[Zawgyi]

လတ္တေလာ အႏုပညာလႈပ္ရွားမႈအသစ္ေတြ ခ်ျပေတာ့မယ့္ ဘန္နီျဖိဳး နဲ႔ ေအသင္ခ်ိဳေဆြ

လတ္တေလာ အႏုပညာလႈပ္ရွားမႈေတြ ခပ္စိတ္စိတ္ျပန္လုပ္လာတဲ့ လူငယ္အဆုိေတာ္ေလးႏွစ္ေယာက္ရဲ႕ အေၾကာင္းကို ေဖာ္ျပေပးခ်င္ပါတယ္။ သူတို႔ႏွစ္ေယာက္ကေတာ့…

ဘန္နီျဖိဳး

ဘန္နီျဖိဳး

ဘန္နီျဖိဳး

၂၀၁၆ ခုႏွစ္မွာ ‘Lucky’ Album ထြက္ျပီးတည္းက Single သီခ်င္းေတြပဲ ထြက္ရွိထားတဲ့ ဘန္နီျဖိဳးကေတာ့ ဇူလိုင္လ ၉ရက္ေန႔မွာ အေခြသစ္တစ္ေခြ ထပ္မံထြက္ရွိေတာ့မွာ ျဖစ္ပါတယ္။ အေခြနာမည္ကိုေတာ့ “Neon Dreams” လို႔ ေပးထားျပီး အရင္ ‘Lucky’ Album လိုပဲ သီခ်င္း ၁၁ ပုဒ္ ပါဝင္မယ္လို႔ သိရပါတယ္။

Neon Dreams Album

Neon Dreams Album

ဘန္နီျဖိဳးရဲ႕ ပရိသတ္ေတြကေတာ့ ‘Lucky’ Album ကို DVD ထြက္လာဖို႔ ေမွ်ာ္လင့္ေပမယ့္ အဲဒီအစား အေခြသစ္တစ္ေခြပဲ ထြက္ရွိလာတာ ျဖစ္ပါတယ္။

Lucky Album

Lucky Album

‘Neon Dreams’ ထြက္ရွိိတဲ့အခါ လက္မွတ္ထိုးပြဲ၊ Promotion ပြဲလည္း လုပ္မွာ မဟုတ္ဘူးလို႔ ဘန္နီျဖိဳးက ေျပာၾကားခဲ့ပါတယ္။ ‘Neon Dreams’ မွာ Featuring အေနနဲ႔ စိုင္းစိုင္းခမ္းလႈိင္ပါဝင္မယ္လို႔ သိရပါတယ္။

ဘန္နီျဖိဳးနဲ႔ စိုင္းစုိင္း

ဘန္နီျဖိဳးနဲ႔ စိုင္းစုိင္း

‘Neon Dreams’ ကို ရိုးရိုး Audio CD နဲ႔ Dreamers Edition ဆိုျပီး ႏွစ္မ်ိဳးခြဲထုတ္မွာ ျဖစ္ပါတယ္။ Dreamers Edition မွာ ဓာတ္ပံုစာအုပ္၊ သီခ်င္းစာသားေတြ၊ Sticker Pack နဲ႔ လြန္ခဲ့တဲ့ ေလးနွစ္က လုပ္ခဲ့တဲ့ Dream World Concert 2014 ရဲ့ DVD Album ပါ ပါဝင္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဘန္နီျဖိဳးရဲ႕ ပရိသတ္ေတြကေတာ့  ဒီအေခြကို လံုးဝ ေစာင့္ေမွ်ာ္အားေပးမွာ အေသအခ်ာပါပဲ။

ေအသင္ခ်ိဳေဆြ

ေအသင္ခ်ိဳေဆြ

ေအသင္ခ်ိဳေဆြ

ေအသင္ခ်ိဳေဆြကေတာ့ ျပီးခဲ့တဲ့ လပိုင္းက ကုိယ္အေလးခ်ိန္ေလွ်ာ့ခ်ႏုိင္ခဲ့တဲ့ အတြက္ ပရိသတ္က သူ႔ဝိတ္ခ်နည္းကို အရမ္းကို စိတ္ဝင္စားေနပါတယ္။ ဝိတ္ခ်ျပီး ပိုလွသြားတဲ့ ေအသင္ဟာ အႏုပညာလႈပ္ရွားမႈေတြလည္း လုပ္လာျပီး ဇူလိုင္လ ၃ ရက္ေလးမွာတင္ ‘အသဲကြဲသီခ်င္းေတြ မဆိုေတာ့ဘူး’ ဆိုတဲ့ သီခ်င္းအသစ္ရဲ႕ Teaser ေလးကို သူ႔အေကာင့္မွာ တင္ခဲ့ပါတယ္။ သီခ်င္းဖန္တီးမႈအပိုင္းကိုေတာ့ Moe Htet က ေရးသားဖန္တီးေပးထားျပီး ေအသင္ဆိုထားတဲ့ ဒီသီခ်င္းကို ဒီမွာ ၾကည့္လို႔ရပါတယ္။ ေခတ္လူငယ္ေတြရဲ႕ ၾကိဳက္ႏွစ္သက္မယ့္ ပံုစံမ်ိဳးမို႔ ေအသင္ ဘယ္လို ေအာင္ျမင္မႈလမ္းကို ျပန္လာမလဲဆိုတာ ၾကည့္ရမွာပါ။

Yoe Lu (Akhayar)

www.akhayar.com

Photo Credit : Bunny Phyoe & Athen Cho Swe Facebook Account
[Unicode]

လတ်တလော အနုပညာလှုပ်ရှားမှုအသစ်တွေ ချပြတော့မယ့် ဘန်နီဖြိုး နဲ့ အေသင်ချိုဆွေ

လတ်တလော အနုပညာလှုပ်ရှားမှုတွေ ခပ်စိတ်စိတ်ပြန်လုပ်လာတဲ့ လူငယ်အဆိုတော်လေးနှစ်ယောက်ရဲ့ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ သူတို့နှစ်ယောက်ကတော့…

ဘန်နီဖြိုး

ဘန်နီဖြိုး

ဘန်နီဖြိုး

၂၀၁၆ ခုနှစ်မှာ ‘Lucky’ Album ထွက်ပြီးတည်းက Single သီချင်းတွေပဲ ထွက်ရှိထားတဲ့ ဘန်နီဖြိုးကတော့ ဇူလိုင်လ ၉ရက်နေ့မှာ အခွေသစ်တစ်ခွေ ထပ်မံထွက်ရှိတော့မှာ ဖြစ်ပါတယ်။ အခွေနာမည်ကိုတော့ “Neon Dreams” လို့ ပေးထားပြီး အရင် ‘Lucky’ Album လိုပဲ သီချင်း ၁၁ ပုဒ် ပါဝင်မယ်လို့ သိရပါတယ်။

Neon Dreams Album

Neon Dreams Album

ဘန်နီဖြိုးရဲ့ ပရိသတ်တွေကတော့ ‘Lucky’ Album ကို DVD ထွက်လာဖို့ မျှော်လင့်ပေမယ့် အဲဒီအစား အခွေသစ်တစ်ခွေပဲ ထွက်ရှိလာတာ ဖြစ်ပါတယ်။

Lucky Album

Lucky Album

‘Neon Dreams’ ထွက်ရှိတဲ့အခါ လက်မှတ်ထိုးပွဲ၊ Promotion ပွဲလည်း လုပ်မှာ မဟုတ်ဘူးလို့ ဘန်နီဖြိုးက ပြောကြားခဲ့ပါတယ်။ ‘Neon Dreams’ မှာ Featuring အနေနဲ့ စိုင်းစိုင်းခမ်းလှိုင်ပါဝင်မယ်လို့ သိရပါတယ်။

ဘန်နီဖြိုးနဲ့ စိုင်းစိုင်း

ဘန်နီဖြိုးနဲ့ စိုင်းစိုင်း

‘Neon Dreams’ ကို ရိုးရိုး Audio CD နဲ့ Dreamers Edition ဆိုပြီး နှစ်မျိုးခွဲထုတ်မှာ ဖြစ်ပါတယ်။ Dreamers Edition မှာ ဓာတ်ပုံစာအုပ်၊ သီချင်းစာသားတွေ၊ Sticker Pack နဲ့ လွန်ခဲ့တဲ့ လေးနှစ်က လုပ်ခဲ့တဲ့ Dream World Concert 2014 ရဲ့ DVD Album ပါ ပါဝင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘန်နီဖြိုးရဲ့ ပရိသတ်တွေကတော့  ဒီအခွေကို လုံးဝ စောင့်မျှော်အားပေးမှာ အသေအချာပါပဲ။

အေသင်ချိုဆွေ

အေသင်ချိုဆွေ

အေသင်ချိုဆွေ

အေသင်ချိုဆွေကတော့ ပြီးခဲ့တဲ့ လပိုင်းက ကိုယ်အလေးချိန်လျှော့ချနိုင်ခဲ့တဲ့ အတွက် ပရိသတ်က သူ့ဝိတ်ချနည်းကို အရမ်းကို စိတ်ဝင်စားနေပါတယ်။ ဝိတ်ချပြီး ပိုလှသွားတဲ့ အေသင်ဟာ အနုပညာလှုပ်ရှားမှုတွေလည်း လုပ်လာပြီး ဇူလိုင်လ ၃ ရက်လေးမှာတင် ‘အသဲကွဲသီချင်းတွေ မဆိုတော့ဘူး’ ဆိုတဲ့ သီချင်းအသစ်ရဲ့ Teaser လေးကို သူ့အကောင့်မှာ တင်ခဲ့ပါတယ်။ သီချင်းဖန်တီးမှုအပိုင်းကိုတော့ Moe Htet က ရေးသားဖန်တီးပေးထားပြီး အေသင်ဆိုထားတဲ့ ဒီသီချင်းကို ဒီမှာ ကြည့်လို့ရပါတယ်။ ခေတ်လူငယ်တွေရဲ့ ကြိုက်နှစ်သက်မယ့် ပုံစံမျိုးမို့ အေသင် ဘယ်လို အောင်မြင်မှုလမ်းကို ပြန်လာမလဲဆိုတာ ကြည့်ရမှာပါ။

Yoe Lu (Akhayar)

www.akhayar.com

Photo Credit : Bunny Phyoe & Athen Cho Swe Facebook Account