[Zawgyi]








– watch it in HD –

Song Name – Petrichor
Lyrics – Bunny Phyoe
Music – MgMg Pyae Sone
Guitar – Ko Boy

©2018 bunnyphyoe




www.akhayar.com

[Unicode]

မိုးရွာပြီးစ မြေသင်းနံ့လေးရတဲ့အချိန်မှာ နားထောင်ရမယ့် ဘန်နီဖြိုးရဲ့ ‘Petrichor’

ခုလိုမျိုး မိုးရွာနေတဲ့ အချိန်၊ မိုးရွာပြီးစ အချိန်တွေမှာ ဟိုလူ့ကို လွမ်းသလိုလို၊ ဒီလူ့ကို လွမ်းသလိုလိုနဲ့ အလွမ်းဓာတ်ခံရှိတဲ့သူတွေ ရှိကြလားမသိဘူးနော်။ ဒီလို အချိန် အိမ်ပြတင်းပေါက်က မိုးရေစက်တွေကို ငေးငေး၊ အပြင်သွားရင်း ကားမှန်ပေါ်ကျနေတဲ့ ရေစက်တွေကို ကြည့်ရင်း လွမ်းဆွေးချင်တယ်ဆိုရင် အဆိုတော်ဘန်နီဖြိုးရဲ့ ဒီသီချင်းလေး ရှိနေပါပြီ။ ကြည့်ရှုနားဆင်ချင်တယ်ဆိုရင် ဒီလင့်လေးကို နှိပ်လိုက်ပါ။

ဒီသီချင်းကို ဘန်နီဖြိုးက သူရေးပြီး တင်ဖြစ်ခဲ့တဲ့ အကြောင်းကို

“Bunny Phyoe – Petrichor (Lyrics Video)

မိုးရွာစအချိန်လေးတွေမှာ ရတတ်တဲ့ မြေသင်းနံ့ ကို Petrichor လို့ခေါ်တာမှတ်သားဖူးပါတယ် … တစ်ချို့တွေကအဲဒီ အနံ့လေးကိုဘာကြောင့်မှန်းမသိ စွဲလမ်းနေတတ်ကြတာ … ကျွန်တော်ကိုယ်တိုင်ရောပေါ့ဗျာ ။

နောက်ပြီးတော့ မိုးရာသီဆို ကားမှန်ပြတင်းပေါက်မှာထိုင် နားကျပ်လေးတပ်ပြီး ဘာ feel လို့ feel မှန်းမသိ feel ဖူးကြမှာပါ … ဒီ Lyrics Video ကိုလည်း ကျွန်တော်ခရီးသွားရင်း အဲ့ဒီ mood ဖြစ်လာလို့ ကားပေါ်မှာ ဖုန်းနဲ့ရိုက်လာခဲ့ပြီး လုပ်ဖြစ်သွားခဲ့တာပါ ။

အဲ့တော့ မြေသင်းနံ့လေးတွေရတဲ့အခါ … အခုချိန် အနားမှာမရှိတော့ပေမယ့် တစ်ချိန်ကမိုးရာသီတွေမှာ အတူတူရှိခဲ့ဖူးတဲ့သူတစ်ယောက်ယောက်ကို သတိရတဲ့အခါ … ကားမှန်ပေါ်က မိုးရေစက်လေးတွေကိုငေးရင်း မိုးမကုန်ခင်လေး လွမ်းလိုက်ရအောင်ဗျာ … ။

– watch it in HD –

Song Name – Petrichor
Lyrics – Bunny Phyoe
Music – MgMg Pyae Sone
Guitar – Ko Boy

©2018 bunnyphyoe

#BunnyPhyoe #NeonDreams #Petrichor

*B*” ဆိုပြီး တင်ထားခဲ့တာ ဖြစ်ပါတယ်။

ကဲ! ကိုယ့်လို မိုးရွာပြီဆိုတာနဲ့ အလွမ်းဓာတ်ခံလေးရှိသူတွေ နားဆင်ဖို့ လက်ထောင်လိုက်တော့နော်။

www.akhayar.com

Photo Credit : Bunny Phyoe