This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကိုယ့္ဂိုးကိုယ္ သြင္းယူမိခဲ့လို႔ အသက္အႏၱရာယ္ ၿခိမ္းေျခာက္ခံေနရတဲ့ ဖာနန္ဒင္ဟို Fernandinho

ဘယ္လ္ဂ်ီယံနဲ႔ ကစားခဲ့တဲ့ ကြာတားဖိုင္နယ္ပြဲစဥ္မွာ ကိုယ့္ဂိုးကိုယ္ သြင္းယူမိခဲ့လို႔ ဘရာဇီးလ္ကြင္းလယ္လူ ဖာနန္ဒင္ဟို Fernandinho အသက္အႏၱရာယ္ၿခိမ္းေျခာက္မႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ ကြင္းလယ္လူ ဖာနန္ဒင္ဟို Fernandinho ရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းယူမႈေၾကာင့္ ဘရာဇီးလ္အသင္း ၿပိဳင္ပြဲက ထြက္ခြာခဲ့ရတာျဖစ္ေၾကာင္း အသင္းပရိသတ္ေတြက ျပစ္တင္ေဝဖန္ေနခဲ့တာျဖစ္ပါတယ္။ ေဒါသထြက္ေနတဲ့ ပရိသတ္ေတြက လူမႈကြန္ရက္ စာမ်က္ႏွာေတြကေန လူမ်ိဳးေရးခြဲျခားတဲ့ စာသားေတြနဲ႔ အသက္အႏၱရာယ္ ၿခိမ္းေျခာက္တဲ့ စာသားေတြကို အသက္ (၃၃)ႏွစ္အရြယ္ရွိိ ဖာနန္ဒင္ဟို Fernandinho ဆီ ေရးသားေပးပို႔မႈေတြ ရွိေနတာျဖစ္ပါတယ္။

Fernandinho

Fernandinho

ဖာနန္ဒင္ဟို Fernandinho နဲ႔အတူ သူ႔ရဲ႕ မိသားစုေတြပါ အသက္ အႏၱရာယ္ၿခိမ္းေျခာက္ခံရမႈေတြနဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။ ဖာနန္ဒင္ဟို Fernandinho ရဲ႕ ဇနီးျဖစ္တဲ့ ရိုဇာ Roza ထံ “မင္းအမ်ိဳးသားနဲ႔ မင္းကေတာ့ အရာအားလံုးပ်က္စီးေတာ့မယ္” လို႔ ေပးပို႔ခံခဲ့ရတာျဖစ္ပါတယ္။ ဖာနန္ဒင္ဟို Fernandinho ရဲ႕ အေမျဖစ္သူဆီကိုလည္း အင္စတာဂရမ္စာမ်က္ႏွာေတြက တစ္ဆင့္ အသက္အႏၱရာယ္ၿခိမ္းေျခာက္တဲ့ စာသားေတြ ေရးသားေပးပို႔ခံေနတာျဖစ္ပါတယ္။ ဖာနန္ဒင္ဟို Fernandinho နဲ႔ သူ႔ရဲ႕ မိသားစုအသက္အႏၱရာယ္ ၿခိမ္းေျခာက္ခံရမႈေတြ ရွိေနေၾကာင္း ဘရာဇီးလ္ရဲတပ္ဖြဲ႔ကလည္း အတည္ျပဳေပးခဲ့ၿပီး ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ေနေၾကာင္း သတင္းထုတ္ျပန္ခဲ့ပါတယ္။

REF:The Sun
Photo:latintimes, VIX, FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့လို့ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရတဲ့ ဖာနန်ဒင်ဟို Fernandinho

ဘယ်လ်ဂျီယံနဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့လို့ ဘရာဇီးလ်ကွင်းလယ်လူ ဖာနန်ဒင်ဟို Fernandinho အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကွင်းလယ်လူ ဖာနန်ဒင်ဟို Fernandinho ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် ဘရာဇီးလ်အသင်း ပြိုင်ပွဲက ထွက်ခွာခဲ့ရတာဖြစ်ကြောင်း အသင်းပရိသတ်တွေက ပြစ်တင်ဝေဖန်နေခဲ့တာဖြစ်ပါတယ်။ ဒေါသထွက်နေတဲ့ ပရိသတ်တွေက လူမှုကွန်ရက် စာမျက်နှာတွေကနေ လူမျိုးရေးခွဲခြားတဲ့ စာသားတွေနဲ့ အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ စာသားတွေကို အသက် (၃၃)နှစ်အရွယ်ရှိ ဖာနန်ဒင်ဟို Fernandinho ဆီ ရေးသားပေးပို့မှုတွေ ရှိနေတာဖြစ်ပါတယ်။

Fernandinho

Fernandinho

ဖာနန်ဒင်ဟို Fernandinho နဲ့အတူ သူ့ရဲ့ မိသားစုတွေပါ အသက် အန္တရာယ်ခြိမ်းခြောက်ခံရမှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဖာနန်ဒင်ဟို Fernandinho ရဲ့ ဇနီးဖြစ်တဲ့ ရိုဇာ Roza ထံ “မင်းအမျိုးသားနဲ့ မင်းကတော့ အရာအားလုံးပျက်စီးတော့မယ်” လို့ ပေးပို့ခံခဲ့ရတာဖြစ်ပါတယ်။ ဖာနန်ဒင်ဟို Fernandinho ရဲ့ အမေဖြစ်သူဆီကိုလည်း အင်စတာဂရမ်စာမျက်နှာတွေက တစ်ဆင့် အသက်အန္တရာယ်ခြိမ်းခြောက်တဲ့ စာသားတွေ ရေးသားပေးပို့ခံနေတာဖြစ်ပါတယ်။ ဖာနန်ဒင်ဟို Fernandinho နဲ့ သူ့ရဲ့ မိသားစုအသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုတွေ ရှိနေကြောင်း ဘရာဇီးလ်ရဲတပ်ဖွဲ့ကလည်း အတည်ပြုပေးခဲ့ပြီး စောင့်ကြည့်မှုတွေ ပြုလုပ်နေကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

REF:The Sun
Photo:latintimes, VIX, FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com