[Zawgyi]

တနလၤာျပဳျပင္ေျပာင္းလဲေရးနဲ႔ ယဥ္ေက်းမႈတုိက္ပြဲ

ေဘာလံုးေလာကရဲ႕ အနာဂတ္ဟာ႐ုပ္သံစာခ်ဳပ္ေတြနဲ႔ ပိုၿပီးခ်ည္ေႏွာင္ခံလာရတယ္။ အရင္တုန္းက စေန၊ တနဂၤေႏြေန႔ေတြမွာသာ ေဘာလံုးပြဲအမ်ားစုက်င္းပေလ့ရွိေပမယ့္ ႐ုပ္သံစာခ်ဳပ္ျပဳျပင္ေျပာင္းလဲေရးလမ္းစဥ္မွာ ေဘာလံုးပြဲက်င္းပရာရက္ေတြ ပိုၿပီးျပန္႔ကားလာတယ္။ ေသာၾကာ၊ တနလၤာရက္ေဘာလံုးပြဲေတြဟာ ႐ုပ္သံစာခ်ဳပ္မ်ားအရ ေဘာလံုးပရိသတ္ေတြရဲ႕ အခ်ိန္ေတြကို ခိုးယူလာပါတယ္။ ေသာၾကာ၊ တနလၤာပြဲေတြကို ႏွစ္သက္သူလည္း ရွိမယ္၊ မႏွစ္သက္လည္း ရွိမယ္။ ျပဳျပင္ေျပာင္းလဲေရးလမ္းစဥ္ရဲ႕ သေဘာအတုိင္းအျမင္ကြဲျပားမႈေတြဟာ ရွိေနမွာပဲ။ ဒါေပမဲ့ ေဒါ့မြန္အသင္းပရိသတ္ေတြက တနလၤာျပဳျပင္ေျပာင္းလဲေရးကို သေဘာမေတြ႕ပါဘူး။ ေအာ့စ္ဘတ္နဲ႔ပြဲမွာ အ၀ါေရာင္တံတုိင္းႀကီးလို႔တင္စားခံရ တဲ့ေဒါ့မြန္ပရိသတ္တခ်ဳိ႕ဟာ ပြဲမၾကည့္ဘဲဆႏၵျပခဲ့ပါတယ္။ အ၀ါေရာင္တံတုိင္းႀကီးမွာ ကြက္လပ္ေတြနဲ႔လို႔ ဆိုရမလိုပါပဲ။

ေဒါ့မြန္အသင္းရဲ႕ အိမ္ကြင္းပဲြေတြဆို မပ်က္မကြက္လာေရာက္ၾကည့္႐ႈသူပရိသတ္ေတြဟာ တနလၤာပြဲစဥ္ေတြကို ဆန္႔က်င္တဲ့အေနနဲ႔ ကြင္းထဲမလာဘဲအိမ္ကေနပဲ အားေပးခဲ့ပါတယ္။ ေအာ့စ္ဘတ္နဲ႔ပြဲမွာ ေဒါ့မြန္အသင္းအိမ္ကြင္းပ်မ္းမွ်ပရိသတ္ၾကည့္႐ႈႏႈန္းဟာ (၂၅၀၀၀)ေလာက္က်ဆင္းသြားပါတယ္။ တနလၤာပြဲစဥ္ေတြကို ဦးေဆာင္ဆႏၵျပသူ Organiser Jan Henrik Gruszecki က ” တနလၤာေဘာလံုးပြဲေတြဟာ ကၽြန္ေတာ္တို႔နဲ႔ မသက္ဆိုင္ပါဘူး” လို႔ဆိုခဲ့သလို၊ ေဒါ့မြန္အသင္းအိမ္ကြင္းက အစီအစဥ္တင္ဆက္သူ ေနာဘတ္ဒစ္ကယ္လ္ Norbert Dickel က ပြဲမၾကည့္ဘဲအိမ္မွာပဲ ေနခဲ့တဲ့ပရိသတ္ေတြကို ေလးစားတယ္လို႔ ခ်ီးက်ဴးခဲ့ၿပီး တနလၤာပြဲစဥ္ေတြကိုဆက္လက္ဆႏၵျပဖို႔ တုိက္တြန္းခဲ့တယ္။ ကြင္းအတြင္းက ႐ုပ္သံျပစက္မွာ ပရိသတ္ဦးေရကို (၅၃၀၀၀)လို႔ ေဖာ္ျပခဲ့ေပမယ့္ အမွန္တကယ္လာေရာက္ၾကည့္႐ႈသူဟာ ေလးေသာင္းမျပည့္ခဲ့ပါဘူး။

တနလၤာပြဲစဥ္ေတြကို ဆႏၵျပရတာဟာ ဘြန္ဒစ္လီဂါရဲ႕ယဥ္ေက်းမႈ၊ ေဒါ့မြန္အသင္းရဲ႕ယဥ္ေက်းမႈေၾကာင့္လုိ႔ ဆႏၵျပေဒါ့မြန္ပရိသတ္ေတြက ရွင္းျပတယ္။ ေဒါ့မြန္အသင္းအိမ္ကြင္းက ပြဲၾကည့္စင္ေနရာလြတ္ေတြဟာ ကမၻာတစ္လႊားကို ပ်ံ႕ႏွံ႔ခဲ့ၿပီးၿပီ။ ေနာက္ထပ္အဆင့္က တနလၤာပဲြစဥ္ေတြအစား ပံုမွန္အတိုင္းတနဂၤေႏြမွာ ျပန္လည္က်င္းပေရးပါပဲ။ ေဒါ့မြန္ပရိသတ္ေတြက ပိုက္ဆံထက္ပိုၿပီးအေရးပါမယ့္ ယဥ္ေက်းမႈတစ္ခုကို မေျပာင္းလဲေစခ်င္ဘူး။ တနလၤာျပဳျပင္ေျပာင္းလဲေရးနဲ႔ ယဥ္ေက်းမႈတိုက္ပြဲလို႔ပဲ ဆိုရမယ္။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

တနင်္လာပြုပြင်ပြောင်းလဲရေးနဲ့ ယဉ်ကျေးမှုတိုက်ပွဲ

ဘောလုံးလောကရဲ့ အနာဂတ်ဟာရုပ်သံစာချုပ်တွေနဲ့ ပိုပြီးချည်နှောင်ခံလာရတယ်။ အရင်တုန်းက စနေ၊ တနင်္ဂနွေနေ့တွေမှာသာ ဘောလုံးပွဲအများစုကျင်းပလေ့ရှိပေမယ့် ရုပ်သံစာချုပ်ပြုပြင်ပြောင်းလဲရေးလမ်းစဉ်မှာ ဘောလုံးပွဲကျင်းပရာရက်တွေ ပိုပြီးပြန့်ကားလာတယ်။ သောကြာ၊ တနင်္လာရက်ဘောလုံးပွဲတွေဟာ ရုပ်သံစာချုပ်များအရ ဘောလုံးပရိသတ်တွေရဲ့ အချိန်တွေကို ခိုးယူလာပါတယ်။ သောကြာ၊ တနင်္လာပွဲတွေကို နှစ်သက်သူလည်း ရှိမယ်၊ မနှစ်သက်လည်း ရှိမယ်။ ပြုပြင်ပြောင်းလဲရေးလမ်းစဉ်ရဲ့ သဘောအတိုင်းအမြင်ကွဲပြားမှုတွေဟာ ရှိနေမှာပဲ။ ဒါပေမဲ့ ဒေါ့မွန်အသင်းပရိသတ်တွေက တနင်္လာပြုပြင်ပြောင်းလဲရေးကို သဘောမတွေ့ပါဘူး။ အော့စ်ဘတ်နဲ့ပွဲမှာ အဝါရောင်တံတိုင်းကြီးလို့တင်စားခံရ တဲ့ဒေါ့မွန်ပရိသတ်တချို့ဟာ ပွဲမကြည့်ဘဲဆန္ဒပြခဲ့ပါတယ်။ အဝါရောင်တံတိုင်းကြီးမှာ ကွက်လပ်တွေနဲ့လို့ ဆိုရမလိုပါပဲ။

ဒေါ့မွန်အသင်းရဲ့ အိမ်ကွင်းပွဲတွေဆို မပျက်မကွက်လာရောက်ကြည့်ရှုသူပရိသတ်တွေဟာ တနင်္လာပွဲစဉ်တွေကို ဆန့်ကျင်တဲ့အနေနဲ့ ကွင်းထဲမလာဘဲအိမ်ကနေပဲ အားပေးခဲ့ပါတယ်။ အော့စ်ဘတ်နဲ့ပွဲမှာ ဒေါ့မွန်အသင်းအိမ်ကွင်းပျမ်းမျှပရိသတ်ကြည့်ရှုနှုန်းဟာ (၂၅၀၀၀)လောက်ကျဆင်းသွားပါတယ်။ တနင်္လာပွဲစဉ်တွေကို ဦးဆောင်ဆန္ဒပြသူ Organiser Jan Henrik Gruszecki က ” တနင်္လာဘောလုံးပွဲတွေဟာ ကျွန်တော်တို့နဲ့ မသက်ဆိုင်ပါဘူး” လို့ဆိုခဲ့သလို၊ ဒေါ့မွန်အသင်းအိမ်ကွင်းက အစီအစဉ်တင်ဆက်သူ နောဘတ်ဒစ်ကယ်လ် Norbert Dickel က ပွဲမကြည့်ဘဲအိမ်မှာပဲ နေခဲ့တဲ့ပရိသတ်တွေကို လေးစားတယ်လို့ ချီးကျူးခဲ့ပြီး တနင်္လာပွဲစဉ်တွေကိုဆက်လက်ဆန္ဒပြဖို့ တိုက်တွန်းခဲ့တယ်။ ကွင်းအတွင်းက ရုပ်သံပြစက်မှာ ပရိသတ်ဦးရေကို (၅၃၀၀၀)လို့ ဖော်ပြခဲ့ပေမယ့် အမှန်တကယ်လာရောက်ကြည့်ရှုသူဟာ လေးသောင်းမပြည့်ခဲ့ပါဘူး။

တနင်္လာပွဲစဉ်တွေကို ဆန္ဒပြရတာဟာ ဘွန်ဒစ်လီဂါရဲ့ယဉ်ကျေးမှု၊ ဒေါ့မွန်အသင်းရဲ့ယဉ်ကျေးမှုကြောင့်လို့ ဆန္ဒပြဒေါ့မွန်ပရိသတ်တွေက ရှင်းပြတယ်။ ဒေါ့မွန်အသင်းအိမ်ကွင်းက ပွဲကြည့်စင်နေရာလွတ်တွေဟာ ကမ္ဘာတစ်လွှားကို ပျံ့နှံ့ခဲ့ပြီးပြီ။ နောက်ထပ်အဆင့်က တနင်္လာပွဲစဉ်တွေအစား ပုံမှန်အတိုင်းတနင်္ဂနွေမှာ ပြန်လည်ကျင်းပရေးပါပဲ။ ဒေါ့မွန်ပရိသတ်တွေက ပိုက်ဆံထက်ပိုပြီးအရေးပါမယ့် ယဉ်ကျေးမှုတစ်ခုကို မပြောင်းလဲစေချင်ဘူး။ တနင်္လာပြုပြင်ပြောင်းလဲရေးနဲ့ ယဉ်ကျေးမှုတိုက်ပွဲလို့ပဲ ဆိုရမယ်။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။