This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အုပ္စုအဖြင့္ပဲြမွာ သေရတစ္မွတ္နဲ႔သာ ေက်နပ္ခ့ဲရတဲ့ ဘရာဇီးလ္

၂၀၁၈ ကမၻာ႔ဖလား အုပ္စုအဖြင့္ပဲြေတြမွာ နာမည္ႀကီးအသင္းေတြျဖစ္တဲ့ စပိန္၊ ေပၚတူဂီ၊ ဂ်ာမနီ၊ အာဂ်င္တီးနားတို႔ အားလုံး ႏုိင္ပဲြေပ်ာက္ခ့ဲသလုိ အခုလည္း ဗုိလ္စဲြဖုိ႔ေရပန္းစားေနတဲ့ ဘရာဇီးလ္အသင္း ဆြစ္ဇာလန္ကုိ သေရသာ ကစားႏုိင္ခ့ဲတယ္။ အုပ္စုအဆင့္ကုိ လြယ္လြယ္ကူကူပဲ ေက်ာ္ျဖတ္ႏုိင္မယ္လုိ႔ ထင္ေၾကးေပးခံခဲ့ရတဲ့ ဘရာဇီးလ္ဟာ ဆြစ္ဇာလန္ကုိ အသာစီးယူႏုိင္ျခင္းမရွိဘဲ ဆြစ္ဇာလန္အသင္းရဲ႕ မာမာထန္ထန္ တုံ႔ျပန္မႈေၾကာင့္ ႐ုန္းကန္ခဲ့ရပါတယ္။ ပထမပုိင္းအစမွာ ဘရာဇီးလ္အသင္းရဲ႕ ေျခစြမ္းက အားရစရာပါပဲ။ ေနမာ Neymar ၊ ေကာ္တင္ဟုိ Coutinho ၊ ေဂ်းဆူ Jesus ၊ ၀ီလီယံ Willian တို႔ရဲ႕ Individual Skills နဲ႔ တဲြလုံးေတြက ဆြစ္ဇာလန္ကုိ ဒုကၡေပးခဲ့တယ္။

Neymar-Against-Behrami

Neymar-Against-Behrami

ဒါေၾကာင့္ပဲ အဖြင့္ဂုိးကုိ ဘရာဇီးလ္အသင္း ေစာစာစီးစီးရခဲ့ပါတယ္။ မိနစ္(၂၀)မွာ ေကာ္တင္ဟုိက သူ႔ရဲ႕ Trademark ပုံစံျဖစ္တဲ့ ဂုိးဧရိယာထိပ္ကေန လွပတဲ့ ေ၀့၀ုိက္ကန္ခ်က္နဲ႔ အဖြင့္ဂုိးသြင္းယူခဲ့တာပါ။

Coutinho-Scores-With-The-Curling-Shot

Coutinho-Scores-With-The-Curling-Shot

အဖြင့္ဂုိးရခဲ့ၿပီးေနာက္ပုိင္းမွာေတာ့ ဘရာဇီးလ္အသင္းရဲ႕ ကစားပုံက အ့ံအားသင့္စရာေကာင္းေလာက္ေအာင္ က်ဆင္းသြားခဲ့တယ္။ ေနမာကုိ ဆြစ္ဇာလန္ကြင္းလယ္လူ ဘရာမီ Behrami အေကာင္းဆုံး ထိန္းခ်ဳပ္ႏုိင္ခဲ့တာေၾကာင့္ ပဲြခ်ိန္ၾကာလာတာနဲ႔အမွ် ဘရာဇီးလ္တိုက္စစ္က သိပ္အလုပ္မျဖစ္ေတာ့ဘူး။ ေနမာဟာ ရာႏႈန္းျပည့္ႀကံ့ခုိင္မႈ မရွိေသးသလုိ၊ သူ႔ကုိ ၿပိဳင္ဘက္ကစားသမားေတြက ခပ္ၾကမ္းၾကမ္း တားဆီးခဲ့တာေၾကာင့္ ေနာက္ပုိင္း မိနစ္ေတြမွာ ႐ုန္းကန္ခဲ့ရတယ္။ ဆြစ္ဇာလန္အသင္းရဲ႕ ေခ်ပဂုိးကေတာ့ ဒုတိယပုိင္းျပန္စလုိ႔ (၅)မိနစ္ေလာက္အၾကာမွာပဲ ေထာင့္ကန္ေဘာကေန တိုက္စစ္ကစားသမား ဇူဘာ Zuber က ေခါင္းတိုက္သြင္းခဲ့တာပါ။

Zuber-Scores-Equlizing-Goal-For-Switzerland

Zuber-Scores-Equlizing-Goal-For-Switzerland

ဇူဘာဟာ ဘရာဇီးလ္ေနာက္ခံလူ မီရန္ဒါ Miranda ကုိ တြန္းၿပီးမွ ေခါင္းတိုက္သြင္းခဲ့တာလည္းျဖစ္ပါတယ္။ ဘရာဇီးလ္အသင္းအေနနဲ႔ ေခ်ပဂုိးရဖုိ႔ ႀကိဳးစားခဲ့ေပမယ့္ ဂုိးကံေခေနတဲ့အျပင္ ဆြစ္ဇာလန္ဂုိးသမား ဆြန္မာ Sommer ကလည္း လက္စြမ္းျပခဲ့တာေၾကာင့္ ပဲြဦးထြက္မွာပဲ သေရတစ္မွတ္နဲ႔ ေက်နပ္ခဲ့ရတယ္။

Photo:FIFA World Cup Facebook
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Zawgyi]

အုပ်စုအဖွင့်ပွဲမှာ သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရတဲ့ ဘရာဇီးလ်

၂၀၁၈ ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲတွေမှာ နာမည်ကြီးအသင်းတွေဖြစ်တဲ့ စပိန်၊ ပေါ်တူဂီ၊ ဂျာမနီ၊ အာဂျင်တီးနားတို့ အားလုံး နိုင်ပွဲပျောက်ခဲ့သလို အခုလည်း ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ ဘရာဇီးလ်အသင်း ဆွစ်ဇာလန်ကို သရေသာ ကစားနိုင်ခဲ့တယ်။ အုပ်စုအဆင့်ကို လွယ်လွယ်ကူကူပဲ ကျော်ဖြတ်နိုင်မယ်လို့ ထင်ကြေးပေးခံခဲ့ရတဲ့ ဘရာဇီးလ်ဟာ ဆွစ်ဇာလန်ကို အသာစီးယူနိုင်ခြင်းမရှိဘဲ ဆွစ်ဇာလန်အသင်းရဲ့ မာမာထန်ထန် တုံ့ပြန်မှုကြောင့် ရုန်းကန်ခဲ့ရပါတယ်။ ပထမပိုင်းအစမှာ ဘရာဇီးလ်အသင်းရဲ့ ခြေစွမ်းက အားရစရာပါပဲ။ နေမာ Neymar ၊ ကော်တင်ဟို Coutinho ၊ ဂျေးဆူ Jesus ၊ ဝီလီယံ Willian တို့ရဲ့ Individual Skills နဲ့ တွဲလုံးတွေက ဆွစ်ဇာလန်ကို ဒုက္ခပေးခဲ့တယ်။

Neymar-Against-Behrami

Neymar-Against-Behrami

ဒါကြောင့်ပဲ အဖွင့်ဂိုးကို ဘရာဇီးလ်အသင်း စောစာစီးစီးရခဲ့ပါတယ်။ မိနစ်(၂၀)မှာ ကော်တင်ဟိုက သူ့ရဲ့ Trademark ပုံစံဖြစ်တဲ့ ဂိုးဧရိယာထိပ်ကနေ လှပတဲ့ ဝေ့ဝိုက်ကန်ချက်နဲ့ အဖွင့်ဂိုးသွင်းယူခဲ့တာပါ။

Coutinho-Scores-With-The-Curling-Shot

Coutinho-Scores-With-The-Curling-Shot

အဖွင့်ဂိုးရခဲ့ပြီးနောက်ပိုင်းမှာတော့ ဘရာဇီးလ်အသင်းရဲ့ ကစားပုံက အံ့အားသင့်စရာကောင်းလောက်အောင် ကျဆင်းသွားခဲ့တယ်။ နေမာကို ဆွစ်ဇာလန်ကွင်းလယ်လူ ဘရာမီ Behrami အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့တာကြောင့် ပွဲချိန်ကြာလာတာနဲ့အမျှ ဘရာဇီးလ်တိုက်စစ်က သိပ်အလုပ်မဖြစ်တော့ဘူး။ နေမာဟာ ရာနှုန်းပြည့်ကြံ့ခိုင်မှု မရှိသေးသလို၊ သူ့ကို ပြိုင်ဘက်ကစားသမားတွေက ခပ်ကြမ်းကြမ်း တားဆီးခဲ့တာကြောင့် နောက်ပိုင်း မိနစ်တွေမှာ ရုန်းကန်ခဲ့ရတယ်။ ဆွစ်ဇာလန်အသင်းရဲ့ ချေပဂိုးကတော့ ဒုတိယပိုင်းပြန်စလို့ (၅)မိနစ်လောက်အကြာမှာပဲ ထောင့်ကန်ဘောကနေ တိုက်စစ်ကစားသမား ဇူဘာ Zuber က ခေါင်းတိုက်သွင်းခဲ့တာပါ။

Zuber-Scores-Equlizing-Goal-For-Switzerland

Zuber-Scores-Equlizing-Goal-For-Switzerland

ဇူဘာဟာ ဘရာဇီးလ်နောက်ခံလူ မီရန်ဒါ Miranda ကို တွန်းပြီးမှ ခေါင်းတိုက်သွင်းခဲ့တာလည်းဖြစ်ပါတယ်။ ဘရာဇီးလ်အသင်းအနေနဲ့ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးကံခေနေတဲ့အပြင် ဆွစ်ဇာလန်ဂိုးသမား ဆွန်မာ Sommer ကလည်း လက်စွမ်းပြခဲ့တာကြောင့် ပွဲဦးထွက်မှာပဲ သရေတစ်မှတ်နဲ့ ကျေနပ်ခဲ့ရတယ်။

Photo:FIFA World Cup Facebook
Naing Linn(Akhayar)
www.akhayar.com