[Zawgyi]

ေျခဖေနာင့္ေက်ာ စုတ္ၿပဲဒဏ္ရာေၾကာင့္ (၆)လအထိ အနားယူရဖုိ႔ရွိေနတဲ့ ဘရာဗုိ Bravo

မန္စီးတီးအသင္း ဂုိးသမား ဘရာဗုိ Bravo ဟာ ၿပီးခဲ့တဲ့တနလၤာေန႔က အသင္းရဲ႕ ေလ့က်င့္ခန္းအစီအစဥ္မွာ ေျခဖေနာင့္ေက်ာ စုတ္ၿပဲတဲ့ဒဏ္ရာ ရရွိခဲ့တာေၾကာင့္ အခုေလာေလာဆယ္ မန္စီးတီးအသင္းမွာ ႀကံ့ခုိင္မႈျပည့္၀တဲ့ ဂုိးသမားဆုိလုိ႔ အီဒါဆန္ Ederson တစ္ဦးသာ က်န္ပါေတာ့တယ္။ အီဒါဆန္ရဲ႕ေနာက္ ဒုတိယဦးစားေပး ဂုိးသမားျဖစ္သူ ဘရာဗုိဟာ အခုဒဏ္ရာေၾကာင့္ (၆)လအထိ အနားယူရမယ့္ အေနအထားနဲ႔ ရင္ဆုိင္ေနရၿပီး သူ႔ရဲ႕ဒဏ္ရာကုိ စမ္းသပ္စစ္ေဆးဖုိ႔အတြက္ အခုရက္ပုိင္းအတြင္း ဘာစီလုိနာကုိ သြားမွာျဖစ္ပါတယ္။

Claudio-Bravo-suffered-a-ruptured-Achilles-tendon-in-Manchester-City-training-on-Monday

Claudio-Bravo-suffered-a-ruptured-Achilles-tendon-in-Manchester-City-training-on-Monday

ဒဏ္ရာနဲ႔ပတ္သက္ၿပီး ဘရာဗုိက “ဒီေန႔မွာ ဘယ္ေလာက္ပဲ အေျခအေန ဆုိးရြားေနပါေစ၊ ဘ၀ဆုိတာ ေရွ႕ဆက္သြားရမွာျဖစ္ၿပီး မနက္ျဖန္မွာ ပုိေကာင္းလာမွာျဖစ္ပါတယ္” လုိ႔ သူ႔ရဲ႕ Twitter စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။ ဘရာဗုိရဲ႕ ဒဏ္ရာသတင္းဟာ ဒီေႏြရာသီမွာ ဂုိးသမားႏွစ္ဦးကုိ ေရာင္းထုတ္ခဲ့တဲ့ မန္စီးတီးအသင္းနည္းျပ ဂြါဒီယုိလာ Guardiola အတြက္ ထုိးႏွက္ခ်က္တစ္ခု ျဖစ္လာခဲ့ပါၿပီ။ မန္စီးတီးအသင္းဟာ အသက္(၃၁)ႏွစ္အရြယ္ ရွိၿပီျဖစ္တဲ့ အဂၤလန္၀ါရင့္ဂုိးသမား ဂ်ိဳးဟတ္Joe Hart ကုိ ဘန္ေလ၊ လူငယ္ဂုိးသမား အန္ဂတ္စ္ဂန္း Angus Gunn ကုိ ေဆာက္သမ္တန္အသင္းဆီ ေပါင္(၁၃.၅)သန္းနဲ႔ ေရာင္းခ်ခဲ့တာျဖစ္ပါတယ္။ အခုအခ်ိန္မွာ မန္စီးတီးဂုိးသမားအျဖစ္ အီဒါဆန္နဲ႔ အသက္(၂၀)သာရွိေသးတဲ့ လူငယ္ဂုိးသမား Daniel Grimshaw တို႔သာ က်န္ရွိေတာ့လုိ႔ ဂြါဒီယုိလာက နယ္သာလန္ကလပ္ NAC Breda အသင္းဆီ အငွားခ်ထားတဲ့ ေနာက္ထပ္ လူငယ္ဂုိးသမားျဖစ္သူ Aro Muric ကုိ ျပန္ေခၚသြားဖုိ႔ ရွိေနပါၿပီ။

REF:Daily Mail
Photo:Squawka,Trome
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ခြေဖနောင့်ကျော စုတ်ပြဲဒဏ်ရာကြောင့် (၆)လအထိ အနားယူရဖို့ရှိနေတဲ့ ဘရာဗို Bravo

မန်စီးတီးအသင်း ဂိုးသမား ဘရာဗို Bravo ဟာ ပြီးခဲ့တဲ့တနင်္လာနေ့က အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ခြေဖနောင့်ကျော စုတ်ပြဲတဲ့ဒဏ်ရာ ရရှိခဲ့တာကြောင့် အခုလောလောဆယ် မန်စီးတီးအသင်းမှာ ကြံ့ခိုင်မှုပြည့်ဝတဲ့ ဂိုးသမားဆိုလို့ အီဒါဆန် Ederson တစ်ဦးသာ ကျန်ပါတော့တယ်။ အီဒါဆန်ရဲ့နောက် ဒုတိယဦးစားပေး ဂိုးသမားဖြစ်သူ ဘရာဗိုဟာ အခုဒဏ်ရာကြောင့် (၆)လအထိ အနားယူရမယ့် အနေအထားနဲ့ ရင်ဆိုင်နေရပြီး သူ့ရဲ့ဒဏ်ရာကို စမ်းသပ်စစ်ဆေးဖို့အတွက် အခုရက်ပိုင်းအတွင်း ဘာစီလိုနာကို သွားမှာဖြစ်ပါတယ်။

Claudio-Bravo-suffered-a-ruptured-Achilles-tendon-in-Manchester-City-training-on-Monday

Claudio-Bravo-suffered-a-ruptured-Achilles-tendon-in-Manchester-City-training-on-Monday

ဒဏ်ရာနဲ့ပတ်သက်ပြီး ဘရာဗိုက “ဒီနေ့မှာ ဘယ်လောက်ပဲ အခြေအနေ ဆိုးရွားနေပါစေ၊ ဘဝဆိုတာ ရှေ့ဆက်သွားရမှာဖြစ်ပြီး မနက်ဖြန်မှာ ပိုကောင်းလာမှာဖြစ်ပါတယ်” လို့ သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ဘရာဗိုရဲ့ ဒဏ်ရာသတင်းဟာ ဒီနွေရာသီမှာ ဂိုးသမားနှစ်ဦးကို ရောင်းထုတ်ခဲ့တဲ့ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ Guardiola အတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါပြီ။ မန်စီးတီးအသင်းဟာ အသက်(၃၁)နှစ်အရွယ် ရှိပြီဖြစ်တဲ့ အင်္ဂလန်ဝါရင့်ဂိုးသမား ဂျိုးဟတ်Joe Hart ကို ဘန်လေ၊ လူငယ်ဂိုးသမား အန်ဂတ်စ်ဂန်း Angus Gunn ကို ဆောက်သမ်တန်အသင်းဆီ ပေါင်(၁၃.၅)သန်းနဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာ မန်စီးတီးဂိုးသမားအဖြစ် အီဒါဆန်နဲ့ အသက်(၂၀)သာရှိသေးတဲ့ လူငယ်ဂိုးသမား Daniel Grimshaw တို့သာ ကျန်ရှိတော့လို့ ဂွါဒီယိုလာက နယ်သာလန်ကလပ် NAC Breda အသင်းဆီ အငှားချထားတဲ့ နောက်ထပ် လူငယ်ဂိုးသမားဖြစ်သူ Aro Muric ကို ပြန်ခေါ်သွားဖို့ ရှိနေပါပြီ။

REF:Daily Mail
Photo:Squawka,Trome
Naing Linn(Akhayar)
www.akhayar.com