[Zawgyi]

ဘရာဇီးလ္ပဲြေတြၾကည့္လုိ႔ရေအာင္ ျပည္သူေတြရဲ႕ အလုပ္ခ်ိန္ကုိ ဘရာဇီးလ္အစုိးရ ေျပာင္းလဲမယ္

ဘရာဇီးလ္အစုိးရဟာ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြကာလအတြင္း ဘရာဇီးလ္အသင္းကစားမယ့္ပဲြေတြကုိ ျပည္သူေတြ ေအးေအးေဆးေဆး ၾကည့္လုိ႔ရေအာင္ အလုပ္ခ်ိန္ေတြကုိ အေျပာင္းအလဲ ျပဳလုပ္သြားမွာျဖစ္ပါတယ္။ တကယ္လုိ႔ မနက္ပုိင္းမွာ ဘရာဇီးလ္အသင္းကစားမယ့္ပဲြရွိရင္ အလုပ္သမားေတြအေနနဲ႔ ေဒသတြင္း စံေတာ္ခ်ိန္ ေန႔လည္ (၂)နာရီေလာက္မွ အလုပ္သြားရမွာျဖစ္ၿပီး မြန္းလဲြပုိင္းမွာ ကစားမယ္ဆုိရင္ အလုပ္သမားေတြဟာ ေန႔လည္ (၁)နာရီေလာက္ကတည္းက အလုပ္နားခြင့္ရွိပါတယ္။

Brazil-Football-Fans-Watch-Brazil-Match

Brazil-Football-Fans-Watch-Brazil-Match

ဘရာဇီးလ္အသင္းဟာ ၂၀၁၈ ကမၻာ႔ဖလား အုပ္စုအဖြင့္ပဲြအျဖစ္ ဇြန္လ (၁၇)ရက္မွာ ဆြစ္ဇာလန္နဲ႔ ကစားရမွာျဖစ္ၿပီး ဘရာဇီးလ္စံေတာ္ခ်ိန္ ေန႔လည္(၃)နာရီျဖစ္တာေၾကာင့္ လူအနည္းငယ္အတြက္သာ အဲဒီပဲြ ၾကည့္ဖုိ႔ အခက္အခဲရွိေစမွာပါ။ ဒါေပမဲ့ ဇြန္လ (၂၂)ရက္မွာကစားမယ့္ ေကာ္စတာရီကာနဲ႔ပဲြ၊ ဘရာဇီးလ္စံေတာ္ခ်ိန္ မြန္းလဲြ (၃)နာရီမွာကစားမယ့္ ဆားဘီးယားနဲ႔ပဲြေတြက်ရင္ အားလုံး အဆင္ေျပေျပၾကည့္႐ႈႏုိင္မွာပါ။

REF:The Sun
Photo: Sports Illustrated,Dawn
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဘရာဇီးလ်ပွဲတွေကြည့်လို့ရအောင် ပြည်သူတွေရဲ့ အလုပ်ချိန်ကို ဘရာဇီးလ်အစိုးရ ပြောင်းလဲမယ်

ဘရာဇီးလ်အစိုးရဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ဘရာဇီးလ်အသင်းကစားမယ့်ပွဲတွေကို ပြည်သူတွေ အေးအေးဆေးဆေး ကြည့်လို့ရအောင် အလုပ်ချိန်တွေကို အပြောင်းအလဲ ပြုလုပ်သွားမှာဖြစ်ပါတယ်။ တကယ်လို့ မနက်ပိုင်းမှာ ဘရာဇီးလ်အသင်းကစားမယ့်ပွဲရှိရင် အလုပ်သမားတွေအနေနဲ့ ဒေသတွင်း စံတော်ချိန် နေ့လည် (၂)နာရီလောက်မှ အလုပ်သွားရမှာဖြစ်ပြီး မွန်းလွဲပိုင်းမှာ ကစားမယ်ဆိုရင် အလုပ်သမားတွေဟာ နေ့လည် (၁)နာရီလောက်ကတည်းက အလုပ်နားခွင့်ရှိပါတယ်။

Brazil-Football-Fans-Watch-Brazil-Match

Brazil-Football-Fans-Watch-Brazil-Match

ဘရာဇီးလ်အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲအဖြစ် ဇွန်လ (၁၇)ရက်မှာ ဆွစ်ဇာလန်နဲ့ ကစားရမှာဖြစ်ပြီး ဘရာဇီးလ်စံတော်ချိန် နေ့လည်(၃)နာရီဖြစ်တာကြောင့် လူအနည်းငယ်အတွက်သာ အဲဒီပွဲ ကြည့်ဖို့ အခက်အခဲရှိစေမှာပါ။ ဒါပေမဲ့ ဇွန်လ (၂၂)ရက်မှာကစားမယ့် ကော်စတာရီကာနဲ့ပွဲ၊ ဘရာဇီးလ်စံတော်ချိန် မွန်းလွဲ (၃)နာရီမှာကစားမယ့် ဆားဘီးယားနဲ့ပွဲတွေကျရင် အားလုံး အဆင်ပြေပြေကြည့်ရှုနိုင်မှာပါ။

REF:The Sun
Photo: Sports Illustrated,Dawn
Naing Linn(Akhayar)
www.akhayar.com