[Zawgyi] 




Ref: GSMarena

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

၃ မိနစ်အတွင်းမှာ ရောင်းကုန်သွားခဲ့တဲ့ OnePlus ရဲ့ Bullets Wireless

OnePlus ရဲ့နာမည်ကြီး Flagship Killer တွေက နှစ်တိုင်းလိုလို ဈေးကွက်ထဲမှာ စိတ်ဝင်စားမှုအများကြီးရတဲ့ စမတ်ဖုန်ုးတွေပါ။ OnePlus က ၂၀၁၈ အတွက်တော့ OnePlus 6 ကို ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။ 

OnePlus 6 နဲ့အတူ မိတ်ဆက်ခဲ့တာကတော့ OnePlus Bullets Wireless Earbuds တွေပါ။ OnePlus ရဲ့ ပထမဦးဆုံး Wireless Earbuds ဖြစ်တာကြောင့် စိတ်ဝင်စားမှုတွေမြင့်တက်ခဲ့ပါတယ်။ OnePlus ရဲ့ နာမည်ကြီး Bullets တွေနဲ့ နာမည်တူပေမယ့် Wireless Version ဖြစ်သွားတာနဲ့အညီ OnePlus က အသံပိုင်းအတွက် နည်းပညာပိုင်းမှာ အဆင့်မြှင့်တင်ခဲ့ပါတယ်။ 

OnePlus ရဲ့ Bullets Wireless Earphones တွေကို Europe မှာ စတင်ရောင်းချခဲ့ပါတယ်။ စတင်ရောင်းချတဲ့အချိန်ကစလို့ ၃ မိနစ်အတွင်းမှာပဲ OnePlus ရဲ့ Website မှာ Out Of Stock ဖြစ်သွားခဲ့ပါတယ်။ OnePlus ကုမ္ပဏီရဲ့ Co-founder ဖြစ်သူ Carl Pei ကတော့ Ecropean Stock အားလုံး ၃ မိနစ်အတွင်း ရောင်းထွက်သွားပြီဖြစ်တယ်ဆိုတာကို Twitter မှာ Tweet တင်ထားခဲ့ပါတယ်။ OnePlus Bullets Wireless တွေကိုတော့ $69 နဲ့ရောင်းချပေးတာဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း မကြာခင်ဝယ်ယူလို့ရနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ မြန်မာနိုင်ငံကိုရောက်လာရင်တော့ ခန့်မှန်ဈေး တစ်သိန်းဝန်းကျင်ခန့်ရှိနိုင်ပါတယ်။ 

Ref: GSMarena

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။