[Zawgyi]



Burnley

Burnley


Ref: Daily Mail
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အိုလံပီယာကော့စ်နဲ့ ပွဲမှာတိုက်ခိုက်ခံခဲ့ရတဲ့ ဘန်လေပရိသတ်များ

ယူရိုပါလိဂ် ခြေစစ်ပွဲ ပထမအကျော့ပွဲစဉ် အိုလံပီယာကော့စ်နဲ ဘန်လေ ပွဲမတိုင်ခင်မှာ ဘန်လေအသင်းပရိသတ်တွေဟာ ပြိုင်ဘက်ပရိသတ်တွေရဲ့ လုယက်တိုက်ခိုက်ခံခဲ့ရပြီး ဒီအထဲမှာ ဘန်လေပရိသတ်တစ်ဦးကတော့ ဓါးနဲ့ထိုးခံခဲ့ရပါတယ်။ ဓါးနဲ့ထိုးခံခဲ့ရတဲ့ ဘန်လေအသင်းပရိသတ်ဟာ သူ့ရဲ့ဒဏ်ရာကို ဆေးရုံမှာသွားရောက်ကုသမှုခံယူခဲ့ရပါတယ်။ နောက်ပြီး ဘန်လေပရိသတ် (၂၃ ) ဦးဟာ အရက်မူး ရမ်းကားခဲ့တာကြောင့် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပါတယ်။ ဘန်လေပရိသတ် (၁၀၀၀) ခန့်ဟာ ဘန်လေအသင်းကို အားပေးဖို့အတွက် ဂရိမြေကိုသွားရောက်ခဲ့ကြတာပါ။

Burnley

Burnley

ဘန်လေအသင်းဟာ ဒီပွဲမှာ အိုလံပီယာကော့စ်အသင်းကို ( ၃ – ၁ )နဲ့ရှုံးနိမ့်ခဲ့ပြီး အသင်းရဲ့နောက်ခံလူ ဘင်ဂစ်ဆင် Ben Gibson ဟာလည်း ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ ဒီရလဒ်ကြောင့် ဘန်လေအသင်းဟာ နောက်တစ်ဆင့်ကို တက်ရောက်ဖို့အတွက် ခက်ခဲတဲ့အခြေအနေကို ရောက်ရှိခဲ့ပါတယ်။ ဘန်လေအသင်းနဲ့ အိုလံပီယာကော့စ်အသင်းတို့ရဲ့ ယူရိုပါလိဂ် ခြေစစ်ပွဲ ဒုတိယအကျော့ပွဲစဉ်ကိုတော့ လာမယ့် (၃၁)ရက်နေ့မှာယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

Ref: Daily Mail
Photo: Transfermarkt , Lancashire Telegraph
Ko Kyue(Akhayar)
www.akhayar.com