ပီလီဆိုတဲ့ အမည်နာမက အခုအခုအချိန်အထိ ဘောလုံးပရိသတ်တွေကြားမှာ ရေပန်းစားနေဆဲပါပဲ။ သူ့ရဲ့ ကစားပုံ၊ ခြေစွမ်းကို ဒီနေ့ခေတ် ပရိသတ်တွေ ကြည့်ရှုခွင့်မရခဲ့ပေမယ့် ပီလီဟာ ၂၀ ရာစုရဲ့ အကောင်းဆုံး ကစားသမားဆိုတာ အရင်ခေတ် ပရိသတ်တွေရော၊ မျိုးဆက်သစ်ပရိသတ်တွေပါ အငြင်းပွားစရာမရှိ လက်ခံ ထားပါတယ်။ ဘရာဇီးလ်အသင်းအတွက် ပီလီ ဆောင်ကြဉ်းပေးခဲ့တဲ့ အောင်မြင်မှုတွေကို ဒီနေ့အချိန် အထိ ဘယ်လို နာမည်ကျော်ကစားသမားတွေမှ မစွမ်းဆောင်နိုင်သေးပါဘူး။ ပီလီရဲ့ ဘရာဇီးလ်ကစားသမားဘ၀ အစနေ့စွဲတွေက ပန်းခင်းတဲ့လမ်းတော့ မဟုတ်ခဲ့ဘူး။

Pele-with-The-World-Cup-Trophy

Pele-with-The-World-Cup-Trophy

ဘရာဇီးလ်အသင်းဟာ ဘောလုံးလောကမှာ အောင် မြင်မှု အများဆုံးအသင်းတစ်သင်းဖြစ်နေပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအစပိုင်းမှာတော့ သာမန်ထက် မပိုခဲ့။ ၁၉၅၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဘရာဇီးလ်အသင်းရဲ့ ထာဝရကြယ်ပွင့်ဖြစ်လာမယ့် ပီလီရဲ့ ခြေစွမ်းပြမှုနဲ့ အတူ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားကို ဆွတ်ခူးခဲ့တယ်။ အဲဒီတုန်းက ပီလီရဲ့အသက်ဟာ (၁၇)နှစ်သာရှိသေးတာကြောင့် ကမ္ဘာ့ဖလားချန်ပီယံဆုကို ကိုင်မြှောက်ခွင့်ရခဲ့တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

Pele-Celebrate-After-Winning-World-Cup

Pele-Celebrate-After-Winning-World-Cup

၁၉၆၂ ပြိုင်ပွဲမှာလည်း ပီလီ ပါဝင်တဲ့ ဘရာဇီးလ်အသင်း ထပ်မံဗိုလ်စွဲခဲ့တာကြောင့် ပီလီရဲ့ နာမည်ကလည်း ဘောလုံးလောကမှာ တရှိန်ထိုး ကျော်ကြားလာခဲ့တယ်။ ပင်ကိုယ်ပါရမီခံကောင်းတဲ့အပြင် ကြိုးစားမှုပါ ထည့် ပေါင်းလိုက်တော့ ပီလီက ကမ္ဘာကော်ျတိုက်စစ်မှူးတစ်ယောက်ဖြစ်လာတာ သိပ်တော့ မထူးဆန်းပါဘူး။ ၁၉၇၀ ကမ္ဘာ့ဖလားမှာ ဘရာဇီးလ်အသင်းအတွက် (၃)ကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဆု ဆွတ်ခူးခဲ့ပြီးချိန်မှာတော့ ပီလီဟာ ကမ္ဘာ့ဖလားကို(၃)ကြိမ်အထိ ရယူခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့တဲ့အပြင် အဲဒီစံချိန်ကို အခုအချိန်အထိ ဘယ်သူကမှ မချိုးဖြတ်နိုင်တော့ဘူး။

Pele-Famous-Bicycle-Kick

Pele-Famous-Bicycle-Kick

ဘရာဇီးလ်အသင်းနဲ့အတူ ၁၉၅၈၊ ၁၉၆၂၊ ၁၉၆၆၊ ၁၉၇၀ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ပါဝင်ဆင်နွှဲခဲ့ပြီး (၁၂)ဂိုးသွင်းယူခဲ့တဲ့အပြင်ကမ္ဘာ့ဖလား(၄)ကြိမ်စလုံး ဂိုးသွင်းနိုင်တာဆိုလို့ ပီလီရယ်၊ ဂျာမန်ဂန္ထ၀င်တိုက်စစ်မှူးကြီး အူဝီစတီလီ Steler တို့ပဲရှိပါတယ်။ ဒီနေ့ခေတ် ဘောလုံးလောကမှာ စီရော်နယ်လ်ဒို C.Roanaldo၊ မက်ဆီ Messi တို့ဟာ အောင်မြင်မှုတွေ များစွာရယူနေကြပေမယ့် ကမ္ဘာ့ဘောလုံးလောကမှာတော့ ပီလီ လို စွမ်းဆောင်ရည်၊ အောင်မြင်မှုတွေ ရဖို့က အလှမ်းဝေးနေဆဲပါပဲ။ ကစားသမားဘ၀တစ်လျှောက် သွင်းဂိုး(၁၀၀၀)ကျော်သွင်းယူခဲ့တဲ့ မှတ်တမ်း၊ ကမ္ဘာ့ဖလားချန်ပီယံ(၃)ကြိမ်ရရှိခဲ့တဲ့ မှတ်တမ်းတွေ ပိုင်ဆိုင်ထားတဲ့ ပီလီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာသာမက ကမ္ဘာ့ဘောလုံးလောကမှာ စံပြုရမယ့် ဂန္ထ၀င် တစ်ဦးပဲဖြစ်ပါတယ်။

Maradona-And-Pele

Maradona-And-Pele

ဘရာဇီးလ်အသင်းအတွက် ကစားခဲ့သည့်ကာလ – ၁၉၅၇ မှ ၁၉၇၁
ပွဲ/ဂိုး – ၉၂ ပွဲ/၇၇ ဂိုး
ကမ္ဘာ့ဖလားဆင်နွှဲခဲ့သည့်အကြိမ် – ၁၉၅၈၊ ၁၉၆၂၊ ၁၉၆၆၊ ၁၉၇၀

FIFA World Cup (3): 1958, 1962, 1970

Roca Cup (2): 1957, 1963

Cruz Cup (3): 1958, 1962, 1968

Bernardo O’Higgins Cup: 1959

Atlantic Cup: 1960

REF:Wikipedia
Photo:urgente24.com,Getty Images,Youtube
Naing Linn(Akhayar)
www.akhayar.com