[Zawgyi]

Rami Malek ဟာ ေအာ္စကာနဲ႔ ထိုက္တန္တယ္လို႔ ေျပာလိုက္တဲ့ Brian May’

Queen ရဲ႕ လိဒ္ဂစ္တာသမား Brian May ဟာ Rami Malek ကို သူ႔ရဲ႕ ‘Bohemian Rhapsody’ မွာ သ႐ုပ္ေဆာင္မႈအတြက္ ေအာ္စကာနဲ႔ ထိုက္တန္ပါေပတယ္လို႔ ခ်ီးက်ဴးခန္႔မွန္းလိုက္ပါတယ္။

Freddie Mercury ရဲ႕ အတၳဳပတၱိအစိတ္အပိုင္းလည္း ျဖစ္တဲ့ ‘Bohemian Rhapsody’ ဟာ လက္ရွိအခ်ိန္အထိ ေဒၚလာ ၄၇၂ သန္းေက်ာ္ရရွိခဲ့ၿပီး ေျမာက္အေမရိကေစ်းကြက္မွာဆိုရင္ ဝင္ေငြအျမင့္ဆံုး Music Biopic ျဖစ္ခဲ့ပါတယ္။ ႐ုပ္ရွင္အတြက္ ေဝဖန္မႈနည္းနည္းညံခဲ့ေပမယ့္ အမ်ားစုကေတာ့ Rami Malek ရဲ႕ Freddy ေနရာက သ႐ုပ္ေဆာင္မႈအတြက္ ခ်ိီးက်ဴးၾကပါတယ္။

Brian May ဆိုရင္လည္း “Rami Malek ဟာ လံုးဝအံ့မခန္းပါပဲ။ သူဟာ ေအာ္စကာဆန္ကာတင္စာရင္းထဲဝင္မယ္ဆိုတာကို ယံုမွားသံသယမရွိသလို ေအာ္စကာဆုနဲ႔လည္း ထိုက္တန္ပါတယ္။ Freddie ေနရာက ေကာင္းေကာငး္သ႐ုပ္ေဆာင္ႏိုင္သလို Freddie ေနရာမွာ သူ႔ကို ျမင္လာတဲ့အထိပါပဲ။ ကၽြန္ေတာ္တို႔ဟာ ဒီ Project အတြက္ ၉ ႏွစ္ေလာက္ လုပ္ေဆာင္ခဲ့တာ ျဖစ္ၿပီး အခုလို ရလဒ္ေကာင္းေကာင္းထြက္လာေတာ့လည္း ဝမ္းသာရပါတယ္။ ဒီ႐ုပ္ရွင္မွာ ပါတဲ့ သ႐ုပ္ေဆာင္ေတြ၊ နည္းပညာရွင္ေတြ၊ Production Team နဲ႔ မိတ္ကပ္ေတြကအစ အားအျပည့္စိုက္ထုတ္ခဲ့ၾကပါတယ္” လို႔ ခ်ီးက်ဴးခဲ့ပါတယ္။

Malek ကေတာ့ အင္တာဗ်ဴးတစ္ခုမွာ သူ႔မွာ ဂီတနဲ႔ ပက္သက္တဲ့ အရည္အခ်င္းနညး္ပါးတယ္ဆိုၿပီး ထုတ္လုပ္သူ Graham King နဲ႔ ေဆြးေႏြးခဲ့တယ္လို႔ ႐ိုး႐ိုးသားသားေျပာျပခဲ့ပါတယ္။ ” ကၽြန္ေတာ္တို႔ဟာ ေျခာက္နာရီေလာက္ စကားေျပာခဲ့ၿပီး ကၽြန္ေတာ့္ရဲ႕ Mr.Robot က သ႐ုပ္ေဆာင္ခ်က္ေတြေၾကာင့္ Freddie Mercury နဲ႔ ကိုက္ညီမယ္လို႔ ထင္ေနပါတယ္။ Graham ဟာ ကၽြန္ေတာ့္ဆီမွာ တစ္စံုတစ္ခုကိုေတြ႕ရွိခဲ့ၿပီး ကၽြန္ေတာ္ကေတာ့ ကၽြန္ေတာ္ဟာ အဆိုေတာ္မဟုတ္ေၾကာင္း၊ စႏၵရားမတီးတတ္ေၾကာင္းစတာေတြ ေျပာခဲ့ပါတယ္” လို႔ သူတို႔ေဆြးေႏြးခဲ့တာကို ဖြင့္ေျပာခဲ့ပါတယ္။

Brian May

Brian May

စိတ္လႈပ္ရွားစရာေကာင္းတဲ့ ေအာ္စကာဆန္ကာတင္စာရင္းကိုေတာ့ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ ၂၂ ရက္ေန႔မွာ ေၾကညာမွာ ျဖစ္ၿပီး ဘယ္ဇာတ္ကားနဲ႔ ဘယ္သ႐ုပ္ေဆာင္ေတြ ဆန္ကာတင္စာရင္းထဲ ပါလာမလဲဆိုတာ အရမ္းကို စိတ္ဝင္စားဖို႔ ေကာင္းေနပါၿပီ။

Yoe Lu (Akhayar)

www.akhayar.com

[Unicode]

Rami Malek ဟာ အော်စကာနဲ့ ထိုက်တန်တယ်လို့ ပြောလိုက်တဲ့ Brian May’

Queen ရဲ့ လိဒ်ဂစ်တာသမား Brian May ဟာ Rami Malek ကို သူ့ရဲ့ ‘Bohemian Rhapsody’ မှာ သရုပ်ဆောင်မှုအတွက် အော်စကာနဲ့ ထိုက်တန်ပါပေတယ်လို့ ချီးကျူးခန့်မှန်းလိုက်ပါတယ်။

Freddie Mercury ရဲ့ အတ္ထုပတ္တိအစိတ်အပိုင်းလည်း ဖြစ်တဲ့ ‘Bohemian Rhapsody’ ဟာ လက်ရှိအချိန်အထိ ဒေါ်လာ ၄၇၂ သန်းကျော်ရရှိခဲ့ပြီး မြောက်အမေရိကဈေးကွက်မှာဆိုရင် ဝင်ငွေအမြင့်ဆုံး Music Biopic ဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်အတွက် ဝေဖန်မှုနည်းနည်းညံခဲ့ပေမယ့် အများစုကတော့ Rami Malek ရဲ့ Freddy နေရာက သရုပ်ဆောင်မှုအတွက် ချီးကျူးကြပါတယ်။

Brian May ဆိုရင်လည်း “Rami Malek ဟာ လုံးဝအံ့မခန်းပါပဲ။ သူဟာ အော်စကာဆန်ကာတင်စာရင်းထဲဝင်မယ်ဆိုတာကို ယုံမှားသံသယမရှိသလို အော်စကာဆုနဲ့လည်း ထိုက်တန်ပါတယ်။ Freddie နေရာက ကောင်းကောင်းသရုပ်ဆောင်နိုင်သလို Freddie နေရာမှာ သူ့ကို မြင်လာတဲ့အထိပါပဲ။ ကျွန်တော်တို့ဟာ ဒီ Project အတွက် ၉ နှစ်လောက် လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး အခုလို ရလဒ်ကောင်းကောင်းထွက်လာတော့လည်း ဝမ်းသာရပါတယ်။ ဒီရုပ်ရှင်မှာ ပါတဲ့ သရုပ်ဆောင်တွေ၊ နည်းပညာရှင်တွေ၊ Production Team နဲ့ မိတ်ကပ်တွေကအစ အားအပြည့်စိုက်ထုတ်ခဲ့ကြပါတယ်” လို့ ချီးကျူးခဲ့ပါတယ်။

Malek ကတော့ အင်တာဗျူးတစ်ခုမှာ သူ့မှာ ဂီတနဲ့ ပက်သက်တဲ့ အရည်အချင်းနည်းပါးတယ်ဆိုပြီး ထုတ်လုပ်သူ Graham King နဲ့ ဆွေးနွေးခဲ့တယ်လို့ ရိုးရိုးသားသားပြောပြခဲ့ပါတယ်။ ” ကျွန်တော်တို့ဟာ ခြောက်နာရီလောက် စကားပြောခဲ့ပြီး ကျွန်တော့်ရဲ့ Mr.Robot က သရုပ်ဆောင်ချက်တွေကြောင့် Freddie Mercury နဲ့ ကိုက်ညီမယ်လို့ ထင်နေပါတယ်။ Graham ဟာ ကျွန်တော့်ဆီမှာ တစ်စုံတစ်ခုကိုတွေ့ရှိခဲ့ပြီး ကျွန်တော်ကတော့ ကျွန်တော်ဟာ အဆိုတော်မဟုတ်ကြောင်း၊ စန္ဒရားမတီးတတ်ကြောင်းစတာတွေ ပြောခဲ့ပါတယ်” လို့ သူတို့ဆွေးနွေးခဲ့တာကို ဖွင့်ပြောခဲ့ပါတယ်။

Brian May

Brian May

စိတ်လှုပ်ရှားစရာကောင်းတဲ့ အော်စကာဆန်ကာတင်စာရင်းကိုတော့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပြီး ဘယ်ဇာတ်ကားနဲ့ ဘယ်သရုပ်ဆောင်တွေ ဆန်ကာတင်စာရင်းထဲ ပါလာမလဲဆိုတာ အရမ်းကို စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။

Yoe Lu (Akhayar)

www.akhayar.com