This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

စိတ္လႈပ္ရွားစရာေကာင္းၿပီး လုိအပ္တဲ့အႏုိင္ရလဒ္ကုိ ရယူခဲ့တ့ဲ ဘရာဇီးလ္

နာမည္ႀကီး ဘရာဇီးလ္အသင္းကေတာ့ ေကာ္စတာရီကာကုိ အႀကိတ္အနယ္ကစားၿပီးမွ Injury Time မွာ ေကာ္တင္ဟုိ Coutinho ၊ ေနမာ Neymar တို႔ သြင္းယူခဲ့တဲ့ဂုိးေတြေၾကာင့္ လုိအပ္တ့ဲအႏုိင္(၃)မွတ္ကုိ ရယူႏုိင္ခဲ့တယ္။ ဘရာဇီးလ္အသင္းမွာ ဒန္နီလုိ Danilo ရဲ႕ေနရာမွာ ဖက္ဂ္နာ Fagner ၀င္ကစားတာကလဲြလုိ႔ က်န္တဲ့အပုိင္းမွာ ဆြစ္ဇာလန္နဲ႔ပဲြကအတိုင္းပဲ အေျပာင္းအလဲမရွိခဲ့ဘူး။ ေကာ္စတာရီကာအသင္းကလည္း (၃-၄-၃)၊ (၅-၄-၁)ကစားကြက္ကုိ အလ်င္းသင့္သလုိ ေျပာင္းလဲကစားခဲ့တယ္။ ပထမပဲြ သေရက်ခဲ့လုိ႔ ေနာက္တစ္ဆင့္တက္ဖုိ႔အတြက္ ဒီပဲြမွာ အမွားမခံတာေၾကာင့္ ဘရာဇီးလ္အသင္း အာ႐ုံစုိက္ကစားခဲ့ၿပီး ေကာ္စတာရီကာကေတာ့ ထုံးစံအတိုင္း Defence အသားေပးပုံစံနဲ႔ ျပန္တုံ႔ျပန္ခဲ့တယ္။

Neymar

Neymar

ဘရာဇီးလ္အသင္း ဖိကစားခဲ့ေပမယ့္ ဂုိးရခ်င္ေဇာမ်ားေနတာေၾကာင့္ အမွားေတြရွိခဲ့သလုိ ေကာ္စတာရီကာဂုိးသမား နာဗတ္စ္ Navas ကလည္း လက္စြမ္းျပေနလုိ႔ ဂုိးမရခဲ့ဘူး။ ဒုတိယပုိင္းမွာ ၀ီလီယံ Willian ရဲ႕ေနရာမွာ ေတာင္ပံတိုက္စစ္ကစားသမား ေဒါက္ဂလပ္စ္ေကာ္စတာ Douglas Costa ၀င္ကစားတဲ့အခ်ိန္က်မွ ဘရာဇီးလ္အသင္းရဲ႕ ညာေတာင္ပံတိုက္စစ္က ပုိေကာင္းလာခဲ့ၿပီး အခြင့္အေရးေတြအႀကိမ္ႀကိမ္ရခဲ့တယ္။ ေနမာ၊ ေကာ္တင္ဟုိ၊ ေဂ်းဆူ Jesus တို႔ရဲ႕ ကန္ခ်က္ေတြ တိုင္ထိထြက္တာနဲ႔ နာဗတ္စ္ အစြမ္းျပကာကြယ္ခဲ့တာေတြေၾကာင့္ ဂုိးရဖုိ႔ ကံေခေနခဲ့တယ္။

Coutinho-Score-Opening-Goal

Coutinho-Score-Opening-Goal

(၆၈)မိနစ္မွာ ေဖမီႏုိ Firmino ကုိ အစားထုိးၿပီး တိုက္စစ္ျမႇင့္ခဲ့တဲ့ ဘရာဇီးလ္နည္းျပ ထိထီ Tite ရဲ႕ အေျပာင္းအလဲက မွန္ကန္ခဲ့တယ္လုိ႔ ဆုိရမယ္။ (၇၈)မိနစ္မွာ ဘရာဇီးလ္အသင္း ပယ္နယ္တီ ကန္ခြင့္ရခဲ့ေပမယ့္လည္း ဒုိင္လူႀကီး ကြီပါးစ္က Kuipers ပယ္နယ္တီေပးၿပီးမွ VAR ျပန္ၾကည့္ၿပီး ပယ္ဖ်က္ေပးခဲ့လုိ႔ နစ္နာခဲ့ရတယ္။ ေနမာကုိ ေကာ္စတာရီကာကစားသမားတစ္ဦး ဆဲြခဲ့သလုိျဖစ္ခဲ့ၿပီး ဒီအေနအထားက ၅၀-၅၀ လုိ႔ေျပာရမွာပါ။ ဘရာဇီးလ္တို႔ (၂)ပဲြဆက္ သေရက်ေတာ့မယ္လုိ႔ ထင္တုန္းမွာပဲ (၉၁)မိနစ္မွာ ပဲြအေျပာင္းအလဲ စတင္ခဲ့တယ္။ ေဖမီႏုိ ေခါင္းတိုက္ခ်ေပးတာကေန ေဂ်းဆူဆီက လွ်ံက်လာတဲ့ေဘာလုံးကုိ ေကာ္တင္ဟုိက ေျပး၀င္ပိတ္သြင္းခဲ့တာပါ။

Neymar-Celebrate-After-Scoring-His-First-Goal-In-This-Tournament

Neymar-Celebrate-After-Scoring-His-First-Goal-In-This-Tournament

(၉၇)မိနစ္မွာ ဘရာဇီးလ္ ဒုတိယဂုိးရခဲ့ၿပီး ေဒါက္ဂလပ္စ္ေကာ္စတာ တစ္ကုိယ္ေကာင္းမဆန္ဘဲ ခ်ိဳးေပးလုိက္တာကေန ေနမာက ၂၀၁၈ ကမၻာ႔ဖလားမွာ သူ႔ရဲ႕ အဖြင့္ဂုိးအျဖစ္ သြင္းယူခဲ့တယ္။ ပဲြအၿပီးမွာ ဘရာဇီးလ္အသင္း (၂-၀)ဂုိးနဲ႔ အႏုိင္ရခဲ့ၿပီး အဖြင့္ဂုိးသြင္းခ်ိန္ ကြင္းထဲ အလဲလဲအၿပိဳၿပိဳနဲ႔ ေအာင္ပဲြခံခဲ့တဲ့ ဘရာဇီးလ္နည္းျပထိထီနဲ႔ ပဲြအၿပီး မ်က္ရည္လည္ရႊဲျဖစ္ခဲ့တဲ့ ေနမာတို႔ရဲ ပုံရိပ္ေတြကလည္း ဒီပဲြရဲ႕အေကာင္းဆုံး ပုံရိပ္ေတြျဖစ္ခဲ့ပါတယ္။

Photo:FIFA World Cup Facebook
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

စိတ်လှုပ်ရှားစရာကောင်းပြီး လိုအပ်တဲ့အနိုင်ရလဒ်ကို ရယူခဲ့တဲ့ ဘရာဇီးလ်

နာမည်ကြီး ဘရာဇီးလ်အသင်းကတော့ ကော်စတာရီကာကို အကြိတ်အနယ်ကစားပြီးမှ Injury Time မှာ ကော်တင်ဟို Coutinho ၊ နေမာ Neymar တို့ သွင်းယူခဲ့တဲ့ဂိုးတွေကြောင့် လိုအပ်တဲ့အနိုင်(၃)မှတ်ကို ရယူနိုင်ခဲ့တယ်။ ဘရာဇီးလ်အသင်းမှာ ဒန်နီလို Danilo ရဲ့နေရာမှာ ဖက်ဂ်နာ Fagner ဝင်ကစားတာကလွဲလို့ ကျန်တဲ့အပိုင်းမှာ ဆွစ်ဇာလန်နဲ့ပွဲကအတိုင်းပဲ အပြောင်းအလဲမရှိခဲ့ဘူး။ ကော်စတာရီကာအသင်းကလည်း (၃-၄-၃)၊ (၅-၄-၁)ကစားကွက်ကို အလျင်းသင့်သလို ပြောင်းလဲကစားခဲ့တယ်။ ပထမပွဲ သရေကျခဲ့လို့ နောက်တစ်ဆင့်တက်ဖို့အတွက် ဒီပွဲမှာ အမှားမခံတာကြောင့် ဘရာဇီးလ်အသင်း အာရုံစိုက်ကစားခဲ့ပြီး ကော်စတာရီကာကတော့ ထုံးစံအတိုင်း Defence အသားပေးပုံစံနဲ့ ပြန်တုံ့ပြန်ခဲ့တယ်။

Neymar

Neymar

ဘရာဇီးလ်အသင်း ဖိကစားခဲ့ပေမယ့် ဂိုးရချင်ဇောများနေတာကြောင့် အမှားတွေရှိခဲ့သလို ကော်စတာရီကာဂိုးသမား နာဗတ်စ် Navas ကလည်း လက်စွမ်းပြနေလို့ ဂိုးမရခဲ့ဘူး။ ဒုတိယပိုင်းမှာ ဝီလီယံ Willian ရဲ့နေရာမှာ တောင်ပံတိုက်စစ်ကစားသမား ဒေါက်ဂလပ်စ်ကော်စတာ Douglas Costa ဝင်ကစားတဲ့အချိန်ကျမှ ဘရာဇီးလ်အသင်းရဲ့ ညာတောင်ပံတိုက်စစ်က ပိုကောင်းလာခဲ့ပြီး အခွင့်အရေးတွေအကြိမ်ကြိမ်ရခဲ့တယ်။ နေမာ၊ ကော်တင်ဟို၊ ဂျေးဆူ Jesus တို့ရဲ့ ကန်ချက်တွေ တိုင်ထိထွက်တာနဲ့ နာဗတ်စ် အစွမ်းပြကာကွယ်ခဲ့တာတွေကြောင့် ဂိုးရဖို့ ကံခေနေခဲ့တယ်။

Coutinho-Score-Opening-Goal

Coutinho-Score-Opening-Goal

(၆၈)မိနစ်မှာ ဖေမီနို Firmino ကို အစားထိုးပြီး တိုက်စစ်မြှင့်ခဲ့တဲ့ ဘရာဇီးလ်နည်းပြ ထိထီ Tite ရဲ့ အပြောင်းအလဲက မှန်ကန်ခဲ့တယ်လို့ ဆိုရမယ်။ (၇၈)မိနစ်မှာ ဘရာဇီးလ်အသင်း ပယ်နယ်တီ ကန်ခွင့်ရခဲ့ပေမယ့်လည်း ဒိုင်လူကြီး ကွီပါးစ်က Kuipers ပယ်နယ်တီပေးပြီးမှ VAR ပြန်ကြည့်ပြီး ပယ်ဖျက်ပေးခဲ့လို့ နစ်နာခဲ့ရတယ်။ နေမာကို ကော်စတာရီကာကစားသမားတစ်ဦး ဆွဲခဲ့သလိုဖြစ်ခဲ့ပြီး ဒီအနေအထားက ၅၀-၅၀ လို့ပြောရမှာပါ။ ဘရာဇီးလ်တို့ (၂)ပွဲဆက် သရေကျတော့မယ်လို့ ထင်တုန်းမှာပဲ (၉၁)မိနစ်မှာ ပွဲအပြောင်းအလဲ စတင်ခဲ့တယ်။ ဖေမီနို ခေါင်းတိုက်ချပေးတာကနေ ဂျေးဆူဆီက လျှံကျလာတဲ့ဘောလုံးကို ကော်တင်ဟိုက ပြေးဝင်ပိတ်သွင်းခဲ့တာပါ။

Neymar-Celebrate-After-Scoring-His-First-Goal-In-This-Tournament

Neymar-Celebrate-After-Scoring-His-First-Goal-In-This-Tournament

(၉၇)မိနစ်မှာ ဘရာဇီးလ် ဒုတိယဂိုးရခဲ့ပြီး ဒေါက်ဂလပ်စ်ကော်စတာ တစ်ကိုယ်ကောင်းမဆန်ဘဲ ချိုးပေးလိုက်တာကနေ နေမာက ၂၀၁၈ ကမ္ဘာ့ဖလားမှာ သူ့ရဲ့ အဖွင့်ဂိုးအဖြစ် သွင်းယူခဲ့တယ်။ ပွဲအပြီးမှာ ဘရာဇီးလ်အသင်း (၂-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပြီး အဖွင့်ဂိုးသွင်းချိန် ကွင်းထဲ အလဲလဲအပြိုပြိုနဲ့ အောင်ပွဲခံခဲ့တဲ့ ဘရာဇီးလ်နည်းပြထိထီနဲ့ ပွဲအပြီး မျက်ရည်လည်ရွှဲဖြစ်ခဲ့တဲ့ နေမာတို့ရဲ ပုံရိပ်တွေကလည်း ဒီပွဲရဲ့အကောင်းဆုံး ပုံရိပ်တွေဖြစ်ခဲ့ပါတယ်။

Photo:FIFA World Cup Facebook
Naing Linn(Akhayar)
www.akhayar.com