[Zawgyi]

၁၉၄၀ ျပည့္ႏွစ္ဝန္းက်င္မွာ ေခတ္စားခဲ့တဲ့ က်ည္ဆံဘရာစီယာနဲ႔ လန္းခဲ့တဲ့မင္းသမီးမ်ား

ဖက္ရွင္ဆိုတာ အၿမဲတမ္းေျပာင္းလဲတိုးတက္ေနတာပါ။ တစ္ေခတ္နဲ႔တစ္ေခတ္လည္း ဆန္းသစ္တီထြင္မႈေတြက လိုက္မမီႏိုင္ေအာင္ရွိၾကပါတယ္။ တကယ္ေတာ့ ဖက္ရွင္ဆိုတာ ကိုယ္နဲ႔လိုက္ဖက္ၿပီး လွလွပပဝတ္စားဆင္ယင္ရံုသာမက ျမင္ရသူေတြအတြက္ပါ Entertain ျဖစ္ေစပါတယ္။ အေရာင္အေသြးစံုရင္စံုသလို၊ ပံုစံဆန္းရင္ဆန္းသေလာက္ ျမင္လိုက္တာနဲ႔ ခံစားမႈရသတစ္မ်ိဳးမ်ိဳးကိုျဖစ္ေစတဲ့အတြက္ လူေတြရဲ႕ အသက္ရွင္ေနထုိင္မႈမွာ ဖက္ရွင္က မရွိမျဖစ္လိုအပ္ေနတာပဲ ျဖစ္ပါတယ္။

Bullet Bra

တစ္ခါတစ္ေလမွာ ခုႏွစ္သကၠရာဇ္ေတြေျပာင္းလာလို႔ ဖက္ရွင္ေရစီးေၾကာင္းက ေျပာင္းသြားေပမယ့္လည္း ေခတ္ေဟာင္းကဖက္ရွင္ေတြကို ျပန္လည္ေဖာ္ထုတ္ျခင္းအားျဖင့္ Retro ဖက္ရွင္ဆိုၿပီး ဒီဘက္ေခတ္မွ ျပန္လည္ေခတ္စားလာတာေတြလည္း ရွိပါတယ္။ အဲဒီလိုေခတ္ေဟာင္းဖက္ရွင္ေတြထဲကမွ ဖက္ရွင္ေရစီးေၾကာင္းမွာ ထူးထူးျခားျခားတစ္ေခတ္ဆန္းခဲ့တဲ့ Bullet Bras လို႔ေခၚတဲ့ က်ည္ဆံပံုစံ ဘရာစီယာေတြအေၾကာင္း ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

ဒီက်ည္ဆံဘရာေတြကေတာ့ ၁၉၄၀ ျပည့္ႏွစ္ကေန ၁၉၅၀ ျပည့္ႏွစ္ေလာက္ထိ တစ္ေခတ္ထခဲ့ၿပီး ေဟာလိဝုဒ္မင္းသမီးေတြၾကားမွာ အေတာ္ေလးေရပန္းစားလူႀကိဳက္မ်ားခဲ့ပါတယ္။ ဘရာပံုစံကိုမျမင္ရေသးခင္မွာေတာ့ က်ည္ဆံဘရာလို႔ေျပာလုိက္တာနဲ႔ ဘရာထဲမွာ က်ည္ဆံေတြ ထည့္ထားသလား၊ အႏၱရာယ္ရွိတဲ့အရာလား ဘာလားေပါ့ ထင္မွတ္စရာရွိႏိုင္ပါတယ္။ ဒါေပမဲ့ မစိုးရိမ္ပါနဲ႔ ဒီက်ည္ဆံဘရာဆိုတာ အမ်ိဳးသမီးေတြဝတ္တဲ့ ရိုးရိုးဘရာပါပဲ။

Bullet Bra

ဒါျဖင့္ ဘာေတြမ်ားဆန္းေနလို႔တုန္းဆိုရင္ေတာ့ ဒီဘရာရဲ႕ခြက္က အမ်ိဳးသမီးေတြ ပံုမွန္ဝတ္ေနက် ရင္သားနဲ႔အံဝင္ခြင္က်ျဖစ္တဲ့ အဝိုင္းပံုစံမဟုတ္ဘဲ ေရွ႕ကိုမွ်ားထိုးထားသလို၊ ခ်ိန္ေနသလို ပံုစံျဖစ္ေနလို႔ပဲျဖစ္ပါတယ္။ ဒီဘရာကိုျမင္တာနဲ႔ တကယ္ပဲ ဒီလိုဘရာရွိခဲ့သလားဆိုၿပီး အံ့ၾသမွင္သက္ရမယ့္ ဒီဇိုင္းပါ။ အဲဒီေခတ္အခါတုန္းကေတာ့ ေဟာလိဝုဒ္မင္းသမီးေတြဟာ ဒီက်ည္ဆံဘရာကိုဝတ္ၿပီး အေပၚက ခႏၶာကိုယ္အလွကိုေပၚလြင္ေစတဲ့ ဆြယ္တာလို ဆြဲသားကိုယ္က်ပ္အက်ီၤေတြ ဝတ္ရတာကို အေတာ္ေလးႏွစ္ၿခိဳက္ခဲ့ၾကပါတယ္။

Bullet Bra

အဲဒီဖက္ရွင္က ဘယ္ေလာက္ေတာင္ နာမည္ႀကီးခဲ့လဲဆိုရင္ အတြင္းကက်ည္ဆံဘရာဝတ္ၿပီး အေပၚကကိုယ္က်ပ္အက်ီၤဝတ္တဲ့ မိန္းကေလးေတြကို “ဆြယ္တာဂဲလ္”လို႔ေတာင္ ေခၚခဲ့ရတဲ့အထိပါပဲ။၁၉၉၀ ခုႏွစ္ေလာက္မွာ အဆိုေတာ္မက္ေဒါနားက ျပန္လည္ေဖာ္ထုတ္ဝတ္ဆင္ရင္း က်ည္ဆံဘရာကို တစ္ေခတ္ျပန္စိတ္ဝင္စားလာခဲ့ပါတယ္။ အျမင္မွာေတာ့ ေရွ႕ကိုခၽြန္ထြက္ေနတဲ့ပံုစံေၾကာင့္ က်ည္ဆံဘရာက ဝတ္ရတာ သက္ေတာင့္သက္သာမရွိတဲ့ပံုစံမ်ိဳး ထင္ရေပမယ့္ ထိပ္မွာခၽြန္ေနၿပီး ရင္သားကိုထည့္တဲ့ပံုစံက ပံုမွန္ဘရာေတြနဲ႔အတူတူပဲျဖစ္လို႔ ဝတ္ရတာအဆင္မေျပစရာမရွိပါဘူး။
Bullet Bra

အဲ တစ္ခုေတာ့ရွိတာေပါ့ေလ၊ ဒီက်ည္ဆံဘရာက ဝတ္ရတဲ့သူအတြက္ သက္ေတာင့္သက္သာနဲ႔ အဆင္ေျပသေလာက္ ျမင္ရတဲ့သူေတြအတြက္ေတာ့ မ်က္လံုးအေၾကာေသေစမယ့္ကိန္းရွိတယ္။ ဒါကလည္း အေပၚမွာေဖာ္ျပခဲ့သလိုပဲ ဒီဖက္ရွင္က ျမင္ရတဲ့သူေတြအတြက္ Entertain ျဖစ္ေစတယ္လို႔ပဲ ဆိုရမွာပါ။ အခုေတာ့ အဲဒီေခတ္အခါက က်ည္ဆံဘရာနဲ႔ လန္းခဲ့တဲ့ေဟာလိဝုဒ္မင္းသမီးေတြရဲ႕ ဓာတ္ပံုေတြကိုပါ စုစည္းေဖာ္ျပထားတာျဖစ္ပါတယ္။

Bullet Bra

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

၁၉၄၀ ပြည့်နှစ်ဝန်းကျင်မှာ ခေတ်စားခဲ့တဲ့ ကျည်ဆံဘရာစီယာနဲ့ လန်းခဲ့တဲ့မင်းသမီးများ

ဖက်ရှင်ဆိုတာ အမြဲတမ်းပြောင်းလဲတိုးတက်နေတာပါ။ တစ်ခေတ်နဲ့တစ်ခေတ်လည်း ဆန်းသစ်တီထွင်မှုတွေက လိုက်မမီနိုင်အောင်ရှိကြပါတယ်။ တကယ်တော့ ဖက်ရှင်ဆိုတာ ကိုယ်နဲ့လိုက်ဖက်ပြီး လှလှပပဝတ်စားဆင်ယင်ရုံသာမက မြင်ရသူတွေအတွက်ပါ Entertain ဖြစ်စေပါတယ်။ အရောင်အသွေးစုံရင်စုံသလို၊ ပုံစံဆန်းရင်ဆန်းသလောက် မြင်လိုက်တာနဲ့ ခံစားမှုရသတစ်မျိုးမျိုးကိုဖြစ်စေတဲ့အတွက် လူတွေရဲ့ အသက်ရှင်နေထိုင်မှုမှာ ဖက်ရှင်က မရှိမဖြစ်လိုအပ်နေတာပဲ ဖြစ်ပါတယ်။

Bullet Bra

တစ်ခါတစ်လေမှာ ခုနှစ်သက္ကရာဇ်တွေပြောင်းလာလို့ ဖက်ရှင်ရေစီးကြောင်းက ပြောင်းသွားပေမယ့်လည်း ခေတ်ဟောင်းကဖက်ရှင်တွေကို ပြန်လည်ဖော်ထုတ်ခြင်းအားဖြင့် Retro ဖက်ရှင်ဆိုပြီး ဒီဘက်ခေတ်မှ ပြန်လည်ခေတ်စားလာတာတွေလည်း ရှိပါတယ်။ အဲဒီလိုခေတ်ဟောင်းဖက်ရှင်တွေထဲကမှ ဖက်ရှင်ရေစီးကြောင်းမှာ ထူးထူးခြားခြားတစ်ခေတ်ဆန်းခဲ့တဲ့ Bullet Bras လို့ခေါ်တဲ့ ကျည်ဆံပုံစံ ဘရာစီယာတွေအကြောင်း ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ဒီကျည်ဆံဘရာတွေကတော့ ၁၉၄၀ ပြည့်နှစ်ကနေ ၁၉၅၀ ပြည့်နှစ်လောက်ထိ တစ်ခေတ်ထခဲ့ပြီး ဟောလိဝုဒ်မင်းသမီးတွေကြားမှာ အတော်လေးရေပန်းစားလူကြိုက်များခဲ့ပါတယ်။ ဘရာပုံစံကိုမမြင်ရသေးခင်မှာတော့ ကျည်ဆံဘရာလို့ပြောလိုက်တာနဲ့ ဘရာထဲမှာ ကျည်ဆံတွေ ထည့်ထားသလား၊ အန္တရာယ်ရှိတဲ့အရာလား ဘာလားပေါ့ ထင်မှတ်စရာရှိနိုင်ပါတယ်။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့ ဒီကျည်ဆံဘရာဆိုတာ အမျိုးသမီးတွေဝတ်တဲ့ ရိုးရိုးဘရာပါပဲ။

Bullet Bra

ဒါဖြင့် ဘာတွေများဆန်းနေလို့တုန်းဆိုရင်တော့ ဒီဘရာရဲ့ခွက်က အမျိုးသမီးတွေ ပုံမှန်ဝတ်နေကျ ရင်သားနဲ့အံဝင်ခွင်ကျဖြစ်တဲ့ အဝိုင်းပုံစံမဟုတ်ဘဲ ရှေ့ကိုမျှားထိုးထားသလို၊ ချိန်နေသလို ပုံစံဖြစ်နေလို့ပဲဖြစ်ပါတယ်။ ဒီဘရာကိုမြင်တာနဲ့ တကယ်ပဲ ဒီလိုဘရာရှိခဲ့သလားဆိုပြီး အံ့သြမှင်သက်ရမယ့် ဒီဇိုင်းပါ။ အဲဒီခေတ်အခါတုန်းကတော့ ဟောလိဝုဒ်မင်းသမီးတွေဟာ ဒီကျည်ဆံဘရာကိုဝတ်ပြီး အပေါ်က ခန္ဓာကိုယ်အလှကိုပေါ်လွင်စေတဲ့ ဆွယ်တာလို ဆွဲသားကိုယ်ကျပ်အကျီၤတွေ ဝတ်ရတာကို အတော်လေးနှစ်ခြိုက်ခဲ့ကြပါတယ်။

Bullet Bra

အဲဒီဖက်ရှင်က ဘယ်လောက်တောင် နာမည်ကြီးခဲ့လဲဆိုရင် အတွင်းကကျည်ဆံဘရာဝတ်ပြီး အပေါ်ကကိုယ်ကျပ်အကျီၤဝတ်တဲ့ မိန်းကလေးတွေကို “ဆွယ်တာဂဲလ်”လို့တောင် ခေါ်ခဲ့ရတဲ့အထိပါပဲ။၁၉၉၀ ခုနှစ်လောက်မှာ အဆိုတော်မက်ဒေါနားက ပြန်လည်ဖော်ထုတ်ဝတ်ဆင်ရင်း ကျည်ဆံဘရာကို တစ်ခေတ်ပြန်စိတ်ဝင်စားလာခဲ့ပါတယ်။ အမြင်မှာတော့ ရှေ့ကိုချွန်ထွက်နေတဲ့ပုံစံကြောင့် ကျည်ဆံဘရာက ဝတ်ရတာ သက်တောင့်သက်သာမရှိတဲ့ပုံစံမျိုး ထင်ရပေမယ့် ထိပ်မှာချွန်နေပြီး ရင်သားကိုထည့်တဲ့ပုံစံက ပုံမှန်ဘရာတွေနဲ့အတူတူပဲဖြစ်လို့ ဝတ်ရတာအဆင်မပြေစရာမရှိပါဘူး။
Bullet Bra

အဲ တစ်ခုတော့ရှိတာပေါ့လေ၊ ဒီကျည်ဆံဘရာက ဝတ်ရတဲ့သူအတွက် သက်တောင့်သက်သာနဲ့ အဆင်ပြေသလောက် မြင်ရတဲ့သူတွေအတွက်တော့ မျက်လုံးအကြောသေစေမယ့်ကိန်းရှိတယ်။ ဒါကလည်း အပေါ်မှာဖော်ပြခဲ့သလိုပဲ ဒီဖက်ရှင်က မြင်ရတဲ့သူတွေအတွက် Entertain ဖြစ်စေတယ်လို့ပဲ ဆိုရမှာပါ။ အခုတော့ အဲဒီခေတ်အခါက ကျည်ဆံဘရာနဲ့ လန်းခဲ့တဲ့ဟောလိဝုဒ်မင်းသမီးတွေရဲ့ ဓာတ်ပုံတွေကိုပါ စုစည်းဖော်ပြထားတာဖြစ်ပါတယ်။

Bullet Bra

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။