[Zawgyi]

The Lord of The Ring ထဲက တံတားတစ္ခုခုနဲ႔ဆင္တူလို႔ နာမည္ႀကီးေနတဲ႔ ဗီယက္နမ္က တံတား

ဗီယက္နမ္ၿမိဳ႕ရဲ႕ ဆိပ္ကမ္းၿမိဳ႕ေတာ္ျဖစ္တဲ႔ Da Nang ၿမိဳ႕ရဲ႕အျပင္ဘက္မွာ ျမင္ရသူတိုင္း အံ့ၾသသြားရေလာက္ေအာင္ ရွည္လ်ားတဲ့ The Lord of The Ring ထဲကလိုမ်ဳိး ေမွာ္ဆန္ဆန္န႔ဲ တည္ေဆာက္ထားတဲ႔ လက္ဝါးပံုသ႑န္ေပၚရွိ တံတားႀကီးတစ္ခုဟာ လာေရာက္လည္ပတ္သူေတြကို အသက္ရႈရပ္တန္႔သြားေလာက္ေအာင္ စဲြေဆာင္ေနပါတယ္။

Creative Design Giant Hands Bridge

Creative Design Giant Hands Bridge

ဒီတံတားဟာ Golden Bridge ဆိုၿပီးလည္း နာမည္ေက်ာ္ၾကားပါတယ္။ Ba Na ေတာင္ကုန္းအထက္ ပင္လယ္ေရမ်က္ႏွာျပင္အျမင္႔ ၁၄၀၀ မီတာမွာ တည္ရွိၿပီး တံတားေပၚကေနၾကည့္ရင္ ေက်းလက္ေဒသပတ္ဝန္းက်င္ရဲ႕ လွပခံ့ညားတဲ႔ မဆံုးႏိုင္တဲ႔ ရႈခင္းေတြကို ေတြ႔ျမင္ႏိုင္ပါတယ္။

Vietnam Golden bridge

Vietnam Golden bridge

ေက်ာက္သားလက္ႀကီးပင္႔ကုိင္ထားတဲ့အေပၚမွာ တည္ရွိတဲ႔ ေရြေရာင္လူသြားစၾကၤန္ေပၚမွာ အသည္းတယားယားနဲ႔ လမ္းေလွ်ာက္ရင္း ရႈခင္းေတြကို ငံုၾကည့္ရတဲ့ အရသာဟာ ဘယ္နဲ႔မွ မလဲႏိုင္ေအာင္ မိုက္တဲ႔အတြက္ ႏိုင္ငံရပ္ျခား ခရီးသြားဧည္႔သည္အေျမာက္အျမားကို ဆဲြေဆာင္လို႔ေနပါတယ္။

Vietnam Golden Bridge

Vietnam Golden Bridge

ဒီတံတားႀကီးရဲ႕ ထူးျခားခ်က္ကေတာ့ ေက်ာက္သားပံု ထြင္းထုထားတဲ႔ လက္ႀကီးပဲ ျဖစ္ပါတယ္။ ဒီထူးျခားဆန္းျပားတဲ႔ တံတားႀကီးရဲ႕ ဒီဇိုင္းကို TA Landscape ဗိသုကာကုမၸဏီက ေရးဆဲြေပးထားတာျဖစ္ၿပီး လက္ဝါးႀကီးဟာ ေက်ာက္သားကေနထြင္းထုထားတဲ႔ ပံုစံမ်ုဳိးျဖစ္ေနေသာ္လည္း အမွန္တကယ္ေတာ့ ေက်ာက္သားကေနထြင္းထုထားတာမ်ဳိး မဟုတ္ပါဘူး။

Vietnam Hand Bridge

Vietnam Hand Bridge

“လက္အရုိးစုပံုဒီဇိုင္းေရးဆဲြထားၿပီး အေပၚကေန စတီးပိုက္ကြန္အုပ္ကာ ေက်ာက္ထြင္းထားတဲ႔ လက္ဝါးႀကီးပံုစံျဖစ္ေအာင္ ပံုေဖာ္ဖန္တီးထားတာျဖစ္တယ္” လို႔TA Landscape ကုမၸဏီရဲဲ႕ ကိုယ္စားလွယ္တစ္ဦးက ေျပာျပထားပါတယ္။ လွပခံ့ညားတဲ႔ တံတားႀကီးတစ္ခုလံုးၿပီးစီးဖို႔အတြက္ တစ္ႏွစ္အခ်ိန္ယူခဲ႔႔ရပါတယ္။

Vietnam Golden Bridge

Vietnam Golden Bridge

ဗီယက္နမ္ႏုိင္ငံဟာ သူတို႔ႏိုင္ငံရဲ႕ ထူးျခားတဲ႔အလွတရားေတြနဲ႔ ႏုိင္ငံျခားခရီးသြားဧည္႔သည္ေတြကို စဲြေဆာင္ႏုိင္ေစဖို႔အတြက္ ဒီတံတားႀကီးကို အေမရိကန္ေဒၚလာႏွစ္ဘီလီယံ ရင္းႏွီးျမွဳပ္ႏွံကာ ႏွစ္စဥ္ လူတစ္သန္းခဲြေက်ာ္ေလာက္ လာေရာက္လည္ပတ္ေအာင္ စီစဥ္ျပဳလုပ္ထားပါတယ္။ အခုခ်ိန္မွာ The Lord of The Ring ထဲက တံတားလုိမ်ဳိး ဆင္တူတဲ႔ ရင္သပ္ရႈေမာဖြယ္ရာတံတားႀကီး ဖြင္႔လွစ္ခဲ႔တဲ့အတြက္ ဗိီယက္နမ္ႏိုင္ငံက ခရီးသြားဧည့္သည္ေတြနဲ႔ မျပတ္စည္ကားေနေတာ့မွာ အေသအခ်ာပါပဲ။ ဒီတံတားႀကီးကို သြားေရာက္လည္ပတ္ရတာ အံ့ၾသစရာေကာင္းမေကာင္းကိုေတာ့ ဒီဗီဒီယိုကေန ၾကည့္ရႈခံစားၾကည္႔ပါအံုးေနာ္။

H.H(Akhayar)

www.akhayar.com

[Unicode]

The Lord of The Ring ထဲက တံတားတစ်ခုခုနဲ့ဆင်တူလို့ နာမည်ကြီးနေတဲ့ ဗီယက်နမ်က တံတား

ဗီယက်နမ်မြို့ရဲ့ ဆိပ်ကမ်းမြို့တော်ဖြစ်တဲ့ Da Nang မြို့ရဲ့အပြင်ဘက်မှာ မြင်ရသူတိုင်း အံ့သြသွားရလောက်အောင် ရှည်လျားတဲ့ The Lord of The Ring ထဲကလိုမျိုး မှော်ဆန်ဆန်နဲ့ တည်ဆောက်ထားတဲ့ လက်ဝါးပုံသဏ္ဍန်ပေါ်ရှိ တံတားကြီးတစ်ခုဟာ လာရောက်လည်ပတ်သူတွေကို အသက်ရှုရပ်တန့်သွားလောက်အောင် စွဲဆောင်နေပါတယ်။

Creative Design Giant Hands Bridge

Creative Design Giant Hands Bridge

ဒီတံတားဟာ Golden Bridge ဆိုပြီးလည်း နာမည်ကျော်ကြားပါတယ်။ Ba Na တောင်ကုန်းအထက် ပင်လယ်ရေမျက်နှာပြင်အမြင့် ၁၄၀၀ မီတာမှာ တည်ရှိပြီး တံတားပေါ်ကနေကြည့်ရင် ကျေးလက်ဒေသပတ်ဝန်းကျင်ရဲ့ လှပခံ့ညားတဲ့ မဆုံးနိုင်တဲ့ ရှုခင်းတွေကို တွေ့မြင်နိုင်ပါတယ်။

Vietnam Golden bridge

Vietnam Golden bridge

ကျောက်သားလက်ကြီးပင့်ကိုင်ထားတဲ့အပေါ်မှာ တည်ရှိတဲ့ ရွေရောင်လူသွားစြင်္ကန်ပေါ်မှာ အသည်းတယားယားနဲ့ လမ်းလျှောက်ရင်း ရှုခင်းတွေကို ငုံကြည့်ရတဲ့ အရသာဟာ ဘယ်နဲ့မှ မလဲနိုင်အောင် မိုက်တဲ့အတွက် နိုင်ငံရပ်ခြား ခရီးသွားဧည့်သည်အမြောက်အမြားကို ဆွဲဆောင်လို့နေပါတယ်။

Vietnam Golden Bridge

Vietnam Golden Bridge

ဒီတံတားကြီးရဲ့ ထူးခြားချက်ကတော့ ကျောက်သားပုံ ထွင်းထုထားတဲ့ လက်ကြီးပဲ ဖြစ်ပါတယ်။ ဒီထူးခြားဆန်းပြားတဲ့ တံတားကြီးရဲ့ ဒီဇိုင်းကို TA Landscape ဗိသုကာကုမ္ပဏီက ရေးဆွဲပေးထားတာဖြစ်ပြီး လက်ဝါးကြီးဟာ ကျောက်သားကနေထွင်းထုထားတဲ့ ပုံစံမျိုုးဖြစ်နေသော်လည်း အမှန်တကယ်တော့ ကျောက်သားကနေထွင်းထုထားတာမျိုး မဟုတ်ပါဘူး။

Vietnam Hand Bridge

Vietnam Hand Bridge

“လက်အရိုးစုပုံဒီဇိုင်းရေးဆွဲထားပြီး အပေါ်ကနေ စတီးပိုက်ကွန်အုပ်ကာ ကျောက်ထွင်းထားတဲ့ လက်ဝါးကြီးပုံစံဖြစ်အောင် ပုံဖော်ဖန်တီးထားတာဖြစ်တယ်” လို့TA Landscape ကုမ္ပဏီရဲ့ ကိုယ်စားလှယ်တစ်ဦးက ပြောပြထားပါတယ်။ လှပခံ့ညားတဲ့ တံတားကြီးတစ်ခုလုံးပြီးစီးဖို့အတွက် တစ်နှစ်အချိန်ယူခဲ့ရပါတယ်။

Vietnam Golden Bridge

Vietnam Golden Bridge

ဗီယက်နမ်နိုင်ငံဟာ သူတို့နိုင်ငံရဲ့ ထူးခြားတဲ့အလှတရားတွေနဲ့ နိုင်ငံခြားခရီးသွားဧည့်သည်တွေကို စွဲဆောင်နိုင်စေဖို့အတွက် ဒီတံတားကြီးကို အမေရိကန်ဒေါ်လာနှစ်ဘီလီယံ ရင်းနှီးမြှုပ်နှံကာ နှစ်စဉ် လူတစ်သန်းခွဲကျော်လောက် လာရောက်လည်ပတ်အောင် စီစဉ်ပြုလုပ်ထားပါတယ်။ အခုချိန်မှာ The Lord of The Ring ထဲက တံတားလိုမျိုး ဆင်တူတဲ့ ရင်သပ်ရှုမောဖွယ်ရာတံတားကြီး ဖွင့်လှစ်ခဲ့တဲ့အတွက် ဗီယက်နမ်နိုင်ငံက ခရီးသွားဧည့်သည်တွေနဲ့ မပြတ်စည်ကားနေတော့မှာ အသေအချာပါပဲ။ ဒီတံတားကြီးကို သွားရောက်လည်ပတ်ရတာ အံ့သြစရာကောင်းမကောင်းကိုတော့ ဒီဗီဒီယိုကနေ ကြည့်ရှုခံစားကြည့်ပါအုံးနော်။

H.H(Akhayar)

www.akhayar.com