This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဆားဘီးယားကုိ အႏုိင္ကစားၿပီး အုပ္စုပထမနဲ႔ ေနာက္တစ္ဆင့္တက္ခဲ့တဲ့ ဘရာဇီးလ္

နာမည္ႀကီး ဘရာဇီးလ္အသင္းကေတာ့ ဆားဘီးယားကုိ (၂)ဂုိးျပတ္အႏုိင္ကစားၿပီး အုပ္စု(E)မွာ ပထမေနရာနဲ႔ ႐ႈံးထြက္(၁၆)သင္းအဆင့္ကုိ တက္ေရာက္ခဲ့ပါတယ္။ ဘရာဇီးလ္အသင္းဟာ ဒီပဲြမတိုင္ခင္ ရမွတ္(၄)မွတ္သာရရွိထားတာေၾကာင့္ ေနာက္တစ္ဆင့္တက္ဖုိ႔ တစ္မွတ္သာ ရယူဖုိ႔လုိေပမယ့္လည္း အမွတ္ျပည့္ရယူႏုိင္ခဲ့တာလည္းျဖစ္တယ္။ ဆားဘီးယားအသင္းကေတာ့ မျဖစ္မေန အႏုိင္(၃)မွတ္ရဖုိ႔အတြက္ ႀကိဳးစားကစားခဲ့ေပမယ့္ အခြင့္အေရးေတြကုိ လဲြေခ်ာ္ခဲ့တာေၾကာင့္ သေရတစ္မွတ္ေတာင္ မရခဲ့တာပါ။ ဒီပဲြမွာ ဘရာဇီးလ္အသင္းအႏုိင္ရခဲ့ေပမယ့္ အားထားရတဲ့ ဘယ္ေနာက္ခံလူ မာဆယ္လုိ Marcelo ဒဏ္ရာရခဲ့တာက စိတ္ပ်က္စရာလုိ႔ ဆုိရမယ္။

Thiago-Silva-Celebrate-After-Scoring-Goal

Thiago-Silva-Celebrate-After-Scoring-Goal

ဘရာဇီးလ္အသင္းအေနနဲ႔ ပထမပုိင္းမွာ ေဘာလုံးပုိင္ဆုိင္မႈအသာရဖုိ႔ပဲ ထိန္းကစားေနသလုိ၊ ဆားဘီးယားအသငး္ကလည္း ဘရာဇီးလ္ဘက္ကုိ ရဲရဲ၀င့္၀င့္ မကစားရဲတာေၾကာင့္ ပဲြက ေအးေနခဲ့တယ္။ ပထမပုိင္း(၃၆)မိနစ္မွာ ဘရာဇီးလ္ အဖြင့္ဂုိးရခဲ့ၿပီး ေကာ္တင္ဟုိ Coutinho ရဲ႕ တိက်ေသသပ္တဲ့ ေပးပုိ႔မႈကေန ေပၚလင္ဟုိ Paulinho က ပိတ္သြင္းခဲ့တာပါ။ ဒုတိယပုိင္းမွာေတာ့ ႏွစ္သင္းစလုံး အျပန္အလွန္ထုိးေဖာက္မႈေတြ ျပဳလုပ္ခဲ့ၿပီး ဘရာဇီးလ္ ညာေတာင္ပံတိုက္စစ္က ၀ီလီယံ Willian ေျခစြမ္းမျပႏုိင္လုိ႔ ေနမာ Neymar ရဲ႕ ဘယ္ျခမ္းကေန အဓိက တိုက္စစ္ဆင္ခဲ့ရတယ္။ ဆားဘီးယားအသင္းက အခြင့္အေရးေတြရခဲ့ေပမယ့္ တိုက္စစ္မွဴး မီထ႐ုိဗစ္ Mitrović လဲြေခ်ာ္တာေၾကာင့္ေရာ၊ ဘရာဇီးလ္ဂုိးသမား အယ္လ္လစ္ဆန္ Alisson ကာကြယ္ခဲ့တာေၾကာင့္လည္း ဂုိးမရခဲ့ဘူး။

Group-E-standing

Group-E-standing

(၆၈)မိနစ္မွာ ဘရာဇီးလ္အသင္း ဒုတိယဂုိးရခဲ့ၿပီး ေထာင့္ကန္ေဘာကေန သီယာဂုိေဆးလ္ဗား Thiago Silva က အပုိင္ေခါင္းတိုက္သြင္းယူခဲ့တယ္။ ဒီပဲြကုိ အႏုိင္ရခဲ့တဲ့အတြက္ ဘရာဇီးလ္အသင္းဟာ ၁၉၇၀ က စၿပီး ကမၻာ႔ဖလား(၁၃)ႀကိမ္ဆက္ အုပ္စုအဆင့္က တက္ေရာက္ခဲ့တဲ့ မွတ္တမ္းေကာင္းတစ္ခုရရွိခဲ့သလုိ လာမယ့္ ႐ႈံးထြက္(၁၆)သင္းအဆင့္မွာ မကၠဆီကုိနဲ႔ ဆုံေတြ႕ရမွာျဖစ္ပါတယ္။

Photo:FIFA World Cup
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဆားဘီးယားကို အနိုင်ကစားပြီး အုပ်စုပထမနဲ့ နောက်တစ်ဆင့်တက်ခဲ့တဲ့ ဘရာဇီးလ်

နာမည်ကြီး ဘရာဇီးလ်အသင်းကတော့ ဆားဘီးယားကို (၂)ဂိုးပြတ်အနိုင်ကစားပြီး အုပ်စု(E)မှာ ပထမနေရာနဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်ခဲ့ပါတယ်။ ဘရာဇီးလ်အသင်းဟာ ဒီပွဲမတိုင်ခင် ရမှတ်(၄)မှတ်သာရရှိထားတာကြောင့် နောက်တစ်ဆင့်တက်ဖို့ တစ်မှတ်သာ ရယူဖို့လိုပေမယ့်လည်း အမှတ်ပြည့်ရယူနိုင်ခဲ့တာလည်းဖြစ်တယ်။ ဆားဘီးယားအသင်းကတော့ မဖြစ်မနေ အနိုင်(၃)မှတ်ရဖို့အတွက် ကြိုးစားကစားခဲ့ပေမယ့် အခွင့်အရေးတွေကို လွဲချော်ခဲ့တာကြောင့် သရေတစ်မှတ်တောင် မရခဲ့တာပါ။ ဒီပွဲမှာ ဘရာဇီးလ်အသင်းအနိုင်ရခဲ့ပေမယ့် အားထားရတဲ့ ဘယ်နောက်ခံလူ မာဆယ်လို Marcelo ဒဏ်ရာရခဲ့တာက စိတ်ပျက်စရာလို့ ဆိုရမယ်။

Thiago-Silva-Celebrate-After-Scoring-Goal

Thiago-Silva-Celebrate-After-Scoring-Goal

ဘရာဇီးလ်အသင်းအနေနဲ့ ပထမပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာရဖို့ပဲ ထိန်းကစားနေသလို၊ ဆားဘီးယားအသင်းကလည်း ဘရာဇီးလ်ဘက်ကို ရဲရဲဝင့်ဝင့် မကစားရဲတာကြောင့် ပွဲက အေးနေခဲ့တယ်။ ပထမပိုင်း(၃၆)မိနစ်မှာ ဘရာဇီးလ် အဖွင့်ဂိုးရခဲ့ပြီး ကော်တင်ဟို Coutinho ရဲ့ တိကျသေသပ်တဲ့ ပေးပို့မှုကနေ ပေါ်လင်ဟို Paulinho က ပိတ်သွင်းခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံး အပြန်အလှန်ထိုးဖောက်မှုတွေ ပြုလုပ်ခဲ့ပြီး ဘရာဇီးလ် ညာတောင်ပံတိုက်စစ်က ဝီလီယံ Willian ခြေစွမ်းမပြနိုင်လို့ နေမာ Neymar ရဲ့ ဘယ်ခြမ်းကနေ အဓိက တိုက်စစ်ဆင်ခဲ့ရတယ်။ ဆားဘီးယားအသင်းက အခွင့်အရေးတွေရခဲ့ပေမယ့် တိုက်စစ်မှူး မီထရိုဗစ် Mitrović လွဲချော်တာကြောင့်ရော၊ ဘရာဇီးလ်ဂိုးသမား အယ်လ်လစ်ဆန် Alisson ကာကွယ်ခဲ့တာကြောင့်လည်း ဂိုးမရခဲ့ဘူး။

Group-E-standing

Group-E-standing

(၆၈)မိနစ်မှာ ဘရာဇီးလ်အသင်း ဒုတိယဂိုးရခဲ့ပြီး ထောင့်ကန်ဘောကနေ သီယာဂိုဆေးလ်ဗား Thiago Silva က အပိုင်ခေါင်းတိုက်သွင်းယူခဲ့တယ်။ ဒီပွဲကို အနိုင်ရခဲ့တဲ့အတွက် ဘရာဇီးလ်အသင်းဟာ ၁၉၇၀ က စပြီး ကမ္ဘာ့ဖလား(၁၃)ကြိမ်ဆက် အုပ်စုအဆင့်က တက်ရောက်ခဲ့တဲ့ မှတ်တမ်းကောင်းတစ်ခုရရှိခဲ့သလို လာမယ့် ရှုံးထွက်(၁၆)သင်းအဆင့်မှာ မက္ကဆီကိုနဲ့ ဆုံတွေ့ရမှာဖြစ်ပါတယ်။

Photo:FIFA World Cup
Naing Linn(Akhayar)
www.akhayar.com