ချစ်တို့ရေ ရန်ကုန်မှာ သွားရလာရတာဆိုင်တွေရိုးလာလို့ ဘယ်သွားရမှန်းမသိ စိတ်ညစ်မနေနဲ့တော့။

နာမည်ကြီး BreadTalk လာတော့မယ်တဲ့နော်။ အရည်အသွေးကောင်းပြီးအရသာရှိတဲ့ မုန့်လေးတွေစား ရင်းအေးဆေးကျယ်ဝန်းတဲ့နေရာလေးမှာ ဘော်ဘော်တွေဆုံနိုင်ပြီပေါ့။

BreadTalk ဆိုတာက စင်ကာပူနိုင်ငံမှာလူသိများကျော်ကြားပြီး နိုင်ငံတကာအသိအမှတ်ပြုအမှတ်တံဆိပ်ဖြစ်ပါတယ်။ နိုင်ငံတကာပြိုင်ပွဲတွေမှာလည်း ဆုတံဆိပ်တွေလည်းအများကြီး ရထားတဲ့ Brand ဖြစ်ပါတယ်။ စင်ကာပူ ၊ တရုတ် ၊ ဟောင်ကောင် ၊ ထိုင်းနိုင်ငံ ၊ အင်ဒိုနီးရှား ၊ အရှေ့အလယ်ပိုင်းဒေသတွေမှာ ဆိုင်ခွဲပေါင်း ၈၀၀ ကျော်ဖွင့်ထားတယ်လို့ သိရပါတယ်။ အခု မြန်မာနိုင်ငံမှာဖွင့်တာက ၁၇ နိုင်ငံမြောက်ဖြစ်ပါတယ်တဲ့။

ဘာတွေရမှာလဲ

လတ်ဆတ်တဲ့ ပေါင်မုန့်တွေ ကိတ်မုန့်တွေ အမျိုးအစားပေါင်း ၁၀၀ ကျော်ရတော့မယ်တဲ့။ ဈေးနှုန်းကတော့ ၈၀၀ ကနေစမှာမို့ ဈေးအသင့်အတင့်နဲ့ အရည်အသွေးကောင်းတဲ့ မုန့်တွေကို စားသုံးနိုင်တော့မှာပါ။ ပေါင်မုန့်နဲ့ကိတ်မုန့်တွေထဲမှာ Earthquake(ချိစ်ပေါင်မုန့်လုံး) ၊ အာရှစတိုင်လ် Mala Chicken Sweet ၊ Potato Volcano ၊ Bak Kwa Cheese လိုမျိုး လုံးဝ အလန်းအသစ်တွေရမှာပါ။ BreadTalk မှာအရောင်းရဆုံး နာမည်အကြီးဆုံးကတော့ Flosss ပါ။ အသားမျှင်ပေါင်မုန့်လေးတွေက BreadTalk ရဲ့ Trade Mark လည်းဖြစ်ပါတယ်။ ဒါအပြင် လူကြိုက်များတဲ့ အစာသွပ်မုန့်တွေဖြစ်တဲ့ Chicken Parmesan ၊ Moshi Mushroom နဲ့ Curry Nann  တွေလည်းရရှိမှာပါ။

BreadTalk ရဲ့ Open Kitchen

BreadTalk ကိုလူတွေစိတ်ဝင်စားတဲ့အထဲမှာ Open Kitchen လည်းပါပါတယ်။ ရန်ကုန်မှာလာဖွင့်မယ့်ဆိုင်မှာလည်း Open Kitchen ကပါမှာပါ။ Open Kitchen ဆိုတာက မုန့်တွေလုပ်ပုံအဆင့်ဆင့်ကို အစအဆုံးဘယ်သူမဆို ကြည့်လို့ရတဲ့အနေအထားပါ။ ဒီလိုဆိုတော့ သူတို့ဆီက မုန့်တိုင်းကို လတ်လတ်ဆတ်ဆတ်နဲ့စိတ်ချယုံကြည်စွာ စားသုံးနိုင်မှာပါ။

ဘယ်မှာ ဘယ်အချိန်ဖွင့်မှာလဲ

နေရာက ဗိုလ်ချုပ်ဈေးနဲ့မျက်စောင်းထိုး အသစ်စက်စက် Shopping Center ကြီးဖြစ်တဲ့ Junction City မှာဖွင့်မှာပါ။ ဆိုင်အမှတ် ၁၀၅/၁၀၆ (ပထမထပ်)မှာဖြစ်ပါတယ်။ ဖွင့်မှာကတော့ မတ်လ(၂၅)ရက်နေ့(စနေနေ့) နံနက်(၉) နာရီပါတဲ့။

ဆိုင်ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ မတ်လ ၂၅ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ပထမဆုံးဝယ်တဲ့ အယောက် ၅၀ ကို အခမဲ့ပေါင်မုန့်ဘောင်ချာနဲ့ Portable LED Fan လေးတွေရမှာပါ။ တန်ဖိုးကတော့ ကျပ်တစ်သောင်းရှိပါတယ်တဲ့။

မတ်လ ၂၅ ကနေ ဧပြီလ ၂၄ ရက်နေ့အထိ ပေါင်မုန့် ၅ ခုဝယ်ရင် တစ်ခုလက်ဆောင်နဲ့ တချို့မုန့်တွေကို ဈေးလျှော့ရောင်းချပေးဦးမှာလို့ သိရပါတယ်။ BreadTalk အကြောင်း ပိုပြီးသိချင်တယ် မုန့်လှလှလေးတွေကို စူးစမ်းချင်တယ်ဆိုရင် http://www.facebook.com/breadtalkmyanmar Page ထဲကိုလည်း ဝင်ကြည့်လို့ရတယ်နော် ချစ်လေးတို့။

ဂျူဂျူး(အခရာ)

www.akhayar.com