[Zawgyi]

ကေလးအုပ္ထိန္းခြင့္ရဖုိ႔အတြက္ တုိက္ပြဲဝင္ေနၾကတဲ့ Angelina Jolie နဲ႔ Brad Pitt

ခ်စ္တုန္းက အရမ္းကို ခ်စ္ခဲ့ၾကျပီး ကြာရွင္းျပီးတဲ့ေနာက္မွာလည္း လူၾကီးလူေကာင္းဆန္ဆန္ေျဖရွင္းေနၾကတဲ့ Angelina Jolie နဲ႔ Brad Pitt တို႔ဟာ ကေလးေတြ ထိန္းသိမ္းေစာင့္ေရွာက္ခြင့္ကို ေျဖရွင္းရာမွာေတာ့ မေအးေဆးႏုိင္ၾကေတာ့ဘဲ ဘီလူးဆိုင္းတီးကုန္ၾကပါျပီ။

Mr & Mrs Smith မွာ စေတြ႔တုန္းက

Mr & Mrs Smith မွာ စေတြ႔တုန္းက

Brad Pitt

Brad Pitt

သတင္းရင္းျမစ္တစ္ခုအရေတာ့ Brad Pitt ဟာ သူ႔ရဲ႕ ဇနီးေဟာင္းျဖစ္တဲ့ Jolie ကို ကေလးေတြကတဆင့္ သူ႔ကို ထိန္းခ်ဳပ္ဖို႔ ၾကိဳးစားေနတဲ့အတြက္ အရမ္းစိတ္ဆုိးေနတယ္လို႔ ဆုိပါတယ္။ Brad Pitt ဟာ ကေလးေတြကို ေတြ႔ရဖို႔၊ ထိန္းသိမ္းေစာင့္ေရွာက္ခြင့္ရဖို႔ ဘာမဆို လုပ္မွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။

Angelina Jolie

Angelina Jolie

တရားခြင္က စာရြက္စာတမ္းေတြအဆိုအရ ဂ်ဴရီလူၾကီးတစ္ေယာက္ကေတာ့ Jolie အေနနဲ႔ Brad Pitt ကို ကေလးေတြနဲ႔ အခ်ိန္ပိုေပးျပီး ေတြ႔ခြင့္ေပးသင့္တယ္လို႔ ထင္တယ္လို႔ ဆုိပါတယ္။ ကေလးေတြက သူတို႔အေဖနဲ႔ ေတြ႔ခြင့္မရဘူးဆိုရင္ သူတို႔အတြက္လည္း ေကာင္းမွာမဟုတ္ဘူးလို႔လည္း ဆက္လက္ေျပာၾကားခဲ့ပါတယ္။

၂၀၁၁ က ေတြ႔ရတဲ့ Jolie နဲ႔ Brad Pitt တို႔ မိသားစု

၂၀၁၁ က ေတြ႔ရတဲ့ Jolie နဲ႔ Brad Pitt တို႔ မိသားစု

Angelina Jolie နဲ႔ Brad Pitt တို႔မွာ သား Maddox (၁၆ ႏွစ္) ၊ သား Pax (၁၄ ႏွစ္) ၊ သမီး Zahara ( ၁၃ ႏွစ္) ၊ သမီး Shiloh (၁၂ ႏွစ္) နဲ႔ အမႊာေမာင္ႏွစ္မ ႏွစ္ေယာက္ျဖစ္တဲ့ Knox နဲ႔ Vivienne (၉ႏွစ္) ဆိုျပီး သားသမီး ၆ ေယာက္ရွိပါတယ္။

တကယ္လို႔မ်ား Jolie အေနနဲ႔ ကေလးေတြကို Brad Pitt နဲ႔ ေတြ႔ခြင့္မေပးဘူးဆုိရင္ေတာ့ ကေလးထိန္းသိမ္းေစာင့္ေရွာက္ခြင့္ကို ဆံုးရႈံးသြားႏုိင္ဖြယ္ေတာင္ရွိပါတယ္။ Brad Pitt ဟာလည္း ကေလးအုပ္ထိန္းခြင့္ရဖို႔အတြက္ အရင္ကထက္ပိုျပီး ကေလးေတြနဲ႔ အတူတူရွိဖို႔ ၾကိဳးစားေနခဲ့ပါတယ္။ ဒါေပမယ့္ Jolie တစ္ေယာက္ကေတာ့ Father’s Day တုန္းကေတာင္မွ Maleficent 2 သြားေရာက္ရိုက္ကူးေနရတဲ့အတြက္ မထားခဲ့ဘဲ ကေလးေတြအားလံုးကို ရုိက္ကြင္းရွိရာ အီသီယိုပီးယားကုိ ေခၚသြားခဲ့ပါတယ္။

လက္ရွိေတြ႔ရတဲ့ ဂ်ိဳလီနဲ႔ ကေလးေတြ

လက္ရွိေတြ႔ရတဲ့ ဂ်ိဳလီနဲ႔ ကေလးေတြ

ဒီလို တရားခြင္စာရြက္စာတမ္းေတြ ေပါက္ၾကားျပီးတဲ့အခါမွာ ဂ်ီဳလီဘက္က ေျပာေရးဆုိခြင့္ရွိသူက “ဂ်ိဳလီဟာ အခုကစျပီး ကေလးေတြရဲ႕ က်န္းမာေရးနဲ႔ လိုအပ္ခ်က္ေတြကိုပဲ အာရုံစိုက္ေတာ့မွာ ျဖစ္တယ္” လို႔ ဇြန္လ ၁၃ ရက္ေန႔က ထုတ္ျပန္ခဲ့ပါတယ္။

ဒါေၾကာင့္ သူတို႔ရဲ႕ နွစ္ကိုယ္တူခ်စ္သမွ်ဆိုတဲ့ ခရီးလမ္းဟာ ကေလးေတြ ရရွိဖို႔အတြက္ဆုိရင္ေတာ့ အသြင္ေျပာင္းျပီး ေနာင္ဂ်ိန္အဆင့္ေရာက္ရွိေနေၾကာင္းပါ။

Yoe Lu (Akhayar)

www.akhayar.com

Ref : www.aol.com
[Unicode]

ကလေးအုပ်ထိန်းခွင့်ရဖို့အတွက် တိုက်ပွဲဝင်နေကြတဲ့ Angelina Jolie နဲ့ Brad Pitt

ချစ်တုန်းက အရမ်းကို ချစ်ခဲ့ကြပြီး ကွာရှင်းပြီးတဲ့နောက်မှာလည်း လူကြီးလူကောင်းဆန်ဆန်ဖြေရှင်းနေကြတဲ့ Angelina Jolie နဲ့ Brad Pitt တို့ဟာ ကလေးတွေ ထိန်းသိမ်းစောင့်ရှောက်ခွင့်ကို ဖြေရှင်းရာမှာတော့ မအေးဆေးနိုင်ကြတော့ဘဲ ဘီလူးဆိုင်းတီးကုန်ကြပါပြီ။

Mr & Mrs Smith မှာ စတွေ့တုန်းက

Mr & Mrs Smith မှာ စတွေ့တုန်းက

Brad Pitt

Brad Pitt

သတင်းရင်းမြစ်တစ်ခုအရတော့ Brad Pitt ဟာ သူ့ရဲ့ ဇနီးဟောင်းဖြစ်တဲ့ Jolie ကို ကလေးတွေကတဆင့် သူ့ကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့အတွက် အရမ်းစိတ်ဆိုးနေတယ်လို့ ဆိုပါတယ်။ Brad Pitt ဟာ ကလေးတွေကို တွေ့ရဖို့၊ ထိန်းသိမ်းစောင့်ရှောက်ခွင့်ရဖို့ ဘာမဆို လုပ်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Angelina Jolie

Angelina Jolie

တရားခွင်က စာရွက်စာတမ်းတွေအဆိုအရ ဂျူရီလူကြီးတစ်ယောက်ကတော့ Jolie အနေနဲ့ Brad Pitt ကို ကလေးတွေနဲ့ အချိန်ပိုပေးပြီး တွေ့ခွင့်ပေးသင့်တယ်လို့ ထင်တယ်လို့ ဆိုပါတယ်။ ကလေးတွေက သူတို့အဖေနဲ့ တွေ့ခွင့်မရဘူးဆိုရင် သူတို့အတွက်လည်း ကောင်းမှာမဟုတ်ဘူးလို့လည်း ဆက်လက်ပြောကြားခဲ့ပါတယ်။

၂၀၁၁ က တွေ့ရတဲ့ Jolie နဲ့ Brad Pitt တို့ မိသားစု

၂၀၁၁ က တွေ့ရတဲ့ Jolie နဲ့ Brad Pitt တို့ မိသားစု

Angelina Jolie နဲ့ Brad Pitt တို့မှာ သား Maddox (၁၆ နှစ်) ၊ သား Pax (၁၄ နှစ်) ၊ သမီး Zahara ( ၁၃ နှစ်) ၊ သမီး Shiloh (၁၂ နှစ်) နဲ့ အမွှာမောင်နှစ်မ နှစ်ယောက်ဖြစ်တဲ့ Knox နဲ့ Vivienne (၉နှစ်) ဆိုပြီး သားသမီး ၆ ယောက်ရှိပါတယ်။

တကယ်လို့များ Jolie အနေနဲ့ ကလေးတွေကို Brad Pitt နဲ့ တွေ့ခွင့်မပေးဘူးဆိုရင်တော့ ကလေးထိန်းသိမ်းစောင့်ရှောက်ခွင့်ကို ဆုံးရှုံးသွားနိုင်ဖွယ်တောင်ရှိပါတယ်။ Brad Pitt ဟာလည်း ကလေးအုပ်ထိန်းခွင့်ရဖို့အတွက် အရင်ကထက်ပိုပြီး ကလေးတွေနဲ့ အတူတူရှိဖို့ ကြိုးစားနေခဲ့ပါတယ်။ ဒါပေမယ့် Jolie တစ်ယောက်ကတော့ Father’s Day တုန်းကတောင်မှ Maleficent 2 သွားရောက်ရိုက်ကူးနေရတဲ့အတွက် မထားခဲ့ဘဲ ကလေးတွေအားလုံးကို ရိုက်ကွင်းရှိရာ အီသီယိုပီးယားကို ခေါ်သွားခဲ့ပါတယ်။

လက်ရှိတွေ့ရတဲ့ ဂျိုလီနဲ့ ကလေးတွေ

လက်ရှိတွေ့ရတဲ့ ဂျိုလီနဲ့ ကလေးတွေ

ဒီလို တရားခွင်စာရွက်စာတမ်းတွေ ပေါက်ကြားပြီးတဲ့အခါမှာ ဂျီုလီဘက်က ပြောရေးဆိုခွင့်ရှိသူက “ဂျိုလီဟာ အခုကစပြီး ကလေးတွေရဲ့ ကျန်းမာရေးနဲ့ လိုအပ်ချက်တွေကိုပဲ အာရုံစိုက်တော့မှာ ဖြစ်တယ်” လို့ ဇွန်လ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့် သူတို့ရဲ့ နှစ်ကိုယ်တူချစ်သမျှဆိုတဲ့ ခရီးလမ်းဟာ ကလေးတွေ ရရှိဖို့အတွက်ဆိုရင်တော့ အသွင်ပြောင်းပြီး နောင်ဂျိန်အဆင့်ရောက်ရှိနေကြောင်းပါ။

Yoe Lu (Akhayar)

www.akhayar.com

Ref : www.aol.com