This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

မကၠဆီကိုအသင္းကို ဒုတိယပိုင္းသြင္းဂိုးေတြနဲ႔ အႏုိင္ကစားခဲ့တဲ့ ဘရာဇီးလ္

ပံုစံေကာင္းျပေနတဲ့ မကၠဆီကိုအသင္းရဲ႕ ကစားပံုေၾကာင့္ ဗိုလ္စြဲဖို႔ ေရပန္းစားေနတဲ့ ဘရာဇီးလ္အသင္း ရုန္းကန္ခဲ့ရၿပီး ဒုတိယပိုင္းသြင္းဂိုးေတြေၾကာင့္ အႏိုင္ရရွိခဲ့တာျဖစ္တယ္။ ဘရာဇီးလ္နဲ႔ ေတြ႔တိုင္း ေျခစြမ္းျပေလ့ရွိတဲ့ မကၠဆီကိုအသင္းရဲ႕ ကစားပံုေၾကာင့္လည္း ပထမပိုင္းမွာ ဆမ္ဘာသားေတြ ဂုိးရဖို႔ ရုန္းကန္ခဲ့ရတယ္။ ေနမာနဲ႔ လူစားဝင္ တိုက္စစ္ကစားသမား ေဖမီႏိုရဲ႕ ဒုတိယပိုင္းသြင္းဂိုးေတြေၾကာင့္ ဘရာဇီးလ္အသင္းက (၂-၀)ဂိုးနဲ႔ အႏိုင္ရရွိခဲ့တယ္။ (၂)သင္းစလံုးေနာက္တစ္ဆင့္အတြက္ အဓိက ကစားသမား အစံုအလင္နဲ႔ ပြဲထြက္လာခဲ့ၿပီး အႀကိတ္အနယ္ရွိတဲ့ ပြဲေကာင္းတစ္ပြဲကို ခံစားခဲ့ရတယ္။ ပထမပိုင္းမွာ ဘရာဇီးလ္အသင္းကို ေျခရည္တူကစားႏိုင္ခဲ့ၿပီး အျပန္အလွန္ ဂိုးသြင္းခြင့္ေတြကိုပါ မကၠဆီကိုအသင္း ရယူႏိုင္ခဲ့တယ္။ (၂)ဘက္ ဂိုးသမားေတြရဲ႕ လက္စြမ္းေတြက အေကာင္းဆံုး အေနအထားမွာ ရွိေနခဲ့လို႔ ပထမပိုင္းမွာ ဂိုးမရွိသေရရလဒ္နဲ႔ ၿပီးဆံုးခဲ့တယ္။

Neymar-score

Neymar-score

ဒုတိယပိုင္းမွာ မကၠဆီကိုအသင္းထက္ ဘရာဇီးလ္အသင္းက တိုက္စစ္ပိုမို ျမွင့္တင္လာခဲ့တယ္။ မကၠဆီကိုအသင္းကေတာ့ သူတို႔ရဲ႕ ပံုစံအတိုင္း တန္ျပန္တိုက္စစ္ေတြကေန ဘရာဇီးလ္ခံစစ္ေၾကာင္းကို ဒုကၡေပးဖို႔ ႀကိဳးပမ္းမႈေတြ ရွိခဲ့ေပမယ့္ သီယာဂိုေဆးလ္ဗားနဲ႔ မီရန္ဒါဦးေဆာင္လာတဲ့ ခံစစ္ေၾကာင္းကို ေက်ာ္ျဖတ္ႏုိင္ျခင္းမရွိခဲ့ဘူး။ တိုက္စစ္ျမွင့္တင္လာတဲ့ ဘရာဇီးလ္အသင္းရဲ႕ ကစားပံုေၾကာင့္လည္း ပြဲကစားခ်ိန္ (၅၁)မိနစ္အေရာက္မွာ ဦးေဆာင္ဂိုးကို အဓိက တိုက္စစ္ကစားသမား ေနမာက ရယူေပးခဲ့တယ္။ ကြင္းလယ္ကစားသမား ဝီလီယံရဲ႕ ျဖတ္တင္ေပးပို႔မႈကို ေနမာက ေျပးဝင္ပိတ္သြင္းယူခဲ့တာျဖစ္ပါတယ္။ ေနာက္ပိုင္းပြဲခ်ိန္ေတြမွာ ဘရာဇီးလ္အသင္းက ဂိုးရဖို႔ထက္ ဂိုးမေပးရဖို႔ ေဘာလံုးကိုင္ကစားခဲ့ၿပီး ပြဲၿပီးဆံုးဖို႔ နီးကပ္လာခ်ိန္မွာေတာ့ လူစားဝင္ကစားသမား ေဖမီႏိုရဲ႕ အႏိုင္ေသခ်ာေစမယ့္ သြင္းဂိုးကို ထပ္မံရရွိခဲ့တယ္။ ပထမဂိုးနဲ႔ ပံုစံတူအေနအထားကေန ဒုတိယဂိုးကို ထပ္မံရရွိခဲ့တာျဖစ္ၿပီး ေနမာရဲ႕ ေပးပို႔မႈကို ေဖမီႏိုက ဂိုးသမားမရွိေတာ့တဲ့ ဂိုးေပါက္ထဲကုိ ေျပးဝင္ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။

Photo:tech to teach, Football ace
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

မက္ကဆီကိုအသင်းကို ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ အနိုင်ကစားခဲ့တဲ့ ဘရာဇီးလ်

ပုံစံကောင်းပြနေတဲ့ မက္ကဆီကိုအသင်းရဲ့ ကစားပုံကြောင့် ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ဘရာဇီးလ်အသင်း ရုန်းကန်ခဲ့ရပြီး ဒုတိယပိုင်းသွင်းဂိုးတွေကြောင့် အနိုင်ရရှိခဲ့တာဖြစ်တယ်။ ဘရာဇီးလ်နဲ့ တွေ့တိုင်း ခြေစွမ်းပြလေ့ရှိတဲ့ မက္ကဆီကိုအသင်းရဲ့ ကစားပုံကြောင့်လည်း ပထမပိုင်းမှာ ဆမ်ဘာသားတွေ ဂိုးရဖို့ ရုန်းကန်ခဲ့ရတယ်။ နေမာနဲ့ လူစားဝင် တိုက်စစ်ကစားသမား ဖေမီနိုရဲ့ ဒုတိယပိုင်းသွင်းဂိုးတွေကြောင့် ဘရာဇီးလ်အသင်းက (၂-ဝ)ဂိုးနဲ့ အနိုင်ရရှိခဲ့တယ်။ (၂)သင်းစလုံးနောက်တစ်ဆင့်အတွက် အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး အကြိတ်အနယ်ရှိတဲ့ ပွဲကောင်းတစ်ပွဲကို ခံစားခဲ့ရတယ်။ ပထမပိုင်းမှာ ဘရာဇီးလ်အသင်းကို ခြေရည်တူကစားနိုင်ခဲ့ပြီး အပြန်အလှန် ဂိုးသွင်းခွင့်တွေကိုပါ မက္ကဆီကိုအသင်း ရယူနိုင်ခဲ့တယ်။ (၂)ဘက် ဂိုးသမားတွေရဲ့ လက်စွမ်းတွေက အကောင်းဆုံး အနေအထားမှာ ရှိနေခဲ့လို့ ပထမပိုင်းမှာ ဂိုးမရှိသရေရလဒ်နဲ့ ပြီးဆုံးခဲ့တယ်။

Neymar-score

Neymar-score

ဒုတိယပိုင်းမှာ မက္ကဆီကိုအသင်းထက် ဘရာဇီးလ်အသင်းက တိုက်စစ်ပိုမို မြှင့်တင်လာခဲ့တယ်။ မက္ကဆီကိုအသင်းကတော့ သူတို့ရဲ့ ပုံစံအတိုင်း တန်ပြန်တိုက်စစ်တွေကနေ ဘရာဇီးလ်ခံစစ်ကြောင်းကို ဒုက္ခပေးဖို့ ကြိုးပမ်းမှုတွေ ရှိခဲ့ပေမယ့် သီယာဂိုဆေးလ်ဗားနဲ့ မီရန်ဒါဦးဆောင်လာတဲ့ ခံစစ်ကြောင်းကို ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ဘူး။ တိုက်စစ်မြှင့်တင်လာတဲ့ ဘရာဇီးလ်အသင်းရဲ့ ကစားပုံကြောင့်လည်း ပွဲကစားချိန် (၅၁)မိနစ်အရောက်မှာ ဦးဆောင်ဂိုးကို အဓိက တိုက်စစ်ကစားသမား နေမာက ရယူပေးခဲ့တယ်။ ကွင်းလယ်ကစားသမား ဝီလီယံရဲ့ ဖြတ်တင်ပေးပို့မှုကို နေမာက ပြေးဝင်ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းပွဲချိန်တွေမှာ ဘရာဇီးလ်အသင်းက ဂိုးရဖို့ထက် ဂိုးမပေးရဖို့ ဘောလုံးကိုင်ကစားခဲ့ပြီး ပွဲပြီးဆုံးဖို့ နီးကပ်လာချိန်မှာတော့ လူစားဝင်ကစားသမား ဖေမီနိုရဲ့ အနိုင်သေချာစေမယ့် သွင်းဂိုးကို ထပ်မံရရှိခဲ့တယ်။ ပထမဂိုးနဲ့ ပုံစံတူအနေအထားကနေ ဒုတိယဂိုးကို ထပ်မံရရှိခဲ့တာဖြစ်ပြီး နေမာရဲ့ ပေးပို့မှုကို ဖေမီနိုက ဂိုးသမားမရှိတော့တဲ့ ဂိုးပေါက်ထဲကို ပြေးဝင်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

Photo:tech to teach, Football ace
Aung Kyaw Wai (Akhayar)
www.akhayar.com