This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ေနမာဟာ ဟန္ေဆာင္လွဲခ်တက္တဲ့သူ မဟုတ္ပါဘူးလို႔ ေျပာၾကားလိုက္တဲ့ ေရာ္နယ္လ္ဒို

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ဘရာဇီးလ္အသင္း တိုက္စစ္ကို ဦးေဆာင္ေနတဲ့ ေနမာ Neymar ဟာ ဟန္ေဆာင္လွဲခ်တက္တဲ့ ကစားသမားမ်ိဳးမဟုတ္ပါဘူးလို႔ ဂႏၳဝင္တိုက္စစ္မွဴးေဟာင္း ေရာ္နယ္လ္ဒို Ronaldo က ေျပာၾကားလိုက္ပါတယ္။ အသက္ (၂၆)ႏွစ္အရြယ္ရွိ ေနမာ Neymar အေနနဲ႔ ၿပိဳင္ဘက္အသင္း ကစားသမားေတြနဲ႔ ထိိခိုက္မိျခင္းမရွိဘဲ ဟန္ေဆာင္လွဲခ်ျခင္း၊ လိုအပ္တာထက္ ပိုတဲ့ သရုပ္ေဆာင္ျပျခင္းေတြေၾကာင့္ ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ကစားသမားတစ္ဦးျဖစ္ပါတယ္။ ဘရာဇီးလ္ ဂႏၳဝင္တိုက္စစ္မွဴး ေရာ္နယ္လ္ဒို Ronaldo ကေတာ့ ေနမာ Neymar ဟာ ဟန္ေဆာင္လွဲခ်တက္တဲ့ ကစားသမားမ်ိဳးမဟုတ္ဘဲ ဒိုင္လူႀကီးေတြရဲ႕ ကာကြယ္ေပးမႈကို အခုထက္ပိုမို လိုအပ္ေနတဲ့ ကစားသမားတစ္ဦးျဖစ္ပါတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ မကၠဆီကိုအသင္းနဲ႔ ကစားခဲ့တဲ့ ရံႈးထြက္အဆင့္ပြဲစဥ္မွာ လိုတာထက္ပိုတဲ့ ဟန္ေဆာင္မႈေတြကို ျပဳလုပ္ခဲ့တာေၾကာင့္  ေနမာ Neymar  ေဝဖန္မႈေတြနဲ႔ ရင္ဆိုငေ္နရတာျဖစ္ပါတယ္။

BRAZILIAN-legend-Ronaldo-says-Neymar-is-NOT-a-serial-diver

BRAZILIAN-legend-Ronaldo-says-Neymar-is-NOT-a-serial-diver

 

မကၠဆီကိုအသင္းရဲ႕ နည္းျပ ဟြမ္ကားလို႔စ္ Juan Carlos က “ဟန္ေဆာင္လြန္းသူတစ္ဦး”လို႔ ပြဲအၿပီးမွာ ျပင္းထန္စြာ ေဝဖန္ခဲ့ပါတယ္။ မကၠဆီကိုအသင္းနည္းျပ ဟြမ္ကားလို႔စ္ Juan Carlos အျပင္ ေဘာလံုးေလာကရဲ႕ နာမည္ေက်ာ္ ကစားသမားေဟာင္းေတြျဖစ္တဲ့ အလန္ရွီးယား Alan Shearer၊ ပီတာရွမိုက္ကယ္ Peter Schmeichel, ကန္တိုနာ Cantona နဲ႔ ပတ္နီဗင္ Pat Nevin တို႔က ေနမာ Neymar ကို ျပင္းထန္စြာ ေဝဖန္ခဲ့ၾကပါတယ္။ ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ေနမာ Neymar ဟာ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ျပစ္ဒဏ္အက်ဴးလြန္ခံရဆံုး ကစားသမားတစ္ဦးျဖစ္ေပမယ့္ ကြင္းလယ္ဒိုင္ေတြရဲ႕ လံုေလာက္တဲ့ ကာကြယ္ေပးမႈေတြကို မခံရလို႔ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္မႈေတြ ျပဳလုပ္ေနတာျဖစ္တယ္လို႔  အသက္ (၄၁)ႏွစ္အရြယ္ရွိ ေရာ္နယ္လ္ဒို Ronaldo ကေတာ့ ကာကြယ္ေျပာၾကားခဲ့ပါတယ္။ ေရာ္နယ္လ္ဒို Ronaldo ဟာ ေနမာ Neymar ဘက္ကေန ေဝဖန္မႈေတြကို ခုခံေျပာၾကားေပးခဲ့သလို ဘရာဇီးလ္အသင္း ကြာတားဖိုင္နယ္အဆင့္မွာ ရင္ဆိုင္သြားရမယ့္ ဘယ္လ္ဂ်ီယံအသင္းကို ေက်ာ္ျဖတ္ၿပီး ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ေအာင္ အေကာင္းဆံုး စြမ္းေဆာင္ေပးမယ့္ အဓိကကစားသမားတစ္ဦးျဖစ္တယ္လို႔ ခ်ီးက်ဴးေျပာၾကားခဲ့ပါတယ္။

REF:The Sun
Photo:IBTimes India, FIFA.com, DNA India
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

နေမာဟာ ဟန်ဆောင်လှဲချတက်တဲ့သူ မဟုတ်ပါဘူးလို့ ပြောကြားလိုက်တဲ့ ရော်နယ်လ်ဒို

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်း တိုက်စစ်ကို ဦးဆောင်နေတဲ့ နေမာ Neymar ဟာ ဟန်ဆောင်လှဲချတက်တဲ့ ကစားသမားမျိုးမဟုတ်ပါဘူးလို့ ဂန္ထဝင်တိုက်စစ်မှူးဟောင်း ရော်နယ်လ်ဒို Ronaldo က ပြောကြားလိုက်ပါတယ်။ အသက် (၂၆)နှစ်အရွယ်ရှိ နေမာ Neymar အနေနဲ့ ပြိုင်ဘက်အသင်း ကစားသမားတွေနဲ့ ထိခိုက်မိခြင်းမရှိဘဲ ဟန်ဆောင်လှဲချခြင်း၊ လိုအပ်တာထက် ပိုတဲ့ သရုပ်ဆောင်ပြခြင်းတွေကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဘရာဇီးလ် ဂန္ထဝင်တိုက်စစ်မှူး ရော်နယ်လ်ဒို Ronaldo ကတော့ နေမာ Neymar ဟာ ဟန်ဆောင်လှဲချတက်တဲ့ ကစားသမားမျိုးမဟုတ်ဘဲ ဒိုင်လူကြီးတွေရဲ့ ကာကွယ်ပေးမှုကို အခုထက်ပိုမို လိုအပ်နေတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ မက္ကဆီကိုအသင်းနဲ့ ကစားခဲ့တဲ့ ရှုံးထွက်အဆင့်ပွဲစဉ်မှာ လိုတာထက်ပိုတဲ့ ဟန်ဆောင်မှုတွေကို ပြုလုပ်ခဲ့တာကြောင့် နေမာ Neymar ဝေဖန်မှုတွေနဲ့ ရင်ဆိုငေ်နရတာဖြစ်ပါတယ်။

BRAZILIAN-legend-Ronaldo-says-Neymar-is-NOT-a-serial-diver

BRAZILIAN-legend-Ronaldo-says-Neymar-is-NOT-a-serial-diver

 

မက္ကဆီကိုအသင်းရဲ့ နည်းပြ ဟွမ်ကားလို့စ် Juan Carlos က “ဟန်ဆောင်လွန်းသူတစ်ဦး”လို့ ပွဲအပြီးမှာ ပြင်းထန်စွာ ဝေဖန်ခဲ့ပါတယ်။ မက္ကဆီကိုအသင်းနည်းပြ ဟွမ်ကားလို့စ် Juan Carlos အပြင် ဘောလုံးလောကရဲ့ နာမည်ကျော် ကစားသမားဟောင်းတွေဖြစ်တဲ့ အလန်ရှီးယား Alan Shearer၊ ပီတာရှမိုက်ကယ် Peter Schmeichel, ကန်တိုနာ Cantona နဲ့ ပတ်နီဗင် Pat Nevin တို့က နေမာ Neymar ကို ပြင်းထန်စွာ ဝေဖန်ခဲ့ကြပါတယ်။ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ နေမာ Neymar ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြစ်ဒဏ်အကျူးလွန်ခံရဆုံး ကစားသမားတစ်ဦးဖြစ်ပေမယ့် ကွင်းလယ်ဒိုင်တွေရဲ့ လုံလောက်တဲ့ ကာကွယ်ပေးမှုတွေကို မခံရလို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုတွေ ပြုလုပ်နေတာဖြစ်တယ်လို့ အသက် (၄၁)နှစ်အရွယ်ရှိ ရော်နယ်လ်ဒို Ronaldo ကတော့ ကာကွယ်ပြောကြားခဲ့ပါတယ်။ ရော်နယ်လ်ဒို Ronaldo ဟာ နေမာ Neymar ဘက်ကနေ ဝေဖန်မှုတွေကို ခုခံပြောကြားပေးခဲ့သလို ဘရာဇီးလ်အသင်း ကွာတားဖိုင်နယ်အဆင့်မှာ ရင်ဆိုင်သွားရမယ့် ဘယ်လ်ဂျီယံအသင်းကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်အောင် အကောင်းဆုံး စွမ်းဆောင်ပေးမယ့် အဓိကကစားသမားတစ်ဦးဖြစ်တယ်လို့ ချီးကျူးပြောကြားခဲ့ပါတယ်။

REF:The Sun
Photo:IBTimes India, FIFA.com, DNA India
Aung Kyaw Wai (Akhayar)
www.akhayar.com