This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားခ်န္ပီယံဆုကုိ (၆)ႀကိမ္ေျမာက္ရယူဖို႔ အသင့္ျဖစ္ေနတဲ့ ဘရာဇီးလ္

ဘရာဇီးလ္ဆုိတာက ပရိသတ္ေတြကုိ ထူးထူးျခားျခား မိတ္ဆက္ရမယ့္ အသင္း မဟုတ္ပါဘူး။ ပီလီ Pele က အစျပဳလုိ႔ ႐ုိမာရီယုိ Romario၊ ဒြန္ဂါ Dunga၊ ေရာ္နယ္လ္ဒုိ Ronaldo၊ ရီဗယ္လ္ဒုိ Rivaldo၊ ေရာ္နယ္လ္ဒင္ဟုိ Ronaldinho တို႔လုိ ၾကယ္ပြင့္ကစားသမားေတြ အမ်ားႀကီးထြက္ေပၚခဲ့သလုိ အခုအခ်ိန္မွာလည္း ေနမာ Neymar၊ ေကာ္တင္ဟုိ Coutinho၊ ေဂ်းဆူ Jesus စတဲ့ နာမည္ႀကီးကစားသမားေတြ ရွိေနတဲ့ အသင္းျဖစ္ပါတယ္။

Brazil-Legend-Pele

Brazil-Legend-Pele

ကမၻာ႔ဖလားၿပိဳင္ပဲြကုိ အႀကိမ္အမ်ားဆုံးအျဖစ္ (၅)ႀကိမ္အထိရခဲ့တဲ့ ဘရာဇီးလ္အသင္းဟာ ကမၻာ႔ဖ လား ၿပိဳင္ပဲြတိုင္းမွာ ဗုိလ္စဲြဖုိ႔ ေရပန္းစားတဲ့အသင္းစာရင္းထဲ အၿမဲပါ၀င္ခဲ့တယ္။ အိမ္ရွင္အျဖစ္ က်င္းပခြင့္ရခဲ့တဲ့ ၂၀၁၄ ကမၻာ႔ဖလားၿပိဳင္ပဲြတုန္းက ဆီမီးဖုိင္နယ္မွာ ဂ်ာမနီကုိ (၇-၁)ဂုိးနဲ႔ အရွက္တကဲြ႐ႈံးနိမ့္ခဲ့ၿပီး (၆)ႀကိမ္ေျမာက္ ကမၻာ႔ဖလားခ်န္ပီယံဆုနဲ႔ လဲြေခ်ာ္ခဲ့တဲ့ ဘရာဇီးလ္အသင္း ဒီတစ္ႀကိမ္ၿပိဳင္ပဲြမွာ သူတို႔ရဲ႕ရည္မွန္းခ်က္ကုိ အေကာင္အထည္ေဖာ္ႏုိင္မလားဆုိတာ ေစာင့္ၾကည့္ရမယ္ . . .

Rivaldo-and-Ronaldo-Celebrate-with-World-Cup

Rivaldo-and-Ronaldo-Celebrate-with-World-Cup

ဘရာဇီးလ္အသင္းရဲ႕ ကမၻာ႔ဖလားသမုိင္းေၾကာင္း
ဘရာဇီးလ္အသင္းဟာ ကမၻာ႔ဖလားၿပိဳင္ပဲြစတင္က်င္းပခဲ့တဲ့ ၁၉၃၀ က စၿပီး လက္ရွိ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြအထိ အႀကိမ္တိုင္း ပါ၀င္ကစားခဲ့တဲ့ တစ္သင္းတည္းေသာ အသင္းအျဖစ္ ရပ္တည္ေနတယ္။ ကမၻာ႔ဖလား ခ်န္ပီယံဆုကုိ ၁၉၅၈၊ ၁၉၆၂၊ ၁၉၇၀၊ ၁၉၉၄၊ ၂၀၀၂ ခုႏွစ္ေတြမွာ ဆြတ္ခူးခဲ့ၿပီး ဒုတိယ(၂)ႀကိမ္၊ တတိယ (၂)ႀကိမ္၊ စတုတၳ(၂)ႀကိမ္စီရရွိခဲ့တယ္။ ဘရာဇီးလ္အသင္းရဲ႕ ေအာင္ျမင္မႈကုိ တျခားအသင္းေတြ လုိက္မီဖုိ႔က ေနာက္ထပ္ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ဦးမွာပါ။

၂၀၁၈ ကမၻာ႔ဖလားေျခစစ္ပဲြျဖတ္သန္းခဲ့မႈ
ေျခစစ္ပဲြ အဖြင့္ပဲြမွာ ခ်ီလီကုိ (၂-၀)ဂုိးနဲ႔ ႐ႈံးနိမ့္ခဲ့တဲ့ေနာက္ပိုင္း ဘရာဇီးလ္အသင္းက ရပ္တန္႔လုိ႔ မရတဲ့ ေျခစြမ္းမ်ိဳး ျပသခဲ့ၿပီး (၁၂)ပဲြႏုိင္၊ (၅)ပဲြသေရနဲ႔ ၂၀၁၈ ကမၻာ႔ဖလားေျခစစ္ပဲြကုိ အေစာဆုံး ေအာင္ျမင္ခဲ့တဲ့ အသင္းအျဖစ္ မွတ္တမ္း၀င္ခဲ့တယ္။ ေျခစစ္ပဲြမွာ ေဂ်းဆူ Jesus က (၇)ဂုိး၊ ေနမာ Neymar နဲ႔ ေပၚလင္ဟုိ Paulinho က (၆)ဂုိးစီ သြင္းခဲ့ၿပီး အသငး္အတြက္ သြင္းဂုိးအမ်ားဆုံးကစားသမားေတြအျဖစ္ ရပ္တည္ခဲ့တယ္။

Coutinho-Neymar-And-Jesus

Coutinho-Neymar-And-Jesus

ေစာင့္ၾကည့္ရမယ့္ကစားသမားမ်ား
ၿပီးခဲ့တဲ့ ၂၀၁၄ ကမၻာ႔ဖလားၿပိဳင္ပဲြက ကစားသမားစုဖဲြ႕မႈထက္ လက္ရွိ ဘရာဇီးလ္အသင္းရဲ႕ စုဖဲြ႕မႈက ပုိအားရဖုိ႔ေကာင္းေနတယ္။ အဓိက တိုက္စစ္မွဴးေနမာသာရာႏႈန္းျပည့္ႀကံ့ခုိင္မႈ ျပည့္၀လာရင္ေတာ့ ဘရာဇီးလ္အသင္းရဲ႕ တိုက္စစ္က ေၾကာက္ခမန္းလိလိျဖစ္လာလိမ့္မယ္။ ကြင္းလယ္မွာလည္း ေကာ္တင္ဟုိ၊ ၀ီလီယံ၊ ေပၚလင္ဟုိတို႔ရဲ႕အစုအဖဲြ႕က ထိပ္တန္းအဆင့္ရွိေနသလုိ ေနာက္တန္းကုိ ၾကည့္ရင္လည္း ဒဏ္ရာေၾကာင့္ အဲလ္ဗတ္စ္ Alves ကမၻာ႔ဖလားၿပိဳင္ပဲြကုိ လဲြေခ်ာ္မွာျဖစ္ေပမယ့္ သီယာဂုိေဆးလ္ဗား Thiago Silva၊ မာကြင္ဟုိ႔စ္ Marquinhos စတဲ့ကစားသမားေတြေၾကာင့္ ေတာင့္တင္းမႈရွိတယ္လုိ႔ဆုိရမွာပါ။

REF:Wikipedia
Photo:Goal,The Football Times,FIFA
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားချန်ပီယံဆုကို (၆)ကြိမ်မြောက်ရယူဖို့ အသင့်ဖြစ်နေတဲ့ ဘရာဇီးလ်

ဘရာဇီးလ်ဆိုတာက ပရိသတ်တွေကို ထူးထူးခြားခြား မိတ်ဆက်ရမယ့် အသင်း မဟုတ်ပါဘူး။ ပီလီ Pele က အစပြုလို့ ရိုမာရီယို Romario၊ ဒွန်ဂါ Dunga၊ ရော်နယ်လ်ဒို Ronaldo၊ ရီဗယ်လ်ဒို Rivaldo၊ ရော်နယ်လ်ဒင်ဟို Ronaldinho တို့လို ကြယ်ပွင့်ကစားသမားတွေ အများကြီးထွက်ပေါ်ခဲ့သလို အခုအချိန်မှာလည်း နေမာ Neymar၊ ကော်တင်ဟို Coutinho၊ ဂျေးဆူ Jesus စတဲ့ နာမည်ကြီးကစားသမားတွေ ရှိနေတဲ့ အသင်းဖြစ်ပါတယ်။

Brazil-Legend-Pele

Brazil-Legend-Pele

ကမ္ဘာ့ဖလားပြိုင်ပွဲကို အကြိမ်အများဆုံးအဖြစ် (၅)ကြိမ်အထိရခဲ့တဲ့ ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖ လား ပြိုင်ပွဲတိုင်းမှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့အသင်းစာရင်းထဲ အမြဲပါဝင်ခဲ့တယ်။ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဆီမီးဖိုင်နယ်မှာ ဂျာမနီကို (၇-၁)ဂိုးနဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့ပြီး (၆)ကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဆုနဲ့ လွဲချော်ခဲ့တဲ့ ဘရာဇီးလ်အသင်း ဒီတစ်ကြိမ်ပြိုင်ပွဲမှာ သူတို့ရဲ့ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မလားဆိုတာ စောင့်ကြည့်ရမယ် . . .

Rivaldo-and-Ronaldo-Celebrate-with-World-Cup

Rivaldo-and-Ronaldo-Celebrate-with-World-Cup

ဘရာဇီးလ်အသင်းရဲ့ ကမ္ဘာ့ဖလားသမိုင်းကြောင်း
ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ကျင်းပခဲ့တဲ့ ၁၉၃၀ က စပြီး လက်ရှိ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ အကြိမ်တိုင်း ပါဝင်ကစားခဲ့တဲ့ တစ်သင်းတည်းသော အသင်းအဖြစ် ရပ်တည်နေတယ်။ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၁၉၅၈၊ ၁၉၆၂၊ ၁၉၇၀၊ ၁၉၉၄၊ ၂၀၀၂ ခုနှစ်တွေမှာ ဆွတ်ခူးခဲ့ပြီး ဒုတိယ(၂)ကြိမ်၊ တတိယ (၂)ကြိမ်၊ စတုတ္ထ(၂)ကြိမ်စီရရှိခဲ့တယ်။ ဘရာဇီးလ်အသင်းရဲ့ အောင်မြင်မှုကို တခြားအသင်းတွေ လိုက်မီဖို့က နောက်ထပ် နှစ်ပေါင်းများစွာ ကြာမြင့်ဦးမှာပါ။

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲဖြတ်သန်းခဲ့မှု
ခြေစစ်ပွဲ အဖွင့်ပွဲမှာ ချီလီကို (၂-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့နောက်ပိုင်း ဘရာဇီးလ်အသင်းက ရပ်တန့်လို့ မရတဲ့ ခြေစွမ်းမျိုး ပြသခဲ့ပြီး (၁၂)ပွဲနိုင်၊ (၅)ပွဲသရေနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲကို အစောဆုံး အောင်မြင်ခဲ့တဲ့ အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ ခြေစစ်ပွဲမှာ ဂျေးဆူ Jesus က (၇)ဂိုး၊ နေမာ Neymar နဲ့ ပေါ်လင်ဟို Paulinho က (၆)ဂိုးစီ သွင်းခဲ့ပြီး အသင်းအတွက် သွင်းဂိုးအများဆုံးကစားသမားတွေအဖြစ် ရပ်တည်ခဲ့တယ်။

Coutinho-Neymar-And-Jesus

Coutinho-Neymar-And-Jesus

စောင့်ကြည့်ရမယ့်ကစားသမားများ
ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲက ကစားသမားစုဖွဲ့မှုထက် လက်ရှိ ဘရာဇီးလ်အသင်းရဲ့ စုဖွဲ့မှုက ပိုအားရဖို့ကောင်းနေတယ်။ အဓိက တိုက်စစ်မှူးနေမာသာရာနှုန်းပြည့်ကြံ့ခိုင်မှု ပြည့်ဝလာရင်တော့ ဘရာဇီးလ်အသင်းရဲ့ တိုက်စစ်က ကြောက်ခမန်းလိလိဖြစ်လာလိမ့်မယ်။ ကွင်းလယ်မှာလည်း ကော်တင်ဟို၊ ဝီလီယံ၊ ပေါ်လင်ဟိုတို့ရဲ့အစုအဖွဲ့က ထိပ်တန်းအဆင့်ရှိနေသလို နောက်တန်းကို ကြည့်ရင်လည်း ဒဏ်ရာကြောင့် အဲလ်ဗတ်စ် Alves ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်မှာဖြစ်ပေမယ့် သီယာဂိုဆေးလ်ဗား Thiago Silva၊ မာကွင်ဟို့စ် Marquinhos စတဲ့ကစားသမားတွေကြောင့် တောင့်တင်းမှုရှိတယ်လို့ဆိုရမှာပါ။

REF:Wikipedia
Photo:Goal,The Football Times,FIFA
Naing Linn(Akhayar)
www.akhayar.com