[Zawgyi]




Davika-Hoorne

Davika Hoorne


Davika-Hoorne

Davika Hoorne နဲ့ သူမရဲ့ပရိသတ်



www.akhayar.com

[Unicode]

Brand’s Bird’s Nest ရဲ့ Ambassador အဖြစ် ခန့်အပ်ခြင်းခံရတဲ့ ထိုင်းမင်းသမီး Davika Hoorne

မြန်မာပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ “PEEMAK” ဇာတ်ကားထဲက မင်းသမီး Davika Hoorne က Brand’s Bird’s Nest ကုန်ပစ္စည်းအသစ်မိတ်ဆက်ပွဲနဲ့ Brand’s ငှက်သိုက်ရဲ့ Brand Ambassador အဖြစ် ခန့်အပ်တဲ့အခမ်းအနားကိုတက်ရောက်ဖို့ ဧပြီ ၂၉ ရက်မနက်ပိုင်းမှာ မြန်မာနိုင်ငံကိုရောက်ရှိခဲ့ပါတယ်။

အဲဒီ Brand’s Bird’s Nest ကုန်ပစ္စည်းအသစ်မိတ်ဆက်ပွဲနဲ့ Brand’s ငှက်သိုက်ရဲ့ Brand Ambassador အဖြစ်ခန့်အပ်တဲ့အခမ်းအနားကို ဧပြီလ၂၉ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းမပေါ်မှာရှိတဲ့ Junction City မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Davika-Hoorne

Davika Hoorne

အဲဒီပွဲကိုတက်ရောက်ဖို့အတွက် Davika Hoorne ရဲ့ပွဲတက်မြန်မာဝတ်စုံကို ဒီဇိုင်နာဖြိုးကိုက ဖန်တီးချုပ်လုပ်ပေးထားတာဖြစ်ပြီး သူမအနေနဲ့ မြန်မာနိုင်ငံကို ယခုအကြိမ်နဲ့ဆို နှစ်ကြိမ်မြောက် လာရောက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

Davika-Hoorne

Davika Hoorne နဲ့ သူမရဲ့ပရိသတ်

သူမအနေနဲ့ ပွဲကိုတက်ရောက်ပြီး မြန်မာပရိသတ်များနဲ့လည်းတွေ့ဆုံကာ အမှတ်တရဓာတ်ပုံများလည်း ရိုက်ကူးခဲ့ပြီး နောက်ပိုင်းမှာ Brand’s ရဲ့ Brand Ambassador အဖြစ် Brand’s ငှက်သိုက်ရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဧပြီ ၂၉ ရက်နေ့ညနေပိုင်းမှာ သူမနေထိုင်ရာ ထိုင်းနိုင်ငံကို ပြန်ခဲ့တာဖြစ်ပါတယ်။

Photo Credit: BRAND’S MYANMAR and  Phyo Ko

www.akhayar.com