အဂါၤေန႔မွာ Burger King က သူတို႔ရဲ့ အစီအစဥ္အသစ္တစ္ခုျဖစ္တဲ့ “Whopper Severance”  ကို ေၾကညာလိုက္ပါတယ္။ ဒီအစီအစဥ္မွာ တစ္ေယာက္ေယာက္က အလုပ္ျဖဳတ္ခံရပါတယ္လို႔ ကိုယ့္ကိုယ္ကို ေၾကညာမႈလုပ္တာနဲ႔ Burger King ရဲ့ လက္ေဆာင္ကဒ္ကို အခမဲ့ရရွိမွာ ျဖစ္ပါတယ္။

ခင္ဗ်ားအေနနဲ႔ လုပ္ေဆာင္ရမွာကေတာ့ LinkedIn ကို ဝင္ျပီး အလုပ္ထုတ္ခံရတဲ့ အေၾကာင္းနဲ႔ Burger King ရဲ့ Whopper burger အခမဲ့ ရယူခ်င္တဲ့အေၾကာင္းကို “I got fired. I want a free Whopper. #WhopperSeverance” ဆိုတဲ့ စာသားနဲ႔ တင္ေပးရမွာပါ။

အဲဒီအခါက်ရင္ Burger King က “Whopper Severance Package” ရယူဖို႔အတြက္ လင့္တစ္ခုပို႔ေပးမွာ ျဖစ္ျပီး အဲ့ဒီလင့္မွာ Burger King Gift Card ရယူခြင့္ပါရွိပါတယ္။ အခုအစီအစဥ္အရ ဘာဂါ ၂၅၀၀ ေလာက္ ေပးဖို႔ စီစဥ္ထားပါတယ္။ ၾကည့္ရတာေတာ့ Burger King ဟာ LinkedIn ကေန ဒီလိုတင္တဲ့သူေတြကို တကယ္အလုပ္ထုတ္ခံရတာ ဟုတ္မဟုတ္ စိစစ္မယ့္ပံုမေပၚပါဘူး။ အဲ့ဒါအျပင္ တခ်ိဳ႕လူေတြဟာ လုပ္ငန္းခြင္မွာ လိင္ပုိင္းဆိုင္ရာမေတာ္တရားျပဳလို႔၊ အၾကမ္းဖက္လို႔ ၊ ဥပေဒခ်ိဳးေဖာက္လို႔စတဲ့ မသမာမႈေတြေၾကာင့္ အလုပ္ထုတ္ခံရတာမ်ိဳးလည္းရွိျပီး ဒါေတြကိုလည္း စိစစ္ဖို႔ ခက္ခဲေနပါတယ္။

Burger King ရဲ့ ေျပာေရးဆိုခြင့္ရွိသူကေတာ့ အလုပ္ထြက္လိုက္ရတဲ့သူေတြကို စာနာနားလည္ေၾကာင္းသဘာဝကို ျပသခ်င္တာျဖစ္ပါတယ္တဲ့။ တကယ္လို႔ ခင္ဗ်ားရဲ့ အလုပ္ဆံုးရႈံးသြားတဲ့ သူငယ္ခ်င္းေတြကုိ သိေစခ်င္တာပဲ ျဖစ္ျဖစ္၊ ကိုယ္တုိင္အလုပ္ထြက္လိုက္ရတာပဲျဖစ္ျဖစ္ ဒီလို Whopper Severance Package ကို အဂါၤေန႔ကစျပီး ေသာၾကာေန႔ ေနာက္ဆံုး  ရယူခြင့္ရွိပါတယ္။

Burger King ရဲ့ အစီအစဥ္မွာ ဘယ္ႏုိင္ငံပါတယ္ မပါဘူးဆိုတာ အေသးစိတ္မသိရေသးတဲ့အတြက္ ျမန္မာႏုိင္ငံက လူေတြအတြက္ေရာဆိုရင္ေတာ့ စမ္းၾကည့္မွ ရမယ္လို႔ ေျပာခ်င္ပါတယ္ခင္ဗ်ာ။ 😛

ရိုးလူ (အခရာ)

www.akhayar.com

Ref : Business Insider

HGID_KV_Ads_Square-42Unicode

အဂါၤနေ့မှာ Burger King က သူတို့ရဲ့ အစီအစဉ်အသစ်တစ်ခုဖြစ်တဲ့ “Whopper Severance”  ကို ကြေညာလိုက်ပါတယ်။ ဒီအစီအစဉ်မှာ တစ်ယောက်ယောက်က အလုပ်ဖြုတ်ခံရပါတယ်လို့ ကိုယ့်ကိုယ်ကို ကြေညာမှုလုပ်တာနဲ့ Burger King ရဲ့ လက်ဆောင်ကဒ်ကို အခမဲ့ရရှိမှာ ဖြစ်ပါတယ်။

ခင်ဗျားအနေနဲ့ လုပ်ဆောင်ရမှာကတော့ LinkedIn ကို ဝင်ပြီး အလုပ်ထုတ်ခံရတဲ့ အကြောင်းနဲ့ Burger King ရဲ့ Whopper burger အခမဲ့ ရယူချင်တဲ့အကြောင်းကို “I got fired. I want a free Whopper. #WhopperSeverance” ဆိုတဲ့ စာသားနဲ့ တင်ပေးရမှာပါ။

အဲဒီအခါကျရင် Burger King က “Whopper Severance Package” ရယူဖို့အတွက် လင့်တစ်ခုပို့ပေးမှာ ဖြစ်ပြီး အဲ့ဒီလင့်မှာ Burger King Gift Card ရယူခွင့်ပါရှိပါတယ်။ အခုအစီအစဉ်အရ ဘာဂါ ၂၅၀၀ လောက် ပေးဖို့ စီစဉ်ထားပါတယ်။ ကြည့်ရတာတော့ Burger King ဟာ LinkedIn ကနေ ဒီလိုတင်တဲ့သူတွေကို တကယ်အလုပ်ထုတ်ခံရတာ ဟုတ်မဟုတ် စိစစ်မယ့်ပုံမပေါ်ပါဘူး။ အဲ့ဒါအပြင် တချို့လူတွေဟာ လုပ်ငန်းခွင်မှာ လိင်ပိုင်းဆိုင်ရာမတော်တရားပြုလို့၊ အကြမ်းဖက်လို့ ၊ ဥပဒေချိုးဖောက်လို့စတဲ့ မသမာမှုတွေကြောင့် အလုပ်ထုတ်ခံရတာမျိုးလည်းရှိပြီး ဒါတွေကိုလည်း စိစစ်ဖို့ ခက်ခဲနေပါတယ်။

Burger King ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ အလုပ်ထွက်လိုက်ရတဲ့သူတွေကို စာနာနားလည်ကြောင်းသဘာဝကို ပြသချင်တာဖြစ်ပါတယ်တဲ့။ တကယ်လို့ ခင်ဗျားရဲ့ အလုပ်ဆုံးရှုံးသွားတဲ့ သူငယ်ချင်းတွေကို သိစေချင်တာပဲ ဖြစ်ဖြစ်၊ ကိုယ်တိုင်အလုပ်ထွက်လိုက်ရတာပဲဖြစ်ဖြစ် ဒီလို Whopper Severance Package ကို အဂါၤနေ့ကစပြီး သောကြာနေ့ နောက်ဆုံး  ရယူခွင့်ရှိပါတယ်။

Burger King ရဲ့ အစီအစဉ်မှာ ဘယ်နိုင်ငံပါတယ် မပါဘူးဆိုတာ အသေးစိတ်မသိရသေးတဲ့အတွက် မြန်မာနိုင်ငံက လူတွေအတွက်ရောဆိုရင်တော့ စမ်းကြည့်မှ ရမယ်လို့ ပြောချင်ပါတယ်ခင်ဗျာ။ 😛