[Zawgyi]

ယူရိုပါလိဂ္ေျခစစ္ပြဲမွာ ရရွိခဲ့တဲ့ ဒဏ္ရာက ျပင္းထန္ဖို႔ရွိေနတဲ့ ဘန္ေလဂိုးသမား နစ္ခ္ပုပ္ Nick Pope

ယူရိုပါလိဂ္ ဒုတိယအဆင့္ေျခစစ္ပြဲအျဖစ္ ကစားခဲ့တဲ့ ပြဲစဥ္မွာ ရရွိခဲ့တဲ့ ဂိုးသမား နစ္ခ္ပုပ္ Nick Pope ရဲ႕ ဒဏ္ရာအေျခအေနက ျပင္းထန္ဖို႔ရွိေနေၾကာင္း ဘန္ေလအသင္းက ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ ဘန္ေလအသင္းရဲ႕ နည္းျပ ေရွာင္ဒိုက္ခ်္ Sean Dyche ကိုယ္တိုင္က နစ္ခ္ပုပ္ Nick Pope ရဲ႕ ဒဏ္ရာကို အတည္ျပဳေပးခဲ့ၿပီး ျပင္းထန္တဲ့ ပခံုးဒဏ္ရာျဖစ္ဖို႔ ရာခိုင္ႏႈနး္မ်ားေနေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ပထမပိုင္းပြဲကစားခ်ိန္ (၁၃)မိနစ္မွာတင္ ၿပိဳင္ဘက္အသင္း တိုက္စစ္မွဴး ေကာ့စ္ဂရုဗ္ Cosgrove နဲ႔ တိုက္မိခဲ့ရာကေန ရရွိခဲ့တဲ့ ပခံုးဒဏ္ရာေၾကာင့္ နစ္ခ္ပုပ္ Nick Pope ကို လူစားလဲခဲ့ရၿပီး ဒဏ္ရာအေျခအေန အတိအက်ကို မသိရေပမယ့္ ျပင္းထန္ဖို႔ရွိေနခဲ့တာျဖစ္ပါတယ္။ ဘန္ေလနည္းျပ ေရွာင္ဒိုက္ခ်္ Sean Dyche က “ကၽြန္ေတာ့္တို႔ ပုပ္ Pope ရဲ႕ ဒဏ္ရာအေျခအေနကို ေစာင့္ၾကည့္ဖို႔ လိုပါတယ္၊ အခုအခ်ိန္က သူ႔ရဲ႕ဒဏ္ရာ မျပင္းထန္ပါေစဖို႔ပဲ ဆုေတာင္းရမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။ အသက္ (၂၆)ႏွစ္အရြယ္ရွိ နစ္ခ္ပုပ္ Nick Pope အေနနဲ႔ ၿပီးခဲ့တဲ့ေဘာလံုးရာသီက ဘန္ေလအသင္းရဲ႕ ဂိုးေပါက္ကို လက္စြမ္းျပ ကာကြယ္မႈေတြ ျပဳလုပ္ႏိုင္ခဲ့တဲ့ ဂိုးသမားတစ္ဦးျဖစ္ၿပီး တစ္ရာသီအတြင္း (၃၅)ပြဲကစားေပးခဲ့ကာ Clean Sheets  (၁၁)ႀကိမ္အထိ ရယူခဲ့တာျဖစ္ပါတယ္။

Pope-has-to-go-off-after-colliding-with-Burnleys-James-Tarkowski-and-Sam-Cosgrove

Pope-has-to-go-off-after-colliding-with-Burnleys-James-Tarkowski-and-Sam-Cosgrove

ဘန္ေလအသင္းမွာ ျပသခဲ့တဲ့ လက္စြမ္းေကာင္းေတြေၾကာင့္ နည္းျပ ေဆာက္ဒ္ဂိတ္ Southgate ရဲ႕ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲဝင္ အဂၤလန္အသင္းလူစာရင္းမွာ ပါဝင္ခဲ့ေပမယ့္ ၿပိဳင္ပြဲမတိုင္ခင္ ကစားခဲ့တဲ့ ေကာ္စတာရီကာနဲ႔ ေျခစမ္းပြဲတစ္ပြဲသာ ပြဲထြက္ခြင့္ရရွိခဲ့ပါတယ္။ အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆံုးအႀကိမ္ ကစားခဲ့ရတဲ့ ဥေရာပပြဲစဥ္တစ္ပြဲျဖစ္တာေၾကာင့္ စေကာ့တလန္ႏိုင္ငံမွာ အေဝးကြင္းပြဲစဥ္အျဖစ္ ကစားခဲ့တဲ့ ပြဲစဥ္ကို ဘန္ေလအသင္းရဲ႕ ပရိသတ္ (၂၀၀၀)ေက်ာ္ လိုက္ပါအားေပးခဲ့ၿပီး အိမ္ရွင္ အဘားဒင္းအသင္းကို တိုက္စစ္မွဴး ဆမ္ဗုတ္စ္ Sam Vokes ရဲ႕ ေနာက္က်ေခ်ပဂိုးေၾကာင့္ (၁-၁)ဂိုးစီနဲ႔ သေရရလဒ္ ထြက္ေပၚခဲ့ပါတယ္။ ဒုတိယအေက်ာ႔ပြဲစဥ္ကိုေတာ့ လာမယ့္ ၾသဂုတ္လ (၂)ရက္ေန႔မွာ ဘန္ေလအသင္းရဲ႕ အိမ္ကြင္း Turf Moor မွာ ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ၿပီး အေဝးဂိုးရရွိထားတဲ့ အိမ္ရွင္အသင္းက ေနာက္တစ္ဆင့္တက္ေရာက္ဖို႔ အေျခအေနေကာင္းေနခဲ့ပါတယ္။

REF:BBC Sports
Photo:Daily Mail
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ယူရိုပါလိဂ်ခြေစစ်ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာက ပြင်းထန်ဖို့ရှိနေတဲ့ ဘန်လေဂိုးသမား နစ်ခ်ပုပ် Nick Pope

ယူရိုပါလိဂ် ဒုတိယအဆင့်ခြေစစ်ပွဲအဖြစ် ကစားခဲ့တဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဂိုးသမား နစ်ခ်ပုပ် Nick Pope ရဲ့ ဒဏ်ရာအခြေအနေက ပြင်းထန်ဖို့ရှိနေကြောင်း ဘန်လေအသင်းက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဘန်လေအသင်းရဲ့ နည်းပြ ရှောင်ဒိုက်ချ် Sean Dyche ကိုယ်တိုင်က နစ်ခ်ပုပ် Nick Pope ရဲ့ ဒဏ်ရာကို အတည်ပြုပေးခဲ့ပြီး ပြင်းထန်တဲ့ ပခုံးဒဏ်ရာဖြစ်ဖို့ ရာခိုင်နှုန်းများနေကြောင်း ပြောကြားခဲ့ပါတယ်။ ပထမပိုင်းပွဲကစားချိန် (၁၃)မိနစ်မှာတင် ပြိုင်ဘက်အသင်း တိုက်စစ်မှူး ကော့စ်ဂရုဗ် Cosgrove နဲ့ တိုက်မိခဲ့ရာကနေ ရရှိခဲ့တဲ့ ပခုံးဒဏ်ရာကြောင့် နစ်ခ်ပုပ် Nick Pope ကို လူစားလဲခဲ့ရပြီး ဒဏ်ရာအခြေအနေ အတိအကျကို မသိရပေမယ့် ပြင်းထန်ဖို့ရှိနေခဲ့တာဖြစ်ပါတယ်။ ဘန်လေနည်းပြ ရှောင်ဒိုက်ချ် Sean Dyche က “ကျွန်တော့်တို့ ပုပ် Pope ရဲ့ ဒဏ်ရာအခြေအနေကို စောင့်ကြည့်ဖို့ လိုပါတယ်၊ အခုအချိန်က သူ့ရဲ့ဒဏ်ရာ မပြင်းထန်ပါစေဖို့ပဲ ဆုတောင်းရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။ အသက် (၂၆)နှစ်အရွယ်ရှိ နစ်ခ်ပုပ် Nick Pope အနေနဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီက ဘန်လေအသင်းရဲ့ ဂိုးပေါက်ကို လက်စွမ်းပြ ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့တဲ့ ဂိုးသမားတစ်ဦးဖြစ်ပြီး တစ်ရာသီအတွင်း (၃၅)ပွဲကစားပေးခဲ့ကာ Clean Sheets (၁၁)ကြိမ်အထိ ရယူခဲ့တာဖြစ်ပါတယ်။

Pope-was-unable-to-continue

Pope-was-unable-to-continue

ဘန်လေအသင်းမှာ ပြသခဲ့တဲ့ လက်စွမ်းကောင်းတွေကြောင့် နည်းပြ ဆောက်ဒ်ဂိတ် Southgate ရဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းလူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် ပြိုင်ပွဲမတိုင်ခင် ကစားခဲ့တဲ့ ကော်စတာရီကာနဲ့ ခြေစမ်းပွဲတစ်ပွဲသာ ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကစားခဲ့ရတဲ့ ဥရောပပွဲစဉ်တစ်ပွဲဖြစ်တာကြောင့် စကော့တလန်နိုင်ငံမှာ အဝေးကွင်းပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ပွဲစဉ်ကို ဘန်လေအသင်းရဲ့ ပရိသတ် (၂၀၀၀)ကျော် လိုက်ပါအားပေးခဲ့ပြီး အိမ်ရှင် အဘားဒင်းအသင်းကို တိုက်စစ်မှူး ဆမ်ဗုတ်စ် Sam Vokes ရဲ့ နောက်ကျချေပဂိုးကြောင့် (၁-၁)ဂိုးစီနဲ့ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဒုတိယအကျော့ပွဲစဉ်ကိုတော့ လာမယ့် သြဂုတ်လ (၂)ရက်နေ့မှာ ဘန်လေအသင်းရဲ့ အိမ်ကွင်း Turf Moor မှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး အဝေးဂိုးရရှိထားတဲ့ အိမ်ရှင်အသင်းက နောက်တစ်ဆင့်တက်ရောက်ဖို့ အခြေအနေကောင်းနေခဲ့ပါတယ်။

REF:BBC Sports
Photo:Daily Mail
Aung Kyaw Wai (Akhayar)
www.akhayar.com