[Zawgyi]

လာမာ Lerma ကို ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူခဲ့တဲ့ ဘုန္းေမာက္

ပရီးမီးယားလိဂ္ကလပ္ ဘုန္းေမာက္အသင္းဟာ လီဗန္ေတးအသင္းရဲ႕ ကိုလံဘီယာကြင္းလယ္လူ လာမာ Lerma ကို ကလပ္စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူခဲ့ပါတယ္။ ဘုန္းေမာက္အသင္းဟာ လာမာ Lerma အတြက္ ကလပ္စံခ်ိန္ေျပာင္းေရႊ႕ေၾကးျဖစ္တဲ့ ေပါင္ (၂၅)သန္းနဲ႔ ေခၚယူခဲ့ၿပီး (၅)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။ အသက္ (၂၃)ႏွစ္အရြယ္ရွိ လာမာ Lerma ကို ေခၚယူႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း ဘုန္းေမာက္အသင္းက အသင္းပိုင္လူမႈကြန္ရက္ စာမ်က္ႏွာေတြထက္ကေန တရားဝင္ေၾကညာခဲ့ပါတယ္။ လာမာ Lerma အတြက္ အသံုးျပဳခဲ့ရတဲ့ ေျပာင္းေရႊ႕ေၾကးဟာ မႏွစ္က ကြင္းလယ္လူ အကီ Ake အတြက္ အသံုးျပဳခဲ့ရတဲ့ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း (၂၀)ကို ေက်ာ္လြန္ခဲ့ၿပီး ကလပ္စံခ်ိန္အျဖစ္ တင္ရွိခဲ့တာပါ။

Bournemouth-have-finally-captured-Colombia-central-midfielder-Jefferson-Lerma

Bournemouth-have-finally-captured-Colombia-central-midfielder-Jefferson-Lerma

ဘုန္းေမာက္ကြင္းလယ္လူ လာမာ Lerma က “ပရီးမီးယားလိဂ္ရဲ႕ ပံုစံကို ႀကိဳက္ႏွစ္သက္ပါတယ္၊ ဘုန္းေမာက္အသင္းနဲ႔ ပူးေပါင္းခြင့္ရခဲ့တဲ့အေပၚ ေက်နပ္မိပါတယ္၊ အသင္းေအာင္ျမင္မႈေတြ ရရွိေအာင္ စြမ္းေဆာင္ေပးသြားမွာပါ၊ ဘုန္းေမာက္အသင္းက ကၽြန္ေတာ့္ဘဝအတြက္ အေရးပါတဲ့ အစိတ္အပိုင္းတစ္ခုျဖစ္လာခဲ့ပါၿပီ”လို႔ ေျပာၾကားခဲ့ပါတယ္။ လာမာ Lerma ဟာ ကစားသမားဘဝကို ကိုလံဘီယာကလပ္ အက္သလက္တီကိုဟူလီယာအသင္းမွာ စတင္ခဲ့ၿပီး ၂၀၁၅ ခုႏွစ္က လာလီဂါကလပ္ လီဗန္ေတးအသင္းကို ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။ လီဗန္ေတးအသင္းမွာ (၉၃)ပြဲအထိ ကစားေပးခဲ့ၿပီး ကိုလံဘီယာလက္ေရြးစင္အသင္းမွာ အဓိကကြင္းလယ္လူအျဖစ္ ပြဲထြက္ကစားေနတဲ့ ကစားသမားတစ္ဦးျဖစ္ပါတယ္။

REF:Daily Mail
Photo:Bournemouth FC Twitter
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

လာမာ Lerma ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ ဘုန်းမောက်

ပရီးမီးယားလိဂ်ကလပ် ဘုန်းမောက်အသင်းဟာ လီဗန်တေးအသင်းရဲ့ ကိုလံဘီယာကွင်းလယ်လူ လာမာ Lerma ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပါတယ်။ ဘုန်းမောက်အသင်းဟာ လာမာ Lerma အတွက် ကလပ်စံချိန်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် (၂၅)သန်းနဲ့ ခေါ်ယူခဲ့ပြီး (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အသက် (၂၃)နှစ်အရွယ်ရှိ လာမာ Lerma ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဘုန်းမောက်အသင်းက အသင်းပိုင်လူမှုကွန်ရက် စာမျက်နှာတွေထက်ကနေ တရားဝင်ကြေညာခဲ့ပါတယ်။ လာမာ Lerma အတွက် အသုံးပြုခဲ့ရတဲ့ ပြောင်းရွှေ့ကြေးဟာ မနှစ်က ကွင်းလယ်လူ အကီ Ake အတွက် အသုံးပြုခဲ့ရတဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း (၂၀)ကို ကျော်လွန်ခဲ့ပြီး ကလပ်စံချိန်အဖြစ် တင်ရှိခဲ့တာပါ။

Bournemouth-have-finally-captured-Colombia-central-midfielder-Jefferson-Lerma

Bournemouth-have-finally-captured-Colombia-central-midfielder-Jefferson-Lerma

ဘုန်းမောက်ကွင်းလယ်လူ လာမာ Lerma က “ပရီးမီးယားလိဂ်ရဲ့ ပုံစံကို ကြိုက်နှစ်သက်ပါတယ်၊ ဘုန်းမောက်အသင်းနဲ့ ပူးပေါင်းခွင့်ရခဲ့တဲ့အပေါ် ကျေနပ်မိပါတယ်၊ အသင်းအောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်ပေးသွားမှာပါ၊ ဘုန်းမောက်အသင်းက ကျွန်တော့်ဘဝအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့ပါပြီ”လို့ ပြောကြားခဲ့ပါတယ်။ လာမာ Lerma ဟာ ကစားသမားဘဝကို ကိုလံဘီယာကလပ် အက်သလက်တီကိုဟူလီယာအသင်းမှာ စတင်ခဲ့ပြီး ၂၀၁၅ ခုနှစ်က လာလီဂါကလပ် လီဗန်တေးအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ လီဗန်တေးအသင်းမှာ (၉၃)ပွဲအထိ ကစားပေးခဲ့ပြီး ကိုလံဘီယာလက်ရွေးစင်အသင်းမှာ အဓိကကွင်းလယ်လူအဖြစ် ပွဲထွက်ကစားနေတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

REF:Daily Mail
Photo:Bournemouth FC Twitter
Aung Kyaw Wai (Akhayar)
www.akhayar.com