[Zawgyi]

ႏုိင္လုိစိတ္ ကင္းမဲ့တဲ့ကစားပုံနဲ႔ ဘ႐ုိက္တန္ကုိ ႐ႈံးနိမ့္ခဲ့တဲ့ မန္ယူ

ဒီပဲြမွာ အဓိက ေမးခြန္းထုတ္ရမွာက မန္ယူနည္းျပ ေမာ္ရင္ဟုိ Mourinho ရဲ႕ Match Plan ပါပဲ။ အရင္တုန္းက ပဲြတစ္ပဲြကုိ ခ်ဥ္းကပ္တဲ့ေနရာမွာ ဆရာတစ္ဆူျဖစ္ခ့ဲတဲ့ ေမာ္ရင္ဟုိ ဘ႐ုိက္တန္လုိအသင္းမ်ိဳးကုိ ဘယ္လုိ ရင္ဆုိင္ရမလဲဆုိတာ အေျဖရွာမေတြ႕ခဲ့ဘူး။ မန္ယူကစားသမားေတြ ကုိယ္တိုင္ကလည္း ႏုိင္လုိစိတ္ လုံး၀ ေပ်ာက္ဆုံးေနၿပီး တစ္သင္းလုံးရဲ႕ ေျခစြမ္းက စိတ္ပ်က္စရာေကာင္းခဲ့တယ္။ ဘာမွ အက်ိဳးမရွိတဲ့ Passing ေတြ၊ ၿပိဳင္ဘက္ကုိ ၿခိမ္းေျခာက္ႏုိင္စြမ္းမရွိတဲ့ Attacking Play ေတြနဲ႔ ကစားရင္း ပဲြၿပီးတဲ့အထိ ကစားသြားခဲ့တယ္။

Brighton-Attack-Manchester-United

Brighton-Attack-Manchester-United

ဘ႐ိုက္တန္ရဲ႕ ကစားပုံက ႐ုိးရွင္းပါတယ္။ မန္ယူကစားသမားေတြကုိ Space မေပးဘူး၊ ေတာင္ပံေတြကေနပဲ တိုက္စစ္လမ္းေၾကာင္းစခဲ့တယ္။ မန္ယူကြင္းလယ္လူ ပါရဲရား Pereira ဟာ Ball Winner ပုံစံ ကစားဖုိ႔ သင့္ေတာ္တဲ့သူ မဟုတ္တာကုိ လက္စတာနဲ႔ပဲြကတည္းက ေတြ႕ခဲ့ရေပမယ့္ ေမာ္ရင္ဟုိကေတာ့ အဲဒီေနရာမွာပဲ ဆက္ထားခဲ့တယ္။ ေပါ့ဘာ Pogba ၊ ဖရက္ဒ္ Fred တို႔ကလည္း တိုက္စစ္ကုိ ပ့ံပုိးတဲ့ေနရာမွာ အားရစရာ မရွိခဲ့ဘူး။ ပထမပုိင္း (၂၅)မိနစ္မွာ ဘ႐ုိက္တန္ အဖြင့္ဂုိးရခဲ့ၿပီး ဘယ္ျခမ္းက မာ့ခ်္ March ျဖတ္တင္ေပးလုိက္တာကုိ တိုက္စစ္မွဴး မာေရး Murray က Flick နဲ႔ လွလွပပ ကန္သြင္းခဲ့တာပါ။ ဒီဂုိးဟာ မန္ယူေနာက္ခံလူ လင္ဒီေလာ့ဖ္ Lindelöf ရဲ႕ လူကပ္ပုံ အားနည္းမႈေၾကာင့္ ေပးခဲ့ရတာလည္းျဖစ္ပါတယ္။

Murray-Score-First-goal

Murray-Score-First-goal

(၂)မိနစ္အၾကာမွာပဲ မန္ယူ ဒုတိယဂုိးေပးခဲ့ရၿပီး ဘ႐ုိက္တန္ေနာက္ခံလူ ဒပ္ဖ္ဖီ Duffy က ဂုိးဧရိယာထဲကေန ကန္သြင္းခဲ့တာျဖစ္ပါတယ္။ ဂုိးေတြ ဆက္တိုက္ေပးလုိက္ရေပမယ့္ မန္ယူ ကစားပုံက တက္မလာခဲ့ဘဲ (၃၄)မိနစ္မွာေတာ့ ေခ်ပဂုိးျပန္ခဲ့ရတယ္။ လုခ္ေရွာ Luke Shaw ရဲ႕ ကန္ခ်က္ လူထိထြက္လာတာကုိ ဂုိးေရွ႕မွာ အသင့္ရွိေနတဲ့ လူကာကူ Lukaku က ေခါင္းတိုက္သြင္းယူခဲ့တယ္။

Lukaku-Score-For-Man-U

Lukaku-Score-For-Man-U

ဒါေပမဲ့ ပထမပုိင္းၿပီးခါနီးမွာ ဘာယီ Bailly ေၾကာင့္ ဘ႐ုိက္တန္ ပယ္နယ္တီ ရခဲ့ၿပီး ဂေရာ့စ္ Gross က ကန္သြင္းခဲ့တယ္။ ဒုတိယပုိင္းမွာ ေမာ္ရင္ဟုိဟာ လင္ဂတ္ Lingard ၊ ရပ္ရွ္ဖုိ႔ဒ္ Rashford ၊ ဖယ္ေလနီ Fellaini တို႔ကုိ ထည့္ၿပီး တိုက္စစ္အေျပာင္းအလဲ လုပ္ခဲ့ေပမယ့္လည္း မန္ယူအသင္း ကစားပုံက ဘယ္လုိမွကုိ အားရစရာမေကာင္းခဲ့ဘူး။ ဘ႐ုိက္တန္အသင္းဟာ ဒုတိယပုိင္းမွာ ခံစစ္ကုိ အသားေပးကစားခဲ့ေပမယ့္ မန္ယူရဲ႕ တိုက္စစ္ဆင္မႈေတြက Danger မျဖစ္ခဲ့လုိ႔ ဘ႐ုိက္တန္ခံစစ္က အလြယ္တကူ ထိန္းခ်ဳပ္ႏုိင္ခဲ့တယ္။ ပဲြၿပီးခါနီးမွာ မန္ယူပယ္နယ္တီ ကန္ခြင့္ရခဲ့ၿပီး ေပါ့ဘာ သြင္းယူခဲ့လုိ႔ (၃-၂)ဂုိးရလဒ္နဲ႔ ပဲြၿပီးခဲ့တယ္။ မန္ယူအသင္းဟာ ဘ႐ုိက္တန္ကြင္းမွာ ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ (၂)ရာသီဆက္ ႐ႈံးနိမ့္ခဲ့တာျဖစ္ၿပီး ဒီအေနအထားအတိုင္းသာဆုိရင္ ေမာ္ရင္ဟုိရဲ႕ အနာဂတ္က မေသခ်ာေတာ့ပါဘူး။

Photo:Premier League Facebook,Manchester United Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

နိုင်လိုစိတ် ကင်းမဲ့တဲ့ကစားပုံနဲ့ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တဲ့ မန်ယူ

ဒီပွဲမှာ အဓိက မေးခွန်းထုတ်ရမှာက မန်ယူနည်းပြ မော်ရင်ဟို Mourinho ရဲ့ Match Plan ပါပဲ။ အရင်တုန်းက ပွဲတစ်ပွဲကို ချဉ်းကပ်တဲ့နေရာမှာ ဆရာတစ်ဆူဖြစ်ခဲ့တဲ့ မော်ရင်ဟို ဘရိုက်တန်လိုအသင်းမျိုးကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ အဖြေရှာမတွေ့ခဲ့ဘူး။ မန်ယူကစားသမားတွေ ကိုယ်တိုင်ကလည်း နိုင်လိုစိတ် လုံး၀ ပျောက်ဆုံးနေပြီး တစ်သင်းလုံးရဲ့ ခြေစွမ်းက စိတ်ပျက်စရာကောင်းခဲ့တယ်။ ဘာမှ အကျိုးမရှိတဲ့ Passing တွေ၊ ပြိုင်ဘက်ကို ခြိမ်းခြောက်နိုင်စွမ်းမရှိတဲ့ Attacking Play တွေနဲ့ ကစားရင်း ပွဲပြီးတဲ့အထိ ကစားသွားခဲ့တယ်။

Brighton-Attack-Manchester-United

Brighton-Attack-Manchester-United

ဘရိုက်တန်ရဲ့ ကစားပုံက ရိုးရှင်းပါတယ်။ မန်ယူကစားသမားတွေကို Space မပေးဘူး၊ တောင်ပံတွေကနေပဲ တိုက်စစ်လမ်းကြောင်းစခဲ့တယ်။ မန်ယူကွင်းလယ်လူ ပါရဲရား Pereira ဟာ Ball Winner ပုံစံ ကစားဖို့ သင့်တော်တဲ့သူ မဟုတ်တာကို လက်စတာနဲ့ပွဲကတည်းက တွေ့ခဲ့ရပေမယ့် မော်ရင်ဟိုကတော့ အဲဒီနေရာမှာပဲ ဆက်ထားခဲ့တယ်။ ပေါ့ဘာ Pogba ၊ ဖရက်ဒ် Fred တို့ကလည်း တိုက်စစ်ကို ပံ့ပိုးတဲ့နေရာမှာ အားရစရာ မရှိခဲ့ဘူး။ ပထမပိုင်း (၂၅)မိနစ်မှာ ဘရိုက်တန် အဖွင့်ဂိုးရခဲ့ပြီး ဘယ်ခြမ်းက မာ့ချ် March ဖြတ်တင်ပေးလိုက်တာကို တိုက်စစ်မှူး မာရေး Murray က Flick နဲ့ လှလှပပ ကန်သွင်းခဲ့တာပါ။ ဒီဂိုးဟာ မန်ယူနောက်ခံလူ လင်ဒီလော့ဖ် Lindelöf ရဲ့ လူကပ်ပုံ အားနည်းမှုကြောင့် ပေးခဲ့ရတာလည်းဖြစ်ပါတယ်။

Murray-Score-First-goal

Murray-Score-First-goal

(၂)မိနစ်အကြာမှာပဲ မန်ယူ ဒုတိယဂိုးပေးခဲ့ရပြီး ဘရိုက်တန်နောက်ခံလူ ဒပ်ဖ်ဖီ Duffy က ဂိုးဧရိယာထဲကနေ ကန်သွင်းခဲ့တာဖြစ်ပါတယ်။ ဂိုးတွေ ဆက်တိုက်ပေးလိုက်ရပေမယ့် မန်ယူ ကစားပုံက တက်မလာခဲ့ဘဲ (၃၄)မိနစ်မှာတော့ ချေပဂိုးပြန်ခဲ့ရတယ်။ လုခ်ရှော Luke Shaw ရဲ့ ကန်ချက် လူထိထွက်လာတာကို ဂိုးရှေ့မှာ အသင့်ရှိနေတဲ့ လူကာကူ Lukaku က ခေါင်းတိုက်သွင်းယူခဲ့တယ်။

Lukaku-Score-For-Man-U

Lukaku-Score-For-Man-U

ဒါပေမဲ့ ပထမပိုင်းပြီးခါနီးမှာ ဘာယီ Bailly ကြောင့် ဘရိုက်တန် ပယ်နယ်တီ ရခဲ့ပြီး ဂရော့စ် Gross က ကန်သွင်းခဲ့တယ်။ ဒုတိယပိုင်းမှာ မော်ရင်ဟိုဟာ လင်ဂတ် Lingard ၊ ရပ်ရှ်ဖို့ဒ် Rashford ၊ ဖယ်လေနီ Fellaini တို့ကို ထည့်ပြီး တိုက်စစ်အပြောင်းအလဲ လုပ်ခဲ့ပေမယ့်လည်း မန်ယူအသင်း ကစားပုံက ဘယ်လိုမှကို အားရစရာမကောင်းခဲ့ဘူး။ ဘရိုက်တန်အသင်းဟာ ဒုတိယပိုင်းမှာ ခံစစ်ကို အသားပေးကစားခဲ့ပေမယ့် မန်ယူရဲ့ တိုက်စစ်ဆင်မှုတွေက Danger မဖြစ်ခဲ့လို့ ဘရိုက်တန်ခံစစ်က အလွယ်တကူ ထိန်းချုပ်နိုင်ခဲ့တယ်။ ပွဲပြီးခါနီးမှာ မန်ယူပယ်နယ်တီ ကန်ခွင့်ရခဲ့ပြီး ပေါ့ဘာ သွင်းယူခဲ့လို့ (၃-၂)ဂိုးရလဒ်နဲ့ ပွဲပြီးခဲ့တယ်။ မန်ယူအသင်းဟာ ဘရိုက်တန်ကွင်းမှာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် (၂)ရာသီဆက် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဒီအနေအထားအတိုင်းသာဆိုရင် မော်ရင်ဟိုရဲ့ အနာဂတ်က မသေချာတော့ပါဘူး။

Photo:Premier League Facebook,Manchester United Twitter
Naing Linn(Akhayar)
www.akhayar.com