This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဘယ္လ္ဂ်ီယံနဲ႔ပြဲကုိ ဗီဇာမပါဘဲ အဂၤလန္ပရိသတ္ေတြ မသြားေရာက္ဖို႔ သတိေပးလိုက္တဲ့ ၿဗိတိန္ရဲတပ္ဖြဲ႔

အုပ္စုပထမေနရာအတြက္ အေရးပါေနတဲ့ ဘယ္လ္ဂ်ီယံနဲ႔ အဆံုးအျဖတ္ပြဲစဥ္ကို ဗီဇာမပါဘဲ အဂၤလန္ပရိသတ္ေတြ လိိုက္ပါမၾကည့္ရႈဖို႔ ၿဗိတိန္ရဲတပ္ဖြဲ႔က သတိေပးေျပာၾကားလိုက္ပါတယ္။ အုပ္စုေနာက္ဆံုးပြဲစဥ္အျဖစ္ ကစားမယ့္ Kaliningrad Stadium ဟာ Kaliningrad ၿမိဳ႕မွာရွိတဲ့ အားကစားကြင္းတစ္ခုျဖစ္ၿပီး ရုရွားႏိုင္ငံရဲ႕ နယ္စပ္ၿမိဳ႕မွာတည္ရွိေနတာေၾကာင့္ အဂၤလန္ပရိသတ္ေတြကို ဗီဇာမပါဘဲ မသြားေရာက္ဖို႔ သတိေပးလိုက္တာျဖစ္ပါတယ္။ Kaliningrad ၿမိဳ႕ဟာ ပိုလန္၊ လတ္ဗီးယား အစရွိတဲ့ ႏိုင္ငံေတြနဲ႔ ေျမမ်က္ႏွာသြင္ျပင္ ထိစပ္ေနၿပီး နယ္စပ္စည္းရိုး ကာရံထားျခင္းမရွိလို႔ အလြယ္တကူ ႏိုင္ငံျဖတ္ေက်ာ္ သြားေရာက္လို႔ရတဲ့ ေဒသျဖစ္ပါတယ္။ နယ္စပ္ျဖတ္ေက်ာ္မႈေၾကာင့္ ျဖစ္ေပၚလာႏိုင္တဲ့ ျပႆနာေတြရွိေနလို႔ Kaliningrad ၿမိဳ႕ကို လိုက္ပါအားေပးမယ့္ အဂၤလန္ပရိသတ္ေတြ ဗီဇာယူေဆာင္သြားဖုိ႔ ႀကိဳတင္သတိေပးလိုက္တာ ျဖစ္ပါတယ္။

Kaliningrad-Stadium

Kaliningrad-Stadium

ျပင္သစ္ႏိုင္ငံမွာ က်င္းပခဲ့တဲ့ ယူရို-၂၀၁၆ ၿပိဳင္ပြဲတုန္းကလို အဂၤလန္ပရိသတ္ေတြ တိုက္ခိုက္ခံရတဲ့ ျဖစ္ရပ္မ်ိဳး ထပ္မံျဖစ္ပြားဖို႔ အလားအလာရွိေနလို႔ နယ္စပ္ၿမိဳ႕ကို သြားေရာက္ရာမွာ ေဘးကင္းေအာင္ ၿဗိတိန္ရဲတပ္ဖြဲ႔က သတိေပးေျပာၾကားလိုက္တာ ျဖစ္ပါတယ္။ အဂၤလန္အသင္းနဲ႔ ဘယ္လ္ဂ်ီယံအသင္းတို႔ ယွဥ္ၿပိဳင္ကစားသြားမယ့္ အုပ္စုေနာက္ဆံုးပြဲစဥ္ကို လာမယ့္ ၾကာသပေတးေန႔မွာ ရုရွားႏိုင္ငံ Kaliningrad ၿမိဳ႕ရွိ ပရိသတ္ (၃)ေသာင္းေက်ာ္ဆန္႔ Kaliningrad Stadium ကြင္းမွာ ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ပါတယ္။ အဂၤလန္အသင္းနဲ႔ ဘယ္လ္ဂ်ီယံအသင္းတို႔ဟာ အုပ္စုပြဲစဥ္ (၂)ပြဲကစားအၿပီး ရမွတ္ (၆)မွတ္စီ တူညီေနတာေၾကာင့္ အုပ္စုေနာက္ဆံုးပြဲစဥ္အျဖစ္ ထိပ္တိုက္ေတြ႔ဆံုေနတဲ့ ပြဲစဥ္ဟာ အုပ္စုပထမေနရာအတြက္ အေရးပါေနၿပီး အဂၤလန္ပရိသတ္ အေျမာက္အမ်ားက လိုက္ပါအားေပးဖို႔ ရွိေနတာျဖစ္ပါတယ္။

REF:Daily Mail
Photo:Goal.com, Best World News
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဘယ်လ်ဂျီယံနဲ့ပွဲကို ဗီဇာမပါဘဲ အင်္ဂလန်ပရိသတ်တွေ မသွားရောက်ဖို့ သတိပေးလိုက်တဲ့ ဗြိတိန်ရဲတပ်ဖွဲ့

အုပ်စုပထမနေရာအတွက် အရေးပါနေတဲ့ ဘယ်လ်ဂျီယံနဲ့ အဆုံးအဖြတ်ပွဲစဉ်ကို ဗီဇာမပါဘဲ အင်္ဂလန်ပရိသတ်တွေ လိုက်ပါမကြည့်ရှုဖို့ ဗြိတိန်ရဲတပ်ဖွဲ့က သတိပေးပြောကြားလိုက်ပါတယ်။ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ကစားမယ့် Kaliningrad Stadium ဟာ Kaliningrad မြို့မှာရှိတဲ့ အားကစားကွင်းတစ်ခုဖြစ်ပြီး ရုရှားနိုင်ငံရဲ့ နယ်စပ်မြို့မှာတည်ရှိနေတာကြောင့် အင်္ဂလန်ပရိသတ်တွေကို ဗီဇာမပါဘဲ မသွားရောက်ဖို့ သတိပေးလိုက်တာဖြစ်ပါတယ်။ Kaliningrad မြို့ဟာ ပိုလန်၊ လတ်ဗီးယား အစရှိတဲ့ နိုင်ငံတွေနဲ့ မြေမျက်နှာသွင်ပြင် ထိစပ်နေပြီး နယ်စပ်စည်းရိုး ကာရံထားခြင်းမရှိလို့ အလွယ်တကူ နိုင်ငံဖြတ်ကျော် သွားရောက်လို့ရတဲ့ ဒေသဖြစ်ပါတယ်။ နယ်စပ်ဖြတ်ကျော်မှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေရှိနေလို့ Kaliningrad မြို့ကို လိုက်ပါအားပေးမယ့် အင်္ဂလန်ပရိသတ်တွေ ဗီဇာယူဆောင်သွားဖို့ ကြိုတင်သတိပေးလိုက်တာ ဖြစ်ပါတယ်။

Kaliningrad-Stadium

Kaliningrad-Stadium

ပြင်သစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ယူရို-၂၀၁၆ ပြိုင်ပွဲတုန်းကလို အင်္ဂလန်ပရိသတ်တွေ တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်မျိုး ထပ်မံဖြစ်ပွားဖို့ အလားအလာရှိနေလို့ နယ်စပ်မြို့ကို သွားရောက်ရာမှာ ဘေးကင်းအောင် ဗြိတိန်ရဲတပ်ဖွဲ့က သတိပေးပြောကြားလိုက်တာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းနဲ့ ဘယ်လ်ဂျီယံအသင်းတို့ ယှဉ်ပြိုင်ကစားသွားမယ့် အုပ်စုနောက်ဆုံးပွဲစဉ်ကို လာမယ့် ကြာသပတေးနေ့မှာ ရုရှားနိုင်ငံ Kaliningrad မြို့ရှိ ပရိသတ် (၃)သောင်းကျော်ဆန့် Kaliningrad Stadium ကွင်းမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။ အင်္ဂလန်အသင်းနဲ့ ဘယ်လ်ဂျီယံအသင်းတို့ဟာ အုပ်စုပွဲစဉ် (၂)ပွဲကစားအပြီး ရမှတ် (၆)မှတ်စီ တူညီနေတာကြောင့် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ထိပ်တိုက်တွေ့ဆုံနေတဲ့ ပွဲစဉ်ဟာ အုပ်စုပထမနေရာအတွက် အရေးပါနေပြီး အင်္ဂလန်ပရိသတ် အမြောက်အများက လိုက်ပါအားပေးဖို့ ရှိနေတာဖြစ်ပါတယ်။

REF:Daily Mail
Photo:Goal.com, Best World News
Aung Kyaw Wai (Akhayar)
www.akhayar.com