[Zawgyi]

ဘရာဇီးလ္ေဘာလုံးသမုိင္းမွာ နတ္ဘုရား တစ္ပါးျဖစ္ခဲ့သူ ေရာ္နယ္လ္ဒုိ Ronaldo

ျမန္မာေဘာလုံးပရိသတ္ေတြက ‘ဒုိႀကီး’လုိ႔ နာမည္ေျပာင္ေပးထားတဲ့ ဘရာဇီးလ္ဂႏၱ၀င္ကစားသမားႀကီး ေရာ္နယ္လ္ဒုိ Ronaldo ဟာ ၁၉၉၀ ၀န္းက်င္ကာလေတြမွာ ကမၻာ႔အေကာင္းဆုံး တုိက္စစ္မွဴးတစ္ေယာက္ဆုိတာ ပရိသတ္ေတြ အားလုံး လက္ခံထားၾကတယ္။ ပီလီ၊ မာရာဒုိနာတို႔လုိပဲ Dribbling Skill ၊ ၿပိဳင္ဘက္ေတြကုိ လွည့္စားမႈ Feints ၊ အဆုံးသတ္စြမ္းရည္ ေကာင္းမြန္တဲ့သူျဖစ္ၿပီး သူ႔ရဲ႕ကစားပုံကုိ ေကာင္း ေကာင္းမီခဲ့တဲ့ ပရိသတ္ေတြအတြက္ေတာ့ အခုအခ်ိန္အထိ ေရာ္နယ္လ္ဒုိအေၾကာင္းကုိ တသသ ေျပာဆုိေနၾကတုနး္ပဲ။

Ronaldo-Playing-Style

Ronaldo-Playing-Style

၁၉၉၄ ကမၻာ႔ဖလားမွာ ဘရာဇီးလ္အသင္းအတြက္ ေရြးခ်ယ္ခံခဲ့ရၿပီး ပီလီေနာက္ပုိင္း အသက္အငယ္ဆုံး ကစားသမားအျဖစ္ မွတ္တမ္း၀င္ခဲ့တဲ့ ေရာ္နယ္လ္ဒုိဟာ ဘရာဇီးလ္အသင္းနဲ႔အတူ ၁၉၉၈၊ ၂၀၀၂၊ ၂၀၀၆ ကမၻာ႔ဖလားၿပိဳင္ပဲြေတြ ဆင္ႏႊဲခြင့္ရခဲ့သလုိ ၂၀၀၂ ကမၻာ႔ဖလားခ်န္ပီယံဆုကုိလည္း ဆြတ္ခူးခဲ့တယ္။ ေရာ္နယ္လ္ဒုိအေနနဲ႔ ကမၻာ႔ဖလားၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္ သြင္းဂုိးအမ်ားဆုံး ကစား သမားျဖစ္တဲ့ ဂ်ာမန္ဂႏၱ၀င္တိုက္စစ္မွဴး ဂတ္မူလာ Gerd Muller ရဲ႕ စံခ်ိန္ကုိ တစ္ဂုိးအသာ (၁၆)ဂုိးနဲ႔ ခ်ိဳးျဖတ္ ႏုိင္ခဲ့ေပမယ့္ ၂၀၁၄ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ဂ်ာမနီ နာမည္ေက်ာ္တိုက္စစ္မွဴးေဟာင္း ကလုိေဆး Klose က ေရာ္နယ္လ္ဒုိကုိ ေက်ာ္ျဖတ္ၿပီး စံခ်ိန္သစ္ထပ္တင္ခဲ့တယ္။

Ronaldo-With-The-World-Cup

Ronaldo-With-The-World-Cup

ဘရာဇီးလ္အသင္းကစားသမားဘ၀မွာ (၆၂)ဂုိးအထိ သြင္းယူခဲ့ၿပီး ပီလီရဲ႕ေနာက္ လက္ေရြးစင္အသင္း ဒုတိယေျမာက္ သြင္းဂုိးအမ်ားဆုံးကစားသမားအျဖစ္လည္း ရပ္တည္ေနသူပါ။ ဖီဖာအေကာင္းဆုံးေဘာလုံးသမားဆုကုိ (၃)ႀကိမ္ (၁၉၉၆၊ ၁၉၉၇၊ ၂၀၀၂)၊ Ballon d’Or ဆု (၂)ႀကိမ္ (၁၉၉၇၊ ၂၀၀၂) ရရွိခဲ့ၿပီး ေရာ္နယ္လ္ဒုိဟာ ဖီဖာက သတ္မွတ္ခဲ့တဲ့ ကမၻာ႔ေဘာလုံးသမုိင္းတစ္ေလွ်ာက္ အေကာင္းဆုံးကစားသမား အေယာက္(၁၀၀)စာရင္းထဲမွာ ပီလီနဲ႔အတူ ပါ၀င္ခဲ့ပါတယ္။

Ronaldo-Stat

Ronaldo-Stat

ဒါ့အျပင္ Brazilian Football Museum Hall of Fame ၊ Italian Football Hall of Fame ေတြမွာလည္း ေရာ္နယ္လ္ဒုိဟာ ထည့္သြင္းေဖာ္ျပခံခဲ့ရတယ္။ လက္ေရြးစင္အသင္းအတြက္သာမက ဘာစီလုိနာ၊ ရီးယဲလ္၊ ေအစီမီလန္စတဲ့ ကလပ္အသင္းေတြ နဲ႔ပါ ဆုဖလားေအာင္ျမင္မႈေတြရယူခဲ့တဲ့ ေရာ္နယ္လ္ဒုိဟာ ဒဏ္ရာျပႆနာေတြေၾကာင့္ ၂၀၁၁ ခုႏွစ္မွာ ေဘာလုံးသမားဘ၀က အနားယူခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ ေဘာလုံးက႑အတြက္ အက်ိဳးျပဳလုပ္ငန္းေတြ မွာ ပါ၀င္ေဆာင္ရြက္ေနပါတယ္။

Ronaldo-And-Zidane

Ronaldo-And-Zidane

ေရာ္နယ္လ္ဒုိရဲ႕ လက္ေရြးစင္ကစားသမားဘ၀ မွတ္တမ္း

ဘရာဇီးလ္အသင္းအတြက္ ကစားခဲ့သည့္ ကာလ – ၁၉၉၄ မွ ၂၀၁၁
ပဲြ/ဂုိး – ၉၈ ပဲြ / ၆၂ ဂုိး

ကမၻာ႔ဖလားဆင္ႏႊဲခဲ့သည့္ အႀကိမ္ -၁၉၉၄၊ ၁၉၉၈၊ ၂၀၀၂၊ ၂၀၀၆

ေအာင္ျမင္မႈ
FIFA World Cup (2): 1994, 2002

FIFA World Cup (1): Runners-up (2nd Place) 1998

Copa América (2): 1997, 1999

Copa América (1): Runners-up (2nd Place) 1995

FIFA Confederations Cup (1): 1997

Summer Olympic Games (1): Bronze Medal (3rd Place) 1996

REF:Wikipedia
Photo: Getty Images,Eurosports,Talksports
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဘရာဇီးလ်ဘောလုံးသမိုင်းမှာ နတ်ဘုရား တစ်ပါးဖြစ်ခဲ့သူ ရော်နယ်လ်ဒို Ronaldo

မြန်မာဘောလုံးပရိသတ်တွေက ‘ဒိုကြီး’လို့ နာမည်ပြောင်ပေးထားတဲ့ ဘရာဇီးလ်ဂန္တဝင်ကစားသမားကြီး ရော်နယ်လ်ဒို Ronaldo ဟာ ၁၉၉၀ ဝန်းကျင်ကာလတွေမှာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတစ်ယောက်ဆိုတာ ပရိသတ်တွေ အားလုံး လက်ခံထားကြတယ်။ ပီလီ၊ မာရာဒိုနာတို့လိုပဲ Dribbling Skill ၊ ပြိုင်ဘက်တွေကို လှည့်စားမှု Feints ၊ အဆုံးသတ်စွမ်းရည် ကောင်းမွန်တဲ့သူဖြစ်ပြီး သူ့ရဲ့ကစားပုံကို ကောင်း ကောင်းမီခဲ့တဲ့ ပရိသတ်တွေအတွက်တော့ အခုအချိန်အထိ ရော်နယ်လ်ဒိုအကြောင်းကို တသသ ပြောဆိုနေကြတုန်းပဲ။

Ronaldo-Playing-Style

Ronaldo-Playing-Style

၁၉၉၄ ကမ္ဘာ့ဖလားမှာ ဘရာဇီးလ်အသင်းအတွက် ရွေးချယ်ခံခဲ့ရပြီး ပီလီနောက်ပိုင်း အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ရော်နယ်လ်ဒိုဟာ ဘရာဇီးလ်အသင်းနဲ့အတူ ၁၉၉၈၊ ၂၀၀၂၊ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွေ ဆင်နွှဲခွင့်ရခဲ့သလို ၂၀၀၂ ကမ္ဘာ့ဖလားချန်ပီယံဆုကိုလည်း ဆွတ်ခူးခဲ့တယ်။ ရော်နယ်လ်ဒိုအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစား သမားဖြစ်တဲ့ ဂျာမန်ဂန္တဝင်တိုက်စစ်မှူး ဂတ်မူလာ Gerd Muller ရဲ့ စံချိန်ကို တစ်ဂိုးအသာ (၁၆)ဂိုးနဲ့ ချိုးဖြတ် နိုင်ခဲ့ပေမယ့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီ နာမည်ကျော်တိုက်စစ်မှူးဟောင်း ကလိုဆေး Klose က ရော်နယ်လ်ဒိုကို ကျော်ဖြတ်ပြီး စံချိန်သစ်ထပ်တင်ခဲ့တယ်။

Ronaldo-With-The-World-Cup

Ronaldo-With-The-World-Cup

ဘရာဇီးလ်အသင်းကစားသမားဘဝမှာ (၆၂)ဂိုးအထိ သွင်းယူခဲ့ပြီး ပီလီရဲ့နောက် လက်ရွေးစင်အသင်း ဒုတိယမြောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ်လည်း ရပ်တည်နေသူပါ။ ဖီဖာအကောင်းဆုံးဘောလုံးသမားဆုကို (၃)ကြိမ် (၁၉၉၆၊ ၁၉၉၇၊ ၂၀၀၂)၊ Ballon d’Or ဆု (၂)ကြိမ် (၁၉၉၇၊ ၂၀၀၂) ရရှိခဲ့ပြီး ရော်နယ်လ်ဒိုဟာ ဖီဖာက သတ်မှတ်ခဲ့တဲ့ ကမ္ဘာ့ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမား အယောက်(၁၀၀)စာရင်းထဲမှာ ပီလီနဲ့အတူ ပါဝင်ခဲ့ပါတယ်။

Ronaldo-Stat

Ronaldo-Stat

ဒါ့အပြင် Brazilian Football Museum Hall of Fame ၊ Italian Football Hall of Fame တွေမှာလည်း ရော်နယ်လ်ဒိုဟာ ထည့်သွင်းဖော်ပြခံခဲ့ရတယ်။ လက်ရွေးစင်အသင်းအတွက်သာမက ဘာစီလိုနာ၊ ရီးယဲလ်၊ အေစီမီလန်စတဲ့ ကလပ်အသင်းတွေ နဲ့ပါ ဆုဖလားအောင်မြင်မှုတွေရယူခဲ့တဲ့ ရော်နယ်လ်ဒိုဟာ ဒဏ်ရာပြဿနာတွေကြောင့် ၂၀၁၁ ခုနှစ်မှာ ဘောလုံးသမားဘဝက အနားယူခဲ့ပြီး လက်ရှိအချိန်မှာတော့ ဘောလုံးကဏ္ဍအတွက် အကျိုးပြုလုပ်ငန်းတွေ မှာ ပါဝင်ဆောင်ရွက်နေပါတယ်။

Ronaldo-And-Zidane

Ronaldo-And-Zidane

ရော်နယ်လ်ဒိုရဲ့ လက်ရွေးစင်ကစားသမားဘ၀ မှတ်တမ်း

ဘရာဇီးလ်အသင်းအတွက် ကစားခဲ့သည့် ကာလ – ၁၉၉၄ မှ ၂၀၁၁
ပွဲ/ဂိုး – ၉၈ ပွဲ / ၆၂ ဂိုး

ကမ္ဘာ့ဖလားဆင်နွှဲခဲ့သည့် အကြိမ် -၁၉၉၄၊ ၁၉၉၈၊ ၂၀၀၂၊ ၂၀၀၆

အောင်မြင်မှု
FIFA World Cup (2): 1994, 2002

FIFA World Cup (1): Runners-up (2nd Place) 1998

Copa América (2): 1997, 1999

Copa América (1): Runners-up (2nd Place) 1995

FIFA Confederations Cup (1): 1997

Summer Olympic Games (1): Bronze Medal (3rd Place) 1996

REF:Wikipedia
Photo: Getty Images,Eurosports,Talksports
Naing Linn(Akhayar)
www.akhayar.com