နည်းပညာလေ့လာတဲ့သူတချို့ ရဲ့ တွေ့ရှိချက်တွေအရ  လူမှုကွန်ယက် Website တစ်ခုဖြစ်တဲ့ Facebook ရဲ့ Video File တွေကို Hackers တွေဟာ အလွယ်တကူ ဖျက်နိုင်ကြောင်းသိရပါတယ်။

Security Researcher တစ်ယောက်ဖြစ်တဲ့ Dan Melamed ဟာ ၂၀၁၆ June မှာ  Facebook အသုံးပြုသူတွေ Share ထားတာ ဒါမှမဟုတ် တင်ထားတဲ့ Video ဖိုင် တွေကို ခွင့်ပြုချက်ယူစရာမလိုပဲ Disable Commenting လုပ်ရုံနဲ့ ဖျက်ပစ်နိုင်ကြောင်းကို ရှာတွေ့ခဲ့တယ်လို့သိရပါတယ်။

ဒီအားနည်းချက်ကို  အသုံးပြုတဲ့သူတွေကို ပြောပြဖို့ Melamed ဟာ Facebook Page မှာ ပထမဆုံး Public Event တစ်ခုကို Create လုပ်ခဲ့ပြီး ဒီပွဲမှာ ဆွေးနွေးနိုင်ဖို့ အတွက် Video ဖိုင်တစ်ခုကို Upload လုပ်ခဲ့ပါတယ်။

Video ကို တင်နေတဲ့အချိန်မှာပဲ Mealmed ဟာ စမ်းသပ်တဲ့ အနေနဲ့ Browser အားလုံးအတွက် အသုံးပြုနိုင်တဲ့ Web Debugging Proxy တစ်ခု ဖြစ်တဲ့ Fiddler ကို သုံးပြီး Post Request လုပ်ခဲ့ပါတယ်။ ပြီးတဲ့အခါမှာ  Video တစ်ခု ရဲ့ ID Value ကို သူ့ရဲ့ Video ID Value အသစ်နဲ့ အစားထိုးပြီး Social Media Platform ပေါ် တင်ခဲ့ပါတယ်။

Facebook ဟာ ဒီ Issue ကို Server Error လို့ တုံ့ပြန်ခဲ့ပြီး Example: “ This content is no longer available” လို့ဖော်ပြကြောင်းသိရပါတယ်။ ဒါပေမယ့် Video ဖိုင်အသစ်ကတော့ အောင်မြင်စွာနဲ့ တင်နိုင်တယ်လို့ သိရပါတယ်။

ဒီTask ကိုစမ်းသပ်တာ ပြီးတာနဲ့ Melamed ဟာ သူ့ရဲ့ Event Post ကို ဖျက်ပစ်ခဲ့ပြီး နောက်ဆုံးမှာ Attached Video ကိုပါ Delete လုပ်ခဲ့ပါတယ်။

ဒီအားနည်းချက်ဟာ ဘယ်လို အလုပ်လုပ်တယ်ဆိုတာ တစ်ဆင့်ချင်းဆီ ပြောထားတာကိုသိချင်တယ်ဆိုရင်တော့ Video ကို ဖျက်နေတဲ့အချိန်မှာ Attack လုပ်ထားတာကို ပြသထားတဲ့ Proof-Of-Concept Video မှာ ကြည့်နိုင်ပါတယ်။

https://youtu.be/ybyEdza3f6Q

Melamed ဟာ Facebook ရဲ့ အားနည်းချက်တွေကို Securtiy Team ကို  ပြန်လည်ပြင်ဆင်နိုင်ဖို့အတွက် ဒီနှစ်အစမှာ သတင်းပို့ခဲ့ပါတယ်။ အားနည်းချက်တွေကို ပြင်ဆင်ပြီးတဲ့အခါ Social Media Giant ဖြစ်တဲ့ Facebook ဟာ သူ့ရဲ့ သတင်းပေးပို့မှု နဲ့ ကြိုးစားအားထုတ်မှုအတွက် ဒေါ်လာ ၁သောင်း ဆုချီးမြှင့်ခဲ့ပါတယ်။

Attackers တွေ အနေနဲ့ ဒီလိုမျိုး Facebook က Video File တွေကို Delete လုပ်ဖို့ ချဉ်းကပ်တဲ့ ဖြစ်စဉ်ဟာ ပထမဆုံး အကြိမ်မဟုတ်ပါဘူး။ Bug မုဆိုးတွေဟာ စဉ်ဆက်မပြတ် တိုက်ခိုက်မှုတွေကို ရှာဖွေနေပြီး Social Media Platform လုံခြုံရေးနဲ့ ကာကွယ်နိုင်ရေးအတွက် အားနည်းချက်တွေကို သတင်းပို့လျက် ရှိကြောင်း သိရပါတယ်။

Ref : Hacker news

Jan ( Akhayar)