ ဝက္သားသရက္သီးလက္ဖက္ခ်က္၊ ဝက္ကလီစာ၊ ငါးရံ႕အူ၊ ငါးေၾကာ္ႏွပ္၊ ငါးစင္႐ိုင္းမန္က်ည္းရြက္ခ်က္၊ ဆိတ္ကလီစာ၊ ဆိတ္သားႏွပ္၊ ဘဲဥဝက္သေယာင္ အစံုရတယ္။

အရံဟင္းဆို ဆိတ္မြေၾကာ္၊ ဗမာၾကက္ေၾကာ္၊ ပဲလိပ္ျပာႏွပ္၊ မွ်စ္ပဲေပါင္း၊ ကင္ပြန္းခ်ဥ္ရြက္ေထာင္း၊ ေဂြးသီးေထာင္း၊ ေျပာင္းဖူးေၾကာ္၊ ဘူးသီးခေပါင္းေၾကာ္ တို႔ေတြရတယ္။

အသုပ္ထဲမေတာ့ ေဆးျမင္းခြာရြက္သုပ္၊ သရက္သီးသုပ္၊ ပဲေစာင္းခါးသီးသုပ္၊ မွ်စ္ပဲစိမ္းသုပ္နဲ႔ ငပိစိမ္းစားသုပ္ေတြ ရတယ္။ ၿမန္မာ့႐ိုးရာအခ်ိဳပြဲေတြလည္း အမယ္စံုရေသးတယ္။

ေစ်းႏႈန္းေတြက ၾကက္ဝက္ တစ္ပြဲ ၃၀၀၀ ဝန္းက်င္၊ ဆိတ္သားက ၅၀၀၀ ၊ ငါးေတြက ၂၅၀၀ ဝန္းက်င္၊ အရံဟင္းက ၁၀၀၀ ဝန္းက်င္၊ အသုပ္ေတြက ၁၀၀၀ ဝန္းက်င္ေလာက္ ေပးရပါတယ္။ တစ္ေယာက္စာေလးစားခဲ့တာေျပာရရင္ ဝက္သရက္သီးလက္ဖက္ကေလး စိတ္ဝင္စားမိတာရယ္၊ မွ်စ္ပဲျပဳတ္ေပါင္းေလး သေရက်မိတာရယ္နဲ႔ တစ္ေယာက္တည္း အပီေလြးခဲ့ပါတယ္။

ဝက္သားသရက္သီးလက္ဖက္က ဝက္သားနဲ႔လက္ဖက္အရသာ ေမႊးစိမ့္စိမ့္ေလးကိုမွ မအီေအာင္ သရက္သီးေလးနဲ႔ထိန္းထားတာ ခ်ဥ္ဆိမ့္ေလး။ မွ်စ္ပဲေပါင္းကလည္း အရသာအပိုအလိုမရွိ ကြက္တိ စားေကာင္းလိုက္တာဆိုတာ။ ဘူးသီးအရည္ေသာက္ဟင္းခ်ိဳေလးလည္း ခ်ေပးတယ္။ ငါးပိတို႔စရာက် ေအာက္မွာ ေရခဲစိမ္ေပးထားတာ ကိုယ္ႀကိဳက္သေလာက္ယူရံုပဲ။

ဪ…ေျပာရဦးမယ္ ထမင္းဟင္းခ်ေပးတဲ့ ပန္းကန္ေတြအားလံုး တကယ့္အညာမွာစားရတဲ့ ပံုစံ သံပန္းကန္ျပားေလးေတြနဲ႔ ဘာလို႔ရယ္မသိ ထမင္းစားပိုၿမိန္ခဲ့ရတယ္။

ေစ်းေတြကေတာ့ ပံုမွန္အေျခအေနမ်ိဳးမွာ လူတိုင္းေန႔စဥ္စားႏိုင္တဲ့ေစ်းမဟုတ္ဘဲ ထမင္းဟင္းအရသာေကာင္းေကာင္းကို ေတာလက္ရာသန္႔သန္႔ေလးစားခ်င္သူေတြမွသာ လာစားႏိုင္မွာပါ။ ေစ်းက ထမင္းတစ္မ်ိဳး၊ ဟင္းတမ်ိဳးစီ ေစ်းယူထားေတာ့ ထမင္း၊ဟင္း၊အရန္ဟင္းအၿပီးအစီးနဲ႔စားလိုက္ရင္ တစ္ေယာက္ကို ၆ေထာင္ေလာက္ ေျပးမလြတ္တဲ့အေနအထားဆိုေတာ့ ပံုမွန္ဝန္ထမ္းေတြ စားလို႔အဆင္မေျပပါဘူး။

ဒါေပမယ့္ Soft Opening ကာလမွာ ဇူလိုင္ ၃ ကေန ၈ အထိ ၅၀ % Discount နဲ႔ တစ္၀က္တိတိေတာင္ေစ်းခ်ထားတာဆိုေတာ့ “ဘူးသီး” လက္ရာ ျမည္းခ်င္သူေတြေရာ၊ အညာလက္ရာ ဘယ္လိုအရသာလဲဆိုတာ အရသာခံခ်င္သူေတြအတြက္ေတာ့ ဇူလိုင္ ၈ရက္ေန႔မတိုင္ခင္ သြားစားကိုစားၾကည့္ပါဦးလို႔။ ေန႔လည္ ၁၂ နာရီဝန္းက်င္ေတာ့ မသြားေလနဲ႔ေနာ္။ ၈ရက္ေန႔ မတိုင္ခင္ထိ လူတိုးရခ်က္က လြတ္မယ္မထင္ဘူး။

အရသာကေတာ့ အကုန္ အမွတ္ျပည့္ပါပဲ။ ဝန္ထမ္းေတြကလည္း ယူသမွ်ေဘးက ေသခ်ာလိုက္မွတ္ေပးပါတယ္။ ေနရာအေနအထားကေတာ့ ေတာ္ေတာ္က်ဥ္းပါတယ္။ ေအာက္ထိုင္ေတာ့လည္း အဝင္ဝတည့္တည့္၊ အေပၚက်ေတာ့လည္း အမိုးနိမ့္ေတာ့ လူမ်ားခ်ိန္ အသက္ရႈက်ပ္သေယာင္ပါပဲ။ ယင္ေကာင္ေတြလည္း ဟိုတစသည္တစေတြ႕ရေသးတယ္။

အခရာကေတာ့ မနက္ ၁၁ နာရီေလာက္သြားတဲ့အခ်ိန္မွာေတာင္ လူဒီေလာက္တိုးေနပါၿပီ။ ဒါကလည္း Promotion ခ်တုန္းမို႔မ်ားတာထင္ပါတယ္။ လူရွင္းရွင္းစားခ်င္ရင္ေတာ့ ၈ရက္ေန႔ေနာက္ပိုင္းက ပိုေျပပါတယ္။

လိပ္စာက အမွတ္ ၁၁၆/၁၁၈ ဗိုလ္ကေလးေစ်းလမ္း၊(အလယ္ဘေလာက္) ဗိုလ္တေထာင္ၿမိဳ႕နယ္ပါ။ မနက္ ၁၀ နာရီကေန ည ၁0 နာရီထိ ဖြင့္ပါတယ္တဲ့။

လူေတြၾကားထဲ ေဟာ့ေနတဲ့ “ဘူးသီး” ဆိုင္ရဲ႕ စည္းကမ္းေတြကေတာ့ တကယ္ႀကီး မထိေရာက္ခဲ့ပါဘူး။ စားသံုးသူေတြ အံ့ၾသဘနန္းျဖစ္ခဲ့ရတဲ့ စည္းကမ္းခ်က္ေတြအျပည့္ ဂယက္႐ိုက္ခဲ့ရတာက တစ္ေၾကာင္း၊ စဖြင့္ဖြင့္ခ်င္းကို ေနရာက်ဥ္းက်ဥ္းေလးမွာ တိုးမေလာက္ျဖစ္ေနရတာက တေၾကာင္း အေၾကာင္းရယ္အဖံု စံုစံုလင္လင္နဲ႔ “ဘူးသီး” ကေတာ့ ပြဲဦးထြက္ၿမိဳင္ၿမိဳင္နဲ႔ပဲ ဖြင့္လိုက္ပါၿပီလို႔။

FoodieEi (Akhayar)

[Unicode]

စဖွင့်ဖွင့်ချင်းကို ၅၀% Discount နဲ့ အရသာရှိသလောက် ဂယက်ရိုက်ခဲ့ရတဲ့ “ဘူးသီး”

ရန်ကုန်မှာ စားသောက်ဆိုင်တွေ မှိုလိုပေါက်လာတာနဲ့အမျှ အရည်အသွေးမြင့် ထမင်းဆိုင်တွေကလည်း အလျိုလျိုပေါ်လာတာ စားသုံးသူတွေအတွက်တော့ အဆင်ပြေလာတာအမှန်ပါပဲ။

ထမင်းဆိုင်တွေထဲမှာမှ အညာလက်ရာစစ်စစ်တောချက်လေးကို စားချင်တဲ့သူတွေအတွက်တော့ ခုလတ်တလောမှဖွင့်လိုက်တဲ့ ဘိုကလေးဈေးလမ်းထဲက “ဘူးသီး” တောဓလေ့ထမင်းဆိုင်လေးက သွားရောက်မြည်းစမ်းချင်စရာ လူစိတ်ဝင်စားမှုအများဆုံးရနေတာမို့ အခရာကလဲ အပြေးလေးသွားစားခဲ့သမျှကို ဖောက်သည်ချရရင်-

“ဘူးသီး” က ဘူဖေးစနစ်ဗျား။ ကိုယ့်ထမင်းပန်းကန်၊ ဟင်းပန်းကန်တွေကို တစ်ပွဲစာပြင်ဆင်ထားပြီး မှန်ဘောင်တွေထဲ အဆင်သင့်ထည့်ထားပေးတာ။ တန်းစီစနစ်နဲ့ ထမင်း၊ ဟင်း၊ အရန်ဟင်း၊ အသုပ်၊အကြော်လေးတွေကို အဆင့်ဆင့်ယူပြီးမှ Cash ရှင်းတဲ့ စနစ်ပါ။

ဘေးနားမှာလည်း Mr Wok ခေါက်ဆွဲဆိုင်နဲ့တစ်ခါတည်း တွဲဖွင့်ထားတာ။ အမိုးကျယ်ကျယ် ဆိုင်ကျဉ်းကျဉ်းနေရာလေးကို Mr.Wok ရော ဘူးသီးရော ဈေးကွက်အပြိုင်ရောင်းနေတာ နေရာတော့ကျပ်ပါတယ်။

ဟင်းတွေကတော့-ကြက်သား၊ ဝက်သားပုန်းရည်၊ ဝက်သားသရက်သီးလက်ဖက်ချက်၊ ဝက်ကလီစာ၊ ငါးရံ့အူ၊ ငါးကြော်နှပ်၊ ငါးစင်ရိုင်းမန်ကျည်းရွက်ချက်၊ ဆိတ်ကလီစာ၊ ဆိတ်သားနှပ်၊ ဘဲဥဝက်သယောင် အစုံရတယ်။

အရံဟင်းဆို ဆိတ်မွကြော်၊ ဗမာကြက်ကြော်၊ ပဲလိပ်ပြာနှပ်၊ မျှစ်ပဲပေါင်း၊ ကင်ပွန်းချဉ်ရွက်ထောင်း၊ ဂွေးသီးထောင်း၊ ပြောင်းဖူးကြော်၊ ဘူးသီးခပေါင်းကြော် တို့တွေရတယ်။

အသုပ်ထဲမတော့ ဆေးမြင်းခွာရွက်သုပ်၊ သရက်သီးသုပ်၊ ပဲစောင်းခါးသီးသုပ်၊ မျှစ်ပဲစိမ်းသုပ်နဲ့ ငပိစိမ်းစားသုပ်တွေ ရတယ်။ မြန်မာ့ရိုးရာအချိုပွဲတွေလည်း အမယ်စုံရသေးတယ်။

ဈေးနှုန်းတွေက ကြက်ဝက် တစ်ပွဲ ၃၀၀၀ ဝန်းကျင်၊ ဆိတ်သားက ၅၀၀၀ ၊ ငါးတွေက ၂၅၀၀ ဝန်းကျင်၊ အရံဟင်းက ၁၀၀၀ ဝန်းကျင်၊ အသုပ်တွေက ၁၀၀၀ ဝန်းကျင်လောက် ပေးရပါတယ်။ တစ်ယောက်စာလေးစားခဲ့တာပြောရရင် ဝက်သရက်သီးလက်ဖက်ကလေး စိတ်ဝင်စားမိတာရယ်၊ မျှစ်ပဲပြုတ်ပေါင်းလေး သရေကျမိတာရယ်နဲ့ တစ်ယောက်တည်း အပီလွေးခဲ့ပါတယ်။

ဝက်သားသရက်သီးလက်ဖက်က ဝက်သားနဲ့လက်ဖက်အရသာ မွှေးစိမ့်စိမ့်လေးကိုမှ မအီအောင် သရက်သီးလေးနဲ့ထိန်းထားတာ ချဉ်ဆိမ့်လေး။ မျှစ်ပဲပေါင်းကလည်း အရသာအပိုအလိုမရှိ ကွက်တိ စားကောင်းလိုက်တာဆိုတာ။ ဘူးသီးအရည်သောက်ဟင်းချိုလေးလည်း ချပေးတယ်။ ငါးပိတို့စရာကျ အောက်မှာ ရေခဲစိမ်ပေးထားတာ ကိုယ်ကြိုက်သလောက်ယူရုံပဲ။

ဪ…ပြောရဦးမယ် ထမင်းဟင်းချပေးတဲ့ ပန်းကန်တွေအားလုံး တကယ့်အညာမှာစားရတဲ့ ပုံစံ သံပန်းကန်ပြားလေးတွေနဲ့ ဘာလို့ရယ်မသိ ထမင်းစားပိုမြိန်ခဲ့ရတယ်။

ဈေးတွေကတော့ ပုံမှန်အခြေအနေမျိုးမှာ လူတိုင်းနေ့စဉ်စားနိုင်တဲ့ဈေးမဟုတ်ဘဲ ထမင်းဟင်းအရသာကောင်းကောင်းကို တောလက်ရာသန့်သန့်လေးစားချင်သူတွေမှသာ လာစားနိုင်မှာပါ။ ဈေးက ထမင်းတစ်မျိုး၊ ဟင်းတမျိုးစီ ဈေးယူထားတော့ ထမင်း၊ဟင်း၊အရန်ဟင်းအပြီးအစီးနဲ့စားလိုက်ရင် တစ်ယောက်ကို ၆ထောင်လောက် ပြေးမလွတ်တဲ့အနေအထားဆိုတော့ ပုံမှန်ဝန်ထမ်းတွေ စားလို့အဆင်မပြေပါဘူး။

ဒါပေမယ့် Soft Opening ကာလမှာ ဇူလိုင် ၃ ကနေ ၈ အထိ ၅၀ % Discount နဲ့ တစ်ဝက်တိတိတောင်ဈေးချထားတာဆိုတော့ “ဘူးသီး” လက်ရာ မြည်းချင်သူတွေရော၊ အညာလက်ရာ ဘယ်လိုအရသာလဲဆိုတာ အရသာခံချင်သူတွေအတွက်တော့ ဇူလိုင် ၈ရက်နေ့မတိုင်ခင် သွားစားကိုစားကြည့်ပါဦးလို့။ နေ့လည် ၁၂ နာရီဝန်းကျင်တော့ မသွားလေနဲ့နော်။ ၈ရက်နေ့ မတိုင်ခင်ထိ လူတိုးရချက်က လွတ်မယ်မထင်ဘူး။

အရသာကတော့ အကုန် အမှတ်ပြည့်ပါပဲ။ ဝန်ထမ်းတွေကလည်း ယူသမျှဘေးက သေချာလိုက်မှတ်ပေးပါတယ်။ နေရာအနေအထားကတော့ တော်တော်ကျဉ်းပါတယ်။ အောက်ထိုင်တော့လည်း အဝင်ဝတည့်တည့်၊ အပေါ်ကျတော့လည်း အမိုးနိမ့်တော့ လူများချိန် အသက်ရှုကျပ်သယောင်ပါပဲ။ ယင်ကောင်တွေလည်း ဟိုတစသည်တစတွေ့ရသေးတယ်။

အခရာကတော့ မနက် ၁၁ နာရီလောက်သွားတဲ့အချိန်မှာတောင် လူဒီလောက်တိုးနေပါပြီ။ ဒါကလည်း Promotion ချတုန်းမို့များတာထင်ပါတယ်။ လူရှင်းရှင်းစားချင်ရင်တော့ ၈ရက်နေ့နောက်ပိုင်းက ပိုပြေပါတယ်။

လိပ်စာက အမှတ် ၁၁၆/၁၁၈ ဗိုလ်ကလေးဈေးလမ်း၊(အလယ်ဘလောက်) ဗိုလ်တထောင်မြို့နယ်ပါ။ မနက် ၁၀ နာရီကနေ ည ၁0 နာရီထိ ဖွင့်ပါတယ်တဲ့။

လူတွေကြားထဲ ဟော့နေတဲ့ “ဘူးသီး” ဆိုင်ရဲ့ စည်းကမ်းတွေကတော့ တကယ်ကြီး မထိရောက်ခဲ့ပါဘူး။ စားသုံးသူတွေ အံ့သြဘနန်းဖြစ်ခဲ့ရတဲ့ စည်းကမ်းချက်တွေအပြည့် ဂယက်ရိုက်ခဲ့ရတာက တစ်ကြောင်း၊ စဖွင့်ဖွင့်ချင်းကို နေရာကျဉ်းကျဉ်းလေးမှာ တိုးမလောက်ဖြစ်နေရတာက တကြောင်း အကြောင်းရယ်အဖုံ စုံစုံလင်လင်နဲ့ “ဘူးသီး” ကတော့ ပွဲဦးထွက်မြိုင်မြိုင်နဲ့ပဲ ဖွင့်လိုက်ပါပြီလို့။

FoodieEi (Akhayar)