[Zawgyi]

Brad Pitt ကေတာ့ ဗိသုကာပညာရွင္အမ်ိဳးသမီးတစ္ေယာက္နဲ႔ Date ေနျပန္ျပီတဲ့

Brad Pitt ကေတာ့ ဗိသုကာပညာရွင္လည္းျဖစ္၊ MIT ရဲ့ Professor တစ္ေယာက္လည္း ျဖစ္တဲ့ Neri Oxman နဲ႔ ဒိတ္ေနတယ္လို႔ သတင္းထြက္ေနပါတယ္။ ဒီ A-list စာရင္းဝင္သရုပ္ေဆာင္ဟာ Neri Oxman အလုပ္လုပ္တဲ့ Media Lab ကို အလည္အပတ္ ေရာက္ရွိေနပံုကိုလည္း ေတြ႔ခဲ့ရပါတယ္။

Brad Pitt ဟာ အသက္ ၅၄ ႏွစ္ရွိျပီျဖစ္ျပီး Neri Oxman ကေတာ့ အသက္ ၄၂ ႏွစ္ရွိျပီျဖစ္ကာ MIT Architecture Project တစ္ခုကေန ေတြ႔ၾကတာ ျဖစ္ပါတယ္။ Neri Oxman ဟာ အစၥေရး-အေမရိကန္စပ္ျဖစ္ျပီး သူတို႔ ေတြ႔ျဖစ္ေနၾကတာ ၆လေလာက္ရွိျပီလို႔ သိရပါတယ္။သူတုိ႔ႏွစ္ေယာက္ရဲ့ တူတဲ့အခ်က္ကေတာ့ ဗိသုကာပညာ၊ ဒီဇုိင္းနဲ႔ အႏုပညာေတြကို သေဘာက်တဲ့ေနရာမွာ အၾကိဳက္တူၾကတာ ျဖစ္ပါတယ္တဲ့။

Neri Oxman

အခုထိေတာ့ ရည္းစားေတြလို အတည္ၾကီး မျဖစ္ၾကေသးေပမယ့္ ေနာင္ျဖစ္လာႏုိင္တဲ့အေျခအေနေတြေတာ့ ရွိေနပါတယ္။ Brad Pitt က ဟာရီကိန္းမုန္တုိင္း ကက္ထရီနာေၾကာင့္ ပ်က္စီးသြားတဲ့ နယူးေအာ္လန္းစ္က အိမ္ေတြကို ျပန္ေဆာက္ေပးဖို႔  ဗိသုကာပညာရွင္ေတြနဲ႔ အလုပ္တူတူတြဲလုပ္ေနပါတယ္။

Jolie နဲ႔ Brad Pitt နဲ႔ၾကား ကြာရွင္းဖို႔ အခ်က္ေတြကေတာ့ သေဘာတူညီမႈရျပီလို႔ သိရျပီး တရားဥပေဒအရ လိုအပ္တဲ့ ကိစၥေတြ လုပ္ေနတယ္လို႔ သိရပါတယ္။ Brad Pitt အေနနဲ႔ ဒီလို သတင္းထြက္ေနသလိုပဲ Jolie ဟာလည္း အိမ္ျခံေျမေအးဂ်င့္တစ္ေယာက္နဲ႔ ဒိတ္ေနတယ္လို႔ သတင္းထြက္ေနပါတယ္။

Brad Pitt နဲ႔ Jolieတို႔အတြဲဟာ ရည္းစားသက္တမ္း ၉ႏွစ္နဲ႔ အိမ္ေထာင္သည္သက္တမ္း ၂ ႏွစ္ၾကာအျပီးမွာ လမ္းခြဲခဲ့ၾကတာ ျဖစ္ပါတယ္။

www.akhayar.com

Ref : Daily Mail

[Unicode]

Brad Pitt ကတော့ ဗိသုကာပညာရှင်အမျိုးသမီးတစ်ယောက်နဲ့ Date နေပြန်ပြီတဲ့

Brad Pitt ကတော့ ဗိသုကာပညာရှင်လည်းဖြစ်၊ MIT ရဲ့ Professor တစ်ယောက်လည်း ဖြစ်တဲ့ Neri Oxman နဲ့ ဒိတ်နေတယ်လို့ သတင်းထွက်နေပါတယ်။ ဒီ A-list စာရင်းဝင်သရုပ်ဆောင်ဟာ Neri Oxman အလုပ်လုပ်တဲ့ Media Lab ကို အလည်အပတ် ရောက်ရှိနေပုံကိုလည်း တွေ့ခဲ့ရပါတယ်။

Brad Pitt ဟာ အသက် ၅၄ နှစ်ရှိပြီဖြစ်ပြီး Neri Oxman ကတော့ အသက် ၄၂ နှစ်ရှိပြီဖြစ်ကာ MIT Architecture Project တစ်ခုကနေ တွေ့ကြတာ ဖြစ်ပါတယ်။ Neri Oxman ဟာ အစ္စရေး-အမေရိကန်စပ်ဖြစ်ပြီး သူတို့ တွေ့ဖြစ်နေကြတာ ၆လလောက်ရှိပြီလို့ သိရပါတယ်။သူတို့နှစ်ယောက်ရဲ့ တူတဲ့အချက်ကတော့ ဗိသုကာပညာ၊ ဒီဇိုင်းနဲ့ အနုပညာတွေကို သဘောကျတဲ့နေရာမှာ အကြိုက်တူကြတာ ဖြစ်ပါတယ်တဲ့။

Neri Oxman

အခုထိတော့ ရည်းစားတွေလို အတည်ကြီး မဖြစ်ကြသေးပေမယ့် နောင်ဖြစ်လာနိုင်တဲ့အခြေအနေတွေတော့ ရှိနေပါတယ်။ Brad Pitt က ဟာရီကိန်းမုန်တိုင်း ကက်ထရီနာကြောင့် ပျက်စီးသွားတဲ့ နယူးအော်လန်းစ်က အိမ်တွေကို ပြန်ဆောက်ပေးဖို့  ဗိသုကာပညာရှင်တွေနဲ့ အလုပ်တူတူတွဲလုပ်နေပါတယ်။

Jolie နဲ့ Brad Pitt နဲ့ကြား ကွာရှင်းဖို့ အချက်တွေကတော့ သဘောတူညီမှုရပြီလို့ သိရပြီး တရားဥပဒေအရ လိုအပ်တဲ့ ကိစ္စတွေ လုပ်နေတယ်လို့ သိရပါတယ်။ Brad Pitt အနေနဲ့ ဒီလို သတင်းထွက်နေသလိုပဲ Jolie ဟာလည်း အိမ်ခြံမြေအေးဂျင့်တစ်ယောက်နဲ့ ဒိတ်နေတယ်လို့ သတင်းထွက်နေပါတယ်။

Brad Pitt နဲ့ Jolieတို့အတွဲဟာ ရည်းစားသက်တမ်း ၉နှစ်နဲ့ အိမ်ထောင်သည်သက်တမ်း ၂ နှစ်ကြာအပြီးမှာ လမ်းခွဲခဲ့ကြတာ ဖြစ်ပါတယ်။

www.akhayar.com

Ref : Daily Mail