ဒါနဲ႔ ယူတို႔ ဘ်ာ(Beer)ေသာက္တတ္တယ္မလား 😛 ။ အဲ နည္းနည္းပါးပါးေသာက္တတ္တယ္ပဲဆိုပါေတာ့ေနာ္။ အရင္ထိုင္ဖူးတဲ့ နားေတြျငီး အကင္အေညွာ္နံ႔ေတြမႊန္ထူေနတဲ့ ဘီယာဆိုင္မ်ိဳးေတြကို စိတ္ညစ္တယ္၊ ေသာက္ေနက်မဟုတ္တဲ့ ဘီယာအရသာ အသစ္ေလးေတြကိုလည္း ျမည္းစမ္းခ်င္တယ္ဆိုရင္ေတာ့ စြန္းမိုက္တဲ့ ဆိုင္ေလးတစ္ဆိုင္ကို ညႊန္ပါရေစ။

Burbrit Brewery တဲ့။ ေနဝင္ေနတဲ့ျမစ္ျပင္ၾကီးကိုေငးရင္း ဘီယာေလးစုပ္ရတဲ့အရသာအတြက္ ေျမာက္ဒဂံု ေဘလီတံတား အဆင္းနားကို သြားရမွာဆိုေတာ့ ေနရာေလးကေတာ့ လွမ္းတယ္ေျပာရမလားပဲ။ ဒါေပမဲ႔ က်ေနာ္တို႔ကေတာ့ သြားတယ္ ဟီး 😛 ။ အသြားလမ္းမွာ ေတာက္ေလွ်ာက္ရြာလာတဲ့မိုးက ပါရမီလမ္းေပၚ ကားေကြ႔လိုက္ျပီဆိုတာနဲ႔ တိတ္သြားတယ္။ ေဘလီတံတား ဆင္းဆင္းခ်င္း မီးပြိဳင့္မွာ ဘယ္ဘက္က ဦးဝိစာရလမ္းေပၚကိုေကြ႔ဆင္းျပီးေတာ့ ပထမဆုံးစေတြ႔တဲ႔လမ္းမွာ ဘယ္ဘက္ကိုထပ္ေကြ႔ ျပီးရင္ ညာဘက္ကို ထပ္ေကြ႔ ျပီးရင္ ဘယ္ျပန္ေကြ႔ (ဟယ္ ေကြ႔ထာ) လိုက္ရင္ Burbrit ကို ေတြ႔ပါျပီတဲ့ဗ်ာ။ ေနရာေလးက လွမ္းသလို လမ္းမၾကီးကေန ေကြ႔ေကာက္ျပီးဝင္ေနရတာကလည္း နည္းနည္းေတာ့ညစ္ခ်င္စရာ ။ ေျမာက္ဒဂံုစက္မႈဇံုဝန္းထဲမွာ ဘယ့္ႏွယ္ စိတ္ကူးေပါက္ျပီး ဖြင့္ထားတယ္ မသိဘူးရယ္ ။ ဆိုင္ေရာက္ေတာ့ တိတ္သြားတဲ့မိုးကို စေက်းဇူးတင္မိတာပါပဲ။ မိုးရြာေနလို႕ ျမစ္ကမ္းေဘးက စားပြဲမွာသာ မထိုင္ျဖစ္ခဲ့ဘူးဆို ဒီဆိုင္ရဲ့အရသာဟာ ဘယ္ျပည့္စံုပါလိမ့္မလဲ။

burbrit 1

က်ေနာ္တို႔ေရာက္တဲ့ ညေန ၅နာရီခြဲေက်ာ္ေက်ာ္ဟာ Burbrit မွာစထိုင္ဖို႕ အသင့္ေတာ္ဆုံးအခ်ိန္လို႔ ထင္ပါတယ္။ ပတ္ဝန္းက်င္ အပူခ်ိန္လည္းေလ်ာ့ေနျပီး မၾကာခင္ ေနဝင္ေတာ့မွာျဖစ္တဲ့အတြက္ Sunset ေလး ၾကည့္ရင္း ေလေကာင္းေလသန္႔ေတြ႐ွဴရင္း တစ္ေန႔တာမြန္းက်ပ္မႈေတြကို ေလွ်ာ့ခ်လိုက္ဖို႕… … က်ေနာ္ကေတာ့ ဘီယာစမွာလိုက္ပါျပီခင္ဗ်ာ 😛 ။

ဘီယာအမ်ိဳးအစားကေတာ့ ၅မ်ိဳးရတယ္။ အရသာေတြမသိေသးေတာ့ Tasting Flights အတြဲလိုက္ေလးပဲ အရင္မွာလိုက္တယ္။ ဘီယာခြက္ေလးေတြ သစ္သားတန္းေလးေပၚတင္ထားတာက ခ်စ္စရာေလး ။ အေပ်ာ့ဆုံး အရသာကေန အျပင္းဆုံးကို စီခ်ေပး ထားတယ္။ ဆိုေတာ့ အေပ်ာ့ဆုံးေလးကေန စစမ္းတာေပါ့ဗ်ာ။

burbrit 2

German Weizen တဲ့။ ကမာၻ႕အေကာင္းဆုံးဘီယာေတြထြက္တဲ့ Germany ႏိုင္ငံထြက္ ဘီယာတစ္မ်ိဳးရဲ့နာမည္ေပါ့။ နည္းနည္းပါးပါးစပ္စုလိုက္ေတာ့  ဘီယာခ်က္ဖို႕ Tankေတြ Tunေတြ၊ အဓိက ကုန္ၾကမ္းေတြျဖစ္တဲ့ Malt တို႕ Hops တို႕ စတာေတြကို Germany ကေနပဲ မွာတယ္ ။ အခ်ဥ္ေဖာက္တဲ့ Yeast ကိုေတာ့ Singapore ကေန မွာတယ္လို႔ သိရပါတယ္ ။ ခ်က္ျပီး ၂ပတ္ၾကာ အေအးခံထားတဲ့ ဘီယာေတြကို စေရာင္းခ်ပါတယ္တဲ့။ အဲဒီGerman Weizenရဲ့ အရသာေလးက မခ်ိဳမခ်ဥ္ သက္သက္ေလးရယ္၊ အေပ်ာ့ဆုံးဆိုတဲ့အတိုင္း ေတာ္ေတာ္ေပ်ာ့သဗ်ာ။ အေရာင္ကလည္း အေဖ်ာ့ဆုံး။ အရသာေပ်ာ့ေပ်ာ့ၾကိဳက္သူေတြ၊ မိန္းကေလးေတြ ႏွစ္သက္မယ္လို႕ထင္ပါတယ္။  ဒုတိယေကာင္က Rangoon Blonde ။ အမယ္ ငါတို႔ ျမိဳ႕နာမည္နဲ႕ပါလား… မွန္း ျမည္းၾကည့္ရေအာင္ ။ သူက က်ေနာ္တို႕ ေသာက္ေနက် ေစ်းကြက္ထဲက ဘီယာေတြနဲ႕ဆင္ပါတယ္။ ဆင္ဆို ဒီဆိုင္ရဲ့ တစ္ဦးတည္းေသာ Lager beer ေလးကိုဗ် ။ Smooth ျဖစ္တယ္။ မဆိုးဘူး။ ဒါေပမယ့္ အနံ႕မရွိသေလာက္ပဲ။ လွ်ာေပၚမယ္ ရွတတနဲ႕ ဝဲေနရမယ့္ Aftertaste ေလးလည္း မက်န္ဘူး။ ဒီဆိုင္က ဘီယာေတြမွာ အဲဒါေလးေတြေတာ့ သိပ္အားမရဘူး။ အဲ အားရတဲ့အပိုင္းက ျပီးရင္လာမယ္ 😛 ။   နံပါတ္ ၃ကေတာ့ အျပင္းဆုံးဗ်။ Burma Pale Ale တဲ့။ သူက Irish Red Ale (နံပါတ္ ၅) နဲ႕ အေရာင္ေရာ အရသာေရာ ဆင္တယ္။ Stout အမ်ိဳးအစားႏွစ္သက္တဲ့သူေတြအတြက္ အဆင္ေျပမယ္။ က်ေနာ္ေတာ့ မၾကိဳက္ဘူး။ နံပါတ္မွာ (၄)ကေတာ့ English Bitter ပါတဲ့။ အရသာ ေလးပါတယ္ ၊ ရွပါတယ္ ၊ Aftertaste ေကာင္းေကာင္းက်န္ပါတယ္။ နံပါတ္(၂) နဲ႕ (၄)ကို က်ေနာ္ သေဘာက်ပါတယ္။ ေသာက္ေနက် Taste နဲ႔ နီးစပ္တဲ့ Rangoon Blonde ကိုေတာ့ အၾကိဳက္ဆုံးပါပဲ။

 

burbrit 6

ျမစ္ျပင္ၾကီးအလြန္ ကိုင္းေတာေတြထဲ ေနဝင္သြားတဲ့ ညေနခင္းၾကီးကို ေငးရင္း ဘီယာေလးေတြ ျမည္းေနတုန္းပဲ ျပႆနာကစပါတယ္။ ဟုတ္ကဲ့ ျခင္ေတြပါ ။ ေတာ္ေတာ္ကိုက္တယ္ ဆိုတာထက္ ကိုက္ပါတယ္။ Bass Drum Double Paddle နင္းသလို တစ္ခ်ိန္လုံး ဒူးႏွန္႔ေနရတယ္။ လက္ေလ့က်င့္ခန္းလည္းလုပ္ရတယ္  ။ ျပီးေတာ့ ေမွာင္သြားတဲ့အခ်ိန္မွာ  ပိုးေကာင္ေတြ လာပါတယ္။ အင္းေပါ့ ျမစ္ေဘးဆိုမွေတာ့ အဲဒီေလာက္ေတာ့ ရွိမွာေပါ့။ ယူတို႔လည္း ဒီကိုလာမယ္ဆိုရင္ ျခင္မကိုက္တဲ့ ေဆးဗူးေလး ဘာေလး ေဆာင္လာ ျဖန္းလာရင္ေတာ့ ပိုအိုေခလိမ့္မယ္။

burbrit 3

အေသာက္ကိစၥဆိုေတာ့ အစားကိစၥလည္း ပါရတာေပါ့ေလ။ ဆိုင္ဖြင့္တာကလည္း ၃လေက်ာ္ေက်ာ္ပဲ ရွိေသးတာရယ္၊ ဘီယာအဓိက ေရာင္းတဲ့ဆိုင္ျဖစ္တာရယ္ေၾကာင့္ Menuကေတာ့ နည္းတယ္ဗ်။ ဘီယာနဲ႕ျမည္းလို႕ေကာင္းတဲ့အမ်ိဳးအစားေတြပဲ အဓိကတင္တယ္။ အဲဒါနဲ႔ နည္းနည္းပါးပါးေမးျမန္းျပီး သူတို႔ကိုယ္တိုင္ Recommend ေပးတဲ့ ဆိတ္ဘယာေၾကာ္ရယ္၊ ငါးအေရခြံေၾကာ္ရယ္၊ ကိုက္လန္ကို မုန္႔ႏွစ္နဲ႕ေၾကာ္ထားတာေလးရယ္ မွာလိုက္တယ္။ ဟင္းပြဲေတြရတာ ျမန္ပါတယ္။ လူရွင္းေနေသးလို႔လားေတာ့ မသိဘူးေပါ့။ အရသာေတြ အဆင္ေျပတယ္ဗ်။  ဆိတ္ဘယာေၾကာ္ေလးက ပ်ဥ္းေတာ္သိမ္ႏိုင္ႏိုင္ ေမႊးေမႊးေလးနဲ႕ စားေကာင္းလွတယ္။ ငါးအေရခြံေၾကာ္ေလးကလည္း ေတာ္ေတာ္ယြယြေလးရယ္။ က်ေနာ္က အငန္စားတဲ့သူဆိုေတာ့ ေပါ့သလိုရွိေပမယ့္ ပံုမွန္စားတတ္သူေတြ အေပါ့စားသူေတြအတြက္ေတာ့ အေနေတာ္ပါပဲ။ Sauce ေတြလည္း စံုစံုလင္လင္ခ်ေပးပါတယ္။ ကိုက္လန္မုန္႔ႏွစ္ေၾကာ္ ေလးကလည္းအဖိုင္းပဲဗ် ။ ဒါေပမယ့္ အရြက္ေၾကာ္ဆိုေတာ့ ပူတုန္းပဲ ဖိုင္းတာမလား။ ေအးသြားေတာ့ စားမေကာင္းေတာ့ဘူး။ အဲ အထူးျခားဆုံး ကေတာ့ သူနဲ႕ တြဲစားဖို႕ခ်ေပးတဲ့ Sauce ပဲ။ မိႈတို႔ မုန္လာဥနီတို႔ကို ပါးပါးလွီးျပီး Sauce ခ်က္ထားတာ။ Sauce အခ်ိဳ သေဘာေပါ့။ ပူပူေႏြးေႏြး အေငြ႔တေထာင္းေထာင္းနဲ႔။ မပ်စ္မက်ဲဗ်ာ ။ Sauce မက် Soup မက်ေလး။ တည္ခင္းေပးတဲ့ပမာဏ မ်ားတယ္။ သူ႕ခ်ည္း ဒီတိုင္းေသာက္လို႔လည္းေကာင္းတယ္။ ကိုယ့္လူတစ္ေယာက္ဆို ေအးသြားလို႔ျပန္ေႏႊးခိုင္းျပီး ဒီတိုင္း ထိုင္ေသာက္လိုက္ေသးတာကလား 😀 ။

burbrit 8

ဟင္းပြဲအျပင္အဆင္ေတြက သပ္ရပ္သန္႕ရွင္းပါတယ္။ လက္ရာေတြက အထူးျခားၾကီးမဟုတ္ေပမယ့္ ေကာင္းတယ္လို႕ဆိုရမွာပါ။ ေစ်းႏွုန္းကလည္း တစ္ပြဲကို ျမန္မာေငြသုံးေထာင္ဝန္းက်င္ဆိုေတာ့ သူ႔ေနရာနဲ႔သူ အမ်ားၾကီးေတာ့ မဆိုႏိုင္ဘူး။ ဘီယာေစ်းေတြကေတာ့ နည္းနည္းၾကီးတယ္။ အင္း နည္းနည္းမကၾကီးတယ္ ဆိုပါေတာ့။ Tasting လုပ္တဲ့တစ္တြဲကိုတင္ ေျခာက္ေထာင့္ငါးရာဆိုေတာ့ ကိတ္တယ္လို႔ပဲဆိုပါရေစေနာ့။ ျပီးေတာ့ ဒီေစ်းနဲ႔ ဒီထက္ပိုထူးျခားတဲ့ အရသာမ်ိဳးရသင့္တယ္လို႔ေတာ့ ျမင္မိတယ္ဗ်ာ။ အဲ တစ္ခုေတာ့ ရွိသဗ်။ က်ေနာ္ ေစာေစာကေျပာတဲ့ အားရတဲ့ အပိုင္းက ခုလာျပီ။ Tasting flights မကုန္ခင္ေလးမွာတင္ ေသြးေတြ ေလးလာသဗ်။ နည္းနည္းေလးနဲ႔ေရာက္တယ္ဆိုပါေတာ့။ က်ေနာ္ၾကိဳက္တဲ့ Rangoon Blonde ေနာက္တစ္ Pint ေသာက္လိုက္တဲ့အခ်ိန္မွာေတာ့ စကားေျပာရဆိုရေကာင္း ေနရထိုင္ရ အေတာ္ေကာင္းသြားပါျပီ ဟီး 😛 ။ ပါးပါးပဲပုတ္မယ္ဆိုသူေတြအတြက္ေတာ့ အိုေခေပါ့ေလ။ (ေရးေနရင္းေတာင္ ပုတ္ခ်င္လာျပန္ျပီ.. ငါေနာ္)

burbrit 5

ဆိုင္အျပင္အဆင္ေလးက မဆိုးေပမယ့္ နည္းနည္းေမွာင္တယ္ဗ် ။ အဲဒီေတာ့ ျခင္ပိုကိုက္တာေပါ့ဗ်ာ ။ Lighting ေလး နည္းနည္း ျဖည့္သင့္တယ္ ထင္တယ္။ ဝန္ထမ္းေတြရဲ့ Service က ေတာ္ေတာ္ေကာင္းပါတယ္။ Toilet သန္႔ရွင္းမႈ ရွိသလို Parking Area လည္း အဆင္ေျပတယ္။ အလုပ္ကအျပန္ နားေအးပါးေအးထိုင္ခ်င္တဲ့ ရုံးသမားေတြ မိတ္ေဆြသူငယ္ခ်င္းေတြ ၊ ေအးေအးခ်မ္းခ်မ္း Dateခ်င္တဲ့ ခ်စ္သူစုံတြဲေတြ၊ ဆည္းဆာကို ဖီးလ္လာသေလာက္ ေငးမယ္ဆိုတဲ့ တစ္ကိုယ္တည္းသမားေတြ အားလုံးအတြက္ သင့္ေတာ္တဲ့ Burbrit Brewery ပါဗ်ာ ။ ေနာက္ အဆင္မေျပတာတစ္ခုကေတာ့ အျပန္မွာ ကိုယ့္ကားနဲ႔ကိုယ္ လာမယ့္သူေတြအတြက္ ျပႆနာမရွိေပမယ့္ Taxi ငွားမယ့္သူေတြကေတာ့ လမ္းမၾကီးထိေတာ္ေတာ္ ျပန္ထြက္ရမွာကိုပါပဲ။ ဆိုင္ဖြင့္ခ်ိန္က 4PM – 10PM ဆိုေတာ့ အလုပ္ဆင္း ေနာက္က်တဲ့သူေတြအတြက္ေတာ့ အဆင္မေျပလွဘူး။ ဒါေပမယ့္ ဆည္းဆာနဲ႕ Home Brew Beer ကို ျမည္းမွာဆိုတဲ့ စိတ္ကေလးရွိရင္ေတာ့ ျမိဳ႕ထဲဘက္မွာ ႐ွဴမရတဲ့ ေလေကာင္းေလသန္႕ေလး ႐ွဴခ်င္တယ္ဆိုရင္ေတာ့ Burbrit Brewery ကို တစ္ေခါက္ေလာက္ သြားၾကည့္ေစခ်င္ပါတယ္ဗ်ိဳ႕။ ဒီဘက္ေခတ္မွာ ရွားပါးလာတဲ့ ေအးခ်မ္းမႈေလးကို အဲဒီမွာ က်ေနာ္တို႔ ရခဲ့ၾကလို႔ပါ . . . ။

Overall Rating

  • Taste – Beer         ****
  • Taste – Food        ****
  • Price – Beer          **
  • Price – Food         ***
  • Service                  *****
  • Hygiene                ****
  • Place -Location   *****
  • Transportation    *

(DGA)

www.akhayar.com

Unicode

ဒါနဲ့ ယူတို့ ဘျာ(Beer)သောက်တတ်တယ်မလား 😛 ။ အဲ နည်းနည်းပါးပါးသောက်တတ်တယ်ပဲဆိုပါတော့နော်။ အရင်ထိုင်ဖူးတဲ့ နားတွေငြီး အကင်အညှော်နံ့တွေမွှန်ထူနေတဲ့ ဘီယာဆိုင်မျိုးတွေကို စိတ်ညစ်တယ်၊ သောက်နေကျမဟုတ်တဲ့ ဘီယာအရသာ အသစ်လေးတွေကိုလည်း မြည်းစမ်းချင်တယ်ဆိုရင်တော့ စွန်းမိုက်တဲ့ ဆိုင်လေးတစ်ဆိုင်ကို ညွှန်ပါရစေ။

Burbrit Brewery တဲ့။ နေဝင်နေတဲ့မြစ်ပြင်ကြီးကိုငေးရင်း ဘီယာလေးစုပ်ရတဲ့အရသာအတွက် မြောက်ဒဂုံ ဘေလီတံတား အဆင်းနားကို သွားရမှာဆိုတော့ နေရာလေးကတော့ လှမ်းတယ်ပြောရမလားပဲ။ ဒါပေမဲ့ ကျနော်တို့ကတော့ သွားတယ် ဟီး 😛 ။ အသွားလမ်းမှာ တောက်လျှောက်ရွာလာတဲ့မိုးက ပါရမီလမ်းပေါ် ကားကွေ့လိုက်ပြီဆိုတာနဲ့ တိတ်သွားတယ်။ ဘေလီတံတား ဆင်းဆင်းချင်း မီးပွိုင့်မှာ ဘယ်ဘက်က ဦးဝိစာရလမ်းပေါ်ကိုကွေ့ဆင်းပြီးတော့ ပထမဆုံးစတွေ့တဲ့ လမ်းမှာ ဘယ်ဘက်ကိုထပ်ကွေ့ ပြီးရင် ညာဘက်ကို ထပ်ကွေ့ ပြီးရင် ဘယ်ပြန်ကွေ့ (ဟယ် ကွေ့ထာ) လိုက်ရင် Burbrit ကို တွေ့ပါပြီတဲ့ဗျာ။ နေရာလေးက လှမ်းသလို လမ်းမကြီးကနေ ကွေ့ကောက်ပြီးဝင်နေရတာကလည်း နည်းနည်းတော့ညစ်ချင်စရာ ။ မြောက်ဒဂုံ စက်မှုဇုံဝန်းထဲမှာ ဘယ့်နှယ် စိတ်ကူးပေါက်ပြီး ဖွင့်ထားတယ် မသိဘူးရယ် ။ ဆိုင်ရောက်တော့ တိတ်သွားတဲ့မိုးကို စကျေးဇူးတင်မိတာပါပဲ။ မိုးရွာနေလို့ မြစ်ကမ်းဘေးက စားပွဲမှာသာ မထိုင်ဖြစ်ခဲ့ဘူးဆို ဒီဆိုင်ရဲ့အရသာဟာ ဘယ်ပြည့်စုံပါလိမ့်မလဲ ။

ကျနော်တို့ရောက်တဲ့ ညနေ ၅နာရီခွဲကျော်ကျော်ဟာ Burbrit မှာစထိုင်ဖို့ အသင့်တော်ဆုံးအချိန်လို့ ထင်ပါတယ်။ ပတ်ဝန်းကျင် အပူချိန်လည်းလျော့နေပြီး မကြာခင် နေဝင်တော့မှာဖြစ်တဲ့အတွက် Sunset လေး ကြည့်ရင်း လေကောင်းလေသန့်တွေရှူရင်း တစ်နေ့တာမွန်းကျပ်မှုတွေကို လျှော့ချလိုက်ဖို့… … ကျနော်ကတော့ ဘီယာစမှာလိုက်ပါပြီခင်ဗျာ 😛 ။

ဘီယာအမျိုးအစားကတော့ ၅မျိုးရတယ်။ အရသာတွေမသိသေးတော့ Tasting Flights အတွဲလိုက်လေးပဲ အရင်မှာလိုက်တယ်။ ဘီယာခွက်လေးတွေ သစ်သားတန်းလေးပေါ်တင်ထားတာက ချစ်စရာလေး ။ အပျော့ဆုံး အရသာကနေ အပြင်းဆုံးကို စီချပေး ထားတယ်။ ဆိုတော့ အပျော့ဆုံးလေးကနေ စစမ်းတာပေါ့ဗျာ။ German Weizen တဲ့ ။ ကမ္ဘာ့အကောင်းဆုံးဘီယာတွေထွက်တဲ့ Germany နိုင်ငံထွက် ဘီယာတစ်မျိုးရဲ့နာမည်ပေါ့။ နည်းနည်းပါးပါးစပ်စုလိုက်တော့  ဘီယာချက်ဖို့ Tankတွေ Tunတွေ၊ အဓိက ကုန်ကြမ်းတွေဖြစ်တဲ့ Malt တို့ Hops တို့ စတာတွေကို Germany ကနေပဲ မှာတယ် ။ အချဉ်ဖောက်တဲ့ Yeast ကိုတော့ Singapore ကနေ မှာတယ်လို့ သိရပါတယ် ။ ချက်ပြီး ၂ပတ်ကြာ အအေးခံထားတဲ့ ဘီယာတွေကို စရောင်းချပါတယ်တဲ့။ အဲဒီ German Weizenရဲ့ အရသာလေးက မချိုမချဉ် သက်သက်လေးရယ်၊ အပျော့ဆုံးဆိုတဲ့အတိုင်း တော်တော်ပျော့သဗျာ။ အရောင်ကလည်း အဖျော့ဆုံး။ အရသာပျော့ပျော့ကြိုက်သူတွေ၊ မိန်းကလေးတွေ နှစ်သက်မယ်လို့ထင်ပါတယ်။

ဒုတိယကောင်က Rangoon Blonde ။ အမယ် ငါတို့ မြို့နာမည်နဲ့ပါလား… မှန်း မြည်းကြည့်ရအောင် ။ သူက ကျနော်တို့ သောက်နေကျ ဈေးကွက်ထဲက ဘီယာတွေနဲ့ဆင်ပါတယ်။ ဆင်ဆို ဒီဆိုင်ရဲ့ တစ်ဦးတည်းသော Lager beer လေးကိုဗျ ။ Smooth ဖြစ်တယ်။ မဆိုးဘူး။ ဒါပေမယ့် အနံ့မရှိသလောက်ပဲ။ လျှာပေါ်မယ် ရှတတနဲ့ ဝဲနေရမယ့် Aftertaste လေးလည်း မကျန်ဘူး။ ဒီဆိုင်က ဘီယာတွေမှာ အဲဒါလေးတွေတော့ သိပ်အားမရဘူး။ အဲ အားရတဲ့အပိုင်းက ပြီးရင်လာမယ် 😛 ။   နံပါတ် ၃ကတော့ အပြင်းဆုံးဗျ။ Burma Pale Ale တဲ့။ သူက Irish Red Ale (နံပါတ် ၅) နဲ့ အရောင်ရော အရသာရော ဆင်တယ်။ Stout အမျိုးအစားနှစ်သက်တဲ့သူတွေအတွက် အဆင်ပြေမယ်။ ကျနော်တော့ မကြိုက်ဘူး။ နံပါတ်မှာ (၄)ကတော့ English Bitter ပါတဲ့။ အရသာ လေးပါတယ် ၊ ရှပါတယ် ၊ Aftertaste ကောင်းကောင်းကျန်ပါတယ်။ နံပါတ်(၂) နဲ့ (၄)ကို ကျနော် သဘောကျပါတယ်။ သောက်နေကျ Taste နဲ့ နီးစပ်တဲ့ Rangoon Blonde ကိုတော့ အကြိုက်ဆုံးပါပဲ။ မြစ်ပြင်ကြီးအလွန် ကိုင်းတောတွေထဲ နေဝင်သွားတဲ့ ညနေခင်းကြီးကို ငေးရင်း ဘီယာလေးတွေ မြည်းနေတုန်းပဲ ပြဿနာကစပါတယ်။ ဟုတ်ကဲ့ ခြင်တွေပါ ။ တော်တော်ကိုက်တယ် ဆိုတာထက် ကိုက်ပါတယ်။

Bass Drum Double Paddle နင်းသလို တစ်ချိန်လုံး ဒူးနှန့်နေရတယ်။ လက်လေ့ကျင့်ခန်းလည်းလုပ်ရတယ်  ။ ပြီးတော့ မှောင်သွားတဲ့အချိန်မှာ  ပိုးကောင်တွေ လာပါတယ်။ အင်းပေါ့ မြစ်ဘေးဆိုမှတော့ အဲဒီလောက်တော့ ရှိမှာပေါ့။ ယူတို့လည်း ဒီကိုလာမယ်ဆိုရင် ခြင်မကိုက်တဲ့ ဆေးဗူးလေး ဘာလေး ဆောင်လာ ဖြန်းလာရင်တော့ ပိုအိုခေလိမ့်မယ်။ အသောက်ကိစ္စဆိုတော့ အစားကိစ္စလည်း ပါရတာပေါ့လေ။ ဆိုင်ဖွင့်တာကလည်း ၃လကျော်ကျော်ပဲ ရှိသေးတာရယ်၊ ဘီယာအဓိက ရောင်းတဲ့ဆိုင်ဖြစ်တာရယ်ကြောင့် Menuကတော့ နည်းတယ်ဗျ။ ဘီယာနဲ့မြည်းလို့ကောင်းတဲ့အမျိုးအစားတွေပဲ အဓိကတင်တယ်။ အဲဒါနဲ့ နည်းနည်းပါးပါးမေးမြန်းပြီး သူတို့ကိုယ်တိုင် Recommend ပေးတဲ့ ဆိတ်ဘယာကြော်ရယ်၊ ငါးအရေခွံကြော်ရယ်၊ ကိုက်လန်ကို မုန့်နှစ်နဲ့ကြော်ထားတာလေးရယ် မှာလိုက်တယ်။ ဟင်းပွဲတွေရတာ မြန်ပါတယ်။ လူရှင်းနေသေးလို့လားတော့ မသိဘူးပေါ့။ အရသာတွေ အဆင်ပြေတယ်ဗျ။  ဆိတ်ဘယာကြော်လေးက ပျဉ်းတော်သိမ်နိုင်နိုင် မွှေးမွှေးလေးနဲ့ စားကောင်းလှတယ်။ ငါးအရေခွံကြော်လေးကလည်း တော်တော်ယွယွလေးရယ်။ ကျနော်က အငန်စားတဲ့သူဆိုတော့ ပေါ့သလိုရှိပေမယ့် ပုံမှန်စားတတ်သူတွေ အပေါ့စားသူတွေအတွက်တော့ အနေတော်ပါပဲ။ Sauce တွေလည်း စုံစုံလင်လင်ချပေးပါတယ်။ ကိုက်လန်မုန့်နှစ်ကြော် လေးကလည်း အဖိုင်းပဲဗျ ။ ဒါပေမယ့် အရွက်ကြော်ဆိုတော့ ပူတုန်းပဲ ဖိုင်းတာမလား။ အေးသွားတော့ စားမကောင်းတော့ဘူး။ အဲ အထူးခြားဆုံး ကတော့ သူနဲ့ တွဲစားဖို့ချပေးတဲ့ Sauce ပဲ။ မှိုတို့ မုန်လာဥနီတို့ကို ပါးပါးလှီးပြီး Sauce ချက်ထားတာ။ Sauce အချို သဘောပေါ့။ ပူပူနွေးနွေး အငွေ့တထောင်းထောင်းနဲ့။ မပျစ်မကျဲဗျာ ။ Sauce မကျ Soup မကျလေး။ တည်ခင်းပေးတဲ့ပမာဏ များတယ်။ သူ့ချည်း ဒီတိုင်းသောက်လို့လည်းကောင်းတယ်။ ကိုယ့်လူတစ်ယောက်ဆို အေးသွားလို့ပြန်နွှေးခိုင်းပြီး ဒီတိုင်း ထိုင်သောက်လိုက်သေးတာကလား 😀 ။

ဟင်းပွဲအပြင်အဆင်တွေက သပ်ရပ်သန့်ရှင်းပါတယ်။ လက်ရာတွေက အထူးခြားကြီးမဟုတ်ပေမယ့် ကောင်းတယ်လို့ဆိုရမှာပါ။ ဈေးနှုန်းကလည်း တစ်ပွဲကို မြန်မာငွေသုံးထောင်ဝန်းကျင်ဆိုတော့ သူ့နေရာနဲ့သူ အများကြီးတော့ မဆိုနိုင်ဘူး။ ဘီယာဈေးတွေကတော့ နည်းနည်းကြီးတယ်။ အင်း နည်းနည်းမကကြီးတယ် ဆိုပါတော့။ Tasting လုပ်တဲ့တစ်တွဲကိုတင် ခြောက်ထောင့်ငါးရာဆိုတော့ ကိတ်တယ်လို့ပဲဆိုပါရစေနော့။ ပြီးတော့ ဒီဈေးနဲ့ ဒီထက်ပိုထူးခြားတဲ့ အရသာမျိုးရသင့်တယ်လို့တော့ မြင်မိတယ်ဗျာ။ အဲ တစ်ခုတော့ ရှိသဗျ။ ကျနော် စောစောကပြောတဲ့ အားရတဲ့ အပိုင်းက ခုလာပြီ။ Tasting flights မကုန်ခင်လေးမှာတင် သွေးတွေ လေးလာသဗျ။ နည်းနည်းလေးနဲ့ရောက်တယ်ဆိုပါတော့။ ကျနော်ကြိုက်တဲ့ Rangoon Blonde နောက်တစ် Pint သောက်လိုက်တဲ့အချိန်မှာတော့ စကားပြောရဆိုရကောင်း နေရထိုင်ရ အတော်ကောင်းသွားပါပြီ ဟီး 😛 ။ ပါးပါးပဲပုတ်မယ်ဆိုသူတွေအတွက်တော့ အိုခေပေါ့လေ။ (ရေးနေရင်းတောင် ပုတ်ချင်လာပြန်ပြီ.. ငါနော် )

ဆိုင်အပြင်အဆင်လေးက မဆိုးပေမယ့် နည်းနည်းမှောင်တယ်ဗျ ။ အဲဒီတော့ ခြင်ပိုကိုက်တာပေါ့ဗျာ ။ Lighting လေး နည်းနည်း ဖြည့်သင့်တယ် ထင်တယ်။ ဝန်ထမ်းတွေရဲ့ Service က တော်တော်ကောင်းပါတယ်။ Toilet သန့်ရှင်းမှု ရှိသလို Parking Area လည်း အဆင်ပြေတယ်။ အလုပ်ကအပြန် နားအေးပါးအေးထိုင်ချင်တဲ့ ရုံးသမားတွေ မိတ်ဆွေသူငယ်ချင်းတွေ ၊ အေးအေးချမ်းချမ်း Dateချင်တဲ့ ချစ်သူစုံတွဲတွေ၊ ဆည်းဆာကို ဖီးလ်လာသလောက် ငေးမယ်ဆိုတဲ့ တစ်ကိုယ်တည်းသမားတွေ အားလုံးအတွက် သင့်တော်တဲ့ Burbrit Brewery ပါဗျာ ။ နောက် အဆင်မပြေတာတစ်ခုကတော့ အပြန်မှာ ကိုယ့်ကားနဲ့ကိုယ် လာမယ့်သူတွေအတွက် ပြဿနာမရှိပေမယ့် Taxi ငှားမယ့်သူတွေကတော့ လမ်းမကြီးထိတော်တော် ပြန်ထွက်ရမှာကိုပါပဲ။ ဆိုင်ဖွင့်ချိန်က 4PM – 10PM ဆိုတော့ အလုပ်ဆင်း နောက်ကျတဲ့သူတွေအတွက်တော့ အဆင်မပြေလှဘူး။ ဒါပေမယ့် ဆည်းဆာနဲ့ Home Brew Beer ကို မြည်းမှာဆိုတဲ့ စိတ်ကလေးရှိရင်တော့ မြို့ထဲဘက်မှာ ရှူမရတဲ့ လေကောင်းလေသန့်လေး ရှူချင်တယ်ဆိုရင်တော့ Burbrit Brewery ကို တစ်ခေါက်လောက် သွားကြည့်စေချင်ပါတယ်ဗျို့။ ဒီဘက်ခေတ်မှာ ရှားပါးလာတဲ့ အေးချမ်းမှုလေးကို အဲဒီမှာ ကျနော်တို့ ရခဲ့ကြလို့ပါ . . . ။

Overall Rating

  • Taste – Beer         ****
  • Taste – Food        ****
  • Price – Beer          **
  • Price – Food         ***
  • Service                  *****
  • Hygiene                ****
  • Place -Location   *****
  • Transportation    *

(DGA)

www.akhayar.com