လှုပ်လှုပ်ရှားရှား အပြောင်းအရွှေ့သတင်း အတိုအထွာများ

ဘောလုံးလိဂ်တော်တော်များများရဲ့ ပွဲစဉ်တွေက ပြီးဆုံးသွားပြီ။ ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးဗိုလ်စွဲခဲ့သလို၊ လာလီဂါမှာ ရီးယဲလ်၊ စီးရီးအေမှာ ဂျူဗင်တပ်တို့ဗိုလ်စွဲခဲ့ကြပါတယ်။ အမြဲတမ်းချန်ပီယံလိဂ်ဝင်ခွင့်ရနေတဲ့ဆိုတဲ့ အာစင်နယ်အသင်း ဒီနှစ်မှာလွဲချော်သွားခဲ့သလို အသင်းကြီးမန်ချက်စရာယူနိုက်တက်ကလည်း ယူရိုပါလိဂ်မှာ ဗိုလ်စွဲပါမှချန်ပီယံလိဂ်ဝင်ခွင့်ရမှာပါ။ ဘောလုံးရာသီပြီးဆုံးဖို့နီးကပ်လာတာနဲ့အမျှ အပြောင်းအရွေ့သတင်းတွေ လည်း အများအပြားထွက်နေပါပြီ။ အခရာက ဘောလုံးဝါသနာအိုးတွေအတွက် အပြောင်းအရွေ့သတင်း အတိုအထွာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

နေမာရဲ့ဖခင်က နေမာကို ဘာစီလိုနာကနေထွက်ခွာပြီး ပရီးမီးယားလိဂ်မှာကစားဖို့ တိုက်တွန်းပြီးတဲ့နောက်မှာတော့ အဆိုပါ ဘရာဇီးလ်သားလေးကို မန်ယူနှင့်မန်စီးတီးတို့အပြိုင်အဆိုင် ခေါ်ယူဖို့ပြင်ဆင်နေကြပါတယ်။ (Express)

အာစင်နယ်ရဲ့အချိန်အတော်ကြာ ပစ်မှတ်ထားခြင်းခံနေရတဲ့ လိုင်ယွန်တိုက်စစ်မှူး လာကာဇက်တီဟာ လိုင်ယွန်အသင်းနဲ့ခွဲခွာဖို့သေချာသွားပြီလို့ အသင်းရဲ့ဥက္ကဌက တရားဝင်ပြောကြားလိုက်ပါတယ်။ ဒီတိုက်စစ်မှူးဟာ အက်သလက်တီကို မက်ထရစ်ကိုပြောင်းရွှေ့ဖို့နှုတ်အားဖြင့် သဘောတူညီမှုရပြီးပြီ လို့လည်း သိရပါတယ်။ (L’Equipe, via Daily Star)

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသက် ၂၂ နှစ်အရွယ် မိုနာကိုကွင်းလယ်ကစားသမား ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေလုပ်နေပါတယ်။ ဒီကစားသမားကို ဘာစီလိုနာနဲ့ ရီးယဲလ်မက်ထရစ်တို့ကလည်း ပစ်မှတ်ထားနေပါတယ်။ (Le 10 Sport via Daily Express)

အသက် ၂၈ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူး အဂူရိုဟာ မန်စီးတီးအသင်းမှာ ဆက်ရှိဖို့သေချာသွားခဲ့ပြီး နည်းပြဂွာဒီယိုလာရော အဂူရိုကပါ ဒီသတင်းကို အတည်ပြုပေးခဲ့ကြပါတယ်။ (Independent)

ကွင်းလယ်ကစားသမား ဗီဒယ်က သူ့ကို ဘိုင်ယန်မြူးနစ်အသင်းက  အသက် ၂၈ အရွယ် အာစင်နယ်တိုက်စစ်မှူး ဆန်းချက်အကြောင်းမေးမြန်းခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး သူနဲ့တစ်နိုင်ငံသားကို ဘွန်ဒက်လီဂါမှာလာရောက်ကစားဖို့ တိုက်တွန်းခဲ့ပါတယ်။ (Sun)

ပရီးမီးယားလိဂ်အသင်းများရဲ့ ပစ်မှတ်ထားခံနေရတဲ့ အသက် ၁၈ အရွယ် တိုက်စစ်မှူး မက်ပီကို နောက်တစ်ရာသီလောက်အသင်းမှာ ဆက်ရှိဖို့ မိုနာကိုအသင်း ဒု-ဥက္ကဌ ဗက်ဆီယက်က လိုလားနေပါတယ်။

လီးဗာပူးလ်အသင်းမန်နေဂျာ ကလော့ဂ်က ချန်ပီလိဂ်ဝင်ခွင့်ရတဲ့ သူ့အသင်းအနေနဲ့လူအင်အားထပ်မံဖြည့်တင်းမှုတွေပြုလုပ်ဖို့လိုအပ်တယ်လို့ပြောကြားခဲ့ပါတယ်။

လက်စတာနဲ့ ဝက်ဘရွန်းတို့က တန်းဆင်းသွားရပြီဖြစ်တဲ့ မစ်ဒယ်ဘရော့အသင်းက နောက်ခံလူ ဘန်ဂစ်ဆင်ကိုခေါ်ယူချင်နေပါတယ်။ ဒါပေမယ့် ဒီဘိုရိုအသင်းကပ္ပတိန်အတွက် ပြောင်းရွေ့ကြေး ပေါင်သန်း ၂၀ လောက်ပေးရနိုင်ပါတယ်။ (Dail Mirror)

မင်းသုခ (အခရာ)

(www.akhayar.com)