[Zawgyi]

‘Macallan Valerio Adami 1926’ အရက္ပုလင္းကုိ (၈၄၈,၇၅ဝ) ေပါင္နဲ႔ ေလလံတင္ေရာင္းခ်လုိက္ၿပီ

Macallan Valerio Adami 1926 ဝီစကီပုလင္းကုိ စေကာ့တလန္ႏုိင္ငံ Bonhams Auction မွာ (၈၄၈,၇၅ဝ) ေပါင္နဲ႔ ေရာင္းခ်ခဲ့ပါတယ္။ ဒ့ါေၾကာင့္ ေလလံတင္သမုိင္းမွာ ေစ်းအႀကီးဆုံးဝီစကီပုလင္းလို႔ ဆုိႏုိင္ပါတယ္။

၁၉၂၆ခုႏွစ္မွာ ခ်က္လုပ္ခဲ့တဲ့ ‘Macallan Valerio Adami 1926’ အရက္ကုိ သုိေလွာင္ထားခဲ့ၿပီး ၁၉၈၆ခုႏွစ္မွာ ထုတ္လုပ္ေရာင္းခ်ခဲ့ပါတယ္။ ဒါ့ေၾကာင့္ ‘Macallan Valerio Adami 1926’ ဟာ ေရာင္းခ်တဲ့အခ်ိန္မွာ ႏွစ္ (၆ဝ) သက္တမ္းရွိၿပီလုိ႔ ဆုိႏုိင္ၿပီး လက္ရွိအခ်ိန္မွာေတာ့ (၉၆) ႏွစ္ရွိေနပါၿပီ။

Macallan အရက္စက္ရုံဟာ ‘Macallan Valerio Adami 1926’ ဝီစကီကုိ ၁၉၈၆ခုႏွစ္မွာ အေရအတြက္အကန္႔အသက္နဲ႔ ေရာင္းခ်ခဲ့ပါတယ္။ စုစုေပါင္း (၁၂) ပုလင္းသာ ထုတ္လုပ္ခဲ့ၿပီး အဂၤလိပ္အႏုပညာရွင္ Peter Blake က ဒီဇုိင္းဆြဲခဲ့တာျဖစ္ပါတယ္။ ဒ့ါေၾကာင့္ ‘Macallan Valerio Adami 1926’ ဝီစကီပုလင္းေတြဟာ တစ္ကမၻာလုံးမွာ (၁၂) ပုလင္းတည္းသာရွိၿပီး လက္ရွိအခ်ိန္မွာ ဘယ္ေလာက္က်န္ေသးလဲဆုိတာ မသိရေသးပါဘူး။

၂ဝ၁၁ခုႏွစ္ ဂ်ပန္ႏုိင္ငံမွာ ငလ်င္လႈပ္တုန္းက Macallan Valerio Adami 1926 ဝီစကီတစ္လုံး ပ်က္စီးသြားတယ္လုိ႔ သိရျပန္ပါတယ္။ ဒါ့ေၾကာင့္ပဲ အခုလုိ ေစ်းႀကီးေနတာျဖစ္ပါတယ္။ တျခား Macallan Valerio Adami 1926 ဝီစကီတစ္လုံးကုိ Bonhams Hong Kong မွာ ေမလတုန္းက (၈၁၄,ဝ၈၁) ေပါင္နဲ႔ ေလလံတင္ေရာင္းခ်ခဲ့ပါေသးတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

‘Macallan Valerio Adami 1926’ အရက်ပုလင်းကို (၈၄၈,၇၅ဝ) ပေါင်နဲ့ လေလံတင်ရောင်းချလိုက်ပြီ

Macallan Valerio Adami 1926 ဝီစကီပုလင်းကို စကော့တလန်နိုင်ငံ Bonhams Auction မှာ (၈၄၈,၇၅ဝ) ပေါင်နဲ့ ရောင်းချခဲ့ပါတယ်။ ဒ့ါကြောင့် လေလံတင်သမိုင်းမှာ ဈေးအကြီးဆုံးဝီစကီပုလင်းလို့ ဆိုနိုင်ပါတယ်။

၁၉၂၆ခုနှစ်မှာ ချက်လုပ်ခဲ့တဲ့ ‘Macallan Valerio Adami 1926’ အရက်ကို သိုလှောင်ထားခဲ့ပြီး ၁၉၈၆ခုနှစ်မှာ ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ဒါ့ကြောင့် ‘Macallan Valerio Adami 1926’ ဟာ ရောင်းချတဲ့အချိန်မှာ နှစ် (၆ဝ) သက်တမ်းရှိပြီလို့ ဆိုနိုင်ပြီး လက်ရှိအချိန်မှာတော့ (၉၆) နှစ်ရှိနေပါပြီ။

Macallan အရက်စက်ရုံဟာ ‘Macallan Valerio Adami 1926’ ဝီစကီကို ၁၉၈၆ခုနှစ်မှာ အရေအတွက်အကန့်အသက်နဲ့ ရောင်းချခဲ့ပါတယ်။ စုစုပေါင်း (၁၂) ပုလင်းသာ ထုတ်လုပ်ခဲ့ပြီး အင်္ဂလိပ်အနုပညာရှင် Peter Blake က ဒီဇိုင်းဆွဲခဲ့တာဖြစ်ပါတယ်။ ဒ့ါကြောင့် ‘Macallan Valerio Adami 1926’ ဝီစကီပုလင်းတွေဟာ တစ်ကမ္ဘာလုံးမှာ (၁၂) ပုလင်းတည်းသာရှိပြီး လက်ရှိအချိန်မှာ ဘယ်လောက်ကျန်သေးလဲဆိုတာ မသိရသေးပါဘူး။

၂ဝ၁၁ခုနှစ် ဂျပန်နိုင်ငံမှာ ငလျင်လှုပ်တုန်းက Macallan Valerio Adami 1926 ဝီစကီတစ်လုံး ပျက်စီးသွားတယ်လို့ သိရပြန်ပါတယ်။ ဒါ့ကြောင့်ပဲ အခုလို ဈေးကြီးနေတာဖြစ်ပါတယ်။ တခြား Macallan Valerio Adami 1926 ဝီစကီတစ်လုံးကို Bonhams Hong Kong မှာ မေလတုန်းက (၈၁၄,ဝ၈၁) ပေါင်နဲ့ လေလံတင်ရောင်းချခဲ့ပါသေးတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com