[Zawgyi]

Ibiza ေဆးရံုမွာ အထူးၾကပ္မတ္ ကုသခံေနရတဲ့ ဘရာဇီးလ္ဂႏၳဝင္ ေရာ္နယ္လ္ဒို Ronaldo

ဘရာဇီးလ္အသင္းရဲ႕ ဂႏၳဝင္တိုက္စစ္မွဴး ေရာ္နယ္လ္ဒို Ronaldo ဟာ Ibiza ရွိ ေဆးရံုမွာ အထူးၾကပ္မတ္ ကုသမႈခံေနရပါတယ္။ ၿပီးခဲ့တဲ့ ေသာၾကာေန႔ ေန႔လယ္ပိုင္းက နာမည္ေက်ာ္ Ibiza ကမ္းေျခကို ေရာက္ရွိေနတဲ့ အသက္ (၄၁)ႏွစ္အရြယ္ရွိ ေရာ္နယ္လ္ဒို Ronaldo ဟာ အဆုပ္ေရာင္ေရာဂါေၾကာင့္ Can Misses ေဆးရံုကို အေရးေပၚလူနာတစ္ဦးအေနနဲ႔ ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။ အထူးၾကပ္မတ္ကုသမႈေတြ ခံေနရေပမယ့္ ေရာ္နယ္လ္ဒို Ronaldo ရဲ႕ အေျခအေနဟာ တိုးတက္ေကာင္းမြန္လာၿပီး စိုးရိမ္စရာမရွိေတာ့ေၾကာင္း သိရပါတယ္။ Can Misses ေဆးရံုရဲ႕ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးကေတာ့ “လူနာရွင္ေတြရဲ႕ အခ်က္အလက္ေတြကို ထိန္းသိမ္းေစာင့္ေရွာက္ေပးဖို႔ တာဝန္ရွိလို႔ ဘယ္လိုသတင္းထုတ္ျပန္မႈမ်ိဳးကိုမွ ျပဳလုပ္သြားမွာမဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

Brazil-legend-striker-Ronaldo

Brazil-legend-striker-Ronaldo

ေဆးရံုရဲ႕ အမည္မေဖာ္လိုသူတစ္ဦး ေျပာၾကားခ်က္မွာေတာ့ ဒီေန႔ (တနဂၤေႏြေန႔)မွာ ေရာ္နယ္လ္ဒို Ronaldo ရဲ႕ က်န္းမာေရးအေျခအေန အေသးစိတ္ကို သတင္းထုတ္ျပန္သြားဖို႔ရွိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ကမၻာ႔အေကာင္းဆံုး တိုက္စစ္မွဴးေတြထဲက တစ္ဦးျဖစ္ခဲ့တဲ့ ဘရာဇီးလ္အသင္းရဲ႕ ဂႏၳဝင္တိုက္စစ္မွဴး ေရာ္နယ္လ္ဒို Ronaldo ဟာ နာမည္ေက်ာ္ Ibiza ကမ္းေျခမွာ ကိုယ္ပိုင္အိမ္တစ္လံုး ပိုင္ဆိုင္ထားၿပီး ကမ္းေျခကို လာေရာက္လည္ပတ္စဥ္ အဆုတ္ေရာင္ေရာဂါကို ခံစားခဲ့ရတာျဖစ္တယ္လို႔ နာမည္ေက်ာ္ဥေရာပအားကစားမီဒီယာအမ်ားစုက ေဖာ္ျပခဲ့ၾကပါတယ္။

REF:Daily Mail
Photo:PokerNews, Vivaronews
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

Ibiza ဆေးရုံမှာ အထူးကြပ်မတ် ကုသခံနေရတဲ့ ဘရာဇီးလ်ဂန္ထဝင် ရော်နယ်လ်ဒို Ronaldo

ဘရာဇီးလ်အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူး ရော်နယ်လ်ဒို Ronaldo ဟာ Ibiza ရှိ ဆေးရုံမှာ အထူးကြပ်မတ် ကုသမှုခံနေရပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ နေ့လယ်ပိုင်းက နာမည်ကျော် Ibiza ကမ်းခြေကို ရောက်ရှိနေတဲ့ အသက် (၄၁)နှစ်အရွယ်ရှိ ရော်နယ်လ်ဒို Ronaldo ဟာ အဆုပ်ရောင်ရောဂါကြောင့် Can Misses ဆေးရုံကို အရေးပေါ်လူနာတစ်ဦးအနေနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အထူးကြပ်မတ်ကုသမှုတွေ ခံနေရပေမယ့် ရော်နယ်လ်ဒို Ronaldo ရဲ့ အခြေအနေဟာ တိုးတက်ကောင်းမွန်လာပြီး စိုးရိမ်စရာမရှိတော့ကြောင်း သိရပါတယ်။ Can Misses ဆေးရုံရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ “လူနာရှင်တွေရဲ့ အချက်အလက်တွေကို ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ တာဝန်ရှိလို့ ဘယ်လိုသတင်းထုတ်ပြန်မှုမျိုးကိုမှ ပြုလုပ်သွားမှာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

Brazil-legend-striker-Ronaldo

Brazil-legend-striker-Ronaldo

ဆေးရုံရဲ့ အမည်မဖော်လိုသူတစ်ဦး ပြောကြားချက်မှာတော့ ဒီနေ့ (တနင်္ဂနွေနေ့)မှာ ရော်နယ်လ်ဒို Ronaldo ရဲ့ ကျန်းမာရေးအခြေအနေ အသေးစိတ်ကို သတင်းထုတ်ပြန်သွားဖို့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ခဲ့တဲ့ ဘရာဇီးလ်အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူး ရော်နယ်လ်ဒို Ronaldo ဟာ နာမည်ကျော် Ibiza ကမ်းခြေမှာ ကိုယ်ပိုင်အိမ်တစ်လုံး ပိုင်ဆိုင်ထားပြီး ကမ်းခြေကို လာရောက်လည်ပတ်စဉ် အဆုတ်ရောင်ရောဂါကို ခံစားခဲ့ရတာဖြစ်တယ်လို့ နာမည်ကျော်ဥရောပအားကစားမီဒီယာအများစုက ဖော်ပြခဲ့ကြပါတယ်။

REF:Daily Mail
Photo:PokerNews, Vivaronews
Aung Kyaw Wai (Akhayar)
www.akhayar.com